
မောင်နှမချင်းမနာလိုမှုက မောင်နှမတွေအကြား အကြမ်းဖက်တဲ့ အပြုအမှုနဲ့ ရန်လိုမှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ မွေးချင်းကို မနာလိုတတ်တာက ကလေးသဘာဝဖြစ်ပေမယ့် မေမေတို့ ကလေးကို မနာလိုမှု ဖြစ်ခြင်းကနေ ကာကွယ်ဖို့ နည်းလမ်းတွေ ရှိပါတယ်။
၁။ ကလေးရဲ့ စိတ်ခံစားမှုကို လက်ခံပါ
စိတ်ပညာရှင်က ကလေးတွေရဲ့ စိတ်ခံစားမှုကို အသိအမှတ်ပြုဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ မိဘတစ်ယောက်အနေနဲ့ ကလေးက ဒေါသထွက်နိုင်တယ် (သို့) မနာလို ၊ဝမ်းနည်းနိုင်တယ်ဆိုတာ လက်ခံဖို့ လိုပါတယ်။ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေကို ခံစားရတာက ပုံမှန််ဖြစ်ကြောင်း ကလေးကို ရှင်းပြပေးပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ သင်ကြားပေးရပါမယ်။

၂။ သူတို့ကို မနှိုင်းယှဉ်ပါနဲ့
မောင်နှမအချင်းချင်းကို တစ်ယောက်နဲ့ တစ်ယောက် ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။ ကလေးတစ်ယောက်ကို အခြားတစ်ယောက်နဲ့ နှိုင်းယှဉ်ခြင်းက အခြားတစ်ယောက်ပေါ်မှာပဲ ချစ်မြတ်နိုးတယ်လို့ ခံစားရစေနိုင်ပါတယ်။ ဒါက သူတို့ကို မနာလိုဖြစ်စေရုံသာမက သူတို့ရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုအား လျော့နည်းစေပါတယ်။ စိုးရိမ်စိတ်ကို ဖြစ်စေနိုင်ပါတယ်။ ကလေးတွေအား တစ်ဦးချင်းစီ တန်ဖိုးထားကြောင်း၊ အတူတူချစ်ကြောင်း ပြသပါ။

၃။ ကလေးကို ရယ်မောအောင်လုပ်ပါ
ယေဘုယျအားဖြင့် ရယ်မောခြင်းဟာ လူသားတို့အတွက် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ ရယ်မောခြင်းက လူတစ်ယောက်ရဲ့ စိုးရိမ်စိတ်ကို လျှော့ချနိုင်ပါတယ်။ စိတ်ပညာရှင်က ဒီကိရိယာကို အသုံးပြုပြီး မွေးချင်းမနာလိုမှုကို ကိုင်တွယ်ဖို့ အကြံပြုထားပါတယ်။ ကလေးတစ်ယောက် မနာလိုမှု ခံစားနေရတဲ့အခါ ရယ်မောစေခြင်းဖြင့် သူ့အာရုံကို ပြောင်းပေးပါ။ မနာလိုစိတ်ကို ဖျော်ဖြေမှုဖြင့် အစားထိုးပေးပါ။

၄။ ကျား/မ ဘက်လိုက်မှုကို ဖယ်ရှားပါ
တစ်ချို့မိဘတွေက ကလေးတွေကို gender ပေါ် အခြေခံပြီး ခွဲခြားဆက်ဆံလေ့ရှိကြပါတယ်။ မိန်းကလေးတွေကို နူးညံ့သူ၊ ရှက်တတ်သူတွေအဖြစ် မျှော်လင့်ကြပြီး၊ ယောက်ကျားလေးတွေကို သန်မာသူ၊ သူတို့ခံစားချက်တွေကို ဖော်ပြခြင်းမရှိသူတွေအဖြစ် မျှော်လင့်တတ်ကြပါတယ်။ သားဖြစ်သူကို သမီးဖြစ်သူ ဆော့တဲ့အရုပ်တွေနဲ့ ကစားခွင့်မပြုဘူးဆိုရင် သားဟာ မနာလိုဖြစ်လာနိုင်ပါတယ်။ အကောင်းဆုံးအဖြေက ကျား/မ မခွဲခြားဘဲ ကလေးတွေကို အတွေ့အကြုံပေးဖို့ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တူညီတဲ့ ရွေးချယ်စရာတွေ ရှိကြရင် တစ်ယောက်ကို တစ်ယောက် မနာလိုစိတ်တွေ မခံစားရတော့ပါဘူး။

၅။ တာဝန်တွေကို ညီတူညီမျှ ခွဲခြားပါ
ကလေးတွေ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်နေရင် ဒီပဋိပက္ခမှာ တစ်ယောက်တည်းကသာ အပြစ်ရှိတာ မဟုတ်ပါဘူး။ ထို့အပြင် ခံရသူနှင့် အနိုင်ကျင်သူတို့ရဲ့ အခန်းကဏ္ဍက မောင်နှမတွေကြားမှာ မကြာခဏ ပြောင်းလဲတတ်ပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ ပဋိပက္ခရဲ့ အဓိကအချက်ကို နားလည်ဖို့နှင့် နှစ်ဖက်စလုံးက သူတို့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူမှု ရှိစေဖို့ အထူးကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

၆။ ကလေးကို အပြစ်မတင်ပါနဲ့
အတွေ့အကြုံရှိ ပညာရှင်တွေက သင့်ကလေးတွေကို တစ်ယောက်နဲ့တစ်ယောက် အမြင်မမှားစေဖို့ အရေးကြီးတယ်လို့ အကြံပြုပါတယ်။ ကလေးတစ်ယောက်ကို အခြားတစ်ယောက်အတွက် ကန့်သတ်တာမျိုး မကြိုးစားပါနဲ့။ မေမေတို့ရဲ့ စကားလုံးတွေကို ဂရုတစိုက် ရွေးချယ်ပါ။ ဥပမာ- ညီလေးအိပ်နေတယ်၊ မဆော့ရဘူးလို့ မပြောပါနဲ့။ အဲဒီအစား ပန်းချီဆွဲခြင်း ကဲ့သို့သော လုပ်ဆောင်မှုတစ်ခုကို ပြုလုပ်စေပါ။

၇။ မောင်နှမတစ်ယောက်ရှိခြင်းက ကောင်းမွန်ကြောင်း သူတို့ကိုပြသပါ
မောင်နှမတွေရှိတာက ဘယ်လိုကောင်းကြောင်းကို စာအုပ်တွေ ဖတ်ပြခြင်း ၊ ကာတွန်းတွေ ပြသခြင်းဖြင့် သူတို့အကြား ဂရုစိုက်တတ်တဲ့ဆက်ဆံရေးကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ဥပမာ- Frozen ထဲက ညီအစ်မတွေရဲ့relationship အရေးပါမှုကို ပြသပါ။

Chit_MayMay
LM_Nandar
Source-brightside.