မီးဖွားပြီးနောက် မေမေတို့ရဲ့အသားအရေ ပြောင်းလဲမှုတွေနဲ့ ကုသနည်းများ

0
80
- Advertisement -

အသားအရေပြောင်းလဲမှုတွေက ကိုယ်ဝန်ဆောင်ချိန်မှာသာမက မီးဖွားပြီးကာလအတွင်းမှာလည်း ဖြစ်ပေါ်ပါတယ်။ အမှန်တော့ သူတို့က မမွေးရသေးတဲ့ကလေးနဲ့ သင့်ခန္ဓာကိုယ်ကို လိုက်လျောညီထွေဖြစ်စေတဲ့ ရလဒ်ဖြစ်ပါတယ်။ ဒီရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုအချို့က အနှောက်အယှက်ဖြစ်နိုင်ပေမယ့် မီးဖွားပြီးနောက် အရေပြားပြောင်းလဲမှုတွေကို လျော့ပါးစေဖို့နဲ့ ကုသဖို့ နည်းလမ်းများစွာရှိပါတယ်။

မီးဖွားပြီးနောက် အမျိုးသမီးတွေမှာ အရေပြားပြောင်းလဲမှု

မေမေတို့အနေနဲ့ ကလေးမွေးပြီးနောက်ပိုင်းမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဆက်ထိန်းထားဖို့လိုအပ်ပါတယ်။ The Journal of Family Medicine and Primary Care မှာဖော်ပြထားချက်အရ ကိုယ်ဝန်ဆောင်အမျိုးသမီး ၉၀% ကျော်ဟာ သူတို့ရဲ့အရေပြားမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ပြသတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် မီးဖွားပြီးနောက်ပိုင်းမှာ အဖြစ်အများဆုံး အရေပြားပြောင်းလဲမှုတွေကို မျှဝေပေးမှာဖြစ်တာကြောင့် သင့်မှာဖြစ်ပျက်နေတဲ့အရာက လုံးဝပုံမှန်ဟုတ်/မဟုတ်ဆိုတာကို အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။

၁။ အရေပြားအိတွဲခြင်း

ကိုယ်ဝန်ဆောင်မိခင်တွေ ကြုံတွေ့ရတဲ့ အရေပြားပြောင်းလဲမှု အများစုဟာ မီးဖွားပြီးနောက်မှာ မတူညီတဲ့အရှိန်ဖြင့် ပျောက်ကွယ်သွားကြပါတယ်။ သို့သော်လည်း အရေပြားအိတွဲခြင်းက အချိန်ကြာလာတာနှင့်အမျှ ဆက်ဖြစ်ပေါ်လေ့ရှိတဲ့ အပြောင်းအလဲတွေထဲမှ တစ်ခုဖြစ်ပါတယ်။ အရေပြားမှာ elastin နဲ့ collagen ဖြင့်ဖွဲ့စည်းထားတာကြောင့် ဖြစ်ပါတယ်။ Fiber နှစ်မျိုးလုံးက ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ အများကြီး ဆန့်လာပြီး အလွန်အမင်း ဆန့်လာပါက ပြတ်သွားနိုင်ပါတယ်။ ဒါ့အပြင် သူတို့က မူလအခြေအနေကို ပြန်မရောက်နိုင်တော့ပါဘူး။

အရေပြား elasticity နဲ့ ကြွက်သားတွေ ပြန်ကောင်းမွန်လာစေဖို့ ကုသနည်းတွေ ရှိပေမယ့်လည်း လုပ်ငန်းစဉ်နှစ်ခုစလုံးက အချိန်ယူရနိုင်ကြောင်း နားလည်ထားဖို့ အရေးကြီးပါတယ်။ လျော့ရဲတဲ့အသားအရေက မီးဖွားပြီးနောက် အရေပြားပြောင်းလဲမှုတွေထဲမှ တစ်ခုဖြစ်ကြောင်း မှတ်သားထားပါ။ အရေပြားအိတွဲခြင်းကို တိုက်ဖျက်ပေးနိုင်တဲ့ ကုထုံးရွေးချယ်စရာတစ်ချို့မှာ အောက်ပါတို့ ပါဝင်ပါတယ်။

  • ကြွက်သားတွေတင်းရင်းပြီး အဆီလောင်ကျွမ်းစေဖို့ အေရိုးဗစ်လေ့ကျင့်ခန်းပြုလုပ်ပါ၊ ဥပမာ – ရေကူးခြင်း၊ ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း (သို့) ရွရွပြေးခြင်း။ လှုပ်ရှားမှုတစ်ခုခုမလုပ်ခင် ဆရာဝန်နဲ့ အမြဲတိုင်ပင်ပါ။
  • ရေဓါတ် ထိန်းသိမ်းပါ။ ရေက အရေပြားကို ရေဓါတ်ဖြည့်ပေးပြီး အရေပြားရဲ့ elasticity ကိုမြှင့်တင်ပေးပါတယ်။
  • အဆီတွေဖြင့် နှိပ်နယ်ပေးပါ။ အချို့သော essential oils တွေက အရေပြားပြုပြင်ခြင်းကို အထောက်အကူပြုနိုင်ပါတယ်။
  • ကျန်းမာသောအဆီနဲ့ ပရိုတင်းကို စားပါ။ ပရိုတင်းဓါတ်က ကြွက်သားကြီးထွားမှုအတွက် လိုအပ်တဲ့ ကော်လာဂျင်ကို ထောက်ပံ့ပေးပါတယ်။ သို့သော် ဒီအာဟာရ လိုအပ်ချက်တွေက တစ်ဦးချင်းစီဖြစ်ပါတယ်။ သင်လေ့ကျင်ခဲ့တဲ့ ကိုယ်လက်လှုပ်ရှားမှုအပြင် သင့်ရဲ့ကိုယ်အလေးချိန်နဲ့ အရပ်အလိုက် ကွဲပြားပါတယ်။
  • ကြွက်သားတွေ တင်းရင်းစေဖို့နဲ့ ပုံကျစေဖို့ strength exercises တွေကို လေ့ကျင့်ပါ။

၂။ အရေပြား ခြောက်သွေ့မှု

ကလေးမွေးဖွားပြီးနောက်ပိုင်း အရေပြားမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတစ်ခုက ရေဓါတ်ချို့တဲ့ခြင်းဖြစ်ပြီး တောက်ပမှုနဲ့ တက်ကြွမှုမရှိခြင်းတို့ကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် အသားအရေရဲ့ အတွင်းပိုင်းရော၊ အပြင်ဘက်မှာပါ လုံလောက်တဲ့ အစိုဓါတ်ရှိနေဖို့ လိုပါတယ်။

မိခင်နို့တိုက်ကျွေးတဲ့အခါမှာပင် အရည်သောက်သုံးမှုက မဖြစ်မနေ လိုအပ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ၂လီတာ သောက်ပေးသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံကလည်း အသားအရေခြောက်သွေ့မှုကို တိုက်ဖျက်ရာမှာ အထောက်အကူဖြစ်ပြီး အင်တီအောက်ဆီဒင့်၊ သတ္တုဓါတ်နဲ့ ဗီတာမင်တွေပါတဲ့ အစားအစာတွေက ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။

အသားအရေကို ပြင်ပကနေ ရေဓါတ်နဲ့ အစိုဓါတ်ရရှိဖို့၊ တင်းမာမှုနဲ့ တစ်ရှူးတွေကို ပြန်လည်ထူထောင်ရာမှာ အထောက်အကူဖြစ်စေတဲ့ essential plant oils (သို့) ခရင်မ်တွေကို အသုံးပြုဖို့ အကြံပြုထားပါတယ်။

  • Argan oils
  • Sweet almond oil
  • Creams with hyaluronic acid
  • ဗီတာမင် A, ဗီတာမင် E ပါဝင်မှုများသော Emulsions တွေလိမ်းလို့ရပါတယ်။

၃။ မျက်နှာပေါ်ရှိ melasma တင်းတိပ်ဟာ မီးဖွားပြီးနောက် အဖြစ်အများဆုံး အရေပြားပြောင်းလဲမှုတွေထဲမှ တစ်ခုဖြစ်ပါတယ်

ကိုယ်ဝန်ရှိစဉ်မှာ gestational melasma လို့ခေါ်တဲ့ အချိုးညီသော hyperpigmentation အစက်အပြောက်တွေ မျက်နှာပေါ်မှာ ပေါက်နိုင်ပါတယ်။ ဒီအစက်အပြောက်တွေက အညိုရောင်ဖြစ်ပြီး ပါးရိုး၊ နဖူး (သို့) အပေါ်နှုတ်ခမ်းပေါ်မှာ ဖြစ်လာတတ်ပါတယ်။ ဒီအစက်အပြောက်တွေက သူ့ဘာသာသူ ပျောက်ကွယ်သွား ၊ မှိန်သွားတတ်ပါတယ်။

နောက်ဆုံးအနေနဲ့ နေ့တိုင်း SPF 50 အထက်ပါဝင်တဲ့ နေရောင်ကာခရင်မ်ကို အသုံးပြုပြီး နေရောင်နဲ့ ထိတွေ့ပြီး နှစ်နာရီခြားတိုင်း နေရောင်ကာခရမ်ကို ပြန်သုံးဖို့ အကြံပြုလိုပါတယ်။

၄။ အကြောပြတ်ခြင်း

အကြောပြတ်ခြင်းက မျိုးရိုးဗီဇနဲ့လည်း ဆိုင်ပေမယ့် ကိုယ်ဝန်စကတည်းက အစိုဓါတ်ထိန်းခရမ်ကို အသုံးပြုခြင်းဖြင့် အကြောပြတ်ရာတွေကို လျော့ပါးစေနိုင်ပါတယ်။ အကြောပြတ်ခြင်းတွေက ကိုယ်ဝန်ဆောင်နေသူတွေသာမက အမျိုးသမီး၊ အမျိုးသားတွေမှာပါ အနှောက်အယှက်ဖြစ်စေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း ဟော်မုန်းအပြောင်းအလဲကြောင့် အရေပြားဆန့်ကျုံ့မှုအတွက် အရေးပါတဲ့ ကော်လာဂျင်နဲ့ အီလက်စတင်အမျှင်တွေ ထုတ်လုပ်နိုင်မှုကျဆင်းလာပါတယ်၊ သန္ဓေသားက တဖြည်းဖြည်းကြီးထွားလာလေလေ၊ အရေပြားက ဆန့်ထွက်လာရပြီး အကြောပြတ်ရာတွေ ပေါ်လာတာဖြစ်ပါတယ်။ ဒါ့အပြင် လူတစ်ဦးချင်းစီရဲ့ အသွင်အပြင်ကို တွန်းအားဖြစ်စေတဲ့ အကြောင်းရင်းတွေမှာ ဟော်မုန်းပြောင်းလဲမှုနဲ့ အရေပြား ရေဓါတ်ချို့တဲ့ခြင်းတို့ ဖြစ်ပါတယ်။

ပန်းရောင်သန်းနေသေးရင် သူတို့ကို တိုက်ဖျက်ဖို့ ကုသမှုကို စတင်တာကအကောင်းဆုံးပါပဲ။ ဒါက အကြောပြတ်ရာဖြစ်ပေါ်လာမှုရဲ့ ကနဦးအဆင့်ဖြစ်တာကြောင့်ပါ၊ ဒီလိုမှမဟုတ်ရင် သူတို့က အဖြူရောင်ဖြစ်လာပြီး ဒါက အမျှင်တစ်ရှူးတွေ ပေါင်းစည်းသွားကြောင်း ညွှန်ပြနေပါတယ်။

  • အနီရောင် အကြောပြတ်ရာများ – rosehip, vitamin K, A, or E ပါတဲ့ ထုတ်ကုန်တွေက ထိခိုက်နေတဲ့အသားအရေကို ပြန်ပြုပြင်ဖို့အတွက် ကော်လာဂျင်ထုတ်လုပ်မှုကို အထောက်အကူဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။ သူတို့က တစ်နေ့ကို အကြိမ်များစွာ လိမ်းပေးရပါတယ်။
  • အဖြူရောင်အကြောပြတ်ရာများ – ဒီဒုတိယအမျိုးအစားက လေဆာ၊ မိုက်ခရိုနိုက်ဒင်း၊ မိုက်ခရိုပရာဆစ် (သို့) ကောင်လာဂျင်ထိုးခြင်းကုထုံးကို အသုံးပြုဖို့ လိုအပ်ပါတယ်။

ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးကုထုံးဖြစ်ပါတယ်

ကိုယ်ဝန်ရှိစဉ်နဲ့ မွေးဖွားပြီးနောက် အသားအရေကို ဂရုစိုက်ဖို့ အရေးကြီးဆုံးမှာ သင့်ခန္ဓာကိုယ်နဲ့ မျက်နှာအတွက် စဉ်ဆက်မပြတ် လုံလောက်တဲ့ ဂရုစိုက်မှုပုံစံကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ ဒီအလေ့အထတွေမှာ အရေပြားကို အစိုဓါတ်ထိန်းပေးခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားပေးခြင်းနဲ့ sun protection ကို နေ့စဉ်နှင့်အမျှ အသုံးပြုခြင်းတို့ ပါဝင်ပါတယ်။

Chit_MayMay

Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here