Home Parenting Parent Guide မေမေတို့ကလေးက ကျောင်းတက်ရမှာ ကြောက်နေရင် ဘာလုပ်မလဲ?

မေမေတို့ကလေးက ကျောင်းတက်ရမှာ ကြောက်နေရင် ဘာလုပ်မလဲ?

0
မေမေတို့ကလေးက ကျောင်းတက်ရမှာ ကြောက်နေရင် ဘာလုပ်မလဲ?

ကလေးက ကျောင်းသွားရမှာ ကြောက်နေရင် ဘာလုပ်သင့်လဲ? ဒီမေးခွန်းကို တုံ့ပြန်ဖို့ ကျွန်မတို့ဟာ အရင်ဆုံး ကလေးရဲ့ သဘာဝနဲ့ အပြုအမှုကို နားလည်ဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ရဲ့ ကလေးတွေအတွက် ထိရောက်တဲ့ ဖြေရှင်းနည်းတွေ ရှာဖွေပြီး သူတို့ရဲ့ ပတ်ဝန်းကျင်အသစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကလေးတွေနှင့်အတူ လိုက်ပါပေးရပါမယ်။ ကျွန်မတို့ကလေးတွေ ကျောင်းတက်ရမှာ ကြောက်ခြင်းအတွက် ဖြေရှင်းနည်းမှာ မိဘတွေဆီကနေ တက်ကြွစွာ ပူးပေါင်းပါဝင်မှု လိုအပ်ပါတယ်။

ကျောင်းစတတ်ချိန်မှာ တင်းမာမှုနဲ့ စိုးရိမ်ပူပန်မှု အခိုက်အတန့်တွေ ကြုံရပေမယ့် အတွေ့အကြုံသစ်တွေအတွက် ပထမဆုံးခြေလှမ်းလည်း ဖြစ်ပါတယ်။ ပိုရှုပ်ထွေးသည်ဖြစ်စေ (သို့) ရှု်ပထွေးမှုပိုနည်းသည်ဖြစ်စေ သင့်ကလေးက ၎င်းတို့ကို ရင်ဆိုင်ဖို့ ဘယ်လိုပြင်ဆင်ထားသလဲပေါ် မူတည်ပါလိမ့်မယ်။ မိဘတွေဆီမှ အကူအညီက အခြေခံကျပါတယ်။

ကျောင်းတက်ရမှာကို ကြောက်ရွံ့တာက ပထမအကြိမ်ကျောင်းစတက်တဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။ သို့သော်လည်း ကျောင်းတက်နေချိန် အိမ်မှာ မွေးချင်းမောင်နှမအသစ် ရှိနေလို့လည်း ဖြစ်နိုင်ပါတယ်။ ရင်းနှီးတဲ့ မိသားစုဝင်တစ်ဦး ဆုံးရှုံးရခြင်းကလည်း အကြောင်းရင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ အခြားအကြောင်းရင်းက သင်ယူမှုလုပ်ငန်းစဉ်မှာ ကျရှုံးမှာကို ကြောက်ရွံ့ခြင်း ဖြစ်နိုင်သလို တခြားသူတွေနှင့် ပတ်သတ်တာလည်း ဖြစ်နိုင်ပါတယ်။ မိသားစုပြဿနာတွေနဲ့ အနိုင်ကျင့်ခံရခြင်းတွေကလည်း အဖြစ်များတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။

သူတို့ဟာ ကျောင်းတတ်ဖို့ ယုတ္တိမရှိတဲ့ အကြောက်တရားကို ရင်ဆိုင်နေကြရပြီး မိဘများစွာက ဘယ်လိုတုံ့ပြန်ရမယ်ကို မသိကြပါဘူး။ ဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းမှု ညံ့ဖျင်းခြင်းက social isolation ကိုဖြစ်ပေါ်စေနိုင်ပါတယ်။

မေမေတို့ကလေး ကျောင်းသွားရမှာကြောက်နေရင် ဘာလုပ်သင့်လဲ?

ပထမဆုံး သင်ဟာ ပြဿနာကို ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ ဒီစိတ်ခံစားချက် မသက်သာမှုတွေက နာကျင်ခြင်း၊ ကြောက်ရွံ့ခြင်း (သို့) ခေါင်းမူးခြင်းတို့ ဖြစ်လာပါတယ်။ ဒါက အိပ်ရခက်ခြင်း၊ ငိုခြင်းနဲ့ အဖွဲ့လိုက် လုပ်ဆောင်မှုတွေကို စိတ်ပါဝင်စားမှုမရှိခြင်း စတဲ့ပုံစံဖြင့်လည်း ပေါ်လာနိုင်ပါတယ်။ ကလေးတွေဟာ အိမ်မှာနေဖို့ ဆင်ခြေတွေကို ဖန်တီးနိုင်ပါတယ်။

ကျောင်းအကြောက်လွန်ရောဂါရဲ့ လက္ခဏာတွေက ကွဲပြားပါတယ်။ ကလေးတွေ ကျောင်းမသွားရဖို့ ဘာပဲဖြစ်ဖြစ် လုပ်ပါလိမ့်မယ်၊ သူတို့ဟာ အရမ်း စိတ်ဆိုးမာန်ဆိုးဖြစ်ပြီး အိမ်က မခွာချင်ကြတာ ဖြစ်လာပါလိမ့်မယ်။

ပစ်ပယ်ခံရတဲ့ ခံစားချက်တွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် ကလေးတွေဟာ ဒီလုပ်ငန်းစဉ်မှာ အထီးကျန်မှုကို မခံစားရသင့်ပါဘူး။ ကျောင်သွားရမှာကြောက်တဲ့ ကလေးတွေဟာ ထိရောက်တဲ့ ဂရုစိုက်ပေးမှု ပြောဆိုဆက်ဆံမှုတွေ လိုအပ်ပါတယ်။ ဒါက သူတို့ရဲ့ ယုံကြည်မှုအဆင့်ကို တိုးစေပြီး သူတို့ရဲ့စွမ်းရည်တွေကို မြှင့်တင်ပေးပါလိမ့်မယ်။ ရလဒ်အနေဖြင့် ကြောက်ရွံ့မှု၊ အပြစ်ရှိမှုနဲ့ လုံခြုံမှု ကင်းမဲ့မှုကို ဖယ်ရှားပေးပါလိမ့်မယ်။

သူငယ်ချင်းအသစ်တွေနှင့် မိတ်ဆက်ပေးပါ

ဒီလုပ်ငန်းစဉ်မှာ ကလေးတွေကို လိုက်ပို့ပေးခြင်းအပြင် ကျောင်းတက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို အသေးစိတ်ရှင်းပြပေးသင့်ပါတယ်။ ဥပမာအားဖြင့် သင့်ကလေးတွေအား သူငယ်ချင်းအသစ်တွေဖွဲ့ကာ ပျော်ရွှင်စရာတွေကို လေ့လာသင်ယူရမှာဖြစ်ကြောင်း သတိပေးပါ။

လုပ်ရိုးလုပ်စဉ်နဲ့ စည်းကမ်း သတ်မှတ်ထားပေးပါ

သင့်ကလေးက ကျောင်းသွားရမှာကို ကြောက်နေပါက ပုံမှန်ပုံစံတစ်ခုကို ထူထောင်ခြင်းက အရမ်းအသုံးဝင်ပါတယ်၊ အနားယူချိန်၊ အားကစားလုပ်ချိန်နဲ့ ထမင်းစားချိန် သတ်မှတ်ခြင်းကဲ့သို့သော အချို့သော အချက်တွေက ရေရှည်လိုအပ်မှာ ဖြစ်ပါတယ်။

မိဘတွေအနေနဲ့ သားသမီးတွေရဲ့ အပြုအမှုနောက်ကွယ်ရှိ အကြောင်းရင်းတွေကို စူးစမ်းသင့်ပါတယ်။ အဆင့်မကောင်းတာက ကလေးတွေကို ကြောက်ရွံ့စေနိုင်ပါတယ်။ ဒီကိစ္စမှာ မေမေတို့အနေနဲ့ ကလေးတွေရဲ့ အိမ်စာနဲ့ လေ့လာမှုတွေမှာ ကူညီပေးသင့်ပါတယ်။ ကလေးအား ပညာရေးယုံကြည်မှု ပေးဖို့ နည်းလမ်းတွေကို ရှာဖွေရပါမယ်။

ကျောင်းတက်ရမှာ ကြောက်ခြင်းက ကျောင်းအသစ်ကို ပြောင်းခြင်းနဲ့ တိုက်ဆိုင်နိုင်ပါတယ်။ ဒီကိစ္စမှာ မေမေတို့က စိတ်ရှည်ပေးဖို့ လိုအပ်ပါတယ်။ ကလေးကို နေ့တိုင်းလိုက်ပို့ပေးပြီး တိုးတက်မှုကို အပြုသဘောဖြင့် အားဖြည့်ပါ။

လိုက်ပါကူညီမှု၊ နားလည်မှု ဆရာတွေ (သို့) ပရော်ဖက်ရှင်နယ်တစ်ဦးနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေက သင့်ကလေးကို ကူညီပေးနိုင်တဲ့ အကြောင်းရင်းတွေလည်း ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကို လက်တွေ့လုပ်ဆောင်ပါက သင့်ကလေးဟာ ဒီအဆင်မပြေတဲ့အဆင့်ကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။

Chit_MayMay

Nandar

ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here