သေဆုံးခြင်း၊ ကွာရှင်းခြင်း(သို့) အခြားသောကိစ္စရပ်များကြောင့် ကလေးငယ်တွေနဲ့ မိဘတွေဟာ အတူမရှိရတဲ့ အဖြစ်တွေရှိတတ်ကြပါတယ်။ ဒီလိုအဖြစ်မျိုးတွေဖြစ်ပေါ်လာခဲ့ရင် ကလေးငယ်တွေရဲ့ ရေရှည်စိတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို သိရှိဖို့လိုအပ်ပါလိမ့်မယ်။ မိဘအုပ်ထိန်းမှုမဲ့ခြင်းဟာ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကို ဆိုးကျိုးများစွာ သက်ရောက်မှုရှိစေပါတယ်။
ပြဿနာဆက်ဆံရေးများ

ကလေးငယ်တဦး သို့မဟုတ် ဆယ်ကျော်သက်တဦးသည် မိဘတဦးကို ဆုံးရှုံးသွားတဲ့အခါမှာ ဆိုးကျိုးသက်ရောက်မှုတွေ
ဖြစ်ပေါ်လာတတ်ပါတယ်။ အဖြစ်များဆုံးကတော့ ပြဿနာများတဲ့ ဆက်ဆံရေးဘဲဖြစ်ပါတယ်။ အဲဒီလိုကလေးငယ်တွေဟာ
ပြဿနာတွေ၊ မကျေလည်မှုတွေပိုမိုကြုံတွေ့လာလေလေ သူတို့ရဲ့ မကောင်းတဲ့ပုံရိပ်တွေပိုဖွံ့ဖြိုးလာပြီး ပတ်ဝန်းကျင်နဲ့
အဆင်မပြေမှုတွေပိုပြီး တွေ့ကြုံလာရလေလေဖြစ်တတ်ကြပါတယ်။ သူတို့ဟာ တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းမနေတတ်ကြတော့ဘဲ ပြဿနာတွေနဲ့သာ ပျော်ရွှင်လာသလိုဖြစ်တတ်ကြပါတယ်။
စိုးရိမ်မှု

ကလေးငယ်တွေဟာ စိုးရိမ်ပူပန်မှုဖြစ်စဉ်တွေနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။ မိခင် ဒါမှမဟုတ် ဖခင်နဲ့ ခွဲနေရခြင်းဟာ ဆယ်ကျော်သက်လူငယ်တွေကို ပညာရေးဆိုင်ရာစွမ်းဆောင်ရည်ပြဿနာတွေနဲ့ တွေ့ကြုံလာရစေပါတယ်။ ပုံမှန်မိသားစုဖွဲ့စည်းပုံတွင် ဆယ်ကျော်သက်အရွယ်သားသမီးများရဲ့ ပညာရေးစွမ်းဆောင်ရည်အပေါ် အပြုသဘောသက်ရောက်မှုတွေရှိပြီး မိဘတွေဟာ မိမိတို့ရဲ့ ကလေးငယ်များကို ကျောင်းပညာရေးပိုမိုတိုးတက်ကောင်းမွန်အောင် တိုက်တွန်းမှုတွေပြုလုပ်တတ်ကြပါတယ်။ ဒါပေမယ့် မိဘတဦးဦးရဲ့ အုပ်ထိန်းမှုမဲ့သွားတဲ့ကလေးငယ်တွေကတော့ သူတို့ရဲ့ အဓိကလှုံ့ဆော်မှုအကြောင်းရင်းကို ဆုံးရှုံးသွားတာကြောင့် ကျောင်းပညာရေးအခြေအနေတွေမှာ နိမ့်ကျမှုတွေရှိလာတတ်ပြီး အဲ့ဒါဟာ သူတို့ကို စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်လာစေပါတယ်။
မူးယစ်ဆေးနဲ့ အရက်သေစာသုံးစွဲမှုများ

မိဘများမရှိတဲ့ ဆယ်ကျော်သက်များသည် မူးယစ်ဆေးဝါးစွဲခြင်း၊ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သေစာအလွန်အကျွံ့သုံးစွဲခြင်းများဖြစ်ပေါ်လာတတ်ပါတယ်။ သူတို့ကို ထိန်းချုပ်မှုတွေပြုလုပ်ဖို့ အနီးအနားမှာ တဦးတယောက်မရှိခြင်းဟာ သူတို့ကိုလွတ်လပ်ခွင့်အပြည့်အဝရသွားသလိုဖြစ်သွားစေပြီး လမ်းကြောင်းမှားတွေပေါ်မှာ အထိန်းအချုပ်မဲ့လျောက်လှမ်းစေသလိုဖြစ်သွားတတ်ကြပါတယ်။ သူတို့ကို ကောင်းမွန်တဲ့ လူမှု့အသိုင်းအဝိုင်းပတ်ဝန်းကျင် ဒါမှမဟုတ် ကူညီဖေးမမှုတွေမရရှိပါက သူတို့ရဲ့ အနာဂတ်လမ်းတွေဟာ ပိုပြီး ဆိုးရွားသွားနိုင်တာမို့ ဂရုတစိုက်စောင့်ရှောက်မှုတွေပေးဖို့လိုအပ်ပါတယ်။
ဒီလိုမျိုးအဖြစ်တွေဟာ ကလေးတိုင်းမဖြစ်တတ်ကြဘူးဆိုပေမယ့် မဖြစ်သင့်တာတွေမဖြစ်ရအောင် အုပ်ထိန်းစောင့်ရှောက်သူလူကြီးမိဘတွေအနေဖြင့် ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေကို ချစ်ခင်ကြင်နာမှုများ၊ သူတို့ရဲ့ စိုးရိမ်ကြောက်လန့်မှုများကို ဂရုတစိုက်ရှိပြီး ကူညီဖြေရှင်းပေးဖို့လိုအပ်ပါတယ်။ ဒါမှသာ သူတို့ရဲ့ အနာဂတ်လမ်းတွေဟာ ကောင်းမွန်ပြီး သာယာအေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ရနိုင်မှာဘဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
#Chit_May_May
#Dmo_aung
#Ref_ youaremon