မိဘအနေနဲ့ ကိုယ့်သားသမီးလေးတွေကို လုံးဝမပြောသင့်တဲ့ စကားလုံးများ

0
48

မိဘတစ်ယောက်ရယ်လို့ ဖြစ်လာပြီဆိုရင် တာဝန်ဝတ္တရားဆိုတာ ဘက်ပေါင်းစုံကနေ ရှိလာပြီးတော့ အထူးသဖြင့် သားသမီးကိုပြုစုပျိုးထောင်ရာမှာ အသုံးပြုရမယ့် စကားလုံးရွေးချယ်မှုပါပဲ။ စိတ်ထဲကမရှိဘဲနဲ့ပဲဖြစ်ဖြစ်၊ သိသိကြီးနဲ့ပဲဖြစ်ဖြစ် မတော်တဆ ပြောလိုက်မိတဲ့ စကားလုံးတွေက ကလေးတစ်ယောက်ရဲ့ ပတ်ဝန်းကျင်ပေါ်အမြင်အပေါ်မှာ ပြောင်းလဲသွားစေနိုင်သလို၊ နောက်တစ်မျိုးအနေနဲ့ ဆိုးရွားတဲ့အကျင့်စရိုက်တွေကို တတ်သွားနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်သားသမီးလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအပေါ်မှာ ဆိုးရွားတဲ့သက်ရောက်မှုမရှိစေဖို့နဲ့ ပိုမိုလိမ္မာယဥ်ကျေးတဲ့ ကလေးငယ်လေးတွေဖြစ်စေဖို့ မပြောသင့်တဲ့ စကားလုံးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

၁။ လူကြီးတွေစကားနားထောင်ရမယ်

ဒီလိုကြားလိုက်ခြင်းအားဖြင့် ကလေးငယ်တစ်ယောက်ရဲ့စိတ်ထဲမှာ လူကြီးတွေအားလုံးက တော်ကြတတ်ကြီးပြီး လူကောင်းတွေဖြစ်လို့ ငါသူတို့ပြောစကားနားထောင်ရမယ်လို့ တွေးလိုက်နိုင်ပါတယ်။ သူစိမ်းတွေအပါအဝင် လူကြီးတွေအားလုံးပေါ်မှာ ကလေးငယ်တစ်ယောက်က စပြီးယုံကြည်လာမှာဖြစ်တဲ့အတွက်ကြောင့် ဒီလိုစကားပြောမျိုးဟာ အင်မတန်အန္တရာယ်ရှိပါတယ်။

ဒါကြောင့် အခုလိုပြောမယ့်အစား မိဘတွေပြောစကားကို နားထောင်ရမယ်လို့ ပြောင်းလဲပြောဆိုလိုက်ပါ။ သူစိမ်းတွေအပေါ်မှာ ယုံကြည်မယ့်အစား စဥ်းစားတွေးခေါ်နိုင်စွမ်းရည်ကို တိုးတက်စေရာရောက်ပါတယ်။

၂။ မငိုနဲ့တော့။

မိဘဆီကနေ ဒီလိုစကားမျိုးကြားလိုက်တဲ့အခါ ကလေးငယ်တစ်ယောက်ရဲ့စိတ်ထဲမှာ ခံစားချက်တွေကိုပြသတာက မကောင်းဘူး။ ငါငိုရင် ငိုလို့ဆိုပြီး အဆူခံရလိမ့်မယ် ဆိုပြီးတော့ တွေးမိရာကနေ ခံစားချက်ကင်းမဲ့တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာနိုင်ပါတယ်။

ပြန်ပြောင်းပြောရမယ့်စကားကတော့ “ဘာလို့ငိုနေတာလဲ” “ဘာက သား/သမီးကို စိတ်ညစ်စေတာလဲ” လို့ ချော့မော့မေးလိုက်ပါ။ အကယ်လို့ ကလေးက ချော်လဲလို့ ဒဏ်ရာရသွားချိန်မှာ “နာလို့ငိုနေတာလား ဒါမှမဟုတ် ကြောက်လို့ငိုနေတာလား” ဆိုပြီးတော့ မေးလိုက်ခြင်းအားဖြင့် ကလေးငယ်ရဲ့စိတ်ခံစားချက်ကို ဖွင့်လှစ်ပေးရာရောက်ပါတယ်။

၃။ လောဘမကြီးနဲ့

ဒီစကားကို ကြားလိုက်ရတဲ့ ကလေးငယ်ဟာ “အရာအားလုံးကို မျှပြီးသုံးရမယ်။ ငါပိုင်တာဆိုလို့ ဘာမှမရှိဘူး” ဆိုပြီး တွေးမိနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီလိုအတွေးတွေဟာ ကိုယ်ပိုင်သမျှ အရာအားလုံးကို ကိုယ်နဲ့မထိုက်တန်ဘူးလို့တွေးပြီး စွန့်လွှတ်အနစ်နာခံတတ်တဲ့ အကျင့်ကို ဖွံ့ဖြိုးလာစေနိုင်ပါတယ်။

ဒီအစား “သားရေ၊ သမီးရေ၊ သူငယ်ချင်းကို သားရဲ့အရုပ်လေး ခဏလောက် ပေးဆော့လိုက်လို့ရမလား” “ခဏလောက် အရုပ်လေးလဲဆော့ကြမလား” လို့ ပြောလိုက်ပြီး သူတို့ရဲ့ပစ္စည်းတွေကို သူတို့ကိုယ်တိုင် ကိုင်တွယ်စီမံနိုင်မယ့် အခွင့်အရေးကို ပေးရာရောက်ပါတယ်။

၄။ ကြည့်စမ်း၊ ဟိုကလေးနဲ့များ တခြားစီပဲ

“ငါက တခြားလူတွေလောက် အသုံးကိုမကျဘူး။ ဒါကြောင့် ဘာကိုပဲကြိုးစား ကြိုးစား အရာထင်မှာမဟုတ်ဘူး၊ အလုပ်ဖြစ်မှာမဟုတ်ဘူး” လို့ ကလေးရဲ့စိတ်ထဲမှာ တွေးထင်နိုင်တာကြောင့် တခြားကလေးတွေနဲ့ နှိုင်းယှဥ်ခြင်းကို ရှောင်ကြဥ်ပါ။

“သားလည်း ဒီလိုလုပ်နိုင်ပါတယ်” လို့ပြောပြီးတော့ သင့်ကလေးရဲ့အရည်အသွေးတွေကို ထောက်ပြပါ။ သူ့အပေါ်မှာ ကိုယ်ယုံကြည်တယ်ဆိုတဲ့အကြောင်းပြသပါ။

၅။ အိမ်ရောက်မှတွေ့မယ်။

အခုလိုစကားကို ကြားလိုက်တဲ့ ကလေးဆီမှာ “ငါ့မိဘတွေ ငါ့ကိုရိုက်တော့မယ်။ ငါ့ကိုမုန်းသွားပြီ။ အိမ်မပြန်ချင်တော့ဘူး” ဆိုတဲ့ အတွေးတွေဝင်သွားနိုင်ပါတယ်။ ချစ်တဲ့မိဘတွေနဲ့ မတူတော့ဘဲ ခြိမ်းခြောက်တဲ့မိဘနဲ့တူလာတာကြောင့် အိမ်ဆိုတဲ့နေရာကလည်း နေချင်စရာမဟုတ်တော့ဘဲ အပြစ်ပေးခံရမယ့် နေရာတစ်ခုလို ဖြစ်သွားနိုင်ပါတယ်။

“မေမေဘာမကြိုက်ဘူးလဲဆိုတာကို ပြောပြမယ်နော်” ဆိုပြီးတော့ ကိုယ့်အမြင်ကို ပြောပြခြင်းက နောက်ပိုင်းတွေမှာ ပြုလုပ်မယ့်ကိစ္စတွေကျရင် ကိုယ့်ရဲ့ခံစားချက်နဲ့ပတ်သက်လို့ သားသမီးက သေချာစဥ်းစားပြီးမှ ပြုလုပ်တော့မှာဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref;brightside

LEAVE A REPLY

Please enter your comment!
Please enter your name here