ကလေးတွေကို ဝေဖန်စဉ်းစားတွေးခေါ်မှုစွမ်းရည် သင်ကြားပေးခြင်းဟာ လူကြီးဘဝကို လျှောက်လှမ်းဖို့ သင်ယူခြင်းဖြစ်သလို နောက်ပိုင်းမှာ သူတို့ကို များစွာ အထောက်အကူပြုပါလိမ့်မယ်။ ကံမကောင်းစွာပဲ ကျောင်းအများစုက သင်ရိုးညွှန်းတမ်းကို အလွတ်ကျက်တဲ့နည်းစနစ်ဖြင့်သာ သွားကြပြီး ဝေဖန်စဉ်းစားတွေးခေါ်မှုကို အလေးထားပြီး သင်ပေးတာမျိုး၊ အရွယ်ရောက်သူတွေအနေဖြင့် ရှင်သန်ဖို့ လိုအပ်တဲ့ အရေးကြီးသော အရည်အချင်းတွေကို သင်ကြားပေးတာမျိုး ပျက်ကွက်လေ့ရှိပါတယ်။
Critical Thinking Skill မှာ ဆုံးဖြတ်ချက်(သို့) ထင်မြင်ချက်ကို ရရှိဖို့ သတင်းအချက်အလက်နှင့် ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အဓိပ္ပာယ်ကောက်ယူခြင်းတို့ ပါဝင်ပါတယ်။ ကလေးတွေဟာ ဝေဖန်စဉ်းစားတတ်တဲ့ စွမ်းရည်အမျိုးမျိုးကို တတ်မြောက်လာတာနှင့်အမျှ နောက်ပိုင်းမှာ ပိုမိုသိရှိနားလည်သော ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ကူညီပါလိမ့်မယ်။ ယနေ့မှာ မိဘတွေအနေနဲ့ မိမိတို့ကလေးတွေကို သင်ကြားပေးသင့်တဲ့ အရေးကြီးသော စဉ်းစားတွေးခေါ်နိုင်စွမ်း စွမ်းရည်တွေကို မျှဝေပေးချင်ပါတယ်။

၁။ COMPARE နဲ့ CONTRAST
Compare က တူညီချက်ရှာဖို့ နှိုင်းယှဉ်တာဖြစ်ပြီး Contrast သည် ခြားနားချက်ကိုရှာဖို့ နှိုင်းယှဉ်တာဖြစ်ပါတယ်။ ဒီကျွမ်းကျင်မှုမှာ နှိုင်းယှဉ်ခြင်းနှင့် သက်ဆိုင်သော အချက်တွေကို ဖော်ထုတ်ဖို့အတွက် ဘာသာရပ်တွေ (သို့) ဖြစ်စဉ်များ၊ အဖြစ်အပျက်များ၊ စနစ်များ၊ အရာဝတ္တုနှစ်ခုမှာ တူညီမှုတွေနဲ့ ကွဲပြားခြားနားမှုတွေကို ကြည့်ခြင်းပါဝင်ပါတယ်။ ကလေးတွေဟာ ဒီဝေဖန်စဉ်းစားတွေးခေါ်မှုစွမ်းရည်ကို သင်ယူဖို့ လိုအပ်ပါတယ်။ ဒါမှသာ စနစ်တစ်ခုရဲ့ သေးငယ်သောအပိုင်းများက တစ်ခုလုံးနဲ့ ဘယ်လို ဆက်စပ်တယ်ဆိုတာကို နားလည်နိုင်မှာ ဖြစ်ပါတယ်။
ကလေးအများစုက ကျောင်းကပြန်လာရင် ကစားမယ့် ဂိမ်းတစ်ခုကို ရွေးတဲ့အခါ (သို့) ဝတ်မယ့်အဝတ်အစားကို ရွေးတဲ့အခါ၊ နေလယ်စာစားချိန်မှာ မီနူးတွေရဲ့ တူညီချက်နဲ့ ခြားနားချက် နှိုင်းယှဉ်ကြည့်တဲ့အခါ နေ့တိုင်း ဒီကျွမ်းကျင်မှုကို အသုံးပြုပါတယ်။ မိဘတွေအနေနဲ့ အောက်ပါနည်းလမ်းတွေနဲ့ ကလေးကို ဒီကျွမ်းကျင်မှုတွေမှာ အလွယ်တကူ သင်ကြားပေးနိုင်ပါတယ်။

Venn diagram – ဒီအကူအညီက ကျွမ်းကျင်မှုကို သင်ကြားဖို့အတွက် အကောင်းဆုံးကိရိယာတစ်ခုဖြစ်ပါတယ်။ သင်ကြားရေးအထောက်အကူပစ္စည်းတွေက ကလေးတွေအား အရာဝတ္တုနှစ်ခုကြားရှိ ကွဲပြားခြားနားမှုတွေကို စာရင်းပြုစုခွင့်ပြုပါတယ်။ Venn diagram က အရာဝတ္တုတွေကို ဘယ်လိုခွဲခြားရမယ်ဆိုတာ လေ့လာနိုင်စေဖို့ ကလေးတွေကို ကူညီပါလိမ့်မယ်။ ဘယ်အရာက တူညီလဲ၊ ခြားနားလဲဆိုတာကို သူတို့နားလည်ပါလိမ့်မယ်။
ဒီနည်းလမ်းက ကလေးတွေကို ရေတွက်တိုင်းတာသော ကျွမ်းကျင်မှုကို သင်ကြားပေးပြီး သူတို့ကို ဂရပ်များမှ ကောက်ချက်ချဖို့လည်း ခွင့်ပြုပါတယ်။ မိဘတွေဟာ သူတို့ကလေးတွေကြိုက်တဲ့ရေခဲမုန့်တွေနဲ့ ပြီးခဲ့တဲ့လက ဘယ်နှစ်ကြိမ်စားခဲ့တယ်စတဲ့ အချက်အလက်တွေကို လွယ်ကူစွာရွေးချယ်နိုင်ပါတယ်။ ဘားဂရပ်က အချက်အလက်တွေရဲ့ ကွဲပြားခြားနားမှုတွေကို မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ နားလည်အောင် ကူညီပေးပါလိမ့်မယ်။
Compare and contrast cards- မတူညီတဲ့ အတွေးအခေါ် (သို့) အရာဝတ္တုနှစ်ခုကို နှိုင်းယှဉ်ဖို့ ကဒ်ပြားတွေကို သုံးနိုင်ပါတယ်။ ဥပမာ- မတူညီသော အသက်မွေးဝမ်းကျောင်း၊ အစားအစာ၊ တိရိစ္ဆာန် (သို့) အားကစားနှစ်ခုစီကို ချရေးနိုင်ါပတယ်။ ပြီးတော့ တူညီတဲ့အရာနှင့် ခြားနားတဲ့အရာနှစ်ခုကို စာရင်းပြုစုဖို့ သူတို့ကို ပြောပါ။ ကလေးတွေဟာ သူတို့ရဲ့ ဝေဖန်စဉ်းစားတွေးခေါ်နိုင်စွမ်းကို ထိရောက်စွာ အသုံးပြုတတ်ဖို့ ၊ သင်ယူနိုင်တာကြောင့် သမိုင်းအချက်အလက်တွေ(သို့) သူတို့ဖတ်တဲ့စာအုပ်တွေကဲ့သို့သော အထူးဘာသာရပ်တွေကို ဗဟုသုတတိုးချဲ့သွားနိုင်ပါတယ်။

၂။ ဘာ့ကြောင့် ဖြစ်ပျက်ခဲ့သလဲ ရှင်းပြတာ
ကွဲပြားခြားနားတဲ့ ဒေတာတွေကို compare and contrast လုပ်ဖို့ ကလေးတွေ လေ့လာပြီးနောက်မှာ ဘာ့ကြောင့် ဖြစ်ပေါ်တယ်ဆိုတာ နားလည်ဖို့ လိုအပ်ပါတယ်။ ကောင်းကင်က ဘာ့ကြောင့်ပြာသလဲ?(သို့) သူတို့မှာ နှာခေါင်း၊ မျက်လုံးတွေ၊ နားတွေ ဘာ့ကြောင့်ရှိသလဲ? ဆိုတာကို မေးမြန်းခြင်းဖြင့် ဒီအရာကို လက်တွေ့ကျကျ အသုံးချနိုင်ပါတယ်။ ဒါက ကလေးကလားဆန်သော်လည်း ဒီအချက်က သူတို့ပတ်ဝန်းကျင်နှင့် ပတ်သတ်ပြီး သူတို့ရဲ့ သိလိုစိတ်ကို ဖြစ်ပေါ်စေပါတယ်။ ကလေးတွေဟာ သဘာဝအားဖြင့် သိလိုစိတ်ရှိတာကြောင့် သူတို့ဟာ သေးငယ်သောအရာတွေနဲ့ ပတ်သတ်တဲ့ မေးခွန်းပေါင်းများစွာ မေးလာတာကို သင်သတိပြုမိပါလိမ့်မယ်။ ဒါကို ပုံမှန်ပြုလုပ်ဖို့ အားပေးပါ။ အသိပညာကို တိုးချဲ့နိုင်မှာ ဖြစ်ပါတယ်။
၃။ အတွေးအခေါ်တွေကို analyze လုပ်ပြီး ထင်မြင်ချက်ကို ဖော်ထုတ်တာ
သူတို့က မေးခွန်းတွေ မေးပြီးရင် ဘယ်အရာက ဆင်တူစေလဲ?နှင့် ဘယ်အရာက ခြားနားစေသလဲဆိုတာကို နားလည်ဖို့ ကြိုးစားကြပါတယ်။ ကလေးတွေဟာ ဒီအသိပညာကို ဘယ်လိုယူရမယ်၊ ထင်မြင်ချက်ကို ဘယ်လို ဖော်ထုတ်မယ်ဆိုတာကို လေ့လာသင့်ပါတယ်။ သူတို့အား တခြားဟာထက်ပိုကောင်းတဲ့ အစားအစာကို သူတို့ ဘာ့ကြောင့်ကြိုက်သလဲ? ဆိုတဲ့ မေးခွန်းမျိုးကို မေးနိုင်ပါတယ်။

၄။ အခြားသူတွေရဲ့ အမြင်တွေကို နားလည်တာ
ဝေဖန်စဉ်းစားတွေးခေါ်မှုရဲ့နောက်ထပ် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုက ကလေးတွေဟာ အခြားလူတွေရဲ့ ထင်မြင်ယူဆချက်တွေမှ ဘယ်လိုနားထောင်ရမယ်ဆိုတာ လေ့လာဖို့ လိုအပ်ပါတယ်။ မိဘအုပ်ထိန်းမှုမှာ သင့်ကလေးတွေအား အခြားလူတွေကို အလွယ်တကူ relate လုပ်နိုင်ပြီး ကမ္ဘာကြီးကို ကောင်းစွာရှုမြင်နိုင်စေချင်မှာ သေချာပါတယ်။ ၎င်းရဲ့ တစ်စိတ်တစ်ပိုင်းမှာ တခြားလူတွေရဲ့ ခံစားချက်တွေ၊ အတွေးတွေကို စဉ်းစားဖို့ သင်ကြားပေးခြင်းပါဝင်ပါတယ်။
သင့်ကလေးအား စာအုပ်တစ်အုပ်မှ ဇာတ်ကောင်တွေအကြောင်း မေးခွန်းတွေ မေးခြင်းဖြင့် ” ဒီလိုဖြစ်ပျက်တာနဲ့ ပတ်သတ်ပြီး သူတို့ဘယ်လိုခံစားရတယ်လို့ သင်ထင်သလဲ”၊ “သူ အခုအချိန်မှာ ဘာတွေ တွေးနေတယ်လို့ သားထင်သလဲ? ဟု မေးနိုင်ပါတယ်။ ဒါကတော့ သူတို့ဟာ အခြားသူတွေကို ဂရုစိုက်ဖို့နှင့် သူတို့ရဲ့ အမြင်နှင့် ထင်မြင်ချက်တွေကို ထည့်သွင်းဖို့ အလေ့အကျင့်ရရှိစေပါလိမ့်မယ်။
၅။ အနာဂတ်အတွက် ကြိုတင်တွက်ချက်တာ
မိဘအုပ်ထိန်းခြင်းရဲ့ အစိတ်အပိုင်းမှာ လက်ရှိအခြေအနေပေါ်မှာ အခြေခံပြီး အနာဂတ်ဖြစ်ရပ်တွေကို ဘယ်လိုကြိုတင်ဟောကိန်းထုတ်ရမယ်ကို သင်ကြားပေးခြင်း ပါဝင်ပါတယ်။ ဒီဝေဖန်စဉ်းစားတွေးခေါ်မှုစွမ်းရည်က ကလေးတွေအား အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာဖို့နှင့် အနာဂတ်မှာ ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ကူညီပါလိမ့်မယ်၊ သင်ဖတ်နေသော စာအုပ်မှာ ဘာဖြစ်လာမလဲဆိုတာကို ကြိုတင်ခန့်မှန်းဖို့ သူတို့အား တောင်းဆိုခြင်းဖြင့် စတင်နိုင်ပါတယ်။ ဒါမှမဟုတ် သူတို့ကြည့်နေတဲ့ ဇာတ်ကားက ဘယ်လိုအဆုံးသတ်မလဲ? ဆိုတာမျိုး ဖြစ်ပါတယ်။
၆။ တီတွင်ဖန်တီးမှုဆိုင်ရာ နည်းလမ်းတွေကို စဉ်းစားတာ
ကလေးတွေဟာ စဉ်းစားတွေးခေါ်မှုစွမ်းရည်ကို သုံးပြီး ပြဿနာတစ်ခုအား ဖြေရှင်းဖို့နည်းလမ်းကို သုံးကြပါတယ်။ နေ့စဉ်တစ်သက်တာမှာ သူတို့ဟာ နေ့စဉ်ပြဿနာအစ်တွေနဲ့အတူလာတာကို လေ့လာသင်ယူကြပါလိမ့်မယ်။ သို့သော် ဝေဖန်စည်းစားတွေးခေါ်မှုစွမ်းရည်က ဒါတွေကို ပိုမိုလွယ်ကူစွာ ဖြေရှင်းနိုင်ပါလိမ့်မယ်။
ဥပမာအားဖြင့် နေ့တိုင်း ကျောင်းကို နေ့လယ်စာ ယူသွားဖို့ ဘယ်လို သတိရအောင်လုပ်မလဲ ? ကဲ့သိုသော နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ ရိုးရှင်းသော ပြဿနာတွေကို ဖြေရှင်းနည်းရှာဖို့၊ သူတို့ကို မေးနိုင်ပါတယ်။ အိပ်ရာမဝင်ခင် မှတ်စုရေးပြီး ရေခဲသေတ္တာမှာ ကပ်ထားလို့ရတယ်လို့ သူတို့ကို ပြောပါ၊ ဒါမှမဟုတ် ကျောင်းမသွားခင် မနက်စောစောထပြီး ထမင်းဘူးထုပ်ဖို့ ကူညီနိုင်ပါတယ်။
သုတေသီများက ပြဿနာဖြေရှင်းဟာ ကျောင်းသားတွေကို စိတ်ကျန်းမာရေးပိုကောင်းအောင် ကူညီခြင်းနှင့် ပြဿနာတွေကို ရှောင်တာထက် ဦးစားပေးဖြေရှင်းဖို့ ကူညီပေးတယ်လို့ ဆိုပါတယ်။ လေ့လာမှုများအရ ပြဿနာဖြေရှင်းနိုင်စွမ်းမရှိသော ကလေးတွေဟာ စိတ်ကျရောဂါဖြစ်ပွားမှုနှုန်း မြင့်မားကြောင်း တွေ့ရှိရပါတယ်။
Chit_MayMay
LM_Nandar
Source-powerofpositivity
Chit_MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။