မိမိတို့ရဲ့ ဆယ်ကျော်သက်ကလေးတွေဘာတွေလုပ်နေလည်းဆိုတာ စောင့်ကြည့်သင့်/မသင့် ဖော်ပြပေးတဲ့ အချက် ၃ ချက်

0
273
- Advertisement -

ဆယ်ကျော်သက်အရွယ်ဆိုတာ ထိန်းကျောင်းရတာ အခက်ခဲဆုံးလို့ပြောရမှာပါ။ နောက်ပြီး သူတို့ရဲ့ ဘဝရှေ့ရေးအတွက် အရေးပါဆုံးသောအချိန်ကာလလည်းဖြစ်ပါတယ်။ သူတို့တွေ မိဘကွယ်ရာမှာ ဘာတွေလုပ်နေမလဲ၊ ဘယ်တွေသွားနေမလဲ၊ မဟုတ်တာတွေများလုပ်နေမလား..။ မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ပေါင်းပြီး လမ်းမှားရောက်နေမလား စသည်ဖြင့် ရင်တထိတ်ထိတ်နဲ့ စိတ်ပူနေရတဲ့ နေ့ရက်တွေလို့ ဆိုရမှာပါဘဲ။ ဒါပေမယ့်တစ်ခုရှိတာက သူတို့ဘာတွေလုပ်ပြီး ဘယ်တွေသွားနေလဲဆိုတာ အမြဲလိုမေးမြန်းပြန်ရင်လည်း ချုပ်ချယ်လွန်းတယ်ထင်ပြီး လွတ်ထွက်သွားပြန်မှာကို စိုးရိမ်ရပြန်ပါတယ်။ ဒီတော့ မိမိတို့ရဲ့ ဆယ်ကျော်သက်ကလေးငယ်တွေကို စောင့်ကြည့်လေ့လာသင့်/မသင့်ဆိုတာကို ချစ်မေမေစာဖတ်ပိရိတ်သတ်ကြီး သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ဘေးကင်းနေစေဖို့

မိဘတွေရဲ့ အဓိကတာဝန်တစ်ရပ်က မိမိတို့ကလေးငယ်တွေ လုံခြုံစိတ်ချဘေးကင်းစေဖို့ပါဘဲ။ ဆယ်ကျော်သက်အရွယ်ဆိုတာမျိုးက အရာရာကိုလက်တည့်စမ်းချင်ကြတဲ့ အရွယ်ဖြစ်ပါတယ်။ ခေတ်ကာလကြီးရဲ့ အခြေအနေအရ မလိုလားအပ်တဲ့ မူးယစ်ဆေးဝါးပြဿနာအရှုပ်အထွေးတွေ၊ ဒါ့အပြင် ရင်ခုန်စိတ်လှုပ်ရှားတတ်စအရွယ်ဖြစ်တာကြောင့် ဆန့်ကျင်ဘက် ဖို/မ ပြဿနာတွေ အစရှိတဲ့ ကိစ္စတွေမှာ မဖြစ်သင့်တာ မဖြစ်ရလေအောင် စောင့်ကြည့်လေ့လာမေးမြန်းသင့်တယ်လို့ဆိုရမှာပါဘဲ။ ဒါပေမယ့် သူတို့ကိုမေးမြန်းပြောဆိုတဲ့အခါမျိုးမှာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ(Privacy) ကိုလေးစားမှုရှိကြောင်း၊ ပြဿနာတစ်ခုခုဖြစ်ပွားမှာကို စိုးရိမ်စိတ်ရှိတာကြောင့်သာ မေးမြန်းရခြင်းဖြစ်ကြောင်း အစရှိသည်ဖြင့် နားလည်သဘောပေါက်အောင် မေးမြန်းတာမျိုးက မိဘနဲ့ သားသမီးဆက်ဆံရေးကို အကောင်းဆုံးဖြစ်စေနိုင်လိမ့်မယ်လို့ အကြံပြုချင်ပါတယ်။

- Advertisement -

၂။ စဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ အရွယ်မရောက်သေး

ဉာဏ်အမြော်အမြင်(ဝါ) ဉာဏ်ရည်ဉာဏ်သွေးမြင့်မားတဲ့ကလေးငယ်တွေတောင် စိတ်ပိုင်းဆိုင်ရာနဲ့ လောကအတွေ့အကြုံလိုအပ်ချက်များစွာရှိနေသေးပါတယ်။ အမှတ်မထင်ပြုလုပ်လိုက်မိတဲ့ အမှားလေးတစ်ခုက ဘဝတစ်လျှောက်လုံးကို ကမောက်ကမဖြစ်သွားစေနိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်ဆိုတာ ဆယ်ကျော်သက်အတွေးအခေါ်ဘဲရှိနေနိုင်သေးတာမို့ မိမိတို့ရဲ့ကလေးငယ်တွေ ဘာတွေလုပ်နေလည်းဆိုတာ လေ့လာစောင့်ကြည့်တာက သူတို့အဆင်သင့်မဖြစ်သေးတဲ့ လွတ်လပ်မှုကို အကောင်းဆုံးကူညီထောက်ပံ့ပေးခြင်းတစ်မျိုးလည်း ဖြစ်ပါတယ်။

၃။ အမှန်အတိုင်းပြောဆိုနေထိုင်ဖို့

နည်းပညာအကျိုးများသော ခေတ်ကာလမို့ ခေတ်နဲ့အညီရင်ဘောင်တန်းနိုင်အောင်၊ နည်းပညာနဲ့အကျွမ်းတဝင်ရှိစေအောင် ဆယ်ကျော်သက်လူငယ်တော်တော်များမှာ ကိုယ်ပိုင်စမတ်ဖုန်းတွေ ပိုင်ဆိုင်ကြပါတယ်။ ဒါပေမယ့် နည်းပညာမှာလည်း ကောင်းတဲ့အရာတွေရှိသလို ဆိုးဝါးတဲ့အရာတွေရှိပါတယ်။ အချို့သော ခေတ်နဲ့အညီ နည်းပညာနဲ့အကျွမ်းတဝင်ရှိတဲ့ မိဘများအနေနဲ့ကတော့ မိမိတို့ရဲ့ ဆယ်ကျော်သက်ကလေးတွေကို အသုံးပြုရမည့် ဝက်ဘ်ဆိုဒ်များ၊ ကန့်သတ်ရမယ့်ဝဘ်ဆိုဒ်များ အစရှိသည်ဖြင့် ပြုလုပ်သုံးစွဲစေပြီး မိမိတို့ရဲ့ စမတ်ဖုန်း၊ လက်တော့ပ်ကွန်ပြူတာ အစရှိတာကနေ မိမိတို့ရဲ့ကလေးငယ် ဘယ်လိုဝဘ်ဆိုဒ်မျိုးကို ဝင်ရောက်ကြည့်ရှုတယ်၊ လေ့လာတယ် အစရှိသဖြင့် သိရှိနိုင်ကြပါတယ်။ ဒါပေမယ့် နည်းပညာနဲ့ အကျွမ်းတဝင်မရှိတဲ့ မိဘများအနေနဲ့ကတော့ မိမိတို့ရဲ့ ဆယ်ကျော်သက်ကလေးငယ်တွေ ဘာတွေပြုလုပ်၊ လေ့လာကြည့်ရှုနေတယ်ဆိုတာမျိုးကို သိရှိစေနိုင်ဖို့ကတော့ လူကြီးသူမများရှေ့တွင်သာ ဖုန်း၊ ကွန်ပြူတာ အစရှိတာတွေကို အသုံးပြုစေသင့်ပါတယ်။ ဒါဟာ ချုပ်ချယ်တာမဟုတ်ဘဲ မိဘအုပ်ထိန်းမှုသာဖြစ်ကြောင်း၊ ဘယ်လိုပြဿနာမျိုးနဲ့ဘဲကြုံရကြုံရ သူတို့ကိုဖွင့်ပြောစေလိုကြောင်း၊ သူတို့အပေါ်ချစ်မြတ်နိုးနေမှာဖြစ်တဲ့အကြောင်း အစရှိသည်တို့ကိုလည်း ပြောဆိုထားတာက မိဘနဲ့ သားသမီးကြား အက်ကြောင်းမဖြစ်ပေါ်စေဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်ဆိုတဲ့အကြောင်းဖော်ပြပေးလိုက်ပါတယ်။

Ref- imom

LEAVE A REPLY

Please enter your comment!
Please enter your name here