မေမေတို့ကလေးကို ကောင်းစွာ ငိုခွင့်ပြုဖို့ ဘာ့ကြောင့်လိုအပ်တာလဲ?

0
153
- Advertisement -

ကလေးတွေငိုတဲ့အချိန်ကို မိဘတွေ မကြာခဏ ကြောက်ကြပါတယ်၊ သူတို့ငိုရင် မေမေတို့မှာ စိတ်ဖိစီးမှုဖြစ်ရတယ်။ စိုးရိမ်ပူပန်ရပါတယ်။ သို့သော် သိပ္ပံပညာရှင်တွေက ကျွန်မတို့ကလေးတွေရဲ့ မျက်ရည်တွေကို မကြောက်သင့်ကြောင့် ၊ ငိုခွင့်ပေးခြင်းရဲ့ အကျိုးကျေးဇူးတွေကို လက်ခံသင့်ကြောင်း ဆိုပါတယ်။

၁။ ငိုခြင်းက စိတ်တင်းကျပ်မှုနှင့် မကောင်းတဲ့ ခံစားချက်တွေကို ထုတ်လွှတ်ပေးပါတယ်

ငိုခြင်းက ကလေးတွေကြီးလာတာနဲ့အမျှ တစ်စုံတစ်ရာ မှားယွင်းကြောင်းပြသတဲ့ သဘာဝနည်းလမ်းတစ်ခု ဖြစ်သော်လည်း မျက်ရည်တွေရဲ့ အဓိပ္ပာယ်ကလည်း ကျယ်ပြန့်လာပါတယ်။ သူတို့ဟာ စိတ်ဖိစီးမှုနှင့် မကောင်းတဲ့ ခံစားချက်တွေကို လျှော့ချဖို့ ငိုတာကို အသုံးပြုကြပါတယ်။

- Advertisement -

ကျွန်မတို့ စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်က cortisol ထုတ်လွှတ်ပါတယ်။ ၎င်းက ပြဿနာတွေကို ဖြေရှင်းဖို့ တာဝန်ယူထားရတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့ထားတာကြောင့် သင့်ကလေးလိုချင်တဲ့ ကယ်မီကယ်တစ်ခု မဟုတ်ပါဘူး။ မျက်ရည်တွေက ကော်တီဇုန်ပမာဏကို လျှော့ချပေးပြီး ခံစားမှုပိုကောင်းစေပါတယ်။

၂။ ကလေးတွေကို လိုက်လျောညီထွေဖြစ်အောင် ကူညီပေးပါတယ်

ကလေးတွေ မနှစ်သက်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေရှိပါတယ်။ ဥပမာ- သူငယ်ချင်းတွေကို မရိုက်ရဖူး၊ သစ်ပင်ပေါ်မှာ အိပ်လို့မရဘူး၊ ခွေးရဲ့အစာကို စားလို့မရဘူးဆိုရင် ဝိုင်းဒိုင်းကြဲတတ်ကြတဲ့ ကလေးတွေကို မျက်မြင်ကိုယ်တွေ့ ဖြစ်မှာပါ။ ဒီလိုဖြစ်တဲ့အခါ မျက်ရည်တွေက ကလေးအား အမှန်တရားကို လက်ခံဖို့နဲ့ လိုက်လျောညီထွေဖြစ်အောင် ကူညီပေးပါတယ်။

၃။ မျက်ရည်က လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုကို တိုးပွားစေပါတယ်

ကလေးတွေဟာ သူတို့ရဲ့ခံစားချက်တွေကို ခံစားခွင့်နှင့် ဖော်ပြခွင့်ပေးဖို့ လိုပါတယ်။ မိဘတစ်ယောက်ရဲ့ တာဝန်က ဒီဖော်ပြချက်ဟာ သူတို့ရဲ့ နယ်နိမိတ်အတွင်းမှာ ကိုက်ညီစေဖို့နှင့် သူတို့ကိုယ်သူတို့ မနာကျင်စေတာ (သို့) အခြားသူတွေနဲ့ သူတို့ပတ်ဝန်းကျင်က ပစ္စည်းတွေကို မထိခိုက်စေတာ သေချာစေဖို့ လိုပါတယ်။ ကလေးတွေကို သူတို့ရဲ့စိတ််ခံစားမှုတွေ လုံခြုံစွာ ဖော်ပြခွင့်ပေးတဲ့အခါ သူတို့ရဲ့ လူမှုရေးစွမ်းရည်နှင့် စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်တို့ တိုးတတ်လာပါလိမ့်မယ်။

၄။ နာကျင်မှုကို မှေးမှိန်စေပါတယ်

သုတေသီ တွေ့ရှိချက်အရ ငိုကြွေးခြင်းက သင့်ကလေးငယ်အား ပိုမိုသက်သာစေပြီး ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို လျော့နည်းစေတဲ့ oxytocin နဲ့ endorphins ကိုထုတ်လွှတ်ပါတယ်။

၅။ သူတို့ရဲ့ အမူအကျင့်တွေ တိုးတတ်လာပါလိမ့်မယ်

ငိုနေတဲ့ကလေးတစ်ယောက်ရှေ့မှာ ကျွန်မတို့စိတ်သောက ရောက်နေရင် အခြေအနေကို ပိုဆိုးစေပါတယ်။ သူတို့ရဲ့မကောင်းတဲ့ ခံစားချက်တွေကို မိဘတွေအနေနဲ့ ပြင်းထန်စွာ တုန့်ပြန်ခဲ့တဲ့ မူကြိုကျောင်းသားတွေဟာ socially accepted manner မှာအခက်တွေ့ကြောင်း၊ ဒေါသကို စီမံခန့်ခွဲရာမှာ ပြဿနာတွေရှိခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဘာကြောင့်ပဲ ကလေးမျက်ရည်ကျပါစေ သူတို့ရဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့ လုံခြုံတဲ့ ပတ်ဝန်းကျင် လိုအပ်ပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here