မိမိကိုယ်ကို ထိန်းညှိခြင်း (Self-Regulating) ပြဿနာရှိသော ကလေးတွေ

0
53
- Advertisement -

သင့်ကလေးဟာ စိတ်လှုပ်ရှားစေတဲ့ အခြေအနေတစ်ခုမှာ စိတ်လိုက်မာန်ပါ အပြုအမှုတွေ ပြုလုပ်တတ်တာကို သတိထားမိပါသလား? အချို့သော အခြေအနေတွေမှာ အေးအေးဆေးဆေးနေဖို့ သူတို့အခက်တွေ့နေသလား? ဒီအရာက (ကိုယ့်ကိုယ်ကို ထိန်းညှိခြင်း) Self-regulating ပြဿနာရှိတဲ့ ကလေးတွေမှာ ဖြစ်ပွားနိုင်ပါတယ်။ ကလေးတစ်ယောက်အနေနဲ့ ဒီလိုပြသနာမျိုးနဲ့ ကြုံတွေ့ရတဲ့အခါ ကျွန်မတို့မိဘတွေ ဘာလုပ်ပေးလို့ရမလဲဆိုတာကို လေ့လာဖို့ လိုပါတယ်။

အခြေအနေများစွာမှာ မိမိကိုယ်ကို ထိန်းညှိနိုင်စွမ်း ရှိဖို့လိုအပ်ပါတယ်။ ကလေးတွေရဲ့နေ့စဉ်ဘဝမှာလည်း self-regulation လုပ်နိုင်စွမ်းက ရှိဖို့ လိုအပ်ပါတယ်။

ADHD (လှုပ်ရှားလွန်းပြီး အာရုံမစိုက်နိုင်တဲ့ရောဂါ) ရှိတဲ့ကလေးတွေ (သို့) အာရုံခံစားမှုလုပ်ငန်းစဉ်မှာ ပြဿနာများစွာရှိတဲ့ ကလေးတွေမှာ ဒီစွမ်းရည်မရှိကြပါဘူး။ ဆိုလိုတာက သူတို့ဟာ တစ်ခါတစ်ရံ စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ အခြေအနေတွေမှာ မိမိကိုယ်ကို ဘယ်လိုထိန်းညှိရမှာကို မသိတာကြောင့်ဖြစ်ပါတယ်။

- Advertisement -

(မိမိကိုယ်ကို ထိန်းညှိခြင်း) self-regulating ပြဿနာရှိတဲ့ ကလေး/ self-regulation ဆိုတာဘာလဲ?

(မိမိကိုယ်ကို ထိန်းချူပ်ခြင်း) self-control နဲ့ (မိမိကိုယ်ကို ထိန်းညှိခြင်း)self-regulation က ရောထွေးဖို့ လွယ်ကူသော်လည်း ၎င်းဟာ ဆက်စပ်နေတဲ့ ကွဲပြားသော အကြောင်းအရာ နှစ်ခုဖြစ်ပါတယ်။

Self-control – ဒါက ကလေးတွေရဲ့ စိတ်ခံစားမှုနဲ့ စိတ်လိုက်မာန်ပါရှိသော အပြုအမှုကို ထိန်းချုပ်ပေးတဲ့ လူမှုရေးကျွမ်းကျင်မှု တစ်ခုဖြစ်ပါတယ်။

Self-regulation – ဒါက ကျွမ်းကျင်မှုတစ်ခုဖြစ်ပေမယ့် ရှုပ်ထွေး၊ ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါ ခန္ဓာကိုယ်အပြုအမှုတွေ ၊စိတ်ခံစားမှုတွေ၊ အပြုအမှုတွေကို စီမံတာနှင့် ပတ်သတ်ပါတယ်။ ဒါက ကလေးတွေကို အခြေအနေပေါ်မှာ focus ထားပြီး အာရုံစိုက်စေနိုင်ပါတယ်။

Self-regulation က သူတို့စိတ်မချမ်းသာလျှင် စိတ်ရှုပ်ထွေးမှုမှ ကာကွယ်ဖို့ ဘယ်လိုတည်ငြိမ်အောင်လုပ်ရမလဲဆိုတာ သိစေပါတယ်။ ဥပမာအားဖြင့် ၄နှစ်အရွယ်ကလေးတစ်ယောက်ဟာ မိမိကိုယ်ကို ထိန်းညှိဖို့ သင်ယူနိုင်ခြင်း မရှိသေးတာကြောင့် ဝုန်းဒိုင်းကြဲပြီးဒေါသထွက်တာက ပုံမှန်ပဲဖြစ်ပါတယ်။ သို့သော် ၁၂နှစ်အရွယ်ကလေးတစ်ယောက် ဒီလိုလုပ်တယ်ဆိုရင် သူတို့မှာ self-regulating ပြဿနာရှိတယ်လို့ ဆိုလိုပါတယ်။

self-regulation က ဘယ်လိုအလုပ်လုပ်သလဲ?

self-regulation ကိုနားလည်ဖို့ အပူချိန်ညှိကိရိယာတစ်ခုရဲ့ အိုင်ဒီယာကို သင်စဉ်းစားနိုင်ပါတယ်၊ အပူချိန်ညှိကိရိယာက ဘာလုပ်သလဲ? အဆိုပါယန္တရားက အခန်းအပူချိန်ကို ထိန်းညှိဖို့ ဖြစ်ပါတယ်၊ အခန်းတစ်ခန်းမှာ အပူချိန်အချို့တတ်လာတဲ့အခါ ထိုကိရိယာက ပိတ်သွားပြီး အပူချိန်အောက်ကို ကျဆင်းသွားတဲ့အခါ ပြန်ပွင့်လာပါလိမ့်မယ်၊ အပူ ပိတ်လိုက်တဲ့ အမှတ်ကို သင်သတ်မှတ်ပါတယ်။

Self-regulation လည်းဒီဖြစ်စဉ်နဲ့ အလားတူပါပဲ။ကလေးတွေမှာ သူတို့ရဲ့စိတ်ခံစားမှုနဲ့ အပြုအမှုတွေကို သင့်လျော်စွာ ထိန်းချုပ်နိုင်စွမ်းရှိတဲ့ “set point” ရှိပါတယ်။

သို့သော် ထိန်းချုပ်မှုကို ဆက်ထိန်းထားဖို့ဆိုရင် သူတို့က သူတို့ရဲ့ set point ဟာ ဘယ်အခြေအနေမှာ သတ်မှတ်ပေးသလဲ ဆိုတာကို သိထားရပါတယ်။ သူတို့ဘယ်လိုခံစားနေရတယ်၊ ဘယ်လိုတုန့်ပြန်နေတယ်ဆိုတာကို သူတို့အကဲဖြတ်နိုင်ပါတယ် ။

“self-regulating နဲ့ ADHD ပြဿနာများ”

ADHD ရှိတဲ့ ကလေးတွေဟာ သူတို့ရဲ့စိတ်ခံစားမှုတွေကို ထိန်းချုပ်ဖို့ ခက်ခဲလေ့ရှိပါတယ်။ ဒီပြဿနာရှိတဲ့ ကလေးတွေဟာ သူတို့ရင်ဆိုင်ရတဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီး မသင့်လျော်စွာ ပြုမှုနိုင်ပြီး ဒေါသစိတ်နဲ့ ထိန်းချုပ်မှု ကင်းမဲ့ကြောင်း သိထားရပါမယ်။

ဒီအချက်တွေကြောင့် ကလေးတွေဟာ တစ်ခါတစ်ရံမှာ ပုံကြီးချဲ့တဲ့နည်းနဲ့ တုံ့ပြန်တတ်ကြပါတယ်၊ အကြောင်းက သူတို့မှာ ရပ်တန့်ဖို့နှင့် အခြေအနေကို စဉ်းစားဖို့၊ ဖြေရှင်းဖို့ နည်းလမ်းမရှာနိုင်တာကြောင့် ဖြစ်ပါတယ်။

” မိမိကိုယ်ကို ထိန်းညှိဖို့ နှင့် အာရုံခံစားမှုမှာ အခက်အခဲရှိသော ပြဿနာများ”

အာရုံခံစားမှု အခက်အခဲရှိတဲ့ ကလေးတွေဟာ ဦးနှောက်မှ ရုပ်ပိုင်းဆိုင်ရာ အာရုံတွေကို လက်ခံတုံ့ပြန်ရာမှာ ပြဿနာရှိခြင်း ဖြစ်ပါတယ်။ အနံ့၊ အရသာ၊ အကြား၊ အမြင်၊ အထိအတွေ့ကနေ သူတို့ရရှိတဲ့ သတင်းအချက်အလက်ကဲ့သို့သော sensory information သုံးခြင်းမှာ ပြဿနာတွေရှိတာဖြစ်ပါတယ်။ ပြဿနာရဲ့ မူလအစက မိမိကိုယ်ကို ထိန်းညှိဖို့ ခက်ခဲသော အာရုံကြောစနစ်ကြောင့်ဖြစ်ပါတယ်၊ တစ်ချို့သောအခြေအနေတွေမှာ သာမာန်အသံက သူတို့အတွက် အရမ်းကျယ်လောင်စေပါတယ်။ ဒီအကြောင်းကြောင့် ကလေးဟာ အာရုံခံ စိုးရိမ်ပူပန်မှု များစွာရှိသော အခြေအနေမှာ ရှိနေပါက ချုပ်တည်းခြင်းမရှိတဲ့ စိတ်ခံစားမှုနဲ့ အပြုအမှုများကို ဖြစ်ပေါ်စေသော မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။

” မိမိကိုယ်ကို ထိန်းညှိနိုင်စွမ်းရှိဖို့ ဘယ်အဆင့်တွေ လိုအပ်သလဲ?”

Self-awareness- အာရုံခံစားမှုအခက်အခဲရှိတဲ့ကလေး (သို့) ADHD ရှိတဲ့ကလေးပဲဖြစ်ဖြစ် ဘယ်အခြေအနေက စိတ်ဖိစီးမှုကို ဖြစ်စေသလဲဆိုတာ ကလေးမြင်အောင် ကူညီပေးဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် အဖြစ်အပျက်တစ်ခု ဖြစ်လာမယ်လို့ သင်ကြိုသိထားရင်၊ ကလေးအား မကောင်းသော တုံ့ပြန်မှု ဖြစ်စေလိမ့်မယ်ဆိုပါက သူတို့ကို ကြိုတင်သတိပေးထားနိုင်ပါတယ်။ သူတို့ဘာသာ ပြင်ဆင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

စိတ်လိုက်မာန်ပါမှုကို ထိန်းချုပ်ခြင်း- ADHD ဝေဒနာရှိတဲ့ ကလေးတစ်ယောက်ဟာ အချို့သောအခြေအနေတွေအတွက် အဖြေရှိကြောင်းကို သူတို့သိသည်ဖြစ်စေ/မသိသည်ဖြစ်စေ စိတ်ပျက်လာ၊ ဒေါသထွက်လာတဲ့ စိတ်လှုံ့ဆော်မှုကို ရှောင်ရှားနိုင်မှာ မဟုတ်ပါဘူး။ မိဘတွေအနေနဲ့ သူတို့ရဲ့စိတ်ခံစားမှုနဲ့ တုံ့ပြန်မှုတွေကို သင့်လျော်စွာ manage လုပ်ရာမှာ ကူညီပေးဖို့နှင့် ထိုပြဿနာတွေကို ကျော်လွှားနိုင်အောင် ကျွမ်းကျင်မှုတွေ သင်ကြားပေးဖို့ အရေးကြီးပါတယ်။

ရည်မှန်းချက်ချမှတ်ပါ- လက်တွေ့ကျပြီး သေးငယ်တဲ့ ပန်းတိုင်တွေ ချမှတ်ဖို့ ကြိုးစားပါ။ ဒါမှ တဖြည်းဖြည်းနဲ့ ကလေးက ပိုကြီးတဲ့ ပန်းတိုင်တွေကို ရောက်နိုင်ပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-yourmom

Chit MayMay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here