မိဘအများစု သူတို့သားသမီးကို ပြောမပြချင်သောအရာများ

0
172
- Advertisement -

လေ့လာတွေ့ရှိချက်တွေအရ မိဘတိုင်းရဲ့ ၆၉ ရာခိုင်နှုန်းလောက်ဟာ ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး သူတို့သားသမီးတွေကို ပြောမပြချင်ကြပါဘူး။ တစ်ဖက်မှာတော့ ၆၁ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ ဘဏ္ဍာရေးကိစ္စတွေကို သူတို့သားသမီးတွေနဲ့ ထုတ်ဖော်ပြောပြပြီး တိုင်ပင်ဆွေးနွေးတတ်ကြပါတယ်။ သူတို့ရဲ့ လူမှုရေးရာကိစ္စတွေနဲ့ ငွေကြေးကိစ္စတွေကြောင့် သူတို့ရဲ့ သားသမီးတွေကို စိုးရိမ်ပူပန်မှုတွေမဖြစ်စေချင်တာက မိဘတော်တော်များများရဲ့ ဆန္ဒလည်းဖြစ်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီကနေ့မှာတော့ မိဘတွေအနေနဲ့ သူတို့ကြောင့် သူတို့ရဲ့ သားသမီးတွေကို စိတ်ပူပန်မှုတွေမဖြစ်စေချင်တာကြောင့် ပြောမပြချင်တဲ့ စကားလုံးတစ်ချို့ကို မျှဝေချင်ပါတယ်။

၁။ သူတို့နဲ့ ပတ်သက်ပြီး ငွေကြေးကိစ္စတွေ စိုးရိမ်နေရတာတွေမဖြစ်စေချင်ဘူး

မိဘတွေအနေနဲ့ သူတို့ရဲ့ ကလေးတွေကို ဘဏ္ဍာရေးကိစ္စတွေနဲ့ ပတ်သက်ပြီး လုံလုံလောက်လောက်ထောက်ပံ့ပေးချင်ကြပါတယ်။ ဘယ်လိုအကြောင်းရင်းကြောင့်ပဲဖြစ်ဖြစ် ကလေးတွေငြိုငြင်တွေကို မဖြစ်စေချင်သူတွေပါ။ သို့ပေမယ့် ”ငွေဆိုတာ အလုပ်ကနေလာတာဖြစ်ပြီး ကလေးတွေကို နေစရာအိမ်အတွက်၊ အစားအစာအသောက်အတွက်သာမက ကျန်းမာရေးစောင့်ရှောက်မှုနှင့် တစ်ခြားပျော်စရာကိစ္စတွေအများကြီးအတွက် ၎င်းကို လိုအပ်ကြောင်း ကလေးတွေနားလည်အောင်သင်ပေးရပါမယ်။

- Advertisement -

၂။ မေးခွန်းတိုင်းအတွက် အမြဲတမ်းအဖြေရှိမနေနိုင်တာက ပုံမှန်ပါပဲ

မိဘတွေဟာ သူတို့သားသမီးတွေအတွက် အကောင်းဆုံးလူသားတွေဖြစ်ကောင်းဖြစ်နိုင်ပေမယ့် နေရာတိုင်းမှာတော့ အတော်ဆုံးလူတွေ မဖြစ်နိုင်ပါဘူး။ သင်သိတာတွေလည်းရှိနိုင်သလို မသိတာတွေလည်း ရှိနိုင်ကြောင်း သင့်ကလေးတွေ သိနားလည်စေပါ။

၃။ သူတို့ဘဝမှာ လိုချင်တဲ့အရာမှန်သမျှကို စွမ်းဆောင်မပေးနိုင်တာတွေကို ပြောမပြချင်ဘူး

ဘဝမှာ အောင်မြင်မှုတွေကိုလည်း ပိုင်ဆိုင်ရနိုင်သလို ကျရှုံးမှုတွေကိုလည်း မလွဲမသွေကြုံတွေ့ရမယ်ဆိုတာကို နားလည်ပါစေ။ လူတွေမှာ ဂီတ၊ အနုပညာနှင့် အားကစားစတဲ့နေရာတစ်ခုခုအတွက် ထူးချွန်လွန်းသော ကိုယ်ပိုင်အရည်အသွေးတွေ တစ်ခုမဟုတ် တစ်ခုပါလာတတ်ကြပါတယ်။ အရေးကြီးတာက သူတို့အနေနဲ့ အချိန်မဖြုန်းဘဲ သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းကို ထုတ်ဖော်ကြဖို့ဖြစ်ကြောင်း ပြောြပပါ။

၄။ သူတို့ရဲ့ ကျန်းမာရေးအခြေအနေကို ကလေးတွေကို ပြောမပြချင်ဘူး

ကလေးတွေနေမကောင်းဖြစ်တဲ့အခါ မိဘတွေအနေနဲ့ ပြာပြာသလဲဖြစ်တတ်ကြပေမယ့် သူတို့ရဲ့ ကျန်းမာရေးအခြေအနေကိုတော့ ကလေးတွေကို ပြောမပြချင်တာပုံမှန်ပါပဲ။ ကလေးတွေ စိတ်လှုပ်ရှားပြီး ကြောက်ရွံ့သွားမှာ အင်မတန်စိုးရိမ်ကြတာကြောင့်ပါ။ ဒီနေရာမှာတော့ ကလေးရဲ့ အသက်အရွယ်အလိုက် ချင့်ချိန်ပြီး ပြောပြသင့်တာကို ပြောပြရပါမယ်။

Chit_May_May

Nyein_Thu

LEAVE A REPLY

Please enter your comment!
Please enter your name here