ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ယုံကြည်ဖို့ အခက်အခဲတွေကြုံလာတဲ့အခါ သင့်စိတ်ကို ပြောင်းလဲပေးနိုင်သော အနုပညာရှင်တွေက သက်သေတွေအများကြီးပြနိုင်ပါတယ်။ အဓိကကတော့ သင့်ရဲ့ ဆက်ဆံရေးနှင့်ပတ်သက်ရင် ၎င်းကို အရေးကြီးသောနေရာမှာ ထားပြီး သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်ကို ယူဖို့ဖြစ်ပါတယ်။
ဒီကနေ့မှာ ခိုင်မာသောဆက်ဆံရေးကို တည်ဆောက်ခဲ့ကြပြီး သူတို့ရဲ့ ဘဝတွေကို ပိုမိုကောင်းမွန်စွာ တည်ဆောက်နိုင်ကြသော နာမည်ကြီးအနုပညာတစ်ချို့နဲ့ မျှဝေပေးမှာဖြစ်ပါတယ်။
၁။ Ryan Reynolds
Ryan Reynold နှင့် Blacke Lively တို့စုံတွဲဟာ ဟောလိဝုဒ်မိသားစုတွေထဲက စံပြနမူနာကောင်းမိသားစုတွေဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်မှာ သမီး (၃) ယောက်ရှိပြီး Ryan က ဒီအရာနဲ့ပတ်သက်ပြီး ဒါက အိပ်မက်တစ်ခုလိုပါပဲ၊ သူတို့က အကောင်းတကာ့အကောင်းဆုံးပါ၊ ကျွန်တော်ကတော့ အရမ်းသဘောကျတယ်လို့ သူခံစားရတာတွေကို ပြောပြခဲ့ပါတယ်။
Black ဟာ သူ့ဘဝရဲ့ ကြီးမားသော အခန်းကဏ္ဍမှာ ပါဝင်ပြီး သူမနဲ့ပတ်သက်ပြီးလည်း မင်းဟာ ဒီမိသားစုရဲ့ မျှဝေမှုတိုင်းရဲ့ နှလုံးသားနှင့် ဝိညာဉ်ပါပဲ။ ငါတို့ဘဝရဲ့ စက္ကန့်တိုင်းကို မင်းရဲ့ အလင်းပေးမှုနှင့် ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ငါတို့သားသမီးတွေထဲ မင်းကိုပဲ ငါမြင်တယ် စသော အင်စတာဂရမ်ပို့စ်များက အမျိုးသမီးဖြစ်သူကို ဘယ်လောက်အထိ ချစ်မြတ်နိုးကြောင်း တွေ့မြင်ရနိုင်ပါတယ်။
၂။ Chris Hemsworth

Chris Hemsworth ဟာ အောင်မြင်သော သရုပ်ဆောင်တစ်ဦးဖြစ်ရုံမက ခင်ပွန်းကောင်းတစ်ဦးဖြစ်ပြီး စံပြဖခင်တစ်ဦးလည်းဖြစ်ပါတယ်။ သူ့မှာရှိသမျှ အရာရာက သူ့ဇနီး Elsa Pataky ရဲ့ ကျေးဇူးကြောင့်ပါလို့ ပြောလို့မကြောက်သူမျိုးဖြစ်ပါတယ်။ ကျွန်တော့်မိန်းမက သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို စွန့်လွှတ်လိုက်ပြီး ကလေးတွေအတွက်ပဲ အချိန်ပေးခဲ့တယ်၊ ကျွန်တော့်ကို အကောင်းဆုံးပံ့ပိုးပေးခဲ့တယ်။ ဒီအတွက် ကျွန်တော်က အရမ်းကျေးဇူးတင်ပါတယ် အမျိုးသမီးဖြစ်သူကို ကျေးဇူးတင်ဖို့ ဘယ်တော့မှ မမေ့နဲ့ စံပြသရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။
၃။ Prince William

မင်းသားဝီလျံက * ကလေးမွေးတာဟာ ဘဝမှာ အကြီးမားဆုံးပြောင်းလဲနေတဲ့အခိုက်အတန့်ပါ၊ ဒါပေမယ့် ကြောက်စရာအကောင်းဆုံးအချိန်လည်း ဖြစ်ပါတယ်* လို့ ဖွင့်ဟခဲ့ဖူးပါတယ်။ မိသားစုတစ်ခုရှိလာဖို့က ခက်ခဲသော အရာတစ်ခုဖြစ်ကြောင်း သူ့ဇနီးက သူ့အတွက် အမြဲရှိနေကြောင်း မကြာခဏပြောတတ်သူလည်းဖြစ်ပါတယ်။
တစ်ခါမှာတော့ မင်းသားဝီလျံက Kate မှာ အရမ်းအေးတဲ့လက်တွေရှိပါတယ်။ လူတွေပြောကြသလို လက်အေးတဲ့လူတွေက နွေးထွေးတဲ့ နှလုံးသားရှိကြတယ်ဆိုတာက တကယ်မှန်ပါတယ်လို့ ရယ်စရာတစ်ခုအနေနဲ့ပြောခဲ့ပေမယ့် သူ့စကားတွေမှာ နွေးထွေးမှုအပြည့်ပါဝင်နေပါတယ်။
၄။ Jimmy Fallon

Jimmy Fallon နှင့် Nancy Juvonen တို့ဟာ ၂၀၀၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး အငှားကိုယ်ဝန်ဖြင့် ကလေး(၂) ယောက်ထွန်းကားခဲ့ပါတယ်။ ဂျင်မီအတွက် ဖခင်တစ်ယောက်ဖြစ်ရခြင်းမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး၊ အံ့ဩဖွယ်အကောင်းဆုံးအရာဖြစ်ပါတယ်။ သူ့ဘဝမှာ ဒီလိုအေးချမ်းမှုမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့လည်း ပြောခဲ့ဖူးပါတယ်။
ဒါ့အပြင် ဇနီးဖြစ်သူအတွက် ကျွန်တော်အမျိုးသမီးသာမရှိရင် ကျွန်တော်က ဘာမှမဟုတ်ဘူး၊ သူက အခမ်းနားဆုံးနှင့် အလန်းဆုံးအမျိုးသမီးတစ်ယောက်ပါ။ ဉာဏ်အကောင်းဆုံးနှင့် ဟာသဉာဏ်အရွှင်ဆုံးဆိုရင်လည်း မမှားပါဘူး။ ကျွန်တော်က သူမကို အရမ်းချစ်တယ် လို့ မကြာခဏပြောတတ်သူဖြစ်ပါတယ်။
၅။ Matthew McConaughey

မိသားစုဘဝမှာ အေးချမ်းပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိခဲ့သော သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ Matthew McConaughey ဟာ ဇနီး၊ သားသမီးတွေနှင့် အချိန်များများပေးတတ်သူဖြစ်ပြီး ဒီအရာကိုလည်း သဘောကျနှစ်သက်သူဖြစ်ပါတယ်။ ငါ့ဘဝက ထင်တာထက်ပိုပြီး လေးနက်ခက်ခဲခဲ့တယ်၊ ဒီအချိန်မှာ Camila ဆီမှာ ငါ့ဘဝရဲ့ အချစ်ကို တွေ့ခဲ့တယ်။ ငါတို့မှာ ကလေးလေးရောက်လာတယ်၊ ငါ့မှာ ရယ်တာ၊ ပျော်တာ၊ ဝမ်းနည်းတာ၊ ဒေါသထွက်တာတွေအကြောင်း ပိုသိလာတယ်၊ ပိုများလာတယ်လို့ သူ့ဘဝမိသားစုအချိန်တွေအကြောင်း ပြောပြခဲ့ပါတယ်။
Chit_May_May
Nyein_Thu
ref-brightside