မိဘအုပ်ထိန်းခြင်းနဲ့ပတ်သက်ပြီး TED Talks ရဲ့ စိတ်အားထက်သန်စရာ ဆွေးနွေးမှု (၂) ခု

0
47
- Advertisement -

TED Talks ပေါ်မှာ တီထွင်ဖန်တီးမှု၊ လှုံ့ဆော်မှုနှင့် မိဘအုပ်ထိန်းမှုစသဖြင့် မည်သည့်အကြောင်းအရာအတွက်မဆို စိတ်ခွန်အားပေးလှုံ့ဆော်မှုတွေ တွေ့ရနိုင်ပါတယ်။ သင့်ကလေးအတွက် အကောင်းဆုံးဖြစ်စေဖို့ TED Talks ရဲ့ ဆွေးနွေးမှု (၂) ခုကို မျှဝေပေးလိုက်ပါတယ်။

၁။ လွန်ကဲသော အုပ်ထိန်းမှုမရှိဘဲ အောင်မြင်သော ကလေးတွေကို ပြုစုပျိုးထောင်နည်း – Julie Lythcott-Haims

Standford University မှ လူငယ်ဌာနမှူးဟောင်း Lythcott-Haims က How to Raise an Adult ဆိုတဲ့ စာအုပ်ရဲ့ စာရေးဆရာဖြစ်ပြီး ဒီနေ့ခေတ်မိဘတွေဟာ ကလေးတွေရဲ့ ရေတိုပျော်ရွှင်မှုကို ကလေးတွေရဲ့ ရေရှည်ရင့်ကျက်မှုထက် အလွန်အမင်းဂရုစိုက်လွန်းသည်ဟု ထောက်ပြခဲ့သောသူတစ်ဦးလည်းဖြစ်ပါတယ်။

ကလေးတွေအနေနဲ့ အတန်းတွေနှင့် ရမှတ်တွေအပေါ် အစွဲအလမ်းတွေလျှော့သင့်ပြီး ချစ်ခြင်းမေတ္တာနှင့် အိမ်မှုကိစ္စတွေအပေါ် ပိုအလေးအနက်ထားသင့်တယ်လို့ Lythcott က ဆိုပါတယ်။ ဒါဟာ အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်တွေဖြစ်ပြီး ဒီအရာတွေကို ကလေးဘဝမှာ ပိုမိုစိတ်ဝင်စားမှုရှိသင့်တယ်လို့လည်း ဆိုပါတယ်။ ကလေးအပေါ် အဆက်မပြတ်မျှော်လင့်ချက်ကြီးလွန်းနေခြင်းကလည်း ကလေးအတွက် သူတို့ရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်ကို ဘယ်တော့မှ ဖွံ့ဖြိုးလာစေမှာမဟုတ်ကြောင်းလည်း သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

၂။ ကလေးတွေရဲ့ စကားကို နားထောင်ပြီး ကလေးတွေကို ဆွဲဆောင်နည်း – Kris Prochaska

မိဘနှင့် သားသမီးဆက်ဆံရေးမှာ Engagement က အဓိကဖြစ်ပါတယ်။ မိဘအုပ်ထိန်းခြင်းဆိုင်ရာအကြောင်းအရာနဲ့ပတ်သက်ပြီး TED TALK မှာ Kris Prochaska က ကျွန်တော်တို့ရဲ့ ကလေးတွေနှင့် စကားပြောဆိုပုံတစ်ချို့မှာ သူတို့ကို စကားဝိုင်းထဲဝင်ပါစေသင့်တယ်လို့ ဆိုပါတယ်။

စိတ်ကုထုံးပညာရှင်တစ်ဦးဖြစ်ခဲ့ဖူးသော Kris က ကလေးတွေကို အသိဉာဏ်ကင်းမဲ့သော အဖြေများပေးခြင်းက ဘယ်လိုအကျိုးရလဒ်မှ မရရှိဘဲ မည်သူ့ကိုမှ အကျိုးမပြုနိုင်ကြောင်း သူ့ရဲ့ လက်တွေ့ဘဝအတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။ ကလေးတစ်ဦးကို ကျိုးကြောင်းဆီလျော်စွာ စကားပြောဆိုခြင်းက ကလေးတွေရဲ့ စွမ်းဆောင်ရည်ကို တိတိကျကျသိရနိုင်သလို အကျိုးပြုပုံတွေကို ရှင်းပြနိုင်ပါတယ်။

ကလေးတွေဟာ ကျွန်မတို့ရဲ့ လမ်းညွှန်မှုကို အမှန်တကယ်လိုအပ်ပေမယ့် ကလေးတွေကို တန်းတူဆက်ဆံပြီး ကျွန်မတို့ရဲ့ စကားတွေကို နားထောင်စေဖို့နှင့် သူတို့နဲ့ ထိတွေ့ဆက်ဆံဖို့ တောင်းဆိုသင့်ပါတယ်။

Chit_May_May

Nyein_Thu

ref-themindsjournal

LEAVE A REPLY

Please enter your comment!
Please enter your name here