မိဘတွေ အမှန်ထင်နေကြတဲ့ အုပ်ထိန်းမှုဆိုင်ရာအမှားများ

0
1781
- Advertisement -

မိဘနဲ့သားသမီး ချိန်ခွင်လျှာညှိဖို့၊ သားသမီးတွေကို အကောင်းဆုံးပြုစုပျိုးထောင်နိုင်ဖို့အတွက် အကြံပြုရေးသားကြတဲ့ စာတွေဖတ်ဖူးကြမှာပါ။ များသောအားဖြင့်တော့ အကြံပြုပေးထားတဲ့အချက်အလက်တွေက ကောင်းမွန်ပေမယ့် တချို့ အချက်အလက်တွေကတော့ ပြင်ပလက်ရှိဘဝ မိဘနဲ့ သားသမီးတွေကြားမှာ အသုံးဝင်ခြင်းမရှိတာကို ကလေးအထူးပြု
စိတ်ပညာရှင်တွေက ထောက်ပြထားပါတယ်။

အပြင်စာများကို ဝယ်စားခွင့်ပြုခြင်း

မိဘတွေအနေနဲ့ ကလေးတွေကို သူတို့ကြိုက်နှစ်သက်တဲ့ ကျန်းမာရေးအတွက် မသင့်တော်တဲ့ သရေစာတွေကို ဝယ်စားခွင့်ပြုပေးတာမျိုးက မသင့်တော်ပါဘူး။ သူတို့ကိုယ်သူတို့ ထိန်းကျောင်းတတ်အောင်၊ ကိုယ်ပိုင်ရွေးချယ်မှုတွေကို ပြုလုပ်တတ်အောင် လေ့ကျင့်ပေးတယ်ဆိုပေမယ့် ဒါမျိုးကိုတော့ တားမြစ်ရပါမယ်။ ကျန်းမာရေးအတွက် သင့်တော်မယ့် မုန့်ပဲသရေစာတွေကို အိမ်မှာဝယ်ထားပြီး ကျွေးတာမျိုးက ပိုပြီးသင့်တော်ပါလိမ့်မယ်။

- Advertisement -

အသုံးမဝင်တဲ့ ပစ္စည်းများအတွက် ငွေဖြုန်းတီးခြင်း

ယခုခေတ်ကလေးတွေဟာ သူတို့ရရှိတဲ့ မုန့်ဖိုးတွေကို စုပြီး ဒစ်ဂျစ်တယ်ကိရိယာများ၊ မလိုအပ်တဲ့ အဝတ်အထည်များ၊ ဂိမ်းများ စသည်တို့ကို ဝယ်ယူတတ်ကြပါတယ်။ ဒီလိုလုပ်တာတွေကို မိဘတွေက အပိုငွေဖြုန်းတီးတယ်ဆိုပြီး ပိတ်ပင်တားဆီးပြီး စုဆောင်းထားဖို့သာ ပြောဆိုတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီလို တားဆီးမယ့်အစား သူတို့ပိုင်ဆိုင်တဲ့ငွေကို ဘယ်လိုနေရာတွေမှာ ကောင်းမွန်စွာအသုံးချရမယ်ဆိုတာနဲ့ တကယ်အရေးပါတဲ့ ပစ္စည်းမျိုးတွေကို ဝယ်ယူနိုင်ဖို့ကို လမ်းညွှန်ပေးတာက ပိုပြီး သင့်တော်ပါလိမ့်မယ်။

ဂရုစိုက်မှုလွန်ကဲခြင်း

ဒီနေ့ခေတ်ကလေးငယ်တွေဟာ ဟိုအရင်မျိုးဆက်တွေထက် စိုးရိမ်ပူပန်မှုတွေ၊ ဖိအားတွေပိုလို့များပြားပါတယ်။ ခေတ်နဲ့အမှီလိုက်နိုင်ဖို့အတွက် ပညာရပ်တွေကို လေ့လာဆည်းပူးရခြင်း၊ ကျောင်းစာတွေကိုလည်း အမှီလိုက်နိုင်ဖို့ ကြိုးစားရခြင်း စသည်တို့ကြောင့် သူတို့အတွက် ကိုယ်ပိုင်အားလပ်ချိန်တွေဆိုတာ မရှိသလောက်နည်းပါတယ်။ မိဘတွေကလည်း ကိုယ့်ရဲ့သားသမီးတွေကို ကောင်းမွန်တဲ့အနာဂတ်ဘဝ ပိုင်ဆိုင်စေချင်တာကြောင့် အားလပ်ချိန်တွေမထားရှိဘဲ အသိပညာအတတ်ပညာတွေကို ဆည်းပူးစေပါတယ်။ ဒါပေမယ့် ကလေးငယ်တွေကို သူတို့စိတ်ပါရာကိုလုပ်ဆောင်ဖို့ ကိုယ်ပိုင်အားလပ်ချိန်တွေထားရှိပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ စိတ်ဖိစီးမှုတွေကို လျော့ချနိုင်ပြီး လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုတို့ကို ခံစားနိုင်မှာဘဲဖြစ်ပါတယ်။

ငြင်းခုံရန်ဖြစ်ခြင်း

ကိုယ့်ရဲ့ ဆယ်ကျော်သက်သားသမီးတွေနဲ့ မကြာခဏ စကားများတာမျိုးကို ထိန်းချုပ်သင့်ပါတယ်။ အမြင်မတော် မသင့်တော်တဲ့ ကိစ္စရပ်တွေမှာ ဆူပူမာန်မဲတာထက် အကျိုးသင့်အကြောင့်သင့် ရှင်းပြပြောဆိုတာမျိုးက ပိုပြီးကောင်းမွန်ပါလိမ့်မယ်။ သူတို့ရဲ့ အတွေးအခေါ်နဲ့ထင်မြင်ယူဆချက်တွေကိုလည်း ဂရုတစိုက်နားထောင်ပြီး မိဘတွေရဲ့အမြင်ကတော့ဘယ်လိုမျိုးရှိပြီး သူတို့တွေးခေါ်ထားတာမျိုးတွေထက် ပိုပြီး နည်းလမ်းကျကြောင်း၊ ကောင်းကောင်းမွန်မွန်ပြောဆို လက်သင့်ခံစေတာက ပိုပြီးအကျိုးသက်ရောက်မှုရှိပါလိမ့်မယ်။

အသက်အရွယ်ထက် ပိုပြီး လူကြီးဆန်ဆန်နေထိုင်စေချင်ခြင်း

ဒီနေ့ခေတ်ကလေးတွေက မြန်မြန်ဆန်ဆန် ရင့်ကျက်လာကြတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့ဟာ ကလေးတွေဘဲဖြစ်နေပါသေးတယ်။ ဒါကြောင့်မို့ ကလေးမဟုတ်တော့ဘူး။ ကလေးဆန်တဲ့ အပြုအမူတွေကို မလုပ်သင့်တော့ဘူးလို့ မတားမြစ်သင့်ပါဘူး။ သူတို့ဟာ ရင့်ကျက်တည်ငြိမ်ကောင်းတည်ငြိမ်ပါလိမ့်မည်။ ဒါပေမယ့် လူကြီးတယောက်လိုတော့ နေထိုင်ပြုမူပြောဆိုဖို့ အဆင်သင့်မဖြစ်လောက်သေးပါဘူး။ ကိုယ့်ရဲ့ သားသမီးတွေကို အသက်အရွယ်အတိုင်း ရင့်ကျက်တည်ငြိမ်စေတာက ပိုပြီး နည်းလမ်းကျပါလိမ့်မယ်။

ဗီဒီယိုဂိမ်းကစားတာမျိုးကို တားမြစ်ခြင်း

မိဘအများစုသည် ဗီဒီယိုဂိမ်းတွေဟာ ကလေးတွေရဲ့ ဦးနှောက်ကို ဖျက်စီးပစ်တဲ့အရာလို့ ထင်မြင်တတ်ကြပါတယ်။ ဒါပေမယ့် သုတေသနပြုချက်များအရ တီဗီကြည့်တာထက် ဗီဒီယိုဂိမ်းကစားတာဟာ ကလေးတွေရဲ့ စဉ်းစားတွေးခေါ်မှုဉာဏ်ရည်ကို ပိုမိုကောင်းမွန်စေတာကို တွေ့ရှိခဲ့ပါတယ်။ မိဘတွေထင်ထားသလိုမျိုး မဟုတ်တာကြောင့် အချိန်အတိုင်းအတာတခု သတ်မှတ်ပြီး သူတို့အားလပ်ချိန်တွေမှာ ဗီဒီယိုဂိမ်းကစားနေတာမျိုးကို ခွင့်ပြုပေးသင့်ပါတယ်။

ကလေးတဦးနဲ့တဦး စိတ်နေစိတ်ထား၊ နေပုံထိုင်ပုံနဲ့ ဝါသနာတွေက မတူညီတတ်ကြပါဘူး။ တချို့ကလေးတွေက တနေကုန် ကစားခုန်စားချင်ကြပေမယ့် တချို့ကလေးတွေကတော့ စာအုပ်ဖတ်နေတာမျိုး၊ ဗီဒီယိုဂိမ်းကစားတာမျိုးကို ပိုပြီးနှစ်သက်ကြလေ့ရှိပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကိုယ့်ကလေးငယ်တွေဟာ ဘယ်လိုပုံစံမျိုးနေထိုင်ရတာကို နှစ်သက်တတ်သလည်းဆိုတာကို လက်ခံပေးပြီး သူတို့ရဲ့ စိတ်ပါရာကို အတိုင်းအတာတခုထိ ခွင့်ပြုပေးသင့်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref- Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here