၁။ ပတ်ဝန်းကျင်နဲ့ ထိတွေ့မှုရှိအောင်သင်ကြားပေးခြင်း

တခါတလေမှာ မိဘများက ကိုယ့်သားသမီးကိုကိုယ် အစိုးရိမ်လွန်ပြီး ပတ်ဝန်းကျင်နဲ့ အဆက်သွယ်ပေးမလုပ်ကြပါဘူး။ ဒါက သင့်သားသမီးကြီးလာတဲ့အခါမှာ လူမူရေး၊ ပေါင်းသင်းဆက်ဆံရေးဘက်မှာ အများကြီး အားနည်းမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ မိတ်ဆွေသူငယ်ချင်းပေါင်းသင်ဆက်ဆံရေးလည်းသိပ့်မရှိဘဲ တစ်ဦးထဲ သီးသန့်နေထိုင်လာတတ်ပါတယ်။
၂။ တခါတလေမှာ မိတ်ဆွေသူငယ်ချင်းကဲ့သို့ ဆက်ဆံပေးခြင်း

သားသမီးနဲ့ မိဘဆက်ဆံရေးတွင် တခါတလေမှာ မိဘများဘက်မှ ကိုယ့်သားသမီးကို သူငယ်ချင်းမိတ်ဆွေသဖွယ် ဆက်ဆံပေးသင့်ပါတယ်။ အမြဲတမ်းမိဘဆိုတဲ့ဂုဏ်ပုဒ်ကြီးအောက်တွင်နေပြီး သားသမီးများကိုအကြောက်တရားဖြင့် အုပ်ချုပ်ခြင်းက သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ပွင့်လင်းမှုရရှိမှာမဟုတ်ပါဘူး။ ဒါကြောင့်တစ်ခါတလေမှာကိုယ့်သားသမီးက ကိုယ့်အပေါ်မိတ်ဆွေသူငယ်ချင်းသဖွယ် တိုင်ပင်ဆွေးနွေးမှုရရှိအောင်လို့ မိဘဆိုတဲ့ ဂုဏ်ပုဒ်ကို ခဏဘေးဖယ်ထားပြီး သူငယ်ချင်းပုံစံဆက်ဆံရေးမျိုးကိုဖန်တီးပေးရပါတယ်။
၃။ လိုချင်တာနဲ့ လိုအပ်တာကို ဦးစားပေးခြင်း

ကျွန်တော်တို့ဟာ တခါတလေမှာ သားသမီးကို ချစ်တဲ့အတွက်ကြောင့် သူတို့ ပူဆာသမျှ အရာအားလုံးကို ကောင်းသည်ဆိုးသည် မစဉ်းစားတော့ပဲဖြည့်ဆည်းပေးတတ်ကြသလိုတခါတလေကျတော့ နားအေးရင်ပြီးရောဆိုတဲ့အတွေးမျိုးနဲ့ သားသမီးလိုချင်တာကို ကောင်းကောင်းဆိုးဆိုးမစဉ်စားပဲ ဖြည့်ဆည်းပေးတတ်ပါတယ်။ ဒါက သင့်သားသမီးရဲ့အနာဂတ်ဆုတ်ယုတ်ရုံသာမက ကျန်းမာရေးနဲ့လည်း ညီညွှတ်မှုမရှိပါဘူး။
၄။ အစစအရာရာ လိုက်လုပ်ပေးတာထက် ကိုယ်တိုင်ပြုလုပ်တတ်အောင် သင်ကြားပေးခြင်း

၂နှစ် – ၃နှစ်အရွယ်ကနေစပြီး အန္တာရာယ်ဖြစ်စေမဲ့ အလုပ်မှအပ အခြားသူတို့ပြုလုပ်နိုင်မဲ့ အလုပ်မျိုးကို ကိုယ်တိုင်ပြုလုပ်နိုင်အောင် မိဘများအနေနဲ့ပံ့ပိုးပေးသင့်ပါတယ်။ ဥပမာ – အင်္ကျ ီဘောင်းဘီကိုယ်တိုင်ဝတ်တတ်အောင်သင်ပေးခြင်း၊ မိမိစားပြီးသာပန်းကန် မိမိကိုယ်တိုင်ဆေးကြောခြင်းစတဲ့အလုပ်မျိုးကနေစပြီး ပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ မိမိသားသမီးကို ချစ်လွန်းလို့ဆိုပြီး ဘာမှမခိုင်းပဲ ထားထားရင်တော့ အသက်သာတစ်ဖြည်းဖြည်းကြီးလာမှာ ဘာမှ တတ်မြောက်လာမှာတော့မဟုတ်ပါဘူး။ တစ်ခုခုဆို မိဘဆီသာဦးတည်တတ်ပြီး ကိုယ်တိုင်ဖြေရှင်းနိုင်စွမ်း၊ ကိုယ့်အစွမ်းအစဖြင့် ဘာမှ လုပ်နိုင်ကိုင်နိုင်စွမ်းမရှိတော့ပါဘူး။
၅။ ပိုက်ဆံကို စနစ်တကျအသုံးပြုတတ်အောင်သင်ပေးခြင်း

ငယ်စဉ်ဘဝ ကလေးငယ်များဟာ မိမိလိုချင်တာရဖို့အတွက်ဆို ရသမျှ မုန့်ဖိုးတွေကို စုဆောင်းတတ်ပြီး ဝယ်ယူတတ်ကြပါတယ်။ ဒါပေမဲ့ အချို့မိဘတွေရဲ့ အတွေးမှာတော့ စိုးရိမ်မှုများပြီး ငါ့ကလေး ပိုက်ဆံတွေအများကြီးသုံးရင် ပျက်စီးသွားလိမ်မယ်၊ အကျင့်ပျက်လိမ့်မယ်လို့ တွေးပြီး သူတို့စုဆောင်းထားတဲ့ပိုက်ဆံကိုသိမ်းဆည်းခြင်း၊ လိုအပ်တဲ့အခါမှ ယူဆိုပြီး လုပ်လေ့လုပ်ထရှိပါတယ်။ တကယ်တော့ ဒီအပြုအမူဟာ သင့်သားသမီးကို စိတ်ပျက်အားငယ်မှုတွေဖြစ်ပေါ်စေပါတယ်။သင့်အနေနဲ့ သင့်သားသမီး ပိုက်ဆံစုဆောင်းတဲ့အခါမှာ သူအတွက်တကယ်လိုအပ်တဲ့ပစ္စည်းမျိုး ဒါမှမဟုတ် သူလိုချင်တဲ့ပစ္စည်းမျိုးကို ဖြည့်ဆည်းပေးသင့်ပါတယ်။
၆။ ဝါသနာကို အားပေးခြင်း

ကျောင်းနေတဲ့အရွယ်မှာ ကျောင်းစာတွေနောက်ကျမှာစိုးရိမ်ပြီး စာတစ်မျိုးတည်းကို ဖိပြီးမခိုင်းသင့်ပါဘူး။ စာလုပ်မဲ့အချိန်ကို သီးသန့်လေး အချိန်ခွဲထားသင့်ပြီး ကျန်တဲ့အချိန်တွေမှာ သူဝါသနာပါတဲ့အလုပ်မျိုးကိုလုပ်ခွင့်ပေးထားလိုက်ပါ။ သင့်သားသမီးဟာ အားကစားမှာဝါသနာပါလျှင် သင့်အနေနဲ့ သင့်သားသမီးရဲ့ အားကစားကိုအားပေးသင့်ပါတယ်။
၇။ ကိုယ်ပိုင်ရွေးချယ်ခွင့်ပေးခြင်း

ငယ်စဉ်ဘဝထဲက ကလေးတွေအပေါ်မှာ ၉၀ ရာခိုင်နှုန်းလောက် မိဘရဲ့ထိန်းချုပ်မှုရှိနေရင်တော့ သင့်ကလေးဉာဏ်ရည်ဖွံ့ဖြိုးမှုကိုလျော့နည်းစေပါတယ်။တခါတလေမှာ သူတို့ရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ ရွေးချယ်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်ရှိသလောက် ဆုံးဖြတ်ခွင့်၊ ရွေးချယ်ခွင့်ပေးလိုက်ပါ။ အစစအရာရာ မိဘရဲ့ဦးဆောင်မှုအောက်မှာနေရတာထက် သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ကိုယ်ပိုင်ရွေးချယ်ခွင့်ကို ဆိုးဆိုးရွားရွားမဖြစ်အောင် ဝေဖန်အကြံပေးတာက အကောင်း
ဆုံးပါ။
Lifestyle_Myanmar
Thar_Nage
မိဘမ်ားအေနနဲ႔ ကိုယ့္သားသမီးကို ခ်စ္ရာသို႔မေရာက္ဘဲ ႏွစ္ရာသို႔ေရာက္ေစမဲ့ အမူအက်င့္အခ်ိဳ႕
၁။ ပတ္ဝန္းက်င္နဲ႔ ထိေတြ႕မႈရွိေအာင္သင္ၾကားေပးျခင္း

တခါတေလမွာ မိဘမ်ားက ကိုယ့္သားသမီးကိုကိုယ္ အစိုးရိမ္လြန္ၿပီး ပတ္ဝန္းက်င္နဲ႔ အဆက္သြယ္ေပးမလုပ္ၾကပါဘူး။ ဒါက သင့္သားသမီးႀကီးလာတဲ့အခါမွာ လူမူေရး၊ ေပါင္းသင္းဆက္ဆံေရးဘက္မွာ အမ်ားႀကီး အားနည္းမႈေတြ ျဖစ္ေပၚလာႏိုင္ပါတယ္။ အသက္အ႐ြယ္ရလာတာနဲ႔အမွ် မိတ္ေဆြသူငယ္ခ်င္းေပါင္းသင္ဆက္ဆံေရးလည္းသိပ့္မရွိဘဲ တစ္ဦးထဲ သီးသန႔္ေနထိုင္လာတတ္ပါတယ္။
၂။ တခါတေလမွာ မိတ္ေဆြသူငယ္ခ်င္းကဲ့သို႔ ဆက္ဆံေပးျခင္း

သားသမီးနဲ႔ မိဘဆက္ဆံေရးတြင္ တခါတေလမွာ မိဘမ်ားဘက္မွ ကိုယ့္သားသမီးကို သူငယ္ခ်င္းမိတ္ေဆြသဖြယ္ ဆက္ဆံေပးသင့္ပါတယ္။ အၿမဲတမ္းမိဘဆိုတဲ့ဂုဏ္ပုဒ္ႀကီးေအာက္တြင္ေနၿပီး သားသမီးမ်ားကိုအေၾကာက္တရားျဖင့္ အုပ္ခ်ဳပ္ျခင္းက သင္တို႔ႏွစ္ဦးရဲ႕ ဆက္ဆံေရးကို ပြင့္လင္းမႈရရွိမွာမဟုတ္ပါဘူး။ ဒါေၾကာင့္တစ္ခါတေလမွာကိုယ့္သားသမီးက ကိုယ့္အေပၚမိတ္ေဆြသူငယ္ခ်င္းသဖြယ္ တိုင္ပင္ေဆြးေႏြးမႈရရွိေအာင္လို႔ မိဘဆိုတဲ့ ဂုဏ္ပုဒ္ကို ခဏေဘးဖယ္ထားၿပီး သူငယ္ခ်င္းပုံစံဆက္ဆံေရးမ်ိဳးကိုဖန္တီးေပးရပါတယ္။
၃။ လိုခ်င္တာနဲ႔ လိုအပ္တာကို ဦးစားေပးျခင္း

ကြၽန္ေတာ္တို႔ဟာ တခါတေလမွာ သားသမီးကို ခ်စ္တဲ့အတြက္ေၾကာင့္ သူတို႔ ပူဆာသမွ် အရာအားလုံးကို ေကာင္းသည္ဆိုးသည္ မစဥ္းစားေတာ့ပဲျဖည့္ဆည္းေပးတတ္ၾကသလိုတခါတေလက်ေတာ့ နားေအးရင္ၿပီးေရာဆိုတဲ့အေတြးမ်ိဳးနဲ႔ သားသမီးလိုခ်င္တာကို ေကာင္းေကာင္းဆိုးဆိုးမစဥ္စားပဲ ျဖည့္ဆည္းေပးတတ္ပါတယ္။ ဒါက သင့္သားသမီးရဲ႕အနာဂတ္ဆုတ္ယုတ္႐ုံသာမက က်န္းမာေရးနဲ႔လည္း ညီၫႊတ္မႈမရွိပါဘူး။
၄။ အစစအရာရာ လိုက္လုပ္ေပးတာထက္ ကိုယ္တိုင္ျပဳလုပ္တတ္ေအာင္ သင္ၾကားေပးျခင္း

၂ႏွစ္ – ၃ႏွစ္အ႐ြယ္ကေနစၿပီး အႏၲာရာယ္ျဖစ္ေစမဲ့ အလုပ္မွအပ အျခားသူတို႔ျပဳလုပ္ႏိုင္မဲ့ အလုပ္မ်ိဳးကို ကိုယ္တိုင္ျပဳလုပ္ႏိုင္ေအာင္ မိဘမ်ားအေနနဲ႔ပံ့ပိုးေပးသင့္ပါတယ္။ ဥပမာ – အက်ၤ ီေဘာင္းဘီကိုယ္တိုင္ဝတ္တတ္ေအာင္သင္ေပးျခင္း၊ မိမိစားၿပီးသာပန္းကန္ မိမိကိုယ္တိုင္ေဆးေၾကာျခင္းစတဲ့အလုပ္မ်ိဳးကေနစၿပီး ျပဳလုပ္ေပးသင့္ပါတယ္။ ဒီလိုမွမဟုတ္ဘဲ မိမိသားသမီးကို ခ်စ္လြန္းလို႔ဆိုၿပီး ဘာမွမခိုင္းပဲ ထားထားရင္ေတာ့ အသက္သာတစ္ျဖည္းျဖည္းႀကီးလာမွာ ဘာမွ တတ္ေျမာက္လာမွာေတာ့မဟုတ္ပါဘူး။ တစ္ခုခုဆို မိဘဆီသာဦးတည္တတ္ၿပီး ကိုယ္တိုင္ေျဖရွင္းႏိုင္စြမ္း၊ ကိုယ့္အစြမ္းအစျဖင့္ ဘာမွ လုပ္ႏိုင္ကိုင္ႏိုင္စြမ္းမရွိေတာ့ပါဘူး။
၅။ ပိုက္ဆံကို စနစ္တက်အသုံးျပဳတတ္ေအာင္သင္ေပးျခင္း

ငယ္စဥ္ဘဝ ကေလးငယ္မ်ားဟာ မိမိလိုခ်င္တာရဖို႔အတြက္ဆို ရသမွ် မုန႔္ဖိုးေတြကို စုေဆာင္းတတ္ၿပီး ဝယ္ယူတတ္ၾကပါတယ္။ ဒါေပမဲ့ အခ်ိဳ႕မိဘေတြရဲ႕ အေတြးမွာေတာ့ စိုးရိမ္မႈမ်ားၿပီး ငါ့ကေလး ပိုက္ဆံေတြအမ်ားႀကီးသုံးရင္ ပ်က္စီးသြားလိမ္မယ္၊ အက်င့္ပ်က္လိမ့္မယ္လို႔ ေတြးၿပီး သူတို႔စုေဆာင္းထားတဲ့ပိုက္ဆံကိုသိမ္းဆည္းျခင္း၊ လိုအပ္တဲ့အခါမွ ယူဆိုၿပီး လုပ္ေလ့လုပ္ထရွိပါတယ္။ တကယ္ေတာ့ ဒီအျပဳအမူဟာ သင့္သားသမီးကို စိတ္ပ်က္အားငယ္မႈေတြျဖစ္ေပၚေစပါတယ္။သင့္အေနနဲ႔ သင့္သားသမီး ပိုက္ဆံစုေဆာင္းတဲ့အခါမွာ သူအတြက္တကယ္လိုအပ္တဲ့ပစၥည္းမ်ိဳး ဒါမွမဟုတ္ သူလိုခ်င္တဲ့ပစၥည္းမ်ိဳးကို ျဖည့္ဆည္းေပးသင့္ပါတယ္။
၆။ ဝါသနာကို အားေပးျခင္း

ေက်ာင္းေနတဲ့အ႐ြယ္မွာ ေက်ာင္းစာေတြေနာက္က်မွာစိုးရိမ္ၿပီး စာတစ္မ်ိဳးတည္းကို ဖိၿပီးမခိုင္းသင့္ပါဘူး။ စာလုပ္မဲ့အခ်ိန္ကို သီးသန႔္ေလး အခ်ိန္ခြဲထားသင့္ၿပီး က်န္တဲ့အခ်ိန္ေတြမွာ သူဝါသနာပါတဲ့အလုပ္မ်ိဳးကိုလုပ္ခြင့္ေပးထားလိုက္ပါ။ သင့္သားသမီးဟာ အားကစားမွာဝါသနာပါလွ်င္ သင့္အေနနဲ႔ သင့္သားသမီးရဲ႕ အားကစားကိုအားေပးသင့္ပါတယ္။
၇။ ကိုယ္ပိုင္ေ႐ြးခ်ယ္ခြင့္ေပးျခင္း

ငယ္စဥ္ဘဝထဲက ကေလးေတြအေပၚမွာ ၉၀ ရာခိုင္ႏႈန္းေလာက္ မိဘရဲ႕ထိန္းခ်ဳပ္မႈရွိေနရင္ေတာ့ သင့္ကေလးဉာဏ္ရည္ဖြံ႕ၿဖိဳးမႈကိုေလ်ာ့နည္းေစပါတယ္။တခါတေလမွာ သူတို႔ရဲ႕ ကိုယ္ပိုင္ဉာဏ္နဲ႔ ေ႐ြးခ်ယ္ပိုင္ခြင့္ ဆုံးျဖတ္ပိုင္ခြင့္ရွိသေလာက္ ဆုံးျဖတ္ခြင့္၊ ေ႐ြးခ်ယ္ခြင့္ေပးလိုက္ပါ။ အစစအရာရာ မိဘရဲ႕ဦးေဆာင္မႈေအာက္မွာေနရတာထက္ သူတို႔ရဲ႕ ကိုယ္ပိုင္ဆုံးျဖတ္ခြင့္၊ ကိုယ္ပိုင္ေ႐ြးခ်ယ္ခြင့္ကို ဆိုးဆိုး႐ြား႐ြားမျဖစ္ေအာင္ ေဝဖန္အႀကံေပးတာက အေကာင္း
ဆုံးပါ။
Lifestyle_Myanmar
Thar_Nage