သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ မိဘတွေဖုန်းအလွန်အကျွံစွဲလန်းစွာ သုံးစွဲခြင်းဟာ ကလေးငယ်တွေရဲ့ ဖွံဖြိုးမှုကို သက်ရောက်စေနိုင်ကြောင်း သိရပါတယ်။ ကလေးသူငယ် ဖွံ့ဖြိုးရေးမဂ္ဂဇင်းက ထုတ်ဝေခဲ့မှုကို လေ့လာရရင် ဒါဟာ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှု၊ လူမှုရေး၊ ဘာသာစကား၊ အပြုအမူဆိုင်ရာ အရည်အချင်းတွေရဲ့ ဖွံဖြိးတိုးတက်မှု အပေါ်ကိုသက်ရောက်လျက်ရှိကြောင်း သိရပြီး အနည်းဆုံးသုံးနှစ်အရွယ်ကလေးတစ်ယောက်ရှိတဲ့ မိသားစု ၁၇၀ ကို လေ့လာအကဲဖြတ်ခဲ့တာဖြစ်ပါတယ်။
သုတေသီတွေက မိဘတွေအနေနဲ့ ကလေးနဲ့အတူတူရှိနေတဲ့အချိန်တွေမှာ သူတို့ရဲ့မိုဘိုင်းဖုန်းတွေနဲ့ ဖုန်းခေါ်ဆိုတာတွေ မက်ဆေ့ပိုတဲ့အရေအတွက် စတာတွေကို မေးခွန်းထုတ်တဲ့အခါ ၁၁% လောက်က မလုပ်ခဲ့ကြကြောင်း၊ ၁၇% လောက်က တရက်ကိုတကြိမ်လောက်သာရှိကြောင်း၊ ၂၄% လောက်က တစ်ရက်ကိုနှစ်ကြိမ်လောက် လုပ်မိကြောင်းနဲ့ ၄၈% လောက်က နေ့စဉ် သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြကြောင်း ပြောခဲ့ကြပါတယ်။ ဒါကြောင့်အများဆုံး ဖြစ်ပွားမှုကို သုတေသီတွေက ကောက်ချက်ဆွဲပြီး ဒါတွေကြောင့် ရန်လိုတတ်ခြင်း၊ စိတ်ကောက်တတ်ခြင်း၊ ဒေါသကြီးခြင်း စတဲ့သက်ရောက်မှုတွေကို ကလေးတွေမှာသက်ရောက်လျက်ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
အခြားလေ့လာမှုတစ်ခုဖြစ်တဲ့ AVG technology ရဲ့ကောက်ချက်ချမှုအရ ကလေးငယ် ၄၂%( ၁၀ ယောက်မှ ၄ ယောက်) ရဲ့မိဘတွေဟာ ကလေးတွေထက် သူတို့ရဲ့ဆဲလ်ဖုန်းတွေနဲ့သာ ပိုမိုအချိန်ကုန်တတ်ကြောင်း သိရပြီး ဒါဟာ ကလေးတွေအတွက် ပုံမှန်အပြုအမူတွေ၊ ဖုန်းစခရင်နဲ့မျက်နှာမခွာနိုင်ပဲ မိဘတွေကဲ့သို့ စွဲလန်းမှုတွေကို အဆိုးဆုံးကြုံတွေ့နိုင်ပါတယ်။ သင်ရော သင့်ကလေးအတွက် အချိန်လုံလောက်အောင် ဂရုစိုက်ပေးနိုင်သူလား ဒါမှမဟုတ် ကလေးထက် ဖုန်းကိုပိုဂရုစိုက်မိနေသူလား ဆိုတာ ပြန်ဆန်းစစ်သင့်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
Ref-Fabiosa
Zawgyi Font
မိဘေတြ စမတ္ဖုန္းကို စြဲလန္းစြာသုံးျခင္းဟာ ကေလးေတြအေပၚကို ဘယ္လိုသက္ေရာက္တတ္လဲ
သိပၸံပညာရွင္ေတြရဲ႕ အဆိုအရ မိဘေတြဖုန္းအလြန္အကၽြံစြဲလန္းစြာ သံုးစြဲျခင္းဟာ ကေလးငယ္ေတြရဲ႕ ဖြံၿဖိဳးမႈကို သက္ေရာက္ေစႏိုင္ေၾကာင္း သိရပါတယ္။ ကေလးသူငယ္ ဖြံ႕ၿဖိဳးေရးမဂၢဇင္းက ထုတ္ေ၀ခဲ့မႈကို ေလ့လာရရင္ ဒါဟာ ကေလးရဲ႕စိတ္ပိုင္းဆိုင္ရာ ဖြံၿဖိဳးမႈ၊ လူမႈေရး၊ ဘာသာစကား၊ အျပဳအမူဆိုင္ရာ အရည္အခ်င္းေတြရဲ႕ ဖြံၿဖိးတိုးတက္မႈ အေပၚကိုသက္ေရာက္လ်က္ရွိေၾကာင္း သိရၿပီး အနည္းဆံုးသံုးႏွစ္အရြယ္ကေလးတစ္ေယာက္ရွိတဲ့ မိသားစု ၁၇၀ ကို ေလ့လာအကဲျဖတ္ခဲ့တာျဖစ္ပါတယ္။
သုေတသီေတြက မိဘေတြအေနနဲ႔ ကေလးနဲ႕အတူတူရွိေနတဲ့အခ်ိန္ေတြမွာ သူတို႔ရဲ႕မိုဘိုင္းဖုန္းေတြနဲ႔ ဖုန္းေခၚဆိုတာေတြ မက္ေဆ့ပိုတဲ့အေရအတြက္ စတာေတြကို ေမးခြန္းထုတ္တဲ့အခါ ၁၁% ေလာက္က မလုပ္ခဲ့ၾကေၾကာင္း၊ ၁၇% ေလာက္က တရက္ကိုတႀကိမ္ေလာက္သာရွိေၾကာင္း၊ ၂၄% ေလာက္က တစ္ရက္ကိုႏွစ္ႀကိမ္ေလာက္ လုပ္မိေၾကာင္းနဲ႔ ၄၈% ေလာက္က ေန႔စဥ္ သံုးႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့ၾကေၾကာင္း ေျပာခဲ့ၾကပါတယ္။ ဒါေၾကာင့္အမ်ားဆံုး ျဖစ္ပြားမႈကို သုေတသီေတြက ေကာက္ခ်က္ဆြဲၿပီး ဒါေတြေၾကာင့္ ရန္လိုတတ္ျခင္း၊ စိတ္ေကာက္တတ္ျခင္း၊ ေဒါသႀကီးျခင္း စတဲ့သက္ေရာက္မႈေတြကို ကေလးေတြမွာသက္ေရာက္လ်က္ရွိေၾကာင္း ရွာေဖြေတြ႔ရွိခဲ့ၾကပါတယ္။
အျခားေလ့လာမႈတစ္ခုျဖစ္တဲ့ AVG technology ရဲ႕ေကာက္ခ်က္ခ်မႈအရ ကေလးငယ္ ၄၂%( ၁၀ ေယာက္မွ ၄ ေယာက္) ရဲ႕မိဘေတြဟာ ကေလးေတြထက္ သူတို႔ရဲ႕ဆဲလ္ဖုန္းေတြနဲ႔သာ ပိုမိုအခ်ိန္ကုန္တတ္ေၾကာင္း သိရၿပီး ဒါဟာ ကေလးေတြအတြက္ ပံုမွန္အျပဳအမူေတြ၊ ဖုန္းစခရင္နဲ႔မ်က္ႏွာမခြာႏိုင္ပဲ မိဘေတြကဲ့သို႔ စြဲလန္းမႈေတြကို အဆိုးဆံုးၾကံဳေတြ႔ႏိုင္ပါတယ္။ သင္ေရာ သင့္ကေလးအတြက္ အခ်ိန္လံုေလာက္ေအာင္ ဂ႐ုစိုက္ေပးႏိုင္သူလား ဒါမွမဟုတ္ ကေလးထက္ ဖုန္းကိုပိုဂ႐ုစိုက္မိေနသူလား ဆိုတာ ျပန္ဆန္းစစ္သင့္ပါတယ္။
LM_Naung_Naung
Lifestyle_Myanmar
Ref-Fabiosa