မိဘေတြအေနနဲ႔ သားသမီးေတြကို ယံုၾကည္မႈရွိသူတစ္ေယာက္ျဖစ္ေစဖို႔ သင္ေပးထားသင့္တဲ့ အရာ( ၇)ခု

0
169
- Advertisement -

ကိုယ့္သားသမီးေတြကို ကာကြယ္ခ်င္ၾကတာ မိဘေတြရဲ႕ သဘာဝပါပဲ။ ဒါေပမယ့္ ကေလးေတြ ကုိယ္တိုင္ ေျဖရွင္းရမယ့္ အေျခအေနတစ္ခ်ိဳ႕ရွိပါတယ္။ မိဘေတြအေနနဲ႔ သူတို႔ရဲ႕ အနာဂတ္မွာ သူတို႔ကိုယ္သူတို႔ ကာကြယ္ေစာင့္ေရွာက္ႏိုင္မယ့္ စိန္ေခၚမႈအမ်ိဳးမ်ိဳးကို ဘယ္လိုရင္ဆိုင္ေျဖရွင္းရမလဲဆိုတာကိုသာ သင္ေပးၿပီး ကူညီပံ့ပိုးေပးရပါလိမ့္မယ္။ ဒီစည္းမ်ဥ္း ၇ခုက သင့္ကေလးကို ေပ်ာ္ရြင္ၿပီး ယံုၾကည္မႈရွိသူတစ္ေယာက္အျဖစ္ အရြယ္ေရာက္လာေစဖို႔ ကူညီႏိုင္လိမ့္မယ္လို႔ ယံုၾကည္ပါတယ္။

ျပႆနာ (၁)။ အတန္းေဖာ္ကေလးတစ္ေယာက္က သင့္ကေလးကို စာေမးပြဲေျဖေနစဥ္အတြင္းမွာ စာျပဖို႔ ေျပာပါလိမ့္မယ္။ သင့္ကေလးက ကူညီဖို႔ သေဘာတူလွ်င္ အေျဖေတြ တူေနပါလိမ့္မယ္။ ဒီအခါ ဆရာမက ေက်ာင္းသား ၂ေယာက္လံုးကို အဆင့္ ေလွ်ာ့ခ်ပါလိမ့္မယ္။

ေျဖရွင္းနည္း။ ကိုယ့္အက်ိဳးအတြက္ ကုိယ္ရဲ႕အသိပညာကိုသာ သံုးစြဲေစလိုေၾကာင္း၊ သူတို႔မွာ စာေမးပြဲအတြက္ ျပင္ဆင္ဖို႔ အခ်ိ္န္အမ်ားႀကီးသံုးစြဲခဲ့ၿပီးၿပီျဖစ္တာေၾကာင့္ ကိုယ္တိုင္အားထုတ္ေစလိုေၾကာင္းႏွင့္ ခိုးခ်တာဟာ ကိုယ္ပိုင္အားထုတ္မႈတန္ဖိုးေလ်ာ့နည္းေၾကာင္း သင့္ကေလးကို ရွင္းျပပါ။ ဒီလိုခိုးခ်ဖို႔ အႀကံေပးလာခဲ႕ရင္ သင့္ကေလးကို “မလုပ္ဘူး” ” ငါမၿပီးေသးဘူး၊ ငါ့ကိုအေႏွာက္အယွက္မေပးပါနဲ႔” လို႔ ေျပာဖို႔ သင္ေပးပါ။ ဒီလိုက်ိဳးေၾကာင္းဆီေလွ်ာ္တဲ့ စကားလံုးက သင့္ကေလးကို ယံုၾကည္မႈခံစားရေစၿပီး ဘယ္သူကမွ သူ႔ကို မခ်ယ္လွယ္ႏိုင္ဘူးဆိုတာ လက္ခံလာပါလိမ့္မယ္။

ျပႆနာ ၂။ သင့္ကေလးရဲ႕အတန္းေဖာ္ေတြဟာ သူ႕ကို အၿမဲတမ္းအနိုင္က်င့္ၿပီး က်ီစားၾကပါတယ္။ ဒီအခါ သင့္ကေလးဟာ တျခားေက်ာင္းသားေၾကာင့္ ျဖစ္ရတဲ့ စိတ္ပိုင္းဆိုင္ရာ နာက်င္မႈေၾကာင့္ ေက်ာင္းကို သြားဖို႔ ဆႏၵမရွိေတာ့ပါဘူး။

ေျဖရွင္းနည္း။ ဒီလိုအေျခအေနမ်ိဳးမွာ မိဘေတြဟာ ပဋိပကၡေတြကို တိုက္ရိုက္ ဝင္မစြက္ဖက္သင့္ပါဘူး။ တကယ္ေတာ့ “သားဝမ္းနည္းၿပီး ေၾကာက္ေနတာကို သူတို႔ျမင္ခ်င္ၾကလို႔ အႏိုင္က်င့္ၾကတာ”ျဖစ္ေၾကာင္း ရွင္းျပပါ။ သူတို႔အႏိုင္က်င့္တဲ့ စကားေတြကို စိတ္မဆိုးသင့္ေၾကာင္း ကေလးကို ေျပာျပသင့္ပါတယ္။ သူတို႔အႏိုင္က်င့္တဲ့အခါ ရယ္ေမာၿပီး ဂရုမစိုက္ဘူးဆိုတာ ျပသဖို႔ သင္ေပးပါ။ ဒီအခါ သူတို႔လိုခ်င္တဲ့ တံု႔ျပန္မႈမရတာေၾကာင့္ အတန္းေဖာ္ေတြ စိတ္ဝင္စားေတာ့မွာ မဟုတ္ပါဘူး။

ျပႆနာ ၃။ ေမေမတို႔ရဲ႕ကေလးဟာ အဆင့္က်သြားတဲ့အခါမွာ ငိုပါလိမ့္မယ္။ ကေလးဟာ အျပစ္ေပးမခံခ်င္ၾကတာေၾကာင့္ သူတို႔ရဲ႕အဆင့္ႏွင့္ပတ္သတ္ၿပီး မိဘေတြကို ေျပာျပဖို႔ ေၾကာက္လန္႔ပါတယ္။

ေျဖရွင္းနည္း ။ မိဘအမ်ားစုဟာ ကိုယ့္ကေလးေတြကို အဆင့္ေကာင္းေစခ်င္ၾကပါတယ္။ အဆင့္မေကာင္းရင္ ညံ့လို႔၊ ဖ်င္းလို႔ဆိုတဲ့ စိတ္ႀကီးက ေရွးရိုးစြဲတစ္ခုလိုပါပဲ။ ကေလးကလည္း အဆင့္က်ရင္ မိဘေတြ ဆူေတာ့မွာပဲလို႔ေတြးၿပီး ေၾကာက္တတ္ၾကပါတယ္။ တကယ္ေတာ့ အဆင့္ေကာင္း/မေကာင္းဆိုတာထက္ အသိပညာရရွိမႈကသာ အေရးႀကီးပါတယ္။ ကေလးေတြ အဆင့္က်တာကို ျပသဖုိ႔ ေၾကာက္တယ္ဆိုတာ မျဖစ္သင့္ပါဘူး။ မိဘေတြဟာ ကေလးေတြကို ႏွိမ္ၿပီး မေျပာသင့္သလို အဆင့္မေကာင္းတာအတြက္ အျပစ္မတင္သင့္ပါဘူး။ “သားေနာက္တစ္ႀကိမ္ ႀကိဳးစားရမယ္” လို႔ေျပာေပးပါ။ ေမေမတို႔ရဲ႕ ကေလးဟာအနာဂတ္မွာ အခက္အခဲေတြကို ေၾကာက္ေတာ့မွာ မဟုတ္ပါဘူး။

ျပႆနာ ၄။ အားနည္းတဲ့ သူကို ကူညီဖို႔ႏွင့္ ကာကြယ္ေပးဖို႔ သင္ေပးပါ။ ကေလးရဲ႕အတန္းေဖာ္ေတြဟာ ေကာင္ေလးတစ္ေယာက္ကို အႏိုင္က်င့္တဲ့အေၾကာင္း ေမေမတို႔ကို ေျပာျပပါမယ္။ ဒီလိုအႏိုင္က်င့္တာဟာ မွားတယ္ဆိုတာ သိေပမယ့္ ဘယ္လိုကူညီမယ္ဆိုတာ ေမေမတို႔ကေလး မသိပါဘူး။

ေျဖရွင္းနည္း။ ကေလးအမ်ားစုက တျခားသူအႏိုင္က်င့္ခံမွာကို မလိုလားတာေၾကာင့္ အားနည္းသူကို ကာကြယ္ဖိို႔ ေၾကာက္ၾကပါတယ္။ အရြယ္ေရာက္သူေတြလည္း ဒီလိုႀကံဳေတြ႔လာတဲ့အခါ တူညီတဲ့ ေၾကာက္ရြံမႈကို ေတြ႕ႀကံဳခံစားရပါတယ္။ မွားတာကို သိေနေပမယ့္ မသိခ်င္ေယာင္ေဆာင္ေနတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ကေလးေတြကို အားနည္းသူကုိ ကူညီေပးဖို႔ ႏွင့္ စာနာေပးဖို႔က အလြန္အေရးႀကီးေၾကာင္းကို ရွင္းျပေပးဖို႔ လိုပါတယ္။ ေမေမတို႔ရဲ႕ကေလးကို အိမ္ပတ္ဝန္းက်င္က (ညီအစ္ကိုခ်င္း၊ တစ္ဝမ္းကြဲ ဒါမွမဟုတ္ အိမ္ေမြးတိရိစာၦန္ေလးေတြကို) အခက္အခဲႀကံဳလာရင္ ကူညီေပးသင့္/မသင့္ ၊ တစ္ခုခုအတြက္ တာဝန္ယူသင့္/မယူသင့္ ေမးပါ။

ျပႆနာ ၅။ ေန႔စဥ္ပံုမွန္ေက်ာင္းသြားရသလို အားကစားကလပ္၊ က်ဴရွင္၊ ႏွင့္ အိမ္စာေတြက သင့္ကေလးကို ပင္ပန္းေစပါတယ္။ သူတို႔လိုခ်င္တာကေတာ့ အနားယူဖို႔၊ သူတို႔သူငယ္ခ်င္းေတြနဲ႔အတူ အခ်ိန္ျဖဳန္းဖို႔ ျဖစ္ပါတယ္။

ေျဖရွင္းနည္း။ မိဘေတြဟာ ကိုယ္႔ကေလးေတြကို ေပ်ာ္ရြင္ၿပီး ႀကီးမားတဲ့ ေအာင္ျမင္မႈမ်ိဳး ရရွိခ်င္ၾကပါတယ္။ ဒါ့ေၾကာင့္ ကေလးေတြဟာ မအားလပ္တဲ့အခ်ိန္ဇယားေတြေအာက္မွာပဲ ေနၾကရပါတယ္။ ေမေမတို႔ရဲ႕ကေလးေတြကို သူတို႔ႏွစ္သက္တဲ့ ကြန္ပ်ဴတာဂိမ္း၊ အားကစား၊ အႏုပညာႏွင့္ လက္မႈပညာေတြကဲ့သို႔ ဝါသနာတစ္ခုခုေပၚမွာ တစ္ေန႔ကို တစ္နာရီေလာက္ အခ်ိန္ေပးသင့္ပါတယ္။

ျပႆနာ ၆။ ေမေမတို႔ရဲ႕ကေလးဟာ အရမ္းရွက္တတ္ၿပီး လူေတာမတိုးပါဘူး။ သူတို႔ဟာ သူငယ္ခ်င္းေတြနဲ႔ ေတြ႕မယ့္အစား အိမ္မွာသာ ေနခ်င္ၾကပါတယ္။

ေျဖရွင္းနည္း။ အားကစားေလ့က်င့္မႈက ဘဝရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ကေလးကို အားကစားအဖြဲ႕တစ္ခုထဲမွာ ပါဝင္ပါေစ။ စိတ္ဝင္စားမႈ တူညီတဲ့ အဖြဲ႕တစ္ခုက သင့္ကေလးအေပၚမွာ ေကာင္းမြန္တဲ့ ၾသဇာလႊမ္းမိုးမႈတစ္ခုရွိပါလိမ့္မယ္။ အားကစားလုပ္တာဟာ သင့္ကေလးရဲ႕ confidence ရွိမႈအဆင့္ကို အေထာက္အကူျပဳပါတယ္။ မိဘေတြအေနနဲ႔ ကေလးေတြမွာ သူတို႔ျဖစ္ခ်င္တဲ့ ဆႏၵေတြရွိတယ္ဆိုတာ၊ သူတို႔တကယ္ႏွစ္သက္တဲ့ activities ကို ေရြးခ်ယ္ခြင့္ရွိတယ္ဆိုတာ မေမ့သင့္ပါဘူး။ ေမေမတို႔ရဲ႕သားဟာ အကကိုႏွစ္သက္လွ်င္ သူ႔ဝါသနာကို ခြင့္ျပဳေပးပါ။ ေဘ့စ္ေဘာ ကစားဖို႔ မတိုက္တြန္းပါနဲ႔။ ဒီလိုမွမဟုတ္ရင္ ကေလးဟာ အားကစားေတြနဲ႔ ဆက္စပ္ေနတဲ့ အရာအားလံုးကို မုန္းသြားပါလိမ့္မယ္။

ျပႆနာ ၇။ “သမီးသူငယ္ခ်င္းမွာ ဆံပင္လွလွေလးေတြ ရွိတယ္သိလား”။ “သူ႔မ်က္လံုးေတြက အရမ္းလွတာပဲ” ၊ “သမီးကေတာ့ ရုပ္ဆိုးလိုက္တာေမေမရယ္”။ ကေလးေတြအားလံုးဟာ တျခားကေလးေတြနဲ႔ သူတို႔ကိုယ္သူတို႔ ႏိႈင္းယွဥ္တတ္ၾကပါတယ္။ ဒါက အနာဂတ္မွာ ျပႆနာတစ္ခု ျဖစ္လာနိုင္ပါတယ္။

ေျဖရွင္းနည္း။ ေယာက်ာ္းေလးပဲျဖစ္ျဖစ္၊ မိန္းကေလးပဲျဖစ္ျဖစ္ ကေလးေတြရဲ႕သဘာဝဟာ ဆြဲေဆာင္မႈရွိၿပီး အရည္အခ်င္းရွိခ်င္ၾကပါတယ္။ ေမေမတို႔ရဲ႕ ကေလးကို သူတို႔လွတယ္ဆိုတာ ေျပာဖို႔ မေမ့ပါနဲ႔။ ေမေမတို႔ရဲ႕ကေလးမွာ idol တစ္ေယာက္ရွိရင္ သူတို႔ကေလးဘဝက ဓါတ္ပံုေတြ၊ ပိုတိုေရွ႕လံုးဝမပါတဲ့ ဓါတ္ပံုတစ္ပံုကို ျပသပါ။ ‘ဘယ္သူမွာမွ အလွအပဆိုတာ ၿပီးျပည့္စံုတယ္ မရွိဘူး’ ဆိုတာကို ရွင္းျပေပးပါ။

Chit_MayMay

LM_Nandar

Source-brightside

Unicode

မိဘတွေအနေနဲ့ သားသမီးတွေကို ယုံကြည်မှုရှိသူတစ်ယောက်ဖြစ်စေဖို့ သင်ပေးထားသင့်တဲ့ အရာ( ရ)ခု

ကိုယ့်သားသမီးတွေကို ကာကွယ်ချင်ကြတာ မိဘတွေရဲ့ သဘာဝပါပဲ။ ဒါပေမယ့် ကလေးတွေ ကိုယ်တိုင် ဖြေရှင်းရမယ့် အခြေအနေတစ်ချို့ရှိပါတယ်။ မိဘတွေအနေနဲ့ သူတို့ရဲ့ အနာဂတ်မှာ သူတို့ကိုယ်သူတို့ ကာကွယ်စောင့်ရှောက်နိုင်မယ့် စိန်ခေါ်မှုအမျိုးမျိုးကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကိုသာ သင်ပေးပြီး ကူညီပံ့ပိုးပေးရပါလိမ့်မယ်။ ဒီစည်းမျဉ်း ရခုက သင့်ကလေးကို ပျော်ရွင်ပြီး ယုံကြည်မှုရှိသူတစ်ယောက်အဖြစ် အရွယ်ရောက်လာစေဖို့ ကူညီနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ပြဿနာ(၁)။ အတန်းဖော်ကလေးတစ်ယောက်က သင့်ကလေးကို စာမေးပွဲဖြေနေစဉ်အတွင်းမှာ စာပြဖို့ ပြောပါလိမ့်မယ်။ သင့်ကလေးက ကူညီဖို့ သဘောတူလျှင် အဖြေတွေ တူနေပါလိမ့်မယ်။ ဒီအခါ ဆရာမက ကျောင်းသား ၂ယောက်လုံးကို အဆင့် လျှော့ချပါလိမ့်မယ်။

ဖြေရှင်းနည်း။ ကိုယ့်အကျိုးအတွက် ကိုယ်ရဲ့အသိပညာကိုသာ သုံးစွဲစေလိုကြောင်း၊ သူတို့မှာ စာမေးပွဲအတွက် ပြင်ဆင်ဖို့ အချိ်န်အများကြီးသုံးစွဲခဲ့ပြီးပြီဖြစ်တာကြောင့် ကိုယ်တိုင်အားထုတ်စေလိုကြောင်းနှင့် ခိုးချတာဟာ ကိုယ်ပိုင်အားထုတ်မှုတန်ဖိုးလျော့နည်းကြောင်း သင့်ကလေးကို ရှင်းပြပါ။ ဒီလိုခိုးချဖို့ အကြံပေးလာခဲ့ရင် သင့်ကလေးကို “မလုပ်ဘူး” ” ငါမပြီးသေးဘူး၊ ငါ့ကိုအနှောက်အယှက်မပေးပါနဲ့” လို့ ပြောဖို့ သင်ပေးပါ။ ဒီလိုကျိုးကြောင်းဆီလျှော်တဲ့ စကားလုံးက သင့်ကလေးကို ယုံကြည်မှုခံစားရစေပြီး ဘယ်သူကမှ သူ့ကို မချယ်လှယ်နိုင်ဘူးဆိုတာ လက်ခံလာပါလိမ့်မယ်။

ပြဿနာ ၂။ သင့်ကလေးရဲ့အတန်းဖော်တွေဟာ သူ့ကို အမြဲတမ်းအနိုင်ကျင့်ပြီး ကျီစားကြပါတယ်။ ဒီအခါ သင့်ကလေးဟာ တခြားကျောင်းသားကြောင့် ဖြစ်ရတဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကြောင့် ကျောင်းကို သွားဖို့ ဆန္ဒမရှိတော့ပါဘူး။

ဖြေရှင်းနည်း။ ဒီလိုအခြေအနေမျိုးမှာ မိဘတွေဟာ ပဋိပက္ခတွေကို တိုက်ရိုက် ဝင်မစွက်ဖက်သင့်ပါဘူး။ တကယ်တော့ “သားဝမ်းနည်းပြီး ကြောက်နေတာကို သူတို့မြင်ချင်ကြလို့ အနိုင်ကျင့်ကြတာ”ဖြစ်ကြောင်း ရှင်းပြပါ။ သူတို့အနိုင်ကျင့်တဲ့ စကားတွေကို စိတ်မဆိုးသင့်ကြောင်း ကလေးကို ပြောပြသင့်ပါတယ်။ သူတို့အနိုင်ကျင့်တဲ့အခါ ရယ်မောပြီး ဂရုမစိုက်ဘူးဆိုတာ ပြသဖို့ သင်ပေးပါ။ ဒီအခါ သူတို့လိုချင်တဲ့ တုံ့ပြန်မှုမရတာကြောင့် အတန်းဖော်တွေ စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး။

ပြဿနာ ၃။ မေမေတို့ရဲ့ကလေးဟာ အဆင့်ကျသွားတဲ့အခါမှာ ငိုပါလိမ့်မယ်။ ကလေးဟာ အပြစ်ပေးမခံချင်ကြတာကြောင့် သူတို့ရဲ့အဆင့်နှင့်ပတ်သတ်ပြီး မိဘတွေကို ပြောပြဖို့ ကြောက်လန့်ပါတယ်။

ဖြေရှင်းနည်း ။ မိဘအများစုဟာ ကိုယ့်ကလေးတွေကို အဆင့်ကောင်းစေချင်ကြပါတယ်။ အဆင့်မကောင်းရင် ညံ့လို့၊ ဖျင်းလို့ဆိုတဲ့ စိတ်ကြီးက ရှေးရိုးစွဲတစ်ခုလိုပါပဲ။ ကလေးကလည်း အဆင့်ကျရင် မိဘတွေ ဆူတော့မှာပဲလို့တွေးပြီး ကြောက်တတ်ကြပါတယ်။ တကယ်တော့ အဆင့်ကောင်း/မကောင်းဆိုတာထက် အသိပညာရရှိမှုကသာ အရေးကြီးပါတယ်။ ကလေးတွေ အဆင့်ကျတာကို ပြသဖို့ ကြောက်တယ်ဆိုတာ မဖြစ်သင့်ပါဘူး။ မိဘတွေဟာ ကလေးတွေကို နှိမ်ပြီး မပြောသင့်သလို အဆင့်မကောင်းတာအတွက် အပြစ်မတင်သင့်ပါဘူး။ “သားနောက်တစ်ကြိမ် ကြိုးစားရမယ်” လို့ပြောပေးပါ။ မေမေတို့ရဲ့ ကလေးဟာအနာဂတ်မှာ အခက်အခဲတွေကို ကြောက်တော့မှာ မဟုတ်ပါဘူး။

ပြဿနာ ၄။ အားနည်းတဲ့ သူကို ကူညီဖို့နှင့် ကာကွယ်ပေးဖို့ သင်ပေးပါ။ ကလေးရဲ့အတန်းဖော်တွေဟာ ကောင်လေးတစ်ယောက်ကို အနိုင်ကျင့်တဲ့အကြောင်း မေမေတို့ကို ပြောပြပါမယ်။ ဒီလိုအနိုင်ကျင့်တာဟာ မှားတယ်ဆိုတာ သိပေမယ့် ဘယ်လိုကူညီမယ်ဆိုတာ မေမေတို့ကလေး မသိပါဘူး။

ဖြေရှင်းနည်း။ ကလေးအများစုက တခြားသူအနိုင်ကျင့်ခံမှာကို မလိုလားတာကြောင့် အားနည်းသူကို ကာကွယ်ဖိို့ ကြောက်ကြပါတယ်။ အရွယ်ရောက်သူတွေလည်း ဒီလိုကြုံတွေ့လာတဲ့အခါ တူညီတဲ့ ကြောက်ရွံမှုကို တွေ့ကြံုခံစားရပါတယ်။ မှားတာကို သိနေပေမယ့် မသိချင်ယောင်ဆောင်နေတတ်ကြပါတယ်။ ဒါ့ကြောင့် ကလေးတွေကို အားနည်းသူကို ကူညီပေးဖို့ နှင့် စာနာပေးဖို့က အလွန်အရေးကြီးကြောင်းကို ရှင်းပြပေးဖို့ လိုပါတယ်။ မေမေတို့ရဲ့ကလေးကို အိမ်ပတ်ဝန်းကျင်က (ညီအစ်ကိုချင်း၊ တစ်ဝမ်းကွဲ ဒါမှမဟုတ် အိမ်မွေးတိရိစ္ဆာန်လေးတွေကို) အခက်အခဲကြံုလာရင် ကူညီပေးသင့်/မသင့် ၊ တစ်ခုခုအတွက် တာဝန်ယူသင့်/မယူသင့် မေးပါ။

ပြဿနာ ၅။ နေ့စဉ်ပုံမှန်ကျောင်းသွားရသလို အားကစားကလပ်၊ ကျူရှင်၊ နှင့် အိမ်စာတွေက သင့်ကလေးကို ပင်ပန်းစေပါတယ်။ သူတို့လိုချင်တာကတော့ အနားယူဖို့၊ သူတို့သူငယ်ချင်းတွေနဲ့အတူ အချိန်ဖြုန်းဖို့ ဖြစ်ပါတယ်။

ဖြေရှင်းနည်း။ မိဘတွေဟာ ကိုယ့်ကလေးတွေကို ပျော်ရွင်ပြီး ကြီးမားတဲ့ အောင်မြင်မှုမျိုး ရရှိချင်ကြပါတယ်။ ဒါ့ကြောင့် ကလေးတွေဟာ မအားလပ်တဲ့အချိန်ဇယားတွေအောက်မှာပဲ နေကြရပါတယ်။ မေမေတို့ရဲ့ကလေးတွေကို သူတို့နှစ်သက်တဲ့ ကွန်ပျူတာဂိမ်း၊ အားကစား၊ အနုပညာနှင့် လက်မှုပညာတွေကဲ့သို့ ဝါသနာတစ်ခုခုပေါ်မှာ တစ်နေ့ကို တစ်နာရီလောက် အချိန်ပေးသင့်ပါတယ်။

ပြဿနာ ၆။ မေမေတို့ရဲ့ကလေးဟာ အရမ်းရှက်တတ်ပြီး လူတောမတိုးပါဘူး။ သူတို့ဟာ သူငယ်ချင်းတွေနဲ့ တွေ့မယ့်အစား အိမ်မှာသာ နေချင်ကြပါတယ်။

ဖြေရှင်းနည်း။ အားကစားလေ့ကျင့်မှုက ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးကို အားကစားအဖွဲ့တစ်ခုထဲမှာ ပါဝင်ပါစေ။ စိတ်ဝင်စားမှု တူညီတဲ့ အဖွဲ့တစ်ခုက သင့်ကလေးအပေါ်မှာ ကောင်းမွန်တဲ့ သြဇာလွှမ်းမိုးမှုတစ်ခုရှိပါလိမ့်မယ်။ အားကစားလုပ်တာဟာ သင့်ကလေးရဲ့ confidence ရှိမှုအဆင့်ကို အထောက်အကူပြုပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေမှာ သူတို့ဖြစ်ချင်တဲ့ ဆန္ဒတွေရှိတယ်ဆိုတာ၊ သူတို့တကယ်နှစ်သက်တဲ့ activities ကို ရွေးချယ်ခွင့်ရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။ မေမေတို့ရဲ့သားဟာ အကကိုနှစ်သက်လျှင် သူ့ဝါသနာကို ခွင့်ပြုပေးပါ။ ဘေ့စ်ဘော ကစားဖို့ မတိုက်တွန်းပါနဲ့။ ဒီလိုမှမဟုတ်ရင် ကလေးဟာ အားကစားတွေနဲ့ ဆက်စပ်နေတဲ့ အရာအားလုံးကို မုန်းသွားပါလိမ့်မယ်။

ပြဿနာ ရ။ “သမီးသူငယ်ချင်းမှာ ဆံပင်လှလှလေးတွေ ရှိတယ်သိလား”။ “သူ့မျက်လုံးတွေက အရမ်းလှတာပဲ” ၊ “သမီးကတော့ ရုပ်ဆိုးလိုက်တာမေမေရယ်”။ ကလေးတွေအားလုံးဟာ တခြားကလေးတွေနဲ့ သူတို့ကိုယ်သူတို့ နှိုင်းယှဉ်တတ်ကြပါတယ်။ ဒါက အနာဂတ်မှာ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဖြေရှင်းနည်း။ ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကလေးတွေရဲ့သဘာဝဟာ ဆွဲဆောင်မှုရှိပြီး အရည်အချင်းရှိချင်ကြပါတယ်။ မေမေတို့ရဲ့ ကလေးကို သူတို့လှတယ်ဆိုတာ ပြောဖို့ မမေ့ပါနဲ့။ မေမေတို့ရဲ့ကလေးမှာ idol တစ်ယောက်ရှိရင် သူတို့ကလေးဘဝက ဓါတ်ပုံတွေ၊ ပိုတိုရှေ့လုံးဝမပါတဲ့ ဓါတ်ပုံတစ်ပုံကို ပြသပါ။ ‘ဘယ်သူမှာမှ အလှအပဆိုတာ ပြီးပြည့်စုံတယ် မရှိဘူး’ ဆိုတာကို ရှင်းပြပေးပါ။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here