လေ့လာမှုများအရ သက်ကြီးရွယ်အို မိဘအများစုဟာ သားသမီးတွေနှင့်အတူ မပျော်ကြရကြောင်း၊ သားသမီးတွေက နားလည်မှု မပေးနိုင်ကြကြောင်း သိရပါတယ်။ အခြားတစ်ဖက်မှာ သားသမီးတွေအနေနဲ့ မိဘတွေဟာ သူတို့ဆီက အရမ်းမြင့်မားတဲ့ မျှော်လင့်ချက်တွေ ထားတယ်လို့ ယုံကြည်ကြပါတယ်။ ဒါ့အပြင် သားသမီးအများစုဟာ သူတို့ဆီကနေ မိဘတွေ တကယ်လိုချင်တဲ့အရာကို မသိကြပါဘူး။ ဒါက မိဘနှင့် သားသမီးတွေကြားမှာ အဆုံးသတ်ဖို့ ခက်ခဲတဲ့ ကတောက်ကဆများကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် မိဘနဲ့ သင့်ရဲ့နှောင်ကြိုးကို ပြန်လည်ခိုင်မြဲစေဖို့ သင့်ဆီကနေ မိဘတွေ မျှော်လင့်ထားတဲ့အရာ ၆ခုကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
၁။ သူတို့ကို အချိန်ပေးပါ
သင့်ဘဝကိုပေးတဲ့ သင့်အဖေစကားကို နားထောင်ပါ၊ အသက်ကြီးလာတဲ့ မိခင်ကို မထီမဲ့မြင် မပြုပါနဲ့။
လေ့လာမှုများအရ မိဘအများစုဟာ သားသမီးတွေ အိမ်ရောက်လာပြီး အချိန်ပေး၊ ဂရုစိုက်မှုကို စောင့်ဆိုင်းကြတယ်လို့ သိရပါတယ်။ မိဘအများစုက သားသမီးတွေနှင့်အတူ နေထိုင်လိုကြပါတယ်။ သို့သော် သားသမီးတွေ အတောင်အလက်စုံလာရင် ပျံသန်းသွားကြမယ်ဆိုတာ မိဘတွေသိကြပါတယ်။ သူတို့ဟာ သားသမီးတွေ သူတို့ဆီ လာဖို့ (သို့) အနည်းဆုံး သူတို့ကို စကားပြောဖို့ ခေါ်တာကို မျှော်လင့်ကြပါတယ်။ သူတို့ဟာ တစ်လမှ တစ်ကြိမ် မိဘဆီကို စကားလာပြောတဲ့ ၇၀ ရာခိုင်နှုန်းသော လူတွေထဲမှာ မပါဝင်ချင်ကြပါဘူး။

ရွေးချယ်စရာကောင်းတစ်ခုက သူတို့ရဲ့ မွေးနေ့နှင့် မင်္ဂလာဆောင်နှစ်ပတ်လည်များကဲ့သို့ သူတို့ရဲ့ မှတ်တိုင်များကို မှတ်မိဖို့ ဖြစ်ပါတယ်။ သူတို့ရဲ့ အထူးနေ့မှာ ဘုရားလိုက်ပို့တာ၊ အလည်အပတ်လိုက်ပို့ပေးတာ ပြုလုပ်ပါ။ စကားစမြည် ဘယ်လိုပြောရမယ်ဆိုတာ မသိရင် သင့်အတိတ်ကာလအကြောင်းကို ပြောပြပါ။ ဓါတ်ပုံဟောင်းများကို ကြည့်ပါ။ ပျော်ရွင်ဖွယ် အချိန်များကို သတိရပါ။
၂။ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးပါ
သင့်မိဘတွေ အိုမင်းလာကြောင်းနဲ့ သူတို့ဟာ တစ်ချိန်တုန်းကလို သန်သန်မာမာ၊ မြန်မြန်ဆန်ဆန် မဖြစ်နိုင်တော့ကြောင်းကို သင်နားလည်ထားဖို့ လိုအပ်ပါတယ်။ ဒါက သင့်မိဘတွေနှင့်အတူ စကားပြောပေးဖို့ ဘာ့ကြောင့် အရေးကြီးသလဲဆိုတာ ဖြစ်ပါတယ်။ သူတို့ကို စကားမပြောရင် သူတို့ရင်ဆိုင်ရတဲ့ ပြဿနာတွေ၊ သူတို့ရဲ့ ပြဿနာတွေကို သဘောပေါက်မှာ မဟုတ်ပါဘူး။

၃။ ငွေကြေးထောက်ပံ့ပေးပါ
ပေးဆပ်သူဖြစ်ပါက သင့်အားစိတ်ကျေနပ်မှု ပိုခံစားရစေပါလိမ့်မယ်။ ဒါက ဝန်ထုပ်ဝန်ပိုးတစ်ခုလို ထင်ရသော်လည်း မိဘတွေနဲ့ အဆက်အသွယ်ဖြစ်နေဖို့ အရေးကြီးပါတယ်။ ဖိအားအချို့ကို လျှော့ချဖို့ မောင်နှမတွေအကြား တာဝန်ကို ခွဲဝေချထားနိုင်ပါတယ်။ မိဘတွေကို ထောက်ပံ့ခြင်းရဲ့ အကျိုးဆက်တွေက သင့်အတွက် အကျိုးရှိနိုင်ကြောင်း သတိရပါ။
၄။ ဆုံးဖြတ်ချက်ချခြင်း -သူတို့ပြောသမျှကို နားထောင်ပါ
မိဘတွေကို လေးစားမှုပြပြီး သူတို့ပြောတာတွေကို နားထောင်ရပါမယ်။ မျိုးဆက်ကွာဟမှုရှိတာကြောင့် သားသမီးအများစုက မိဘတွေဟာ သူတို့ရဲ့ ပြဿနာတွေကို နားမလည်ဘူးလို့ ယုံကြည်ကြပါတယ်။ သို့သော် ကျွန်တော်တို့ မိဘတွေ ကြုံတွေ့ရတဲ့ ဘဝအတွေ့အကြုံတွေကို ကျွန်တော်တို့လျစ်လျူရှုလေ့ရှိပါတယ်။

သင့်မိဘတွေက သင့်အတွက် ကောင်းမွန်သော ဘဝနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကြံပေးချက်အချို့ ရှိကောင်းရှိပါလိမ့်မယ်။ အလုပ်နှင့် အိမ်ထောင်ပြုခြင်းအပါအဝင် သင့်ရဲ့ အရေးကြီးသော ဆုံးဖြတ်ချက်တွေကို အသိပေးခြင်းဖြင့် မိဘတွေကို သင့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါစေ။ သူတို့လုပ်စေချင်တာကို သင်မဖြစ်မနေလုပ်ဖို့ မလိုသော်လည်း သူတို့စကားကို နားထောင်ပေးလိုက်ပါ။
၅။ ကြိုးစားလုပ်ဆောင်ပါ- သူတို့ သင့်ကို အောင်မြင်စေချင်ပါတယ်
မိဘတွေက သားသမီးတွေကို ပျော်ရွင်မှုနှင့် အောင်မြင်မှုရစေချင်ကြပါတယ်။ ဘဝမှာ ရည်ရွယ်ချက်မရှိတဲ့ သားသမီးမျိုးကို မလိုချင်ကြပါဘူး။ သင့်မိဘတွေ သင့်ကို သင်ပေးတဲ့အရာတွေကို သတိရပါ။ သူတို့ရဲ့ အဆုံးအမတွေကို သိဖို့ကြိုးစားပါ။

၂၀၀၄ခုနှစ် လေ့လာမှုတစ်ခုအရ သက်ကြီးရွယ်အိုတွေဟာ သူတို့ရဲ့ အမှားတွေကို မကြာခဏ သတိပြုမိပြီး ကလေးတွေကို သူတို့လို ထပ်မဖြစ်စေချင်ကြပါဘူး။ သူတို့က သင့်ကို ကို ပိုကောင်းတဲ့ လူသားပဲ ဖြစ်စေချင်ကြပါတယ်။ သင်လုပ်သမျှမှာ အောင်မြင်မှုပဲ ရစေချင်ကြပါတယ်။
Chit_MayMay
LM_Nandar
Source-lifehack.