Home Lotaya မိဘအုပ်ထိန်းမှုရဲ့ ခေတ်ဆန်သော စကားလုံးများနှင့် အဓိပ္ပာယ်များ

မိဘအုပ်ထိန်းမှုရဲ့ ခေတ်ဆန်သော စကားလုံးများနှင့် အဓိပ္ပာယ်များ

0
1141

သင်က အခုမှ မိဘဖြစ်တာလား (သို့) မိဘဖြစ်တာကြာခဲ့ပြီလား ဒီလိုမိဘအုပ်ထိန်းရေးစကားလုံးအနည်းငယ်ကိုတော့ ကြားဖူးပါလိမ့်မယ်။ helicopters နှင့် lawnmowers ကနေ tiger နှင့် free-rangers အထိကလေးတွေကို ပြုစုပျိုးထောင်ရင်း သင်ကြုံတွေ့ရနိုင်တဲ့ မိဘအုပ်ထိန်းမှုပုံစံတိုင်းအတွက် တံဆိပ်ကပ်ထားပါတယ်။ စိတ်ပညာရှင် Amanda Darnleyက မိဘအခြေအနေ၊ ကလေးအခြေအနေအရ သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအဆင့်အမျိုးမျိုးမှာ ဘယ်လိုပြောင်းလဲမလဲဆိုတာ ထောက်ပြနိုင်ပါတယ်။ ပြည့်စုံကောင်းမွန်တဲ့စာရင်းမဟုတ်ပေမယ့် အောက်ပါမိဘအုပ်ထိန်းမှု စကားလုံးတွေက ခရီးစဥ်အတွင်းသသင်ကြားနိုင်မယ့် (သို့) မျှော်လင့်နိုင်တဲ့ စကားလုံးတွေရှိပါတယ်။

၁။ Spec Ops မေမေ

သင်ကိုယ်တိုင်က ဆယ်ကျော်သက်အရွယ်မှာ လူမှုမီဒီယာတွေမှာ ပရိုဖိုင်အကြောင်းအရာတွေကို လျှို့ဝှက်စွာသိမ်းထားတတ်တာက သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ သင့်ကလေးကလည်း ထို့အတူပါပဲ။ အဲ့ဒီ့အချိန်မှာ IDအတုကို အသုံးပြုပြီးတော့ သင့်ကလေးကို ခြေရာခံစောင့်ကြည့်ခြင်းကို ဆိုလိုပါတယ်။ စိတ်ပညာရှင် Forrest Talleyက နည်းပညာနဲ့ သားသမီးနောက်ကို ခြေရာခံလိုက်ခြင်းကို ”special ops mom”ဆိုတဲ့ စကားလုံးကို မိဘတွေက သဘောကျတယ်လို့ ပြောကြားပါတယ်။ ”သူလျှိုတွေဟာ ပုံမှန်အားဖြင့် တည်နေရာနှင့် မောင်းနှင်မှုအလေ့အကျင့် (အမြန်နှုန်း၊ ရုတ်တရက်ဘရိတ်အုပ်ခြင်းစသည်တို့) နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေေပေးတဲ့ ဖုန်းကို ခြေရာခံကိရိယာကို သုံးကြတယ်။

၂။ snowplow (သို့) ဘူဒိုဇာမိဘ

ဒီမိဘတွေက သူတို့ကလေးတွေရဲ့ အောင်မြင်မှုအတွက် အတားအဆီးဖြစ်စေတဲ့ ဘယ်လိုအရာမျိုးကိုမဆို တော်လှန်သွားမယ့်မိဘမျိုးတွေပါလို့ Darnleyက ပြောကြားခဲ့ပါတယ်။ ဒီလိုမိဘတွေက ကျောင်းမှာ ကလေးစာမရတဲ့ အခါ ဆရာကို ပြန်ရှင်းပြပေးဖို့ တောင်းပန်တတ်ကြတယ်။ နောက်ပြီး မကြာခဏစမ်းသပ်မှုများလွန်းတဲ့ ကျောင်းတွေကိုလည်း အပြစ်တင်တယ်။ သူတို့ကလေးတွေအတွက် ခြိမ်းခြောက်ရမှာလည်း အကြောက်အလန့်မရှိသူတွေဖြစ်ပါတယ်။ snowplowမိဘတွေေက မိမိတို့ရဲ့ကလေးတွေအတွက် အောင်မြင်တဲ့အခါ ရလဒ်အပေါ်အလွန်စွဲလန်းလွန်းကြောင်း သူတို့ကလေးတွေရဲ့ ကျရှုံးမှုအတွက် ခံစားဖို့အလွန်ခက်ခဲကြောင်း Darnley ကပြောကြားခဲ့ပါသေးတယ်။

၃။ ဟယ်လီကော်ပတာမိဘ

ဝေါဟာရတွေကို ပြုစုပျိုးထောင်ခြင်းကို လူကြိုက်များစေတဲ့ ဝေါဟာရတစ်ခုဆိုရင် ဟယ်လီကော်ပတာမိဘအမျိုးအစားဖြစ်ပါတယ်။ ဒီလိုမိဘတွေဟာ ကလေးတွေကို ပတ်ပြီးဝဲပျံကြပါတယ်။ ကမ္ဘာကြီးကို သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေက ဒီမိဘတွေရဲ့ အသေးစားစီမံခန့်ခွဲမှုတွေနှင့် ကယ်တင်ခြင်းအပြုအမူတွေကို အများကြီးဖြစ်စေပါတယ်။ ဟယ်လီကော်ပတာမိဘတွေအနေနဲ့ ၎င်းတို့ကလေးငယ်တွေကို လွတ်လွတ်လပ်လပ်စူးစပမ်းလေ့လာတတ်ကြပါတယ်။ လက်တွေ့မှာ သူတို့က မကြာခဏဆိုသလို သူတို့ကလေးတွေနှင့် အတူတူကစားရင်း လေ့လာတတ်သူတွေပါ။ တစ်ဆက်တည်း ကလေးအတွက် အန္တရာယ်ကျရောက်နိုင်မယ့် အရာတွေပါ တစ်ခါတည်း ဖယ်ရှားတတ်တဲ့သူတွေဖြစ်ပါတယ်။

၄။ မြက်ရိတ်စက်မိဘများ

မြက်ရိတ်စက်မိဘတွေက အတားအဆီးအားလုံးတွေကိုဖယ်ရှားပေးတတ်တဲ့ မိဘတွေဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့မိဘတွေက ဘယ်လိုအတားအဆီးကိုမဆို ထိန်းချုပ်မှုမရှိဘဲ အောင်မြင်မှုရပါလိမ့်မယ်။ မြက်ရိတ်စက်မိဘအုပ်ထိန်းမှုက ကလေးငယ်တစ်ဦးကို အခက်အခဲတွေ၊ ရှုံးနိမ့်မှုတွေနှင့် ပတ်သက်ပြီး ကိုင်တွယ်တတ်ဖို့ သင်ယူခြင်းကို တားဆီးတယ်။ မိဘတွေကိုယ်တိုင်က အတားအဆီးတွေကို မဖယ်ရှားနိုင်တဲ့အခါ စိတ်ပျက်စရာတွေအဖြစ် သူတို့က သတ်မှတ်လိုက်တယ်။

၅။ ကျားမေမေ

ဒီခေါင်းစဥ်ကို အမေတွေအတွက် သတ်မှတ်ထားပေမယ့် ဒီဖော်ပြချက်တွေနှင့် ကိုက်ညီတဲ့အဖေတစ်ချို့ရှိတယ်။ ဒီအုပ်ထိန်းမှုစကားလုံးက တင်းကျပ်တဲ့စည်းမျဥ်းစည်းကမ်းတွေ၊ တင်းကျပ်တဲ့စည်းကမ်းနှင့် လွတ်လပ်တဲ့အချိန် (သို့) ပျော်စရာအနည်းငယ်မျှသာရှိတဲ့ မိဘအုပ်ထိန်းမှုပုံစံကို ဖော်ပြထားတဲ့ ၂၀၁၁ခုနှစ်က ”Battle Human of Tiger Mom”လို့ ခေါ်တဲ့ စာအုပ်က မွေးဖွားခဲ့တာဖြစ်ပါတယ်။

၆။ ကယ်ဆယ်ရေးစခန်းမရှိတဲ့ မိဘများ

ကယ်ဆယ်ရေးစခန်းမရှိတဲ့ မိဘက ကလေးတွေကိုသဘာဝကျိုးဆက်တွေအကြောင်းနှင့် အကျိုးသက်ရောက်မှုရဲ့ ရိုးရှင်းတဲ့ဘဝသင်ခန်းစာအကြောင်း သင်ကြားပေးတယ်။ ဥပမာအားဖြင့် တကယ်လို့သင့်ကလေးက သူတို့ရဲ့အိမ်စာကို အိမ်မှာလုပ်ဖို့ မေ့သွားရင် ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သူတို့တွက်ထုတ်ဖို့လိုပါတယ်။ ဒီစတိုင်က ကလေးတွေကို တာဝန်ယူတတ်ပုံကို သင်ပေးရုံတင်မကဘဲ နောင်လာမယ့်အချိန်မှာ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့၊ ဖြေရှင်းချက်တွေ ရှာနိုင်အောင် စွမ်းအားတွေပေးပါတယ်။

၇။ Free-Rangeမိဘအုပ်ထိန်းခြင်း

ဒီနည်းလမ်းကတော့ မိဘတွေက သူတို့ကလေးတွေကို သူတို့ခံစားခဲ့ရတဲ့ ကလေးဘဝပုံစံကို တွေ့ကြုံခံစားစေဖို့ နည်းလမ်းရှာဖွေခြင်း ဖြစ်ပါတယ်။ ကလေးတွေကို လွတ်လပ်မှုများစွာနှင့် လှည့်ပတ်သွားလာနိုင်အောင် အုပ်ထိန်းခြင်းတစ်မျိုးဖြစ်ပါတယ်။

Chit_May_May

Nyein_Thu

Ref-verywell

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here