Home Parenting Child Care မိဘတွေ သတိမထားမိလိုက်ပဲ သားသမီးတွေကို ဖျက်ဆီးနေမိတဲ့ အချက် ၆ ခု

မိဘတွေ သတိမထားမိလိုက်ပဲ သားသမီးတွေကို ဖျက်ဆီးနေမိတဲ့ အချက် ၆ ခု

0
မိဘတွေ သတိမထားမိလိုက်ပဲ သားသမီးတွေကို ဖျက်ဆီးနေမိတဲ့ အချက် ၆ ခု

မိဘတိုင်းက သူတို့ရဲ့ကလေးတိုင်းကို ချစ်တယ်ဆိုတာ ပြောပြဖို့တောင်မလိုတဲ့ အရာပါ။ ကလေးတွေကို ချစ်ခြင်းမေတ္တာနဲ့ကြီးပြင်းလာဖို့၊ သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့၊ အောင်မြင်မှုရရှိနိုင်ဖို့ဆိုတာတွေက မိဘတိုင်းရဲ့ ဆန္ဒတွေဘဲဖြစ်ပါတယ်။ ကလေးတစ်ယောက် ကမ္ဘာကြီးကို ဆုံးရှုံးလိုက်ရတဲ့ အကြောင်းအရင်းအချို့က မိဘတွေရဲ့ သတိမမူ မကြိုးစားဘဲ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းအချို့ကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့ ကိုယ့်ရဲ့ အပြုအမူ တစ်ချို့က ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်ပြီး ဖျက်ဆီးပြစ်နိုင်တယ်ဆိုတာကို သိဖို့လိုလာပါပြီ။ ကလေးတွေရဲ့ အနာဂတ်ကမ္ဘာ တောက်ပပြီး မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေဖို့ မိဘတိုင်း နေ့စဉ်ပြုမူနေတဲ့ အပြုအမူတွေကို သတိမူသင့်ပါတယ်။

၁။ သူတို့အတွက် အချိန်မပေးနိုင်တာ

ကလေးတွေဟာ နေ့တိုင်းပေါက်နေတဲ့ အပင်တွေလိုပါပဲ။ သူတို့က ပုံမှန်အာရုံစိုက်မှုနှင့် ဦးတည်ချက် လိုအပ်ပါတယ်။ ကလေးတွေအတွက် သင်လုပ်နေတဲ့ အဆိုးဆုံးအရာက သူတို့ရဲ့ အပြုအမူနဲ့ လုပ်ဆောင်ချက်တွေကို လျစ်လျူရှုပြီး နေလိုက်တာပါပဲ။ ကလေးတွေက မိဘတွေရဲ့ အပြုံးနဲ့ နှစ်သက်လက်ခံမှုရဲ့ နေရောင်ခြည်ကို အဆက်မပြတ် လိုအပ်ပါတယ်။ လမ်းကြောင်းမှန်ကို နေ့စဥ် ညွှန်ပြဖို့လည်း လိုအပ်ပါတယ်။

၂။ ကလေးတွေရှေ့မှာ ရန်ဖြစ်တာ

သားသမီးတွေအတွက် ခါးသီးတဲ့ရလဒ်ကို ရရှိစေမယ့် အပြုအမူနဲ့ ကလေးတွေရှေ့မှာ ရန်ဖြစ်တာက မိဘတွေ လုပ်ဆောင်ရမယ့် စံနမူနာကောင်း တစ်ခုမဟုတ်ပါဘူး။ မိဘတွေရဲ့ ရန်ဖြစ်တဲ့စကားသံတွေက ကလေးတွေအတွက် နာရီပေါင်း သို့ ရက်ပေါင်းများစွာ စိတ်ပျော်ရွှင်မှုနဲ့ ဝေးကွာ သွားတတ်ကြပါတယ်။ ဒီလို တိုက်ခိုက်မှုမျိုးက ကလေးတွေအတွက် တကယ်ကို အန္တရာယ် ပေးနိုင်ပါတယ်။ မိဘတွေက ကလေးတွေ စံနမူနာယူရတဲ့ လက်ဦးဆရာဆိုတာကို မမေ့ပါနဲ့။

၃။ ကလေးအပေါ်မကျေနပ်တာတွေ ထုတ်ပြောတာ

သားသမီးတွေနဲ့ ပတ်သက်ပြီး မိဘတွေ သတိမမူမိလိုက်ပဲ မကျေနပ်တဲ့စကားတွေ ထုတ်ပြောလိုက်တဲ့အခါ ကလေးအတွက် ဆိုးကျိုးတွေ ဖြစ်လာတတ်ပါတယ်။ သူတို့အကြံဉာဏ် တောင်းတဲ့အခါတိုင်း ကလေးအပေါ် အမြဲဝေဖန်ခြင်းတွေက သူတို့ကို အဖျက်သဘောဆောင်တဲ့ သဘောထားကို လက်ခံရရှိစေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို မကောင်းတဲ့စကားတွေ မကျေနပ်တဲ့ အကြောင်းတွေ ရင်ဖွင့်တာမျိုး၊ ဝေဖန်အပြစ်ပြောတာမျိုးတွေ ရှောင်သင့်ပါတယ်။

၄။ စည်းမျဥ်းမလိုက်နာခြင်း

တစ်ချို့မိဘတွေက သူတို့ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မိဘဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ကိုယ်တိုင်မလိုက်နာပဲ မသိကျိုးကျွံပြုတတ်ကြပါတယ်။ ကိုယ်တိုင်တောင် မလိုက်နာပဲနဲ့ ကလေးကိုလိုက်နာဖို့ အတင်းအကျပ် ခိုင်းစေတာက တစ်ဖက်သတ်ဆန်တဲ့ အမိန့်တစ်ခုပါ။ ကလေးကိုကောင်းကောင်း မလေ့ကျင့်ပေးနိုင်တဲ့အခါ ကလေးက လမ်းကြောင်းပြောင်းသွား နိုင်တဲ့အတွက် မိဘကအစ စည်းမျဉ်းတွေကို လိုက်နာသင့်ပါတယ်။

၅။ သူငယ်ချင်းရွေးပြီး ထားခိုင်းတာ

ဒါက မိဘတစ်ယောက်အတွက် အခက်ခဲဆုံး စိန်ခေါ်ရတဲ့ ကိစ္စဖြစ်နိုင်ပါတယ်။ ကလေးရဲ့ လူမှုအသိုင်းအဝိုင်းကို ဖြိုခွဲရန် ကြီးမားတဲ့ အားထုတ်မှုတွေနဲ့အတူ စာတော်တဲ့သူကိုပဲ သူငယ်ချင်းလုပ်ရမယ် ဆိုပြီး သူငယ်ချင်း အပေါင်းအသင်းတွေကို ရွေးပြီးထားခိုင်းဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါက အလွှာစုံ နယ်ပယ်စုံက အသိပညာနဲ့ ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုတွေကို လိုက်မှီဖို့ ကလေးအတွက် ခက်ခဲသွားနိုင်ပါတယ်။

၆။ ဆုံးဖြတ်ချက်တွေ ကူချပေးတာ
အခုချိန်မှာ ကလေးဆိုပေမယ့် နောင်တစ်ချိန်မှာ လူကြီးဖြစ်လာမယ့် ကလေးတွေရဲ့ ဆုံးဖြတ်ချက်တွေကို အရာရာတိုင်းလွှမ်းမိုးပြီး မဦးဆောင်သင့်ပါဘူး။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကလေးရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေးပြီး အကျိုးအကြောင်းနဲ့ အဆိုးအကောင်းကို နားလည်စေဖို့က မိဘတိုင်းရဲ့တာဝန်ပါ။ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်တဲ့ ကလေးက အရွယ်ရောက်လာတဲ့တိုင် သူများအပေါ်မှီခိုဖို့ပဲ စဉ်းစားနေတော့မှာပါ။

Nadi

Chit_May_May

ref-nogreaterjoy

LEAVE A REPLY

Please enter your comment!
Please enter your name here