ဆယ်ကျော်သက်အရွယ်သားသမီးရှိသောမိဘများသာ နားလည်နိုင်မယ့် ဆယ်ကျော်သက်လေးတွေရဲ့ အခြေအနေ ၆ခု
မြီးကောင်ပေါက်အရွယ်ဆိုတာ ကလေးများရဲ့ အပြုအမူကို အကြီးအကျယ်ပြောင်းလဲစေသော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုအဆင့်ဖြစ်ပါတယ်။ မိဘတွေမှာ ပုန်ကန်မှုနှင့် လူမှုဆက်ဆံရေးကင်းမဲ့တာတွေ ကြုံရပါလိမ့်မယ်။ ဒီလိုခက်ခဲတဲ့ အဆင့်တွေကို ကိုယ်တစ်ယောက်တည်းကြုံရတာ မဟုတ်ဘူးဆိုတာ သတိရပါ။ ဆယ်ကျော်သက်အရွယ်သားသမီးရှိတဲ့ မိခင်တိုင်း ရင်ဆိုင်ကြရပါတယ်။
ဆယ်ကျော်သက်တွေဟာ ဘယ်လို သဘောထားတွေရှိရင် ဘယ်လို တုန့်ပြန်ရမယ် ဘယ်လိုအခြေအနေတွေမှာ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သိဖို့ အရေးကြီးပါတယ်။ ဒါတွေက သင့်ကို စိတ်ဖိစီးစေနိုင်တယ်ဆိုပေမယ့် သင်က သူတို့ကို ကောင်းမွန်တဲ့ တန်ဖိုးတွေကို သင်ပေးမယ်ဆိုရင် သူတို့ အဆင်ပြေသွားမှာပါ။ ”ဆယ်ကျော်သက်တစ်ဦးဟာ တန်ဖိုးတွေကို သိပြီး စံနှုန်းတွေကို ရှောင်ကြဥ်လေလေ သူရဲ့ ဆုံးဖြတ်ချက်တွေက ပိုမိုအောင်မြင်လေလေဖြစ်တယ်”လို့ Doctor Jose Martinez Costaက ပြောခဲ့ပါတယ်။

၁။ အင်တာနက်နှင့် လူမှုကွန်ယက်များကို စွဲခြင်း (သို့) အလွန်အကျွံသုံးစွဲခြင်း
အခြားမျိုးဆက်တွေနဲ့ မတူဘဲ ယနေ့ခေတ်ဆယ်ကျော်သက်များ အရာအားလုံးကို ပြုလုပ်နိုင်တဲ့ ကိရိယာတစ်ခုရှိပါတယ်။ သူတို့ဟာ ကျောင်းတာ၀န်ကိုလည်း ကျေပွန်စွာ ထမ်းဆောင်နိုင်ပါတယ်။ ပြီးတော့ ငြင်းပယ်ခံရမည်ကို စိုးရိမ်ခြင်းမရှိဘဲ လူတွေနဲ့ ပေါင်းသင်းဆက်ဆံနိုင်တယ်။ ဒါကြောင့် လူမှုကွန်ယက်ဟာ လူအများစွဲလမ်းစေသောအရာတွေဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေဟာ သတင်းအချက်အလက်တွေနဲ့ ထိုးနှက်ခံရတယ်။ သူတို့ကို သင်ကူညီဖို့လိုပါတယ်။ ဒါမှသာ သူတို့အတွက်အကျိုးမရှိတဲ့ အရာတွေကို ငြင်းပယ်နိုင်မယ်။ အန္တရာယ်ရှိနိုင်တဲ့ pagesတွေကို အသုံးပြုခြင်းကို ကန့်သတ်ရန် အရေးကြီးပါတယ်။ သူတို့ကိုယ်တိုင် ဂရုစိုက်ရန် သူတို့ကို သင်ပေးဖို့လည်း အရေးကြီးပါတယ်။
၂။ ပျောက်ဆုံးမှာ ကြောက်ခြင်း (သို့) FOMO
မိုဘိုင်းပစ္စည်းတွေက အဆက်မပြတ်ဆက်သွယ်နေမှုကြောင့် ဒီဖြစ်ရပ်တွေက ပိုမိုများပြားလာရပါတယ်။ လူတွေဟာ သူတို့ရဲ့ လူမှုကွန်ယက်တွေပေါ်မှာ လူတိုင်းက သူတို့ထက်ပိုပျော်စရာကောင်းတယ်လို့ လူတွေယုံကြည်လာတဲ့ အချိန်မှာ ဖြစ်တတ်ပါတယ်။ ဆယ်ကျော်သက်တွေအတွက် တစ်ခြားသူတွေ လုပ်တဲ့အတိုင်း လုပ်ဖို့ ဖိအားများများ ခံစားရမှာ မလွှဲမရှောင်သာဖြစ်ပါတယ်။ သူတို့ဟာ အနည်းဆုံး နောက်ကွယ်မှာသာ နေချင်လာကြပါတယ်။

၃။ exaggerate နှင့် dramatize တို့ရဲ့ စွမ်းရည်
မြီးကောင်ပေါက်အရွယ်တွေရဲ့ စိတ်ဟာ လူကြီးဘ၀ရောက်ခါနီးပါပြီ။ သူတို့က ဖွံ့ဖြိုးနေဆဲဖြစ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲများနှင့် သူတို့ရဲ့ အခြေအနေများက သူတို့ကို ကွဲပြားသောအမြင်များကို ဖြစ်ပေါ်စေပါတယ်။ သူတို့ရင်ဆိုင်ရတဲ့ အခြေအနေတွေဟာ အံ့ဩစရာကောင်းလောက်အောင် များပြားလာတယ်။ သူတို့က အရာအားလုံးကို အရေးတကြီးနှင့် အရေးကြီးတယ်လို့ ထင်နေပါလိမ့်မယ်။ သင့်အတွက် အသေးအဖွဲလို့ ထင်ရတဲ့ အရာတွေက သူတို့အတွက် ဦးစားပေးအရာတွေဖြစ်နိုင်ပါတယ်။ သင့်ရဲ့ ထင်မြင်ယူဆချက်နှင့် သင့်ကလေးနှင့်အတူတူမဟုတ်ကြောင်းကို သင်နားလည်ဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့အခါ စည်းကမ်းထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ သို့သော် ကောင်းစွာ နားလည်ကြောင်း သေချာပါစေ။
၄။ မိတ်ဆွေများနှင့် ပတ်သက်ဆက်နွယ်မှု
ဆယ်ကျော်သက်အရွယ်ရောက်ဖူးသူတိုင်း မိတ်ဆွေများနှင့် ချစ်ခင်တွယ်တာရာမှာ နားလည်မှု လွဲလေ့ရှိကြပါတယ်။ ဘ၀မှာ ဒီအဆင့်တွင် ၎င်းတို့ကို ပိုမို နားလည်သောသူများကို တန်ဖိုးထားလိမ့်မည်။ ဒါ့ကြောင့် သူတို့ရဲ့ လူမှုအသိုင်းအ၀ိုင်းက လက်ခံတယ်လို့ ခံစားရစေဖို့ သူတို့က သင့်အားပို၍ ဆန့်ကျင်လိမ့်မယ်။ တစ်နည်းအားဖြင့် ကန့်လန့်တိုက်လိမ့်မည်။

၅။ မျှော်လင့်ချက်တွေအမှန်တကယ်ဖြစ်မလာတဲ့အခါ စိတ်ပျက်ခြင်း
ဆယ်ကျော်သက်ဘ၀မှာ သင်မှတ်မိချင်မှ မှတ်မိနိုင်မယ့် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေး၀န်ထုတ်၀န်ပိုးများရှိပါတယ်။ စံပြကျောင်းသားဖြစ်ဖို့ ၊ အိမ်မှုကိစ္စတွေကို ကူညီဖို့ ၊ သူငယ်ချင်းတွေကြားမှာ popularဖြစ်ဖို့ အားလုံးမလွယ်ကူပါဘူး။ ဒါကြောင့် မြီးကောင်ပေါက်တစ်ဦးအနေနဲ့ သူမျှော်လင့်ထားတဲ့ မျှော်လင့်ချက်တွေကို မဖြည့်ဆည်းနိုင်ဘူးဆိုရင် သူဟာ စိတ်ပျက်သွားနိုင်ပါတယ်။
၆။ အကြိုက်တွေနှင့် စိတ်၀င်စားမှုတွေ ပြောင်းလဲခြင်း
မိဘအများစုဟာ သူတို့သားသမီး မည်မျှကြီးထွားလာပြီး ပြောင်းလဲသွားတယ်ဆိုတာကို သတိမပြုမိကြဘူး။ တစ်ချိန်က သူတို့ကြိုက်ခဲ့တဲ့ ဂီတ၊ အစားအစာနှင့် လှုပ်ရှားမှုတွေက သူတို့အကြိုက်ဆုံးတွေ မဟုတ်တော့ပါဘူး။ သူတို့ရဲ့ ပင်ကိုယ်စရိုက်က မြီးကောင်ပေါက်အရွယ်မှာ စတင်ဖြစ်ပေါ်လာပါတယ်။ များစွာသောအရာများကို ဒီအဆင့်တစ်လျှောက်လုံးမှာ ပြောင်းလဲနိုင်ပါတယ်။ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ အတွေ့အကြုံနှင့် ပညာရေးမှာ တဖြည်းဖြည်းချင်းဖြစ်ပေါ်လာပါတယ်။
ဆယ်ကျော်သက်အရွယ်ကလေးတွေရှိကြတဲ့ မိခင်တိုင်း အလားတူအခြေအနေမျိုးတွေကို ကြုံတွေ့ခဲ့ရဖို့ သေချာပါတယ်။ ယခုရှိနေမယ်ဆိုရင်လည်း ချစ်ခြင်းမေတ္တာနှင့် တည်ငြိမ်အေးချမ်းမှုနှင့်အတူ ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါ။ တာ၀န်ယူတတ်သောအရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ ဆယ်ကျော်သက်လေးတွေကို လမ်းပြသူဖြစ်ဖို့နှင့် သူရဲ့ ပြိုင်ဘက်ဖြစ်ရန်မဟုတ်ဘဲ သူ့ကို ကူညီဖို့ လိုအပ်ပါတယ်။

Chit_May_May
Nyein_Thu
sources-Youaremom