မေမေတစ်ယောက်ဖြစ်ရတာ ဘာကြောင့်ဂုဏ်ယူဖို့ကောင်းနေရလဲဆိုတဲ့သက်သေသာဓကများ

0
132
- Advertisement -

မေမေတို့ဟာ ကမ္ဘာပေါ်မှာ ချီးကျူးဖို့အကောင်းဆုံး၊ အံ့အားသင့်ဖွယ်အကောင်းဆုံးလူသားတွေလို့ဆိုရရင် လွန်မယ်မထင်ပါဘူး။ ကိုးလလွယ်၊ ဆယ်လဖွားဆိုတဲ့စကားအတိုင်း သူတို့ရဲ့ဗိုက်ထဲမှာ ရင်သွေးလေးကို (၉) လကြာအောင် ပင်ပန်းတကြီးလွယ်ထားခဲ့ရပြီး မွေးဖွားလာတဲ့အချိန်ကစလို့ အရွယ်ရောက်တဲ့အချိန်အထိ သားသားမီးမီးတို့ရဲ့ လိုအပ်ချက်တွေ၊ ဝေယျာဝစ္စကိစ္စတွေ အားလုံးကို မပင်မပန်း ဆောင်ရွက်ပေးရပါသေးတယ်။ ဒီလိုအခြေအနေတွေကြောင့် အချို့က မေမေဖြစ်ရတာ ပင်ပန်းတယ်၊ ကြောက်ဖို့ကောင်းတယ်လို့ ထင်မြင်နေကြပေမယ့် တကယ်တမ်းလက်တွေ့မှာ မေမေတစ်ယောက်ဖြစ်ရတာ ဘာကြောင့်ဂုဏ်ယူဖို့ကောင်းလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဘဝအသစ်လေးတစ်ခုကို ကမ္ဘာအသစ်ကြီးဆီခေါ်ဆောင်လာသူဖြစ်တယ်။

လူသားအသစ်လေး တစ်နည်းအားဖြင့် ကိုယ့်ရဲ့ကိုယ်ပွားလေးကို လောကအသစ်ကြီးဆီ ခေါ်ဆောင်လာခွင့်ရတာက လူသားဆန်မှုနဲ့ ဂုဏ်ယူစရာတစ်ခုဖြစ်ပါတယ်။ လူတိုင်း လူတိုင်း မလုပ်ဆောင်နိုင်တဲ့ ဒီလိုအရာမျိုးကို လုပ်ဆောင်နိုင်တာကလည်း မေမေတို့အတွက် ဂုဏ်ယူစရာဖြစ်လို့နေပါပြီ။

- Advertisement -

၂။ တန်ဖိုးမဖြတ်နိုင်တဲ့ပညာတွေ သင်ကြားပေးနိုင်တယ်။

မေမေတို့က သားသားမီးမီတို့ကို မွေးထုတ်ပြီးရုံနဲ့ တာဝန်ကျေသွားတာမဟုတ်ဘဲ ဘဝတစ်လျှောက်လိုအပ်တဲ့ ပညာတွေကို သင်ပေးရပါသေးတယ်။ ဒီလိုသင်ပေးတဲ့နေရာမှာ ကျောင်းစာတွေတင်မကဘဲ လူသားဆန်မှု၊ အကျင့်စာရိတ္တပိုင်းနဲ့ အားလုံးခြုံပြောရမယ်ဆိုရင် လူကောင်းတစ်ယောက်၊ လောကကြီးအတွက် တန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်လာအောင်ပါ သင်ကြားပေးရမှာပါ။ ဒီလိုအရာတွေက ကျောင်းစာသင်ခန်းထဲမှာ သင်ကြားပေးနိုင်တဲ့အရာတွေမဟုတ်ဘဲ မေမေတို့သင်ကြားပေးလိုက်တဲ့ ဒီလိုမျိုးတန်ဖိုးမဖြတ်နိုင်တဲ့ပညာတွေ၊ ဘဝသင်ခန်းစာတွေကြောင့် သားသားမီးမီးတို့ လောကကြီးအလယ်မှ, မားမားမတ်မတ် ရပ်တည်နေတာကို မြင်တွေ့ရမှာကလည်း သိပ်ကိုဂုဏ်ယူစရာကောင်းတဲ့ကိစ္စတစ်ခုဖြစ်မှာပါ။

၃။ ကိုယ့်ကိုယ်ကိုယ်ပေးဆပ်ထားသူတွေဖြစ်တယ်။

အချို့သောမေမေတွေက သားသားမီးမီးတို့ မွေးဖွားပြီးသွားပြီဆိုတာနဲ့ သူတို့လုပ်နေကျအလုပ်ကနေ ထွက်လိုက်ပြီး လက်ကျန်ဘဝတစ်ခုလုံးကို သူတို့ချစ်ရတဲ့ သားသမီးရတနာလေးတို့အတွက်ပဲ ရင်းနှီးမြှုပ်နှံလိုက်ကြပါတော့တယ်။ အဲ့ဒါကပဲ သားသားမီးမီးတို့ကို လိုလေးသေးမရှိဂရုစိုက်နိုင်တဲ့အချက်ဖြစ်ပြီး အစားအသောက်လိုချင်ရင် အစားအသောက်၊ အဝတ်အစားလိုချင်ရင် အဝတ်အစား ချက်ချင်းဖြည့်ဆည်းပေးနိုင်ကြမှာပါ။ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးအချိန်တွေအားလုံးကို ပေးဆပ်လိုက်ရပြီး သားသားမီးမီးတို့ နေမကောင်းဖြစ်တာနဲ့ ဆေးခန်းကိုချက်ချင်းပြေးတာမျိုးအပြင် သူတို့လေးတွေ ပျော်ရွှင်ကျေနပ်ဖို့အတွက် ဘယ်လိုအရာမျိုးကိုမဆို ပေးဆပ်နိုင်ကြတာကြောင့် အဲ့ဒီအတွက်လည်း ထာဝရဂုဏ်ယူနေရမှာလည်းဖြစ်ပါတယ်။

၄။ Multitasker တစ်ယောက်ဖြစ်လာမယ်။

သားသားမီးမီးတို့ကို မွေးပြီးပြီဆိုတာနဲ့ မေမေတို့က ဆရာဝန်တစ်ယောက်ဖြစ်လာမယ်၊ ကစားဖော်ကစားဖက်တစ်ယောက်ဖြစ်လာမယ်၊ တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်လာမယ့်အပြင် သူတို့ရဲ့အဝတ်အစားတွေကို လျှော်ဖွပ်ပြီး အစားအသောက်အပြင် ကျန်းမာရေးနေထိုင်ရေး အရာအားလုံးမှာပါ ဂရုစိုက်ပေးရမှာလည်းဖြစ်ပါတယ်။ ဒါကလည်းပုံမှန်အလုပ်လုပ်နေကျလိုမျိုး  နားချိန်၊ အိပ်ချိန်၊ စားသောက်ချိန် သတ်သတ်မှတ်မှတ်မရှိဘဲ သားသားမီးမီးတို့အတွက် (၂၄) နာရီ အဆင်သင့်ဖြစ်နေရမှာပါ။ ဒီလိုပေးဆပ်မှုမျိုးဆိုတာကလည်း လူတိုင်းလုပ်နိုင်တဲ့အရာမဟုတ်ဘဲ မေမေတို့အနေနဲ့ အဲ့ဒီအတွက် အမြဲတမ်းခေါင်းမော့ရင်ကော့ပြီး ဂုဏ်ယူနေနိုင်မှာလည်းဖြစ်ပါတယ်။

၅။ ဘယ်အရာက အကောင်းဆုံးလဲဆိုတာကို သိထားကြမယ်။

သားသားမီးမီးတို့ကို မွေးဖွားပြီးတဲ့အချိန်ကစလို့ သူတို့အရွယ်ရောက်လာတဲ့အထိ ကိုယ်ကလိုလေးသေးမရှိအောင် အစစအရာရာဂရုစိုက်ပေးခဲ့ပြီး အဲ့ဒီအတွေ့အကြုံတွေက ဘဝတစ်လျှောက်လုံး အသုံးဝင်နေမှာပဲဖြစ်ပါတယ်။ အချို့တွေကတော့ ကလေးမွေးရတာ အရမ်းကိုအလုပ်ရှုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သားသမီးရတနာလေးတွေ မွေးဖွားတာကို နှာခေါင်းရှုံ့ချင်ကြပေမယ့် မေမေဖြစ်ရတာက ဘယ်လောက်တောင် ပျော်ဖို့ကောင်းပြီး ထိုက်တန်တဲ့ဆုလာဒ်တစ်ခုဖြစ်လဲဆိုတာကို ကာယကံရှင်မေမေတို့ကိုယ်တိုင်ပဲ ခံစားသိရှိနိုင်ပါတယ်။ မေမေတစ်ယောက်ဖြစ်ရတာက ဘာကြောင့်ဂုဏ်ယူရသလဲလို့မေးလာရင်တော့ ကိုယ့်ရဲ့သားသားမီးမီးလေးတွေရဲ့ဘဝတစ်လျှောက် ဘယ်သူမှမပေးနိုင်တဲ့ ပျော်ရွှင်မှုမျိုးကို ပေးစွမ်းနိုင်တာကြောင့်လို့ပဲ ဆိုရပါလိမ့်မယ်။

#HM

#ChitMayMay

Source: magforwomen

Chit May May မှရေးသားဖော်ပြနေတဲ့ ဆောင်းပါးတွေကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here