မိဘတွေအနေနဲ့ သတိမထားမိဘဲ ကလေးတွေပေါ်မှာ ထိခိုက်နစ်နာစေမိသော အရာများ

0
28738
- Advertisement -

ဒီကနေ့ကာလမှာ ကလေးတွေကိုဘယ်လိုမှန်မှန်ကန်ကန်ပြုစုပျိုးထောင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ မတူညီတဲ့အကြံပြုချက်တွေများစွာရှိနေပါတယ်။ မကြာခဏအငြင်းပွားစရာကိစ္စတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် ဆရာ၀န်တွေနဲ့ စိတ်ပညာရှင်တွေက စမ်းသပ်မှုအသစ်တွေကို ဆက်လက်ပြုလုပ်ထားပါတယ်။
ရလဒ်တွေကို ခွဲခြမ်းစိတ်ဖြာကာအကြံပြုချက်စာရင်းအသစ်တွေလည်း ပြုလုပ်ထားပါတယ်။ အကြံပြုချက်တွေက ထူးဆန်ပုံပေါက်နေပေမယ့်လည်း အသေးစိတ်အချက်အလက်တွေကို ပိုလေ့းလာလိုက်တဲ့အခါ အတော်လေးအသုံး၀င်တာကို တွေ့ရပါလိမ့်မယ်။

၁။ ကလေးကို ကလိထိုးခြင်း

များသောအားဖြင့် လူကြီးတွေဟာကလေးတွေကို ရယ်မောစေလိုကြပြီးတော့ ၎င်းတို့ကို ကလိထိုးကြတာဖြစ်ပါတယ်။ သို့ပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသီတစ်ဦးရဲ့ တွေ့ရှိချက်အရ ရယ်စရာဟာသတစ်ခုလို ပျော်ရွှင်မှုကို ခံစားစေနိုင်ခြင်းမရှိကြောင်း ပြီးခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက တွေ့ရှိခဲ့ပါတယ်။ ၎င်းက ပျော်ရွှင်ရယ်မောခြင်းကိုသာ ထင်ယောင်ထင်မှားဖြစ်စေခြင်းပါ။

- Advertisement -

ဒီကိစ္စမှာ ကလေးတွေဟာတုန့်ပြန်မှုတစ်ခုကြောင့် မထိန်းနိုင်ဘဲ ရယ်မောတတ်ကြတာဖြစ်ပါတယ်။ လူအားလုံးနီးပါးက သူတို့ကို ယားယံအောင်လုပ်တဲ့အခါ ရယ်မောကြပါတယ်။ ကလေးတွေဟာလည်းပဲ ကလိထိုးတာကိုမုန်းနေရင်တောင်မှ ရယ်မောကြပါတယ်။ ရယ်မောနေပေမယ့် မပျော်ဘူးဆိုတာမျိုးပါ။

၂။ ကလေးရဲ့အိပ်ရာထဲမှာ ကစားစရာအရုပ်တွေထားခြင်း

ကလေးငယ်တွေအတွက် သူတို့ရဲ့အခန်းထဲမှာ မွေ့ရာ၊ စောင်သေးသေးလေးတစ်ခုသာလိုအပ်တယ်ဆိုတာ မိဘတွေမသိကြပါဘူး။ တစ်ခါတလေမှာတော့ ခေါင်းအုံးသေးသေးပြားပြားလေးကို သုံးနိုင်ပါတယ်။ ဒါပေမယ့် လေ့လာမှုတွေအရ အသက်အရွယ်မတိုင်မီကလေးတွေအတွက် ခေါင်းအုံးမလိုပါဘူး။

ဒါ့အပြင်ကလေးတွေဟာ သူတို့အိပ်နေတဲ့နေရာအတွက် အထူးအလှဆင်ပစ္စည်းတွေမလိုအပ်ပါဘူး။ အကြောင်းရင်းကတော့ ပျော့ပျောင်းတဲ့ကစားစရာ (သို့)ဘယ်လိုကစားစရာမျိုးမဆို ပြဿနာတွေဖြစ်လာနိုင်တာကြောင့်ပါ။ တကယ်လို့ ကလေးကမတော်တဆကစားစရာတွေပေါ်ကို မတော်တဆတိုက်မိမယ်ဆိုရင် ကလေးနှိုးလာတာမျိုး (သို့) အသက်ရှူကျပ်ခြင်းများဖြစ်စေနိုင်ပါတယ်။

၃။ ကလေးအိပ်နေချိန်မှာ ညအလင်းရောင်ကိုအသုံးပြုခြင်း

သင်အိပ်စက်နေတဲ့အချိန်အတွင်း ထုတ်လုပ်တဲ့ကြီးထွားမှုဟော်မုန်းက လုံးလုံးအမှောင်ထုထဲမှာ နေတာကပိုကောင်းပါတယ်။ ညအလင်းရောင်အသုံးပြုရတဲ့အကြောင်းပြချက်များစွာ ကွဲပြားနိုင်ပါတယ်။ များသောအားဖြင့် မိဘတွေဟာ ဒါကို သူတို့ရဲ့နှစ်သိမ့်မှုအတွက်ပြုလုပ်ကြပါတယ်။ တစ်ချို့မိဘတွေက သူတို့ရဲ့ကလေးတွေကို အမှောင်ကြောက်တတ်သွားမှာ စိုးရိမ်တဲ့အတွက် အလင်းပေးထားကြခြင်းဖြစ်ပါတယ်။

Ohioပြည်နယ်တက္ကသိုလ်မှ အာရုံကြောပါရဂူTracy Bedrosianက အလင်းကို မသုံးရမနေနိုင်ဘူးဆိုရင် အလင်းအစားမှန်ကန်တဲ့ အလင်းရောင်နဲ့အစားထိုးသင့်တယ်လို့ အကြံပြုထားပါတယ်။ စမ်းသပ်မှုတွေအရ အစိမ်းရောင်အလင်းက ဇီ၀နာရီကို မိနစ်၉၀ခန့်ရွေ့လျားစေပြီးတော့ အပြာရောင်အလင်းက နာရီ၁၈၀မိနစ်ခန့်အထိ ရွေ့လျားစေလို့ အိပ်ရေး၀၀အိပ်ဖို့ ပိုပြီးတော့ခက်ခဲလာပါတယ်။ အနီရောင်နှင့် လိမ္မော်ရောင်အလင်းက အစိမ်း၊ အဖြူနှင့်အပြာရောင်တို့လိုမျိုး melatoninထုတ်လုပ်မှုတွေကို မတားဆီးနိုင်ပါဘူး။ သင့်ရဲ့circadian rhythmsကိုလည်း အနှောင့်အယှက်မဖြစ်စေပါဘူး။

၄။ကလေးတွေအတွက် သန့်ရှင်းလွန်းတဲ့နေရာသတ်မှတ်ထားခြင်း

သန့်ရှင်းစင်ကြယ်မှုက အလွန်အရေးကြီးတယ်လို့ ကျွန်တော်တို့မြင်လေ့ရှိတယ်။ ဒါပေမယ့် ကွဲပြားခြားနားတဲ့နိုင်ငံတွေမှာတော့ သုတေသီတွေကပတ်၀န်းကျင်က အလွန်သန့်ရှင်းလွန်းတဲ့အခါ ကလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် မကောင်းဘူးလို့ သဘောတူကြတယ်။ ဒီလိုပတ်၀န်းကျင်တွေက ကူးစက်ရောဂါတွေကို တိုက်ထုတ်ဖို့အသင့်ရှိနေတဲ့အခါ ကိုယ်ခံအားစနစ်ကိုနှေးကွေးစေတယ်။ ဒါတွေကပန်းနာရင်ကျပ်ရောဂါ၊ ကြွက်နို့နှင့် အရေပြားရောင်ရမ်းခြင်းတို့ကို မြှင့်တင်ပေးပါတယ်။

မိဘတွေရဲ့ အကြီးဆုံးအမှားက တိုက်ခန်းကိုမကြာခဏသန့်ရှင်းလွန်းတာနဲ့ ကလေးတွေကို အိမ်မွေးတိရစ္ဆာန်တွေနဲ့ အဆက်အသွယ်မလုပ်စေခြင်းတို့ပဲဖြစ်ပါတယ်။ ကလေးတွေဟာ ဖြစ်နိုင်ချေရှိတဲ့ ဓာတ်မတည့်မှုတွေကို ကုသလေလေ၊ သူတို့ရဲ့ကိုယ်ခံအားစနစ်က သာမန်အားဖြင့် ကျဆင်းလေလေဖြစ်ပါလိမ့်မယ်။

၅။ ကလေးတွေကို မျက်နှာပြင်တွေမှာ လမ်းလျှောက်စေခြင်း

ပျမ်းမျှအားဖြင့် တစ်နှစ်ခန့်ကလေးတွေဟာ လမ်းလျှောက်တတ်ကြတယ်။ ဒီလိုဖြစ်လာတဲ့တစ်ချို့မိဘတွေက အိမ်စီးဖိနပ်အချို့ကို ၀ယ်ဖို့ စတိုးဆိုင်ကို အမြန်သွားကြတယ်။ သုတေသီတွေဟာ ဘယ်အရာတွေက အကောင်းဆုံးဖြစ်တယ်ဆိုတာ သဘောမတူကြသေးပေမယ့်လည်း မျက်နှာပြင်အားလုံးက လမ်းလျှောက်လို့အဆင်ပြေတယ်လို့ သဘောတူကြတယ်။

ကလေးတွေက သဲများ၊ မြက်များ (သို့) ချောမွေ့တဲ့ကျောက်တုံးတွေပေါ်မှာ ဖိနပ်မပါပဲလမ်းလျှောက်နိုင်တဲ့အခွင့်အလမ်းရှိမယ်ဆိုရင် ပိုကောင်းပါတယ်။ သို့သော်လည်းပဲ ပြားချပ်နေတဲ့ ကြွေပြားတွေပေါ်မှာ လမ်းလျှောက်ခြင်းကတော့ အသုံး၀င်မှာ မဟုတ်ပါဘူး။ ဒီလိုဖြစ်မယ်ဆိုရင် ခြေထောက်ကကြွက်သားတွေက ကောင်းမွန်မဖွံ့ဖြိုးနိုင်ဘဲ ခြေထောက်ဖွံ့ဖြိုးမှုအတွက် ပြဿနာဖြစ်စေနိုင်ပါတယ်။

၆။ ဇွန်းနဲ့ အစားအစာကျွေးခြင်း

ကလေးသူငယ်ပြည်သူ့ကျန်းမာရေးတွဲဖက်ပါမောက္ခအေမီဘရောင်းက ကလေးတွေကို သူတို့ရဲ့ဇွန်းနဲ့ ကိုယ်တိုင်စားနိုင်အောင် မကူညီသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ”ဇွန်းနဲ့အစာကျွေးတာက အနာဂတ်မှာကိုယ်အလေးချိန်ပိုများလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အစာကျွေးနေတဲ့အခါဘယ်အချိန်မှာ ဗိုက်ပြည့်နေတယ်လို့မသိနိုင်ပါဘူး။ အကျိုးဆက်အနေနဲ့ သူတို့က အလွန်အကျွံစားသုံးကြတယ်။

သုတေသီတွေရဲ့ အဆိုအရ ကလေးတွေက သူတို့ဘာသာအစာစားခြင်းနှင့် အစားအစာတွေရဲ့အရသာကို လေ့လာခြင်းက မှန်ကန်တဲ့သဘောထားတွေကို မွေးမြူဖို့ အထောက်အကူပြုပါတယ်။

Chit_May_May

Nyein_Thu

sources-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here