မိသားစုအတူတူ ခရီးမထွက်ချင်သူတွေ ပြောလေ့ရှိတဲ့ ဆင်ခြေများ

0
155
- Advertisement -

လူတစ်ယောက်အတွက် မိသားစုဆိုတာဟာ ကမ္ဘာပေါ်မှာ အရေးကြီးဆုံးနဲ့ အရေးပါဆုံးအရာပါ။ ကိုယ့်အပေါ်မှာ နားလည်နိုင်ဆုံး၊ အနစ်နာခံဆုံး၊ အချစ်ဆုံးဟာ မိသားစုသာဖြစ်ပေမယ့်လည်း တချို့လူတွေကတော့ မိသားစုရဲ့တန်ဖိုးကို နားလည်သဘောမပေါက်ကြပါဘူး။ သူများတကာတွေလိုမျိုး မိသားစုအတူတူ ခရီးသွားပါဆိုရင် ဟိုလိုကြောင့်၊ ဒီလိုကြောင့်ဆိုပြီး အကြောင်းအရင်းအမျိုးမျိုး၊ ဆင်ခြေအမျိုးမျိုး ပေးတတ်ကြပါတယ်။ အထူးသဖြင့် ကလေးငယ်လေးရှိတဲ့ မိသားစုတွေပါ။ ဟုတ်ပါတယ်၊ တစ်ချို့မိသားစုတွေအနေနဲ့တော့ ခရီးထွက်ဖို့အဆင်မပြေဘူးဆိုပေမယ့် ကလေးတွေကိုအကြောင်းပြုပြီး အမြဲပေးလေ့ရှိတဲ့ ဆင်ခြေတွေက ကြာလာတော့ရိုးလာပါပြီ။

သွားခဲ့တဲ့အမှတ်တရတွေကို ကလေးမှတ်မိနိုင်လောက်တဲ့ အရွယ်ထိစောင့်သင့်တယ်

ဟုတ်ပါပြီ၊ ကလေးတွေက ငယ်သေးတာကြောင့် သူတို့သွားခဲ့တဲ့ နေရာတွေနဲ့ပတ်သက်ရင် အသေးစိတ်အားလုံးကို မမှတ်မိနိုင်ပါဘူး သို့သော်လည်း အရွယ်ရောက်ပြီးသား လူကြီးတွေတောင်မှ အရင်အပတ်တုန်းက သူတို့ဘာလုပ်ခဲ့လဲဆိုတာကိုတောင် ပြန်မှတ်မိဖို့ခက်ခဲကြတယ်ဆိုတာကိုလည်း လက်ခံလိုက်ပါ။ ဒါကြောင့် ကိုယ်သွားခဲ့တဲ့နေရာကို ကလေးမှတ်မိဖို့အတွက် ၁၅ နှစ်လောက်စောင့်ဆိုင်းပြီး အချိန်တွေအလဟဿအကုန်မခံဘဲ အခုကတည်းက အတူတူခရီးသွားလိုက်ပါ။

- Advertisement -

ကလေးတွေနဲ့ခရီးသွားရတာ အရမ်းခက်ခဲတယ်

အခုမှ မိဘဖြစ်ကြသူတွေ ပြုလုပ်တတ်တဲ့ အကြီးမားဆုံးအမှားဟာ ကလေးမရလာခင်တုန်းက ပုံစံအတိုင်း ခရီးသွားဖို့ ကြိုးစားကြခြင်းပါပဲ။ အရင်တုန်းကနဲ့ အခုမတူတော့သလို ကိုယ့်ရဲ့လိုအပ်ချက်၊ မျှော်မှန်းချက်၊ ပြင်ဆင်မှုတွေကိုလည်း ပြောင်းလဲသင့်ပါပြီ။ အခြေအနေ၊ အချိန်အခါတွေပြောင်းသွားတယ်ဆိုတိုင်း ခရီးမသွားရတော့ဘူးလို့ မဆိုလိုပါဘူး။ ကြိုတင်ပြင်ဆင်မှုတွေလုပ်ပြီး ဖြေးဖြေးနှေးနှေးနဲ့ ခရီးသွားဖို့သာလိုအပ်တာပါ။

Baby လေးတွေနဲ့အတူ ခရီးသွားရတာ တော်တော်ပင်ပန်းတယ်

ဒီဆင်ခြေကိုပြောဖို့က ကိုယ့်ရဲ့ကလေး အသက်အရွယ်ကို ပြန်ကြည့်သင့်ပါတယ်။ တောက်တောက် တောက်တောက်နဲ့ လျှောက်သွားတတ်နေပြီဖြစ်တဲ့ ကလေးတွေနဲ့ ခရီးသွားရတာထက် လမ်းမလျှောက်တတ်သေးတဲ့ ကလေးနဲ့အတူ ခရီးသွားရတာက ပိုပြီးလွယ်ကူလွန်းလှပါတယ်။ စားလိုက်၊ အိပ်လိုက်၊ အပေါ့အလေးသွားလိုက်နဲ့ တစ်နေကုန်အလုပ်ရှုပ်နေလို့ အနောက်ကနေ လိုက်ဆွဲနေရတာမျိုးမရှိပါဘူး။

ကလေးတွေက လေယာဥ်ပေါ်မှာဆို ကောင်းကောင်းမနေဘူး

တစ်ချို့ကလေးတွေက လေယာဥ်ပေါ်မှာ ငြိမ်ငြိမ်မနေဘူးဆိုတာ မှန်ပေမယ့်လည်း လူကြီးတွေလည်း ထိုနည်းတူပါပဲ။ ဆိုးရွားတဲ့ခရီးသည်တွေဆိုပြီးတော့ ကလေးတွေအားလုံးကို အမည်မတပ်လိုက်ပါနဲ့။ ကလေးတွေမို့လို့ တစ်ခါတစ်လေ ငိုတတ်တာရှိနိုင်တယ်ဆိုပေမယ့်လည်း ငယ်ငယ်လေးကတည်းက အကျင့်လုပ်ထားမယ်ဆိုရင် တဖြည်းဖြည်းကြီးလာတဲ့အခါ ပိုပြီးလွယ်ကူသွားပါလိမ့်မယ်။

ကလေးတွေသွားချင်တဲ့နေရာပဲ သွားလို့ရမှာ

ကလေးတွေရှိလာပြီဆိုတာနဲ့ပဲ တစ်သက်လုံး ကစားကွင်းတွေ၊ တိရိစ္ဆာန်ရုံတွေပဲ သွားရမယ်လို့ အမိန့်ချလိုက်တာမဟုတ်ပါဘူး။ ကိုယ်သွားချင်တဲ့နေရာတွေချည်းပဲ သွားရမယ့်စာရင်းထဲထည့်ထားလို့မရဘဲ ကလေးတွေစိတ်ပါဝင်စားမှုရှိမယ့်နေရာလေးတွေကိုလည်း ရောစပ်ထားမယ်ဆိုရင် ပြဿနာရှာမှာမဟုတ်ပါဘူး။

အထုပ်တွေအများကြီးသယ်ရမယ်

ဟုတ်ပါတယ်၊ ငယ်သေးတဲ့ကလေးတွေနဲ့ ခရီးသွားရမှာဖြစ်တဲ့အတွက်ကြောင့် ဟိုဟိုဒီဒီအများကြီးထည့်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဒါဟာ ခဏတာအဆင်မပြေမှုပါ။ လေဆိပ်မှာ အထုပ်အပ်ပြီးပြီဆိုတာနဲ့ လေယာဥ်ဆင်းတဲ့အခါ အထုပ်တွေကူသယ်ပေးမယ့် အထမ်းသမားလေးတွေ ငှားလိုက်ပါ။ တက္ကစီတွေ၊ ဘတ်စ်ကားတွေစီးမယ့်အစား လေဆိပ်က ကားတွေကို တခါတည်းငှားလိုက်ပါ။ ပုံမှန်ထက် ပိုက်ဆံပိုကုန်လိမ့်မယ်ဆိုပေမယ့်လည်း ဝန်တော့ပိုပေါ့သွားပါလိမ့်မယ်။

#Chit_May_May

#Thinzar

Ref-nomadicmatt

LEAVE A REPLY

Please enter your comment!
Please enter your name here