တစ်ခါတရံမှာ ကျွန်တော်တို့ဟာ ကလေးတွေကို စိတ်ဖိစီးမှုတွေ၊ စိတ်ပျက်မှုတွေကနေ ရှောင်ရှားနိုင်ဖို့ အလွန်အကျွံကာကွယ်ပေးတတ်ကြပါတယ်။ သို့ပေမယ့် မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ စစ်မှန်တဲ့ စိတ်ခံစားမှုတွေနှင့် ပတ်သက်ပြီးတော့ လိမ်ပြောခြင်းက အမှန်တကယ်မှာတော့ ကောင်းကျိုးတွေထက် ပိုအန္တရာယ်ရှိနိုင်တယ်လို့ဆိုကြပါတယ်။ အတိအကျပြောရရင် ရေတိုနှင့် ရေရှည်နှစ်ဦးစလုံးအတွက် ကလေးတွေရဲ့ အပြုအမူတွေကို ထိခိုက်စေနိုင်ပါတယ်။ ခုမျှဝေပေးမယ့်အကြောင်းအရာတွေကတော့ မိဘအုပ်ထိန်းမှုစွမ်းရည်ကို မြှင့်တင်ဖို့ အမြဲရည်ရွယ်ပါတယ်။

၁။ သူတို့က သူတို့ရဲ့ကိုယ်ပိုင်စိတ်ဖိစီးမှုတွေကို ကိုင်တွယ်နိုင်ဖို့ ပြင်ဆင်ကြတော့မှာ မဟုတ်ပါဘူး
စိတ်ပညာရှင်တစ်ဦးက သူမ အသက် ၂၀ နှင့် ၃၀ အရွယ်မှာ လူနာတွေကို ကုသပေးနေချိန်မှာ သူမရဲ့ အဓိကပြဿနာက မပျော်မရွှင်ဖြစ်နေခြင်းဖြစ်ပါတယ် ။ သူမဟာ ပြီးပြည့်စုံတဲ့ မိဘတွေနှင့် လိုချင်တိုင်းရရှိခဲ့တဲ့ ကလေးဘဝကိုသာ ပိုင်ဆိုင်ခဲ့ကြောင်း ပြောဆိုခဲ့ကြပါတယ်။ ဒါ့ကြောင့် စိတ်ပညာရှင်တို့က သူမရဲ့ ခံစားချက်တွေရဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို နားလည်ဖို့ အခက်တွေ့ခဲ့ကြပါတယ်။
သို့ပေမယ့် နောက်ဆုံးမှာ သူမရဲ့ အဓိကပြဿနာအရင်းအမြစ်ကတော့ မိဘတွေက သူမရဲ့နေ့စဥ်ဘဝစိတ်ဖိစီးမှုတွေကို ကာကွယ်ဖို့အမြဲတမ်းကြိုးစားနေခြင်းဖြစ်ပါတယ်။ လက်တွေ့သူမကိုယ်တိုင်က တစ်ယောက်တည်းဖြစ်နေတဲ့အချိန်မှာ ၎င်းတို့ကို ကိုင်တွယ်ဖို့ အဆင်သင့်မဖြစ်သေးကြောင်း တွေ့ရှိခဲ့ရပါတယ်။ စိတ်ဖိစီးမှုများ၊ စိတ်ပျက်စရာများ၊ မကောင်းတဲ့ လုပ်ငန်းရှင်များ၊ ပြီးပြည်စုံခြင်းမရှိတဲ့ အလုပ်တွေနှင့် အခြားအရာတွေကဲ့သို့သော အပျက်သဘောအဖြစ်အပျက်တွေက ပုံမှန်ဘဝဖြစ်ပါတယ်။

၂။ သူတို့ရဲ့ စိတ်ဖိစီးမှုတွေကို ဖုံးကွယ်လာပါလိမ့်မယ်
မိဘတွေကို အထူးယုံကြည်တဲ့ သားသမီးတွေဟာ သူတို့ရဲ့ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်မယ်ဆိုရင်တောင် သူတို့မိဘတွေရဲ့ အပြုအမူတွေအတိုင်း လိုက်လုပ်လေ့ရှိပါတယ်။ တကယ်လို့ သင့်ကလေးကို သင့်ရဲ့ စိတ်ဖိစီးမှုတွေနဲ့ ပတ်သက်ပြီးတော့ အရာရာတိုင်းအားလုံးကောင်းသွားမယ်လို့ အမြဲတမ်းပြောနေခဲ့တယ်။
ဥပမာ အလုပ်ပြဿနာတွေ၊ အိမ်ပြဿနာတွေ၊ ဆက်ဆံရေးတွေလိုပဲ တစ်ခြားအရာအားလုံးကို အဆင်ပြေသွားမယ်လို့ပြောခဲ့တယ်။ သင်စိတ်ဖိစီးနေပေမယ့် ဒီအရာကို မခံစားရဘူးဆိုရင် သင့်ကလေးကလည်း ဒီလိုပဲ လုပ်သင့်တယ်လို့ ထင်ကြပါလိမ့်မယ်။ ဆိုလိုတာက သူတို့က စိတ်ဖိစီးမှုကို ဖုံးကွယ်ထားခြင်းက ပုံမှန်ဖြစ်တယ်လို့ သိသွားပြီးတော့ အလိုက်သင့်သာနေလိုက်သင့်တယ်လို့ ထင်သွားပါလိမ့်မယ်။
သင့်ရဲ့ စိတ်ခံစားမှုကို ဖုံးကွယ်ထားခြင်းနှင့် ဖိစီးမှုတွေကို ဖိအားပေးခြင်းက ကျန်းမာရေးပြဿနာတစ်ချို့ဖြစ်စေပြီးတော့ သင့်ချစ်မြတ်နိုးရသူတွေနှင့် ဆက်ဆံရေး ပိုမိုဆိုးရွားစေနိုင်ပါတယ်။

၄။ သူတို့ကို ကမ္ဘာပေါ်က စိတ်ဖိစီးမှုတွေအားလုံးကနေ မကာကွယ်ပေးနိုင်ပါဘူး။ သို့ပေမယ့် ဘယ်လိုရင်ဆိုင်ဖြေရှင်းရမယ်ဆိုတာ သင်ပေးနိုင်တယ်
သင့်ကလေးက စိတ်ဖိစီးမှုဆိုတာ သူတို့ရဲ့ ဘဝအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်တယ် သတိထားမိပြီးဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ ဆယ်ကျော်သက်တွေက ကျောင်းစာသင်ချိန်အတွင်းမှာ လူကြီးတွေထက် စိတ်ဖိစီးမှုပိုများကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါ့ကြောင့် ကလေးတစ်ဦးအနေနဲ့ ဘဝရဲ့ ဖိစီးမှုတွေနှင့် အခက်အခဲတွေအားလုံးကို ဝေးဝေးရှောင်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီ့အစား သူတို့ကို စိတ်ဖိစီးမှုတွေကို ပါးရည်နပ်ရည်ကိုင်တွယ်တတ်ဖို့ သင်ပေးတာပိုကောင်းပါတယ်။
စိတ်ဖိစီးမှုတွေကို ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကို ပိုမိုနားလည်စေဖို့ ကူညီပါ။ ခေါင်းကိုက်ခြင်းနှင့် ဗိုက်နာခြင်းကဲ့သိုသော စိတ်ဖိစီးမှုတွေရဲ့ အကျိုးဆက်တွေကို ပြောပြပါ။ ဒါ့အပြင် စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့ အသက်ရှူလေ့ကျင့်ခန်းတွေအကြောင်း၊ အနုပညာ၊ တေးဂီတနှင့် ကစားနည်းတွေ၊ ပြီးတော့ ကလေးငယ်ပိုနှစ်သက်နိုင်တဲ့အရာအပေါ် မူတည်ပြီးတော့ စိတ်ဖိစီးမှုကင်းသော ဇုန်တစ်ခုကို ဖန်တီးပါ။

၄။ ကလေးဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် စိတ်ဖိစီးမှုအချို့ လိုအပ်ပါတယ်
စိတ်ဖိစီးမှုတွေအားလုံးကို မကောင်းဘူးလို့ မဆိုလိုပါဘူး။ မိဘတိုင်းက မိမိတို့ရဲ့ ကလေးတွေကို အလွဲသုံးစားမှု၊ လျစ်လျူရှုမှုစသော နာတာရှည်စိတ်ဖိစီးမှုတွေကို ဝေးဝေးရှောင်ရှားသင့်ပါတယ်။ သို့ပေမယ့် စိတ်ဖိစီးမှုပြင်းထန်မှုက ဂိမ်းများ၊ ပြိုင်ဆိုင်မှုတွေနှင့် စမ်းသပ်မှုတွေလို အခြေအနေအမျိုးမျိုးကို ကောင်းကောင်းတုံ့ပြန်နိုင်တဲ့ စိတ်ဖိစီးမှုတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုဖိစီးမှုတွေက အချိန်တိုအတွင်းမှာ လုံးဝဖြေရှင်းနိုင်ပါတယ်။ သုတေသနပြုချက်တွေအရ စိတ်ဖိစီးမှုက ဦးနှောက်ဖွံ့ဖြိုးမှု၊ လူမှုရေးစွမ်းရည်၊ အပြုအမူတွေနဲ့ ဉာဏ်ရည်တွေကိုပါ အကျိုးသက်ရောက်စေတယ်လို့ ဆိုပါတယ်။

၅။ စိတ်ဖိစီးမှုက သူတို့ကို ပိုပြီးတော့ စိုးရိမ်ပူပန်မှုတွေ ဖြစ်စေနိုင်ပါတယ်။
စိတ်ပညာရှင်တွေရဲ့အဆိုအရ မိသားစုပြဿနာတွေ၊ အလုပ်ပြုတ်ခြင်းစတဲ့ ဖိစီးမှုတွေကတစ်ဆင့် သင့်ကလေးတွေကို ကာကွယ်တဲ့အခါ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ပိုမိုဆိုးရွားစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအရာတွေကို အပျက်သဘောအဖြစ်အပျက်တွေလို့ ယူဆကြလို့ပါ။ အထူးသဖြင့် မိမိတို့ကိုယ်ကိုယ်အဖြစ်အပျက်တွေရဲ့ ပြဿနာအကြောင်းအရင်းအဖြစ် ရှုမြင်ခြင်း (သို့) လုံးဝအပြစ်မရှိဘူးလို့ မြင်ခြင်းတွေ ဖြစ်တတ်ပါတယ်။
အဲဒီ့အစား အသက်အရွယ်နှင့် သင့်လျော်တဲ့အချက်အလက်တွေကို ပေးပြီးတော့ သူတို့ကို သင်ကူညီသင့်ပါတယ်။ သင့်ကလေးကို စကားပြောပါ။ အခြေအနေတွေကို ရှင်းပြပါ။ သူတို့ဝန်းကျင်မှာ ဖြစ်ပျက်တာတွေကို သူတို့ပိုနားလည်အောင် ပိုသိအောင် လုပ်ပါ။
Chit_May_May
Nyein_Thu
Ref-brightsideme