ကိုယ်ဝန်ဆောင်ရဲ့ တတိယကာလဟာ အရမ်းအရေးကြီးတဲ့ ကာလဖြစ်သလို ကိုယ်ဝန်ဆောင်မိခင်တွေအတွက် စိုးရိမ်စိတ်တွေ များလာတဲ့ကာလ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တိုင်းက ကျန်းကျန်းမာမာနဲ့ ကလေးမွေးဖွားဖို့ ဆောင်ရန်/ရှောင်ရန်များကို သိထားဖို့ လိုသလို ကလေးမွေးရက် ရောက်လာတော့မယ် ဆိုတာ ပြောပြနိုင်တဲ့ အစောပိုင်းလက္ခဏာ တစ်ချို့ကို သိရှိထားဖို့လိုပါတယ်။ကိုယ်ဝန်ဆောင်ကာလရဲ့ နောက်ဆုံးအပတ်တွေမှာ မီးဖွားမယ့် လက္ခဏာတွေ ဘယ်အချိန်မှာ ဘယ်လို ဖြစ်ပေါ်မလဲ၊ ဘယ်လောက်ကြာမလဲ၊ ကလေးမွေးဖို့အချိန်ကျ၊မကျ ဘယ်လိုသိနိုင်လဲ ဆိုတာ သိရှိစေဖို့ အတွေ့အကြုံမရှိသေးတဲ့ မိခင်လောင်းတွေအတွက် မျှဝေပေးလိုက်ပါတယ်။

၁။ ကိုယ်အလေးချိန်တိုးခြင်းဟာ ရပ်တန့်သွားပြီး ကိုယ်အလေးချိန် နည်းနည်းလျော့လာတာကို ခံစားရပါလိမ့်မယ်

ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးကာနီးမှာ ကိုယ်အလေးချိန်တိုးတာ ရပ်တန့်သွားပါလိမ့်မယ်။ တစ်ချို့ကိုယ်ဝန်ဆောင်သည်တွေက ကိုယ်အလေးချိန် နည်းနည်းလျော့သွားတာကိုလည်း ခံစားရပါတယ်။ သင့်ကလေးရဲ့ ကိုယ်အလေးချိန်က ဆက်လက်တိုးနေဆဲဆိုရင်၊ မိခင်ဖြစ်ဖြစ် ကလေးဖြစ်ဖြစ် ဘာဆိုးကျိုးသက်ရောက်မှုမှ မခံစားရဘူးဆိုရင် ဒါက ပုံမှန်ပဲဖြစ်လို့ မစိုးရိမ်ပါနဲ့။ ကလေးရဲ့ မွေးဖွားတဲ့ ကိုယ်အလေးချိန်ကို မသက်ရောက်ပါဘူး။
၂။ မွေးလမ်းကြောင်းကထွက်တဲ့ အရည် ပြောင်းလဲမှုနှင့် အရောင်ရှိမရှိ ရှာဖွေပါ

မွေးဖွားခါနီးရက်မှာ မွေးလမ်းကြောင်း အရည်ဆင်းခြင်းက တိုးလာတာကို သတိထားမိနိုင်ပါတယ်။ ဒီကာလအတွင်း အရည်ဆင်းခြင်းက ပုံမှန်ထက်ပိုပြီးလည်း ပျစ်ပါလိမ့်မယ်။ ဒါက သားအိမ်ကိုဖွင့်ပေးတဲ့ အရည်အိတ်ကြောင့် ဖြစ်ပါတယ်၊ ပန်းရောင်လို သွေးအရောင်ဖျော့ဖျော့ အရည်ဆင်းတာက bloody show လို့ခေါ်ပြီး မကြာခင်မွေးတော့မယ်လို့ ညွှန်ပြနေတာလည်း ဖြစ်ပါတယ်။
၃။ ကြွက်တတ်သလို ခံစားရပါလိမ့်မယ်

ဓမ္မတာလာစဉ်မှာဖြစ်တတ်တဲ့ ကျောအောက်ပိုင်း၊ ဝမ်းဗိုက်အောင့်ပိုင်းနာကျင်သလို၊ ကြွက်တတ်သလို ခံစားနေရရင် မကြာခင်မှာ မွေးနိုင်တဲ့ လက္ခဏာလည်းဖြစ်ပါတယ်။ ဒီနာကျင်မှုက သင့်ခြေထောက်တွေဆီလည်း ပျံ့နှံ့ရောက်ရှိနိုင်ပါတယ်။
၄။ ကြွက်သားတွေ ကျုံ့လာခြင်းက ပြင်းထန်ပြီး မကြာခဏပိုဖြစ်လာတာ

သားအိမ်ကြွက်သားတွေ ကျုံ့လာခြင်းက ပြင်းထန်ပြီး ခဏခဏ ဖြစ်လာတာဆိုရင် မွေးခါနီးလက္ခဏာဖြစ်တာကြောင့် ဆရာဝန် သို့ သွားဖွားဆရာမခေါ်ရမယ့် အချိန်ဖြစ်ပါတယ်။
၅။ ကလေးက တင်ပါးဆုံးရိုးထဲသို့ ကျရောက်နေသလို ခံစားရတာ

ဒါက အထူးသဖြင့် သားဦးမိခင်တွေမှာ ဖြစ်တတ်ပါတယ်။ သားဦးမိခင်တွေဟာ တင်ပါးဆုံရိုးထဲကို ကလေး ကျရောက်နေသလို ခံစားရပါလိမ့်မယ်။ ဗိုက်နှင့် ဆီးစပ်မှာတင်းပြီး နာကျင်သလိုခံစားရပါလိမ့်မယ်။ ဒါက ပုံမှန်အားဖြင့် မမွေးခင် ၂ပတ်မှ ၄ပတ်အကြာ ဖြစ်ပေါ်ပေမယ့် ကွဲပြားနိုင်ပါတယ်။ ဒီခံစားမှုမျိုး ခံစားရလျှင် ဆရာဝန်ကို အသိပေးပါ။ ကလေးရဲ့ ခေါင်းဟာ အောက်စိုက်နေပြီး ထွက်မယ့်အနေအထားကို ရောက်ရှိတာကြောင့် ဖြစ်ပါတယ်။
ဒီခံစားမှုက ကလေးတကယ်မွေးတဲ့အချိန်မှသာ ဖြစ်ပေါ်တာ ဖြစ်ပါတယ်။
၆။ ကျောအောက်ပိုင်းနာကျင်မှု ခံစားရပါတယ်

ကလေးမွေးချိန်နီးလာလေ သင့်နောက်ကျောနှင့် ပေါင်ခြံ နာကျင်မှုကို တွေ့ကြုံခံစားရနိုင်ပါတယ်။ ဒါက ကလေးမွေးဖို့အတွက် တာဝန်ရှိတဲ့ ကြွက်သားတွေ ရွေ့လျားခြင်း၊ ဆန့်ထုတ်ရခြင်းကြောင့်ဖြစ်ပါတယ်။
၇။ သင့်ကလေးအတွက် အဆင်သင့်ဖြစ်စေချင်ပြီး အိမ်လေးကို သပ်သပ်ရပ်ရပ် ဖြစ်စေချင်လာပါတယ်

မိခင်လောင်းအတော်များများက မွေးရက်နီးကပ်လာတာနှင့်အမျှ အသိုက်အမြုံတည်ဆောက်ရမယ့် အသိစိတ်က ဖွံ့ဖြိုးလာပါတယ်။ အိမ်လေးကို သန့်သန့်ရှင်းရှင်း ဖြစ်စေချင်လာတယ်၊ မိသားစုဝင်အသစ်လေးကို ကြိုဆိုဖို့ အရာအားလုံးကို ပြင်ဆင်စုဆောင်းချင်လာတဲ့ ခံစားမှုမျိုး ခံစားရပြီဆိုင် သင်ကာလရှည် စောင့်ဆိုင်းနေရတဲ့ နေ့ကို ရောက်ခါနီးပါပြီ။ မွေးတောမယ့် အပတ် သို့ နောက်ဆုံးရက်တွေဟာ အိပ်ပျော်ဖို့ ခက်ခဲလာပြီး ပိုပင်ပန်းလာသလို ခံစားရပါလိမ့်မယ်။ ဒီလိုကိစ္စတွေ ဖြစ်လာရင် ဆရာဝန်ကို အသိပေးရပါမယ်။
၈။ သားအိမ်ခေါင်းဟာ စတင်ချဲ့လာပါတယ်

ကလေးမွေးဖွားဖို့အတွက် ပြင်ဆင်မှုအဖြစ် မမွေးခင် ရက်သတ္တပတ် သို့မဟုတ် ရက်အနည်းငယ်မှာ သားအိမ်ခေါင်းက ပါးလာပြီး စတင်ပြီး တဖြည်းဖြည်း ပွင့်လာပါတယ်။ ကလေးကို ချောချောမွေ့မွေ့ မွေးဖွားနိုင်ဖို့ သားအိမ်ရော သားအိမ်လမ်းကြောင်းပါ စတင်ပြီး တဖြည်းဖြည်း သူ့ဘာသာသူ ချဲ့ပြီးကျယ်လာပါလိမ့်မယ်။ ဒါပေမယ့် မိခင်လောင်းတစ်ဦးနှင့် တစ်ဦးက မွေးဖွားပုံခြင်းမတူတာကြောင့် သားဖွားဆရာမ သို့ ဆရာဝန်နှင့် ပုံမှန်စစ်ဆေးဖို့ အရေးကြီးတယ်ဆိုတာ သတိရပါ။
Chit_MayMay
Source-brightside
မီးဖြားေတာ့မယ့္ အေစာပိုင္း လကၡဏာေတြကို ဘယ္လိုသိႏိုင္မလဲ?
ကိုယ္ဝန္ေဆာင္ရဲ႕ တတိယကာလဟာ အရမ္းအေရးႀကီးတဲ့ ကာလျဖစ္သလို ကိုယ္ဝန္ေဆာင္မိခင္ေတြအတြက္ စိုးရိမ္စိတ္ေတြ မ်ားလာတဲ့ကာလ ျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္တိုင္းက က်န္းက်န္းမာမာနဲ႔ ကေလးေမြးဖြားဖို႔ ေဆာင္ရန္/ေရွာင္ရန္မ်ားကို သိထားဖို႔ လိုသလို ကေလးေမြးရက္ ေရာက္လာေတာ့မယ္ ဆိုတာ ေျပာျပႏိုင္တဲ့ အေစာပိုင္းလကၡဏာ တစ္ခ်ိဳ႕ကို သိရွိထားဖို႔လိုပါတယ္။ကိုယ္ဝန္ေဆာင္ကာလရဲ႕ ေနာက္ဆုံးအပတ္ေတြမွာ မီးဖြားမယ့္ လကၡဏာေတြ ဘယ္အခ်ိန္မွာ ဘယ္လို ျဖစ္ေပၚမလဲ၊ ဘယ္ေလာက္ၾကာမလဲ၊ ကေလးေမြးဖို႔အခ်ိန္က်၊မက် ဘယ္လိုသိႏိုင္လဲ ဆိုတာ သိရွိေစဖို႔ အေတြ႕အႀကဳံမရွိေသးတဲ့ မိခင္ေလာင္းေတြအတြက္ မွ်ေဝေပးလိုက္ပါတယ္။
၁။ ကိုယ္အေလးခ်ိန္တိုးျခင္းဟာ ရပ္တန႔္သြားၿပီး ကိုယ္အေလးခ်ိန္ နည္းနည္းေလ်ာ့လာတာကို ခံစားရပါလိမ့္မယ္
ကိုယ္ဝန္ေဆာင္ကာလ ၿပီးဆုံးကာနီးမွာ ကိုယ္အေလးခ်ိန္တိုးတာ ရပ္တန႔္သြားပါလိမ့္မယ္။ တစ္ခ်ိဳ႕ကိုယ္ဝန္ေဆာင္သည္ေတြက ကိုယ္အေလးခ်ိန္ နည္းနည္းေလ်ာ့သြားတာကိုလည္း ခံစားရပါတယ္။ သင့္ကေလးရဲ႕ ကိုယ္အေလးခ်ိန္က ဆက္လက္တိုးေနဆဲဆိုရင္၊ မိခင္ျဖစ္ျဖစ္ ကေလးျဖစ္ျဖစ္ ဘာဆိုးက်ိဳးသက္ေရာက္မႈမွ မခံစားရဘူးဆိုရင္ ဒါက ပုံမွန္ပဲျဖစ္လို႔ မစိုးရိမ္ပါနဲ႔။ ကေလးရဲ႕ ေမြးဖြားတဲ့ ကိုယ္အေလးခ်ိန္ကို မသက္ေရာက္ပါဘူး။
၂။ ေမြးလမ္းေၾကာင္းကထြက္တဲ့ အရည္ ေျပာင္းလဲမႈႏွင့္ အေရာင္ရွိမရွိ ရွာေဖြပါ
ေမြးဖြားခါနီးရက္မွာ ေမြးလမ္းေၾကာင္း အရည္ဆင္းျခင္းက တိုးလာတာကို သတိထားမိႏိုင္ပါတယ္။ ဒီကာလအတြင္း အရည္ဆင္းျခင္းက ပုံမွန္ထက္ပိုၿပီးလည္း ပ်စ္ပါလိမ့္မယ္။ ဒါက သားအိမ္ကိုဖြင့္ေပးတဲ့ အရည္အိတ္ေၾကာင့္ ျဖစ္ပါတယ္၊ ပန္းေရာင္လို ေသြးအေရာင္ေဖ်ာ့ေဖ်ာ့ အရည္ဆင္းတာက bloody show လို႔ေခၚၿပီး မၾကာခင္ေမြးေတာ့မယ္လို႔ ၫႊန္ျပေနတာလည္း ျဖစ္ပါတယ္။
၃။ ႂကြက္တတ္သလို ခံစားရပါလိမ့္မယ္
ဓမၼတာလာစဥ္မွာျဖစ္တတ္တဲ့ ေက်ာေအာက္ပိုင္း၊ ဝမ္းဗိုက္ေအာင့္ပိုင္းနာက်င္သလို၊ ႂကြက္တတ္သလို ခံစားေနရရင္ မၾကာခင္မွာ ေမြးႏိုင္တဲ့ လကၡဏာလည္းျဖစ္ပါတယ္။ ဒီနာက်င္မႈက သင့္ေျခေထာက္ေတြဆီလည္း ပ်ံ႕ႏွံ႔ေရာက္ရွိႏိုင္ပါတယ္။
၄။ ႂကြက္သားေတြ က်ဳံ႔လာျခင္းက ျပင္းထန္ၿပီး မၾကာခဏပိုျဖစ္လာတာ
သားအိမ္ႂကြက္သားေတြ က်ဳံ႔လာျခင္းက ျပင္းထန္ၿပီး ခဏခဏ ျဖစ္လာတာဆိုရင္ ေမြးခါနီးလကၡဏာျဖစ္တာေၾကာင့္ ဆရာဝန္ သို႔ သြားဖြားဆရာမေခၚရမယ့္ အခ်ိန္ျဖစ္ပါတယ္။
၅။ ကေလးက တင္ပါးဆုံး႐ိုးထဲသို႔ က်ေရာက္ေနသလို ခံစားရတာ
ဒါက အထူးသျဖင့္ သားဦးမိခင္ေတြမွာ ျဖစ္တတ္ပါတယ္။ သားဦးမိခင္ေတြဟာ တင္ပါးဆုံ႐ိုးထဲကို ကေလး က်ေရာက္ေနသလို ခံစားရပါလိမ့္မယ္။ ဗိုက္ႏွင့္ ဆီးစပ္မွာတင္းၿပီး နာက်င္သလိုခံစားရပါလိမ့္မယ္။ ဒါက ပုံမွန္အားျဖင့္ မေမြးခင္ ၂ပတ္မွ ၄ပတ္အၾကာ ျဖစ္ေပၚေပမယ့္ ကြဲျပားႏိုင္ပါတယ္။ ဒီခံစားမႈမ်ိဳး ခံစားရလွ်င္ ဆရာဝန္ကို အသိေပးပါ။ ကေလးရဲ႕ ေခါင္းဟာ ေအာက္စိုက္ေနၿပီး ထြက္မယ့္အေနအထားကို ေရာက္ရွိတာေၾကာင့္ ျဖစ္ပါတယ္။
ဒီခံစားမႈက ကေလးတကယ္ေမြးတဲ့အခ်ိန္မွသာ ျဖစ္ေပၚတာ ျဖစ္ပါတယ္။
၆။ ေက်ာေအာက္ပိုင္းနာက်င္မႈ ခံစားရပါတယ္
ကေလးေမြးခ်ိန္နီးလာေလ သင့္ေနာက္ေက်ာႏွင့္ ေပါင္ၿခံ နာက်င္မႈကို ေတြ႕ႀကဳံခံစားရႏိုင္ပါတယ္။ ဒါက ကေလးေမြးဖို႔အတြက္ တာဝန္ရွိတဲ့ ႂကြက္သားေတြ ေ႐ြ႕လ်ားျခင္း၊ ဆန႔္ထုတ္ရျခင္းေၾကာင့္ျဖစ္ပါတယ္။
၇။ သင့္ကေလးအတြက္ အဆင္သင့္ျဖစ္ေစခ်င္ၿပီး အိမ္ေလးကို သပ္သပ္ရပ္ရပ္ ျဖစ္ေစခ်င္လာပါတယ္
မိခင္ေလာင္းအေတာ္မ်ားမ်ားက ေမြးရက္နီးကပ္လာတာႏွင့္အမွ် အသိုက္အၿမဳံတည္ေဆာက္ရမယ့္ အသိစိတ္က ဖြံ႕ၿဖိဳးလာပါတယ္။ အိမ္ေလးကို သန႔္သန႔္ရွင္းရွင္း ျဖစ္ေစခ်င္လာတယ္၊ မိသားစုဝင္အသစ္ေလးကို ႀကိဳဆိုဖို႔ အရာအားလုံးကို ျပင္ဆင္စုေဆာင္းခ်င္လာတဲ့ ခံစားမႈမ်ိဳး ခံစားရၿပီဆိုင္ သင္ကာလရွည္ ေစာင့္ဆိုင္းေနရတဲ့ ေန႔ကို ေရာက္ခါနီးပါၿပီ။ ေမြးေတာမယ့္ အပတ္ သို႔ ေနာက္ဆုံးရက္ေတြဟာ အိပ္ေပ်ာ္ဖို႔ ခက္ခဲလာၿပီး ပိုပင္ပန္းလာသလို ခံစားရပါလိမ့္မယ္။ ဒီလိုကိစၥေတြ ျဖစ္လာရင္ ဆရာဝန္ကို အသိေပးရပါမယ္။
၈။ သားအိမ္ေခါင္းဟာ စတင္ခ်ဲ႕လာပါတယ္
ကေလးေမြးဖြားဖို႔အတြက္ ျပင္ဆင္မႈအျဖစ္ မေမြးခင္ ရက္သတၱပတ္ သို႔မဟုတ္ ရက္အနည္းငယ္မွာ သားအိမ္ေခါင္းက ပါးလာၿပီး စတင္ၿပီး တျဖည္းျဖည္း ပြင့္လာပါတယ္။ ကေလးကို ေခ်ာေခ်ာေမြ႕ေမြ႕ ေမြးဖြားႏိုင္ဖို႔ သားအိမ္ေရာ သားအိမ္လမ္းေၾကာင္းပါ စတင္ၿပီး တျဖည္းျဖည္း သူ႔ဘာသာသူ ခ်ဲ႕ၿပီးက်ယ္လာပါလိမ့္မယ္။ ဒါေပမယ့္ မိခင္ေလာင္းတစ္ဦးႏွင့္ တစ္ဦးက ေမြးဖြားပုံျခင္းမတူတာေၾကာင့္ သားဖြားဆရာမ သို႔ ဆရာဝန္ႏွင့္ ပုံမွန္စစ္ေဆးဖို႔ အေရးႀကီးတယ္ဆိုတာ သတိရပါ။