မိဘတွေအနေနဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး စိတ်မသက်မသာအဖြစ်ရဆုံး အကြောင်းအရာ (၄) ချက်

0
89
- Advertisement -

ဒီနေ့ခေတ်မှာ မိဘတွေက မသင်ပေးလိုက်ရသေးခင်မှာပဲ ကလေးငယ်တွေတတ်မြောက်သွားတဲ့အရာတွေ တော်တော်များများရှိပါတယ်။ သားသမီးတွေကို ပျိုးထောင်ရင်း ခေတ်သစ်ရဲ့ အခြေခံသဘောလေးတွေကိုလည်း နားလည်ထားဖို့လိုအပ်ပါလိမ့်မယ်။ မဟုတ်ရင် မေမေတို့မှာ ကလေးလေးပျိုးထောင်ရင်း ဒီအချက် (၄) ချက်ကို ဆိုးဆိုးဝါးဝါးကြုံတွေ့ရပါလိမ့်မယ်။

၁။ Screen Time ကို ဆုံးဖြတ်ဖို့ က်ခဲခြင်း

ကလေးငယ်ကို Screen Time ဆုံးဖြတ်ပေးဖို့ ခက်ခဲနေတယ်ဆိုရင် စည်းကမ်းတွေကို မိသားစုအစဉ်အလာအဖြစ်ပြောင်းလဲဖို့ ကြိုးစားပါ။ ဥပမာ – ထမင်းစားချိန်မှာ လုံးဝဖုန်းကိုင်ခွင့်မရှိဘူးဆိုတာမျိုး၊ မိသားစုစကားဝိုင်းလာချိန်မှာ ဖုန်းကို အခန်းထဲမှာထားခဲ့ဖို့ ၊ ဗီဒီယိုဂိမ်းတွေကို တစ်နာရီထက်ပြီး မကစားဖို့ ..စတာတွေကို မိသားစုဝင်အားလုံးလိုက်နာစေဖို့ ကြိုးစားပါ။

- Advertisement -

၂။ အတင်းအဖျင်းတွေနဲ့ အချိန်ကုန်တတ်တဲ့ ကလေးမဖြစ်ပါစေနဲ့

အတင်းအဖျင်းပြောခြင်းက အလုပ်မရှိသူတွေရဲ့ အလုပ်ဖြစ်သလို ဆိုးကျိုးတွေသာ ရရှိစေတဲ့အရာဖြစ်ပါတယ်။ ဒီနေ့ခေတ်ကလေးတွေဟာ ဒီလိုအတင်းအဖျင်းတွေပြောရတာကို ကြိုက်လာတယ်။ ဒီအတွက်ဖြေရှင်းနည်းကတော့ မိဘတွေအနေနဲ့ ကလေးတွေရှေ့မှာ ဘယ်တော့မှ အတင်းမပြောပါနဲ့။

၃။ ခြိမ်းခြောက်မှုအဆုံးသတ်ဖို့၊ လာဘ်ထိုးခြင်း

ဘယ်လိုမိဘမျိုးမဆို သူတို့ရဲ့ ကလေးငယ်နဲ့ လာဘ်ပေး/ လာဘ်ယူ (သို့) ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးကြပါတယ်။ ဒီနေရာမှာ ဒဏ်ပေးတဲ့စနစ်ထက် ဆုပေးတဲ့စနစ်က ပိုထိရောက်ပါလိမ့်မယ်။ မင်းရဲ့ အခန်းကို သန့်ရှင်းမလုပ်ရင် အိမ်ကနေ နှင်ထုတ်မယ်ဆိုတာထက် သားရဲ့ အခန်းကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် သကြားလုံးထပ်ကျွေးမယ်ဆိုတာက ပိုထိရောက်ပါလိမ့်မယ်။ သို့ပေမယ့် ကလေးအကြိုက်ကို ကောင်းကောင်းသိပါစေ။

၄။ မိသားစုဝင်တွေကို လေးစားခြင်း

ကလေးတွေအချင်းချင်းကတော့ ရန်ဖြစ်တာတွေဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် မိဘတွေအနေနဲ့ မောင်နှစ်မတွေအချင်းချင်း လေးစားမှုရှိစေဖို့၊ တောင်းပန်ဖို့နှင့် ၎င်းတို့အကြား အတူတူထမ်းဆောင်ရမယ့် တာဝန်အကြောင်းတွေကိုလည်း ရှင်းပြပါ။ တစ်ဆက်တည်းမှာလည်း မိဘတွေအချင်းချင်းက သင့်မြတ်နေဖို့အရေးကြီးပါတယ်။ သို့မှသာ စံပြမိဘတွေဖြစ်ပါလိမ့်မယ်။

Chit_May_May

Nyein_Thu

ref-goldenslumbersphoto

LEAVE A REPLY

Please enter your comment!
Please enter your name here