မိဘနဲ့သားသမီးကြားမှာ အာဏာရှင်ဆန်တဲ့ ဆက်ဆံရေးကို မတည်ဆောက်မိပါစေနဲ့

0
1729
- Advertisement -

မိဘနဲ့သားသမီးတွေကြားမှာ ဘယ်လို ဆက်ဆံရေး ရှိသင့်တယ်ဆို တော်တော် အရေးကြီးတဲ့ မေးခွန်းဖြစ်သလို ပျော်ရွှင်တဲ့ မိသားစုတစ်စုဖြစ်ဖို့အတွက် အလွန်အရေးပါတဲ့ လိုအပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ ခုပြောပြချင်တာက မိသားစုတော်တော်များများမှာတည်ဆောက်ထားတဲ့ အာဏာရှင်ဆန်တဲ့ အုပ်ထိန်းမှုပုံစံစနစ်မျိုးကို ပြောပြမှာပါ။ ဒီအုပ်ထိန်းမှုကြောင့် မိဘနဲ့သားသမီးကြားဆက်ဆံရေးကို ဘာတွေထိခိုက်လာနိုင်စေလဲ ဘယ်လိုဆိုးကျိုးတွေဖြစ်နိုင်လဲဆိုတာကို ပြောပြသွားပါမယ်။ ကဲ..အောက်မှာဖတ်ကြည့်လိုက်ရအောင်..

အာဏာရှင်ဆန်တဲ့မိဘအုပ်ထိန်းမှုပုံစံဆိုတာဘာလဲ?

အာဏာရှင်ဆန်တဲ့ မိဘအုပ်ထိန်းမှုပုံစံဆိုတာကို Authouritarian Parenting Styleလို့လည်း အနောက်တိုင်းမှာဆိုကြပါတယ်။ ဒီအုပ်ထိန်းမှုပုံစံမျိုးကို တော်တော်များများမှာတွေ့ရလေ့ရှိပါတယ်။ အနောက်တိုင်းနိုင်ငံတွေမှာတော့ ဒီလိုအုပ်ချုပ်တဲ့ပုံစံမျိုးကနည်းပါးပါတယ်။ ကဲ ဒီတော့ ဒီအုပ်ထိန်းမှုပုံစံကို ဘယ်လိုတည်ဆောက်ထားလဲဘာတွေပါဝင်လဲဆိုတာကို ရိုးရိုးလေးပြောရရင် တင်းကြပ်တဲ့စည်းမျည်းစည်းကမ်းတွေ ထိန်းချုပ်မှုတွေပဲပါဝင်တယ်လို့ပြောလို့ရပါတယ်။ အဲ့ဒီတင်းကြပ်တဲ့ ထိန်းချုပ်မှုတွေ စည်းမျည်းစည်းကမ်းတွေနောက်မှာတော့ ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ ဆိုဆုံးမမှုတွေ ကပ်ပါလာပါတယ်။ ဆိုကြပါစို့ ကလေးတွေအနေနဲ့ ဘယ်အရာကိုမှ စောဒကတက်ခြင်း မေးမြန်းဆွေးနွေးနိုင်ခြင်းမရှိပဲ မိဘရဲ့ဆန္ဒအတိုင်းလုပ်ဆောင်ရတာမျိုးပါ။

အကျိုးဆက်ကဘာတွေဆက်ဖြစ်လာမလဲ

မိဘနဲ့သားသမီးကြားဆက်ဆံရေးက အထက်လူကြီးနဲ့ အောက်လက်ငယ်သားဆက်ဆံရေးမျိုးဖြစ်နေတာဆိုတော့ ကလေးရဲ့ဆန္ဒ ခံစားချက် သဘောထားတွေကို ထုတ်ဖော်ပြောဆိုခွင့်မရှိသလောက်နည်းပါးပါတယ်။ အဲ့ဒီလိုဆက်ဆံရေးမှာ အဲ့ဒီလိုပုံစံအောက်မှာနေခဲ့ရတဲ့ကလေးတွေဟာ ပျော်ရွှင်မှုမရှိတော့ပဲ ကြောက်ရွံအားငယ်နေတတ်သလို ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းပါးလာပါတယ်။

တစ်ခါတစ်ရံမှာဆို ဘယ်လောက်ထိဖြစ်သွားလဲဆိုရင် ကြမ်းတမ်းတဲ့ ကိုယ်ရည်ကိုယ်သွေးမျိုးတွေပါ ကိန်းအောင်းသွားပါတော့တယ်။ နောက်တစ်ချက်က ပြောဆို ဆက်ဆံရေးစွမ်းရည်ပိုင်းမှာ အားနည်းသွားပြီး ဦးဆောင်လုပ်ရမယ့်နေရာတွေမှာ အခက် အခဲရှိလာတတ်ပါတယ်။

လူအုပ်ကြီးကိုရှောင်ပီး တစ်ယောက်တည်းစိတ်ဓါတ်တွေကျလာနိုင်ပါတယ်။ ပြောရမယ်ဆိုလူတောမတိုးတော့တာပေါ့။ တခုခုဆို အထိတ်အထိတ်အလန့်လန့်ဖြစ်နေတတ်ပါတယ်။ ကိုယိ့ကိုကိုယ် အသုံးမကျတော့ဘူးလို့တောင်ထင်လာတတ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိလာပြီးအုပ်ထိန်းမှုက လွတ်ထွက်သွားတာနဲ့ လမ်းမှားရောက်သွားတတ်တော့တာပါပဲ။ ဆိုလိုတာက အရက်သောက် ဆေးလိပ်သောက် မူးယစ်ဆေးစွဲ စတဲ့အခြေအနေမျိုးတွေထိရောက်သွားပြီး ဘဝပျက်ဆီးသွားစေနိုင်တမျိုးထိဖြစ်သွားတတ်ပါတယ်။ ဒါဟာ အုပ်ချုပ်မှုအမှားအယွင်းကြောင့်ပါ။ ဒါကြောင့် မဘတွေနဲ့သားသမီးတွေရဲ့ဆက်ဆံရေးမှာ အာဏာရှင်ဆန်တဲ့ ဆက်ဆံရေးကို ဘယ်တော့မှ မတည်ဆောက်မိပါစေနဲ့လို့ အကြံပြုရေးသားလိုက်ရပါတယ်။

#Chit_May_May

#Mg_Htet

REF_Raisingchildren

LEAVE A REPLY

Please enter your comment!
Please enter your name here