မိဘအုပ္ထိန္းမႈ ပံုစံ ေလးမ်ိဳးနဲ႔ ကေလးေတြအေပၚ သက္ေရာက္မႈ

0
712
အုပ္ထိန္းမႈပံုစံဟာ
- Advertisement -

သင့္ရဲ႕ အုပ္ထိန္းမႈပံုစံဟာ ကေလးေတြအေပၚကို အရာအားလံုးသက္ေရာက္မႈ ရွိေစႏိုင္ၿပီး ကေလးရဲ႕က်န္းမာေရးဖြံ႔ၿဖိဳးတိုးတက္မႈ၊ သင့္ရဲ႕စည္းမ်ဥ္းကမ္းေတြဟာ ကေလးေတြရဲ႕ဘ၀အတြက္ လႊမ္းမိုးႏိုင္မႈ စတ့ဲ သက္ေရာက္မႈေတြ ရွိေစတာေၾကာင့္ သုေတသန ပညာရွင္ေတြ ေဖာ္ထုတ္ခဲ့ၾကတဲ့ မိဘအုပ္ထိန္းမႈ ပံုစံေလးမ်ိဳးနဲ႔ အက်ိဳးသက္ေရာက္မႈေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အာဏာနဲ႔ အုပ္ထိန္းမႈ
အမိန္႔အာဏာနဲ႔ အုပ္ထိန္းတတ္ၾကတ့ဲ မိဘေတြဟာ ကေလးရဲ႕ခံစားခ်က္ကို သိပ္ၿပီး ထည့္သြင္းမစဥ္းစားတတ္ၾကပဲ မိမိတို႔ရဲ႕ စည္းမ်ဥ္းေတြအတိုင္းသာ ကေလးက ျခြင္းခ်က္မရွိ လိုက္လုပ္ေစပါတယ္။ သူတို႔ေတြဟာ ေစ့စပ္ေဆြးေႏြးမႈေတြကို သိပ္ၿပီးစိတ္မ၀င္စားတတ္ၾကပဲ အမိန္႔နာခံမႈအေပၚကိုသာ အာ႐ံုစိုက္တတ္ၾကပါတယ္။ ဒါေၾကာင့္ ျပႆနာေတြကို ေျဖရွင္းရမယ့္ စိန္ေခၚမႈေတြ၊ သို႔မဟုတ္ အတားအဆီးေတြမွာ ကေလးေတြကို ပါ၀င္ခြင့္ေပးရမယ့္အစား စည္းမ်ဥ္းထုတ္တာေတြနဲ႔ ကေလးရဲ႕အျမင္မွာ ေလးစားမႈ ရွိေစရန္သာ တြန္းအားေပးတတ္ၾကပါတယ္။

ကေလးေတြ ႀကီးလာတဲ့အခါမွာ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာတတ္လာၾကေပမယ့္ ငယ္စဥ္ကတည္းက တင္းက်ပ္တဲ့အမိန္႔ေတြေၾကာင့္ အေကာင္းဆံုးေတြကို မေရြးခ်ယ္တတ္ၾကသလို ေဖာက္ထြက္ၿပီးေတြးေခၚမႈေတြ ေလ်ာ့နည္းတတ္ပါတယ္။ ဒါ့အျပင္ ငယ္စဥ္ကတည္းက အျပစ္ကိုလြတ္ကင္းဖို႔အတြက္ လိမ္ညာတတ္လာတာေၾကာင့္ လိမ္တဲ့ေနရာမွာလည္း ေတာ္လာတတ္ၿပီး မိဘေတြရဲ႕ပံုစံအတိုင္း ေဒါသႀကီးသူလည္း ျဖစ္လာတတ္ပါတယ္။

၂။ ယံုၾကည္မႈေပးတဲ့ အုပ္ထိန္းမႈ
အဆိုပါအုပ္ထိန္းမႈ ပံုစံဟာ ကေလးေတြအေနနဲ႕ မိဘေတြဆီကေန သင္ယူေစၿပီး ကေလးေတြနဲ႔ ဆက္ဆံေရးေကာင္းမြန္မႈကို တည္ေဆာက္တတ္ၾကပါတယ္။ ဒါ့အျပင္ စည္းမ်ဥ္းစည္းကမ္းေတြရဲ႕ေနာက္ကြယ္က အေၾကာင္းျပခ်က္ေတြကို ကေလးေတြနားလည္ေအာင္ ရွင္းျပတတ္ၿပီး ကေလးေတြရဲ႕ အျမင္ကိုလည္း ထည့္သြင္းစဥ္းစားတတ္ပါတယ္။ ယခုလိုနည္းလမ္းဟာ ကေလးရဲ႕မေကာင္းတဲ့ အျပဳအမူေတြ မျဖစ္ဖို႔အတြက္ ႀကိဳတင္အခ်ိန္ေပးၿပီး ေကာင္းမြန္တဲ့ အျပဳအမူေတြအတြက္ ဆုခ်ီးျမွင့္တတ္တာေၾကာင့္ ကေလးေတြဟာ ေပ်ာ္ရြင္စြာနဲ႔ ႀကီးျပင္းလာၾကပါတယ္။ ယခုလိုအုပ္ထိန္းမႈနဲ႔ ႀကီးျပင္းလာၾကတဲ့ ကေလးအမ်ားစုဟာ တာ၀န္ယူမႈ၊ တာ၀န္ခံမႈရွိတဲ့လူႀကီးေတြ၊ ဆံုးျဖတ္ခ်က္မွန္ကန္ေအာင္ခ်တတ္သူေတြအျဖစ္ ႀကီးျပင္းလာၾကေၾကာင္း သုေတသီေတြက ယူဆခဲ့ၾကပါတယ္။

၃။ အလိုလိုက္တဲ့ အုပ္ထိန္းမႈ
ကေလးေတြကုိ အရာရာအလိုလိုက္ျခင္းဟာ သူတို႔ကိုပိုမို ဆိုးသြမ္းေစေၾကာင္း အားလံုးကယံုၾကည္ၾကပါတယ္။ ဒါေပမယ့္ မိဘျဖစ္သူေတြကေတာ့ ကေလးဟာကေလးပဲျဖစ္တာေၾကာင့္ ဘာလုပ္လုပ္အျပစ္မယူပဲ သားသမီးရဲ႕ လိုအင္ဆႏၵေတြကို အားလံုးျဖည့္ဆည္းေပးဖို႔သာ ႀကိဳးစားတတ္ပါတယ္။ တစ္ခါတစ္ေလမွာ ကေလးေတြရဲ႕ ျပႆနာေတြကို ေမးျမန္းတတ္ၾကေပမယ့္ အလိုလိုက္ထားတာေၾကာင့္ ဆိုးႏြဲ႕မႈေတြ ၀မ္းနည္းမႈေတြကိုသာ ကေလးေတြက ထုတ္ေဖာ္ျပသတတ္ေလ့ရွိပါတယ္။ အရမ္းကိုအလိုလိုက္လြန္းလွ်င္ အစားအေသာက္ကအစ ကေလးေတြအတြက္ က်န္းမာေရးနဲ႔ မညီညႊတ္ျခင္း ဥပမာ အခ်ိဳေတြအရမ္းစားတာေၾကာင့္ သြားပိုးစားျခင္း ၊ လိုခ်င္တာမရတဲ့အခါ ကေလးျဖစ္သူမွာ အရမ္းကိုစိတ္ဆင္းရဲရျခင္း နဲ႔ ႀကီးလာတဲ့အခါမွာလည္း ငယ္စဥ္ကလိုအားလံုးရဲ႕ဂ႐ုစိုက္မႈကို လိုခ်င္တာေၾကာင့္ အဆင္မေျပျခင္၊ ေပါင္းသင္းဆက္ဆံေရးညံ့ဖ်င္းျခင္းတို႕ ျဖစ္လာေစႏိုင္ပါတယ္။

၄။ ဥေပကၡာအုပ္ထိန္းမႈပံုစံ
ယခုလိုအုပ္ထိန္းမႈဟာ မေကာင္းတဲ့အုပ္ထိန္းမႈ ပံုစံတစ္မ်ိဳးျဖစ္ပါတယ္။ ကေလးေတြရဲ႕ ေက်ာင္းကိစၥေတြနဲ႔ အိမ္စာေတြအျပင္၊ ကေလးေတြရဲ႕ပညာေရး၊ က်န္းမာေရးေတြကအစ ဥေပကၡာပစ္ထားတတ္ၿပီး ယခုလိုအုပ္ထိန္းမႈပံုစံကို အရမ္းအလုပ္မ်ားတဲ့ မိဘေတြမွာေတြ႕ရေလ့ရွိပါတယ္။ ကေလးငယ္ေတြဟာ မိဘေတြဆီကေန သင္ယူတဲ့အတြက္ သူတို႔ႀကီးျပင္းလာတဲ့အခါ အျခားသူေတြကို ဂ႐ုမစိုက္တတ္ျခင္း၊ မေကာင္းမႈလုပ္ဖို႔ ၀န္မေလးျခင္း စတဲ့ အမူအက်င့္ေတြစြဲသြားေစႏိုင္ပါတယ္။ ကေလးေတြကို အခ်ိန္မေပးႏိုင္ျခင္းေၾကာင့္ မိသားစုဆက္ဆံေရးဟာလည္း ညံ့ဖ်င္းတတ္ၿပီး ကေလးေတြဘယ္သူနဲ႔တြဲေနလည္း၊ ဘာေတြလုပ္ေနလဲဆိုတာကို အာ႐ံုမစိုက္တဲ့အတြက္ မျဖစ္သင့္တာေတြ ျဖစ္လာတတ္ပါတယ္။ ဆယ္ေက်ာ္သက္အရြယ္မွာ ပိုၿပီးၾကံဳေတြ႕ ရေလ့ရွိပါတယ္။

ဒါေၾကာင့္ ထက္ျမက္ၿပီး လိမၼာေရးျခားရွိတဲ့ ကေလးေတြျဖစ္လာေစဖို႔ ယံုၾကည္မႈေပးျခင္း၊ ေကာင္းမြန္တဲ့ relationship တည္ေဆာက္ျခင္း စတဲ့အုပ္ထိန္းမႈ ပံုစံဟာအေကာင္းဆံုးျဖစ္ၿပီး မိမိတို႔ရဲ႕အုပ္ထိန္းမႈပံုစံကို ျပန္လည္ဆန္းစစ္လွ်က္ အေကာင္းဆံုးျဖစ္ေအာင္ ျပဳျပင္မွသာ သင့္ကေလးရဲ႕အနာဂတ္ဟာ ပိုမိုေကာင္းမြန္ေစမွာျဖစ္ပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Verywellfamily

Unicode

မိဘအုပ်ထိန်းမှု ပုံစံ လေးမျိုးနဲ့ ကလေးတွေအပေါ် သက်ရောက်မှု

သင့်ရဲ့ အုပ်ထိန်းမှုပုံစံဟာ ကလေးတွေအပေါ်ကို အရာအားလုံးသက်ရောက်မှု ရှိစေနိုင်ပြီး ကလေးရဲ့ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှု၊ သင့်ရဲ့စည်းမျဉ်းကမ်းတွေဟာ ကလေးတွေရဲ့ဘဝအတွက် လွှမ်းမိုးနိုင်မှု စတဲ့ သက်ရောက်မှုတွေ ရှိစေတာကြောင့် သုတေသန ပညာရှင်တွေ ဖော်ထုတ်ခဲ့ကြတဲ့ မိဘအုပ်ထိန်းမှု ပုံစံလေးမျိုးနဲ့ အကျိုးသက်ရောက်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အာဏာနဲ့ အုပ်ထိန်းမှု
အမိန့်အာဏာနဲ့ အုပ်ထိန်းတတ်ကြတဲ့ မိဘတွေဟာ ကလေးရဲ့ခံစားချက်ကို သိပ်ပြီး ထည့်သွင်းမစဉ်းစားတတ်ကြပဲ မိမိတို့ရဲ့ စည်းမျဉ်းတွေအတိုင်းသာ ကလေးက ခြွင်းချက်မရှိ လိုက်လုပ်စေပါတယ်။ သူတို့တွေဟာ စေ့စပ်ဆွေးနွေးမှုတွေကို သိပ်ပြီးစိတ်မဝင်စားတတ်ကြပဲ အမိန့်နာခံမှုအပေါ်ကိုသာ အာရုံစိုက်တတ်ကြပါတယ်။ ဒါကြောင့် ပြဿနာတွေကို ဖြေရှင်းရမယ့် စိန်ခေါ်မှုတွေ၊ သို့မဟုတ် အတားအဆီးတွေမှာ ကလေးတွေကို ပါဝင်ခွင့်ပေးရမယ့်အစား စည်းမျဉ်းထုတ်တာတွေနဲ့ ကလေးရဲ့အမြင်မှာ လေးစားမှု ရှိစေရန်သာ တွန်းအားပေးတတ်ကြပါတယ်။

ကလေးတွေ ကြီးလာတဲ့အခါမှာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်လာကြပေမယ့် ငယ်စဉ်ကတည်းက တင်းကျပ်တဲ့အမိန့်တွေကြောင့် အကောင်းဆုံးတွေကို မရွေးချယ်တတ်ကြသလို ဖောက်ထွက်ပြီးတွေးခေါ်မှုတွေ လျော့နည်းတတ်ပါတယ်။ ဒါ့အပြင် ငယ်စဉ်ကတည်းက အပြစ်ကိုလွတ်ကင်းဖို့အတွက် လိမ်ညာတတ်လာတာကြောင့် လိမ်တဲ့နေရာမှာလည်း တော်လာတတ်ပြီး မိဘတွေရဲ့ပုံစံအတိုင်း ဒေါသကြီးသူလည်း ဖြစ်လာတတ်ပါတယ်။

၂။ ယုံကြည်မှုပေးတဲ့ အုပ်ထိန်းမှု
အဆိုပါအုပ်ထိန်းမှု ပုံစံဟာ ကလေးတွေအနေနဲ့ မိဘတွေဆီကနေ သင်ယူစေပြီး ကလေးတွေနဲ့ ဆက်ဆံရေးကောင်းမွန်မှုကို တည်ဆောက်တတ်ကြပါတယ်။ ဒါ့အပြင် စည်းမျဉ်းစည်းကမ်းတွေရဲ့နောက်ကွယ်က အကြောင်းပြချက်တွေကို ကလေးတွေနားလည်အောင် ရှင်းပြတတ်ပြီး ကလေးတွေရဲ့ အမြင်ကိုလည်း ထည့်သွင်းစဉ်းစားတတ်ပါတယ်။ ယခုလိုနည်းလမ်းဟာ ကလေးရဲ့မကောင်းတဲ့ အပြုအမူတွေ မဖြစ်ဖို့အတွက် ကြိုတင်အချိန်ပေးပြီး ကောင်းမွန်တဲ့ အပြုအမူတွေအတွက် ဆုချီးမြှင့်တတ်တာကြောင့် ကလေးတွေဟာ ပျော်ရွင်စွာနဲ့ ကြီးပြင်းလာကြပါတယ်။ ယခုလိုအုပ်ထိန်းမှုနဲ့ ကြီးပြင်းလာကြတဲ့ ကလေးအများစုဟာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့လူကြီးတွေ၊ ဆုံးဖြတ်ချက်မှန်ကန်အောင်ချတတ်သူတွေအဖြစ် ကြီးပြင်းလာကြကြောင်း သုတေသီတွေက ယူဆခဲ့ကြပါတယ်။

၃။ အလိုလိုက်တဲ့ အုပ်ထိန်းမှု
ကလေးတွေကို အရာရာအလိုလိုက်ခြင်းဟာ သူတို့ကိုပိုမို ဆိုးသွမ်းစေကြောင်း အားလုံးကယုံကြည်ကြပါတယ်။ ဒါပေမယ့် မိဘဖြစ်သူတွေကတော့ ကလေးဟာကလေးပဲဖြစ်တာကြောင့် ဘာလုပ်လုပ်အပြစ်မယူပဲ သားသမီးရဲ့ လိုအင်ဆန္ဒတွေကို အားလုံးဖြည့်ဆည်းပေးဖို့သာ ကြိုးစားတတ်ပါတယ်။ တစ်ခါတစ်လေမှာ ကလေးတွေရဲ့ ပြဿနာတွေကို မေးမြန်းတတ်ကြပေမယ့် အလိုလိုက်ထားတာကြောင့် ဆိုးနွဲ့မှုတွေ ဝမ်းနည်းမှုတွေကိုသာ ကလေးတွေက ထုတ်ဖော်ပြသတတ်လေ့ရှိပါတယ်။ အရမ်းကိုအလိုလိုက်လွန်းလျှင် အစားအသောက်ကအစ ကလေးတွေအတွက် ကျန်းမာရေးနဲ့ မညီညွှတ်ခြင်း ဥပမာ အချိုတွေအရမ်းစားတာကြောင့် သွားပိုးစားခြင်း ၊ လိုချင်တာမရတဲ့အခါ ကလေးဖြစ်သူမှာ အရမ်းကိုစိတ်ဆင်းရဲရခြင်း နဲ့ ကြီးလာတဲ့အခါမှာလည်း ငယ်စဉ်ကလိုအားလုံးရဲ့ဂရုစိုက်မှုကို လိုချင်တာကြောင့် အဆင်မပြေခြင်၊ ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းခြင်းတို့ ဖြစ်လာစေနိုင်ပါတယ်။

၄။ ဥပေက္ခာအုပ်ထိန်းမှုပုံစံ
ယခုလိုအုပ်ထိန်းမှုဟာ မကောင်းတဲ့အုပ်ထိန်းမှု ပုံစံတစ်မျိုးဖြစ်ပါတယ်။ ကလေးတွေရဲ့ ကျောင်းကိစ္စတွေနဲ့ အိမ်စာတွေအပြင်၊ ကလေးတွေရဲ့ပညာရေး၊ ကျန်းမာရေးတွေကအစ ဥပေက္ခာပစ်ထားတတ်ပြီး ယခုလိုအုပ်ထိန်းမှုပုံစံကို အရမ်းအလုပ်များတဲ့ မိဘတွေမှာတွေ့ရလေ့ရှိပါတယ်။ ကလေးငယ်တွေဟာ မိဘတွေဆီကနေ သင်ယူတဲ့အတွက် သူတို့ကြီးပြင်းလာတဲ့အခါ အခြားသူတွေကို ဂရုမစိုက်တတ်ခြင်း၊ မကောင်းမှုလုပ်ဖို့ ဝန်မလေးခြင်း စတဲ့ အမူအကျင့်တွေစွဲသွားစေနိုင်ပါတယ်။ ကလေးတွေကို အချိန်မပေးနိုင်ခြင်းကြောင့် မိသားစုဆက်ဆံရေးဟာလည်း ညံ့ဖျင်းတတ်ပြီး ကလေးတွေဘယ်သူနဲ့တွဲနေလည်း၊ ဘာတွေလုပ်နေလဲဆိုတာကို အာရုံမစိုက်တဲ့အတွက် မဖြစ်သင့်တာတွေ ဖြစ်လာတတ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ပိုပြီးကြုံတွေ့ ရလေ့ရှိပါတယ်။

ဒါကြောင့် ထက်မြက်ပြီး လိမ္မာရေးခြားရှိတဲ့ ကလေးတွေဖြစ်လာစေဖို့ ယုံကြည်မှုပေးခြင်း၊ ကောင်းမွန်တဲ့ relationship တည်ဆောက်ခြင်း စတဲ့အုပ်ထိန်းမှု ပုံစံဟာအကောင်းဆုံးဖြစ်ပြီး မိမိတို့ရဲ့အုပ်ထိန်းမှုပုံစံကို ပြန်လည်ဆန်းစစ်လျှက် အကောင်းဆုံးဖြစ်အောင် ပြုပြင်မှသာ သင့်ကလေးရဲ့အနာဂတ်ဟာ ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Verywellfamily

LEAVE A REPLY

Please enter your comment!
Please enter your name here