မိဘတွေ မခံမရပ်နိုင်အောင် အဘိုးအဘွားတွေမကြာခဏပြုလုပ်တဲ့အရာ(၉)ချက်

0
4090
- Advertisement -

သုတေသနပြုချက်တွေအရ သူတို့ရဲ့မြေးတွေနှင့် ပုံမှန်အချိန်အဖြုန်းလေ့ရှိပြီးတော့ အဘိုးအဘွားတွေက သူတို့ရဲ့စိတ်ချမ်းသာပျော်ရွှင်မှုတွေကို တိုးပွားစေပါတယ်။ သူတို့က များသောအားဖြင့် မိဘတွေကို ကူညီဖို့နှင့် သူတို့ဘဝကို ပိုမိုလွယ်စေဖို့ ကြိုးစားကြပါတယ်။ သို့ပေမယ့် လက်တွေ့မှာ ဒီလုပ်ရပ်တွေကအရာရာကို ရှုပ်ထွေးစေပါတယ်။ မျိုးဆက်နှစ်ဆက်အကြား သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်စေတဲ့ အသုံးအများဆုံးသော အရာတွေကို မျှဝေပေးချင်ပါတယ်။

၁။ မိဘအုပ်ထိန်းမှုအလေ့အထတွေကို ဝေဖန်ခြင်း

မိဘအုပ်ထိန်းမှုဆိုတာ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အဘိုးအဘွားတွေထံမှ အပျက်သဘောဆောင်တဲ့ပြောဆိုချက်တွေက မိခင်နှင့် ဖခင်ဟာ စံပြတစ်ယောက်ဖြစ်စေဖို့ မကူညီပေးနိုင်ပါဘူး။ ဒါ့အပြင် ကလေးက မိဘတွေအပေါ်မှာ အဆိုးမြင်အတွေးတွေ ဝင်သွားစေနိုင်ပါတယ်။ အဆိုးဆုံးကိစ္စတွေမှာ ၎င်းတို့အကြား ယုံကြည်မှုတွေကို အကြီးအကျယ်ထိခိုက်စေနိုင်ပါတယ်။

- Advertisement -

၂။ မလိုအပ်ဘဲ ကစားစရာပစ္စည်များ ဝယ်ပေးခြင်း

မိဘတွေအနေနဲ့ ကလေးတွေကစားတဲ့ ကစားပစ္စည်းတွေနှင့် ဘယ်လိုကစားစရာတွေကို အမှန်တကယ်လိုအပ်တယ်ဆိုတာ ကောင်းကောင်းသိကြပါတယ်။ ဒါ့အပြင် မလိုအပ်ဘဲဝယ်ယူခြင်းကို ငြင်းဆန်တဲ့အခါ သူတို့က ကလေးတွေကို ငွေတန်ဖိုးထားဖို့နှင့် ပညာရှိစွာ သုံးစွဲတတ်ဖို့ သင်ကြားပေးခြင်းတစ်မျိုးပါ။ ဒီလုပ်ငန်းစဥ်မှာ ဝင်ရောက်စွက်ဖက်ပြီးတော့ အဖိုးအဖွားတွေက ကလေးတွေကို ဝန်ဆောင်မှုတွေ ပေးကြတယ်။

၃။ ခွင့်ပြုချက်မရဘဲ အင်တာနက်ပေါ် ကလေးပုံတွေတင်ခြင်း

အင်တာနက်ပေါ်မှာ ချက်ချင်းပေါ်လာလေ့ရှိတာကြောင့် မိဘတွေက အဘိုးအဘွားတွေဆီကို ကလေးတွေရဲ့ ဓာတ်ပုံတွေကို ပေးပို့ရခြင်းကို ကြောက်လာနိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေက သတင်းအချက်အလက်နည်းပညာတွေနှင့် အကျွမ်းတဝင်မရှိတတ်ကြပါဘူး။ ဒီလိုဓာတ်ပုံတွေတင်ခြင်းက တစ်ခါတရံမှာ အန္တရာယ်တွေကျရောက်စေနိုင်တယ်ဆိုတာ သတိမထားမိဘဲဖြစ်သွားတတ်ကြတာပါ။ မိဘတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာဘဝကို လူသိရှင်ကြားထုတ်ဖော်မပြချင်တာတွေလည်း ရှိကြပါတယ်။

၄။ အရာရာကို မြှောက်ပေးခြင်း

လေ့လာမှုတစ်ခုအရ အလွန်အကျွံချီးမွမ်းခြင်းက လှုံ့ဆော်မှု၊ စိတ်ဓာတ်တက်ကြွမှု ကင်းမဲ့စေနိုင်တယ်လို့ ဆိုပါတယ်။ များသောအာဖြင့် အဘိုးအဘွားတွေက မြေးတွေရဲ့ ကောင်းတဲ့အပြုအမူတွေကိုသာ အာရုံစိုက်ပြီး ဘာမှလေ့လာမှုမရှိဘဲ အားပေးတတ်ကြတယ်။ ဒါ့ကြောင့် နောက်ထပ်ရှုထောင့်တစ်ခုအဖြစ် အားပေးမှုရဲ့ ရှေ့ဆက်အဖြစ် ကလေးရဲ့ အလိုဆန္ဒကို သတ်ပစ်နိုင်ပါတယ်။

၅။ သူတို့ကိုယ်ပိုင်စည်းမျဥ်းများ သတ်မှတ်ခြင်း

လေ့လာမှုတစ်ခု ကလေးတွေကပြင်ပကမ္ဘာရဲ့ လွှမ်းမိုးမှုကို ခံရနိုင်ပါတယ်။ သူတို့ရဲ့ ကမ္ဘာ့အမြင်နှင့် တန်ဖိုးတွေက အလွန်ပျက်စီးလွယ်တာကြောင့် ဆန့်ကျင်မှုအနည်းဆုံးပမာဏကို ရင်ဆိုင်ဖို့ အရေးကြီးပါတယ်။ မိဘတွေက ကလေးတွေ အကြောင်းအရာတစ်ခုသင်ကြားပေးပြီးချိန်မှာ အဖိုးအဖွားတွေက ထပ်ပြီးတော့ စည်းမျဥ်းတွေချမယ်ဆိုရင် ရှုပ်ထွေးစေတဲ့ စိတ်ရှုပ်ထွေးမှုတွေကို ဖြစ်စေပါတယ်။

၆။ သကြားလုံးတွေကို လျှို့ဝှက်စွာကျွေးခြင်း

ပုံမှန်အားဖြင့် ကလေးတွေက သိပ္ပံဆိုင်ရာသုတေသနရလဒ်တွေကို စိတ်မဝင်စားတာကြောင့် မိဘတွေအနေနဲ့ ၎င်းတို့ရဲ့ အာဟာရကို ဂရုစိုက်စောင့်ကြည့်ရမှာပါ။ အဘိုးအဘွားတွေက သူတို့ရဲ့အာဟာရကို လျှို့ဝှက်စွာကျွေးမွေးမယ်ဆိုရင် ကလေးတွေကို ပျော်ရွှင်စေမှာပါ။ တစ်ချိန်တည်းမှာ ၎င်းကသူတို့ရဲ့ကျန်းမာရေးကို အကြီးအကျယ်ပျက်စီးစေပါတယ်။

၇။ ရယ်စရာအဝတ်အစားများ ဝတ်ဆင်ပေးခြင်း

ဖက်ရှင်လောကဟာ အလျင်အမြန်ပြောင်းလဲနေပြီး ခေတ်သစ်စံချိန်စံညွှန်းတွေနှင့် အညီ နေတယ်ဆိုရင်တော့ တစ်ခါတလေမှာ တစ်ချို့ပြောင်းလဲမှုတွေကိုသင်လိုက်မမှီလိုက်တာတွေရှိပါတယ်။ အဝတ်အစားရွေးချယ်ရာမှာ အဘိုးအဘွားတွေနှင့် မြေးတွေအကြားအသက်ကွာခြားချက်တွေက အလွန်ထင်ရှားပါတယ်။ အမေတွေနှင့် အဖေတွေက မျိးဆက်ဟောင်းတွေကို မထိခိုက်စေလိုသော်လည်း တစ်ချိန်တည်းမှာ သူတို့ရဲ့ကလေးတွေကို စတိုင်လ်ကျစေလိုတယ်။ ဒီလိုအခြေအနေတွေမှာ သူတို့က မသက်မသာအနေအထားတွေ ဖြစ်စေပါတယ်။

၈။ အိပ်ရာဝင်ချိန်တွေကို လျစ်လျူရှုခြင်း

မြေးတစ်ဦးရဲ့ ချစ်ခင်မှုကို ရရှိဖို့ ကြိုးပမ်းရာမှာ အဘိုးအဘွားတွေက တစ်ခါတရံမှာ သူတို့ကို အိပ်ရာဝင်ချိန်နောက်ကျဖို့ (သို့)နေ့လည်စာစားပြီးနောက်မှာ အိပ်ငိုက်ခွင့်မပေးဘူး။ တစ်ချိန်တည်းမှာ သိပ္ပံပညာရှင်တွေက မူကြိုကျောင်းသားတွေဟာ တစ်ရက်ကို ၁၀-၁၃နာရီနှင့် ဆယ်ကျော်သက်တွေက အနည်းဆုံး၈နာရီ အိပ်သင့်တယ်လို့ ဆိုကြပါတယ်။

၉။ တစ်ရက်လုံးတီဗွီကြည့်ခွင့်ပြုခြင်း

ဒီနေ့ကာလမှာ ရုပ်မြင်သံကြားဟာ ကျွန်တော်တို့ဘဝမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ကလေးတွေအတွက် ၎င်းက ဖျော်ဖြေရေးအတွက် နည်းလမ်းတစ်ခုအတွက်သာမက ကမ္ဘာကြီးကိုသိကျွမ်းဖို့နည်းလမ်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် အဘိုးအဘွားတွေက ကျိုးကြောင်းဆီလျော်တဲ့ ကန့်သတ်ချက်တွေကို မေ့တတ်ကြတယ်။ ကလေးတွေဟာ တစ်နေ့ ၂နာရီ တီဗွီကြည့်မယ်ဆိုရင် သွေးပေါင်ချိန်တွေ မြင့်တက်နိုင်ပါတယ်။

Chit_May_May

Nyein_Thu

Ref-brightside-me

LEAVE A REPLY

Please enter your comment!
Please enter your name here