မိဘတွေ စကားများတဲ့အခါ ကလေးတွေဘယ်လိုခံစားရသလဲ

မိဘတွေ စကားများတဲ့အခါ ကလေးတွေဘယ်လိုခံစားရသလဲ

0
66
- Advertisement -

ကလေးတွေ အသက်ဘယ်လောက်ရှိတယ်ဆိုတာက အရေးမကြီးပါဘူး။ မိဘတွေအနေနဲ့ သူတို့ရှေ့မှောက်မှာ စကားများသောအခါ သူ့တို့ကို အလွန်၀မ်းနည်းစေပါတယ်။သူတို့မှာ အနုတ်လက္ခဏာခံစားချက်အမျိုးမျိုး၊ သူတို့ရဲ့ အပြုအမူ၊ သူတို့ပတ်၀န်းကျင်အပေါ်မြင်တဲ့အမြင်၊ အရာ၀တ္ထုတွေကို မြင်တဲ့အမြင်တွေကအစ ပြောင်းလဲစေပါတယ်။
ဘယ်လိုအိမ်ထောင်ရေးမျိုးမဆို အခက်အခဲတွေကို ရှောင်လွှဲကင်းလွတ်ခွင့် မရပါဘူး။ လူနှစ်ဦးမှာ တစ်ဦးကို တစ်ဦးဘယ်လောက်ပဲ ချစ်တယ်ဆိုစေဦးတော့ မတူညီမှု၊ ညှိနှိုင်းမရမှု စသော ဘာသာရပ်တွေကတော့ ရှိနေပါလိမ့်မယ်။ တကယ်လို့ ကလေးတွေရှိနေမယ်ဆိုရင် မိဘများရဲ့ ကွဲပြားခြားနားမှုတွေဟာ သူတို့လေးတွေအပေါ်မှာ အကျိုးသက်ရောက်နိုင်ပါတယ်။ မိဘတွေအနေနဲ့ ကလေးရဲ့ ရှေ့မှာ အငြင်းပွားမှုတွေ၊ ပြဿနာတွေဖြစ်မယ်ဆိုရင် ကလေးငယ်များအတွက် ဖြစ်ပေါ်စေသော စိတ်ဖိစီးမှုအဆင့်ကို အမှန်တကယ်နားလည်ဖို့ အရေးကြီးပါတယ်။ ဒီကနေမှာ အဲ့ဒီ့ကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်ပြောပြပေးပါ့မယ်။

ဘယ်လိုခံစားရမလဲ

သင်တို့ အငြင်းအခုံဖြစ်ကြသောအခါ သင်တို့နှစ်ဦးလုံး စိတ်မကောင်းဖြစ်ကြရပါလိမ့်မယ်။ ဒီ့ထက်ပိုဆိုးတာက အပျက်သဘောဆောင်သော ခံစားမှုများကို သင့်ကလေးက ခံစားရမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ -မိဘနှစ်ပါးအငြင်းပွားနေတဲ့ အချိန်မှာ သူတို့ကိုယ်သူတို့ အပြစ်တင်ကြတယ်။ သူတို့မဟုတ်တာ တစ်ခုခုလုပ်လို့ သူတို့ရဲ့ အဖေနဲ့ အမေဟာ အငြင်းပွားတိုက်ခိုက်နေကြရတယ်လို့ ထင်တတ်ကြပါတယ်။ တစ်ချို့ကလေးတွေဟာဆိုရင် သူတို့ပတ်၀န်းကျင်မှာမရှိရင် သူတို့မိဘတွေအတွက် ပိုကောင်းမယ်ဆိုတဲ့အထိ တွေးတတ်ကြပါတယ်။ သူတို့က ရင်ဆိုင်မဖြေရှင်းတတ်ကြလို့ ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မိဘတစ်ဦးရဲ့ အုပ်ချုပ်မှုကို ဆုံးရှုံးပြီး တစ်ဦးကို ထိခိုက်နာကျင်စေမှာ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် နာကျင်စေသော စကားလုံးတွေသုံးပြီး မိဘတွေဟာ အချင်းချင်းစကားတွေများကြတဲ့ သူတို့က အလွန့်အလွန်ကြောက်ကြပါတယ်။ မိဘဆိုတာ သားသမီးတွေရဲ့ ဘ၀မှာ အရေးကြီးဆုံးသောပုံပန်းသဏ္ဍာန်တွေဖြစ်ပါတယ်။ သူတို့တိုက်ခိုက်နေတာ မြင်တော့ သူတို့ခွဲထွက်သွားကို စိုးရိမ်နေတာနဲ့ ပြည့်နှက်နေပါတယ်။ ပြီးတော့ မိဘတွေ အရမ်း၀မ်းနည်းတာ မြင်နေရတာကလည်း ၀မ်းနည်းစရာပါ။

- Advertisement -

သူတို့ရဲ့ အပြုအမူတွေအပေါ် အကျိုးသက်ရောက်မှုများ

မိဘတွေဟာ သားသမီးတွေရှေ့မှာ စကားများသောအခါ ကလေးတွေရဲ့ ပင်ကိုယ်စရိုက်ကို ထိခိုက်စေပါတယ်။ သူတို့ရဲ့ မိဘများ တိုက်ခိုက်မှုကို မြင်ရခြင်းက သူတို့ကို မလုံခြုံမှုကို ခံစားရစေပြီး ရန်လိုမှုကို ဖြစ်စေနိုင်ပါတယ်။ အခြားသူတွေရဲ့ မတူညီတဲ့ အယူအဆတွေ ၊ အတွေးအမြင်တွေအပေါ်မှာ အပြုသဘောဆောင်ဖြင့် ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သင်ယူချင်စိတ်ရှိတော့မှာ မဟုတ်ပါဘူး။ တစ်ခြားသူတွေကို အော်ဟစ်ခြင်း၊ စော်ကားခြင်း ၊ ထိုးနှက်ခြင်းတွေ ပြုလုပ်မှ သူတို့ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်လိမ့်မယ်လို့ ထင်မှတ်သွားပါလိမ့်မယ်။ သူငယ်ချင်း၊ မိဘ ၊ ဆွေမျိုးတွေနဲ့လည်း အဲဒီ့နည်းနဲ့ ပဲ ပြုလုပ်ပါလိမ့်မယ်။ မိဘတွေဟာ မိမိတို့ရဲ့ ကလေးအား အကျိုးသက်ရောက်မှုရှိစေဖို့ ကျယ်ကျယ်ပြန့်ပြန့်ငြင်းခုံမနေဖို့ အရေးကြီးပါတယ်။ မိဘတွေရဲ့ တိတ်တဆိတ်ငြင်းခုံမှုတွေကပင် ကလေးများကို ၀မ်းနည်းစေပါတယ်။ ဒါတွေဟာ ကလေးငယ်များအတွက် ခေါင်းကိုက်ခြင်းနှင့် စိတ်ဖိစီးမှုများဖြစ်စေပြီး အကာအကွယ်မရှိသလို ခံစားရစေနိုင်ပါတယ်။ ရလဒ်အနေနဲ့ ကလေးဟာ ညအချိန်အိပ်မပျော်နိုင်ဘဲ ခက်ခဲနေပြီး ကျောင်းသွားချင်စိတ်ရှိတော့မှာ မဟုတ်ပါဘူ။

အသက်အရွယ်အလိုက် တုံ့ပြန်မှုများ

ကလေးက အသက်ဘယ်လောက်ဆိုတာကအရေးမကြီးပါဘူး။ မိဘများ ငြင်းခုံခြင်းကို တွေ့သောအခါ ဘယ်အသက်အရွယ်မှာမဆို ကလေးများ ဒုက္ခရောက်နိုင်ပါတယ်။ သို့သော် အသက်အရွယ်အလိုက် တုံ့ပြန်မှုကွဲပြားကြပါတယ်။

မွေးစမှ ၁၈လအထိ
ဒီအသက်အရွယ်မှာ ကလေးတွေဟာ သူတို့ရဲ့ ခံစားချက်တွေကို နှုတ်နဲ့ မပြောနိုင်သေးပေမယ့် သူတို့မိဘတွေငြင်းခုံနေတာကို မကြိုက်ဘူးဆိုတာ ပြသနိုင်ပါပြီ။ သူတို့က စိုးရိမ်ပူပန်မှုနှင့် စိတ်တိုလွယ်ခြင်းများ ဖြစ်လာပါတယ်။ အိပ်ချိန်မှာ မအိပ်ပဲ ကမ္ဘာကြီးဟာ မတည်ငြိမ်သောနေရာတစ်ခုအဖြစ် ထင်မှတ်ကြတယ်။ အမှန်မှာ ၆လအောက် ကလေးတွေဟာ သူတို့မိခင်ရဲ့ တင်းမာမှုနှင့် ဇီ၀ကမ္မပြောင်းလဲမှုများကို ရိပ်မိနိုင်ပါတယ်။ ဥပမာ သင့်ရဲ့ နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်တိုးလာခြင်းမျိုးတွေပေါ့။
၁၈လမှ ၂နှစ်အထိ
ဒီအဆင့်မှာတော့ ကလေးများက မိဘတွေရဲ့ အာရုံကို ရယူဖို့ ကြိုးစားပါလိမ့်မယ်။ ဥပမာအားဖြင့် သူတို့က မိဘများကို အာရုံလွဲစေပြီး အငြင်းပွားမှုများကို ရပ်တန့်စေရန် ကြိုးပမ်းမှုမှာ စတင်ငိုကြွေးပါလိမ့်မယ်။
၃နှစ်နဲ့ အထက်
ဒီအရွယ်မှာ ကလေးတွေဟာ သူတို့ကိုယ်သူတို့ ကာကွယ်သူတွေအဖြစ်မြင်လာကြပါပြီ။ သူတို့သည် ကျောင်းကို သွားချင်စိတ်တွေပျောက်ဆုံးလာပါလိမ့်မယ်။ အကြောင်းရင်းကတော့ သူတို့ဟာ သူတို့မရှိတဲ့အခါ ပြဿနာတစ်ခုခုထပ်ဖြစ်မှာ စိုးရိမ်ကြတယ်။ သူတို့သာ အိမ်မှာ ရှိနေရင် သူတို့မိဘတွေဟာ ခိုက်ရန်ဖြစ်ပွားမှာ မဖြစ်ဘူးလို့ ထင်တတ်ကြတယ်။ ပိုအရေးကြီးတာက ပိုလေးနက်သော ကိစ္စရပ်တွေမှာ သူတို့ဟာ အရင်က ကျော်ဖြတ်ခဲ့ဖူးသော စိတ်နေသဘောထားများ (သို့) အပြုအမူများကို ပြန်လည်ဆုတ်ယုတ်စေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှုတွေ လျော့ကျသွားပါလိမ့်မယ်။

ပြဿနာတွေပြီးဆုံးသွားတဲ့အခါ ကလေးတွေကို ဘယ်လိုငြိမ်သက်အောင် ထိန်းမလဲ

ပထမဦးဆုံး မိဘတွေအနေနဲ့ ကလေးတွေရှေ့မှာ ဘယ်သောအခါမှ စောဒက မတက်ပါနဲ့။ မိဘတွေရဲ့ ခိုက်ရန်ဖြစ်ပွားမှုဟာ သူတို့သားသမီးတွေရဲ့ ဘ၀တစ်သက်တာမှာ စိတ်ဒဏ်ရာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ နောက်ပြီးအရွယ်ရောက်လာသောအခါ မိမိတို့ရဲ့ လုပ်ဖော်ကိုင်ဖက်များနှင့် ပဋိပက္ခတွေမှာ ဖြေရှင်းဖို့ ခက်တာမျိုးတွေ တွေ့ရနိုင်ပါတယ်။ မိဘတွေအနေနဲ့ အခြေအနေကို တတ်နိုင်သမျှ တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးဖြစ်ဖို့ ကြိုးစားသင့်ပါတယ်။ အငြင်းပွားမှုတွေဟာ သူတို့ကြောင့်ဖြစ်တာမဟုတ်ကြောင်း သူတို့ကို ရှင်းပြပါ။ သူတို့စိုးရိမ်ဖို့မလိုကြောင်း သူတို့နားလည်အောင် ကူညီပါ။ သင်နှင့် သင့်အိမ်ထောင်ဖက်ဟာ ချစ်ကြကြောင်း၊ သူတို့ကို သင်ချစ်ကြောင်း သူတို့ကို သတိပေးပါ။
နိဂုံးချုပ်အနေနဲ့ မိဘများအငြင်းပွားသောအခါ ကလေးတွေရဲ့ ရှေ့မှောက်မှာ မပြုလုပ်သင့်ပါဘူး။ သင့်ရဲ့ ကလေးများအား ချစ်မြတ်နိုးကြောင်း ခံစားရစေဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်ပါ။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကို ချစ်ကြောင်းပြပါ။ ဒါတွေအားလုံးက သူတို့လေးတွေဟာ ကျန်းမာစွာနဲ့ ကြီးပြင်းလာပြီး ပဋိပက္ခတွေကို ကျန်းမာသန်စွမ်းသောနည်းလမ်းဖြင့် ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာကို သိလာကြပါလိမ့်မယ်။

Chit_May_May

Nyein_Thu

sources-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here