Home Parenting Parent Guide မေမေတို့ကလေးက အစားအစာတွေကို လွင့်ပစ်တဲ့အခါ ဘာလုပ်မလဲ?

မေမေတို့ကလေးက အစားအစာတွေကို လွင့်ပစ်တဲ့အခါ ဘာလုပ်မလဲ?

0
မေမေတို့ကလေးက အစားအစာတွေကို လွင့်ပစ်တဲ့အခါ ဘာလုပ်မလဲ?

မေမေတို့ရေ့… ကလေးတွေကို အထူးသဖြင့် အစိုင်အခဲ ဖြည့်စွက်စာ ကျွေးတဲ့အခါ၊ သူတို့ဘာသာ ယူစားစေတဲ့အခါ ကလေးက အစားအစာကို ကစားပြီး ကြမ်းပြင် (သို့) နေရာအနှံ့ကို ပစ်ချတဲ့ အခြေအနေတွေ မကြာခဏ ကြုံဖူးမှာပါနော်။ ဒါက ကလေးတိုင်းလိုလို လုပ်တတ်တဲ့အရာပါ။ အစပိုင်းမှာ မေမေတို့ကလေးက အစားအစာနဲ့ ကစားမယ့် အဆင့်မှာ အမြဲရှိပါလိမ့်မယ်။ မေမေတစ်ယောက်အနေနဲ့ အဲဒါကို သိပ်မကြိုက်ဘဲ ကလေးက မေမေတို့ရဲ့ စိတ်ရှည်မှုကို စမ်းသပ်နေသလို ခံစားရပါလိမ့်မယ်။ ဒါဆို ကလေးက အစားအစာတွေကို လွင့်ပစ်တဲ့အခါ မေမေတို့ ဘာလုပ်နိုင်မလဲ?

ကလေးဆီက ဒီလိုအပြုအမှုနဲ့ ပတ်သတ်ပြီး ဘယ်လုပ်ဆောင်မှုမျိုးကိုမဆို မဆုံးဖြတ်ခင်မှာ ၎င်းနောက်ကွယ်ရှိ အရာတွေကို နားလည်ပြီး ဒီအပြုအမှုဖြင့် သူတို့ကြိုးစားနေတဲ့အရာကို တွေးဖို့ လိုအပ်ပါတယ်။ သူတို့လေးတွေက တစ်ခုခုကို communicate လုပ်ဖို့ ကြိုးစားနေကြတာလား?

ကလေးတွေရဲ့ ဦးနှောက်က သင်ယူဖို့ အစီအစဉ်ဆွဲထားပါတယ်။ သူတို့လေးတွေက သိပ္ပံပညာရှင်တွေဖြစ်ပြီး အမျိုးမျိုးသော စမ်းသပ်မှုတွေကို အဆက်မပြတ် ပြုလုပ်နေကြတာပါ။ သူတို့အတွက် ချစ်စရာကောင်းအောင် ပြင်ဆင်ပေးထားတဲ့ အစားအစာကို စတင်ဆုပ်နယ်လိုက်တဲ့အချိန်မှာ သူတို့စမ်းသပ်နေကြပါပြီ။ ဟုတ်ပါတယ်။ သူတို့က ပုံသဏ္ဍန်၊ အပူချိန်၊ ဖိအား ခံနိုင်ရည်ကို သိလိုကြပါတယ်။ ဥပမာ- ပန်းကန်ပြား ဒါမှမဟုတ် ဗန်းမှာ ပေသွားမလား? အစားအသောက်တွေ ကြေမွသွားမလား၊ တစ်စစီဖြစ်သွားမလား? မေမေတို့ ကလေးက ကုလားထိုင်ထိပ်ကနေ ကြမ်းပြင်အထိ အစားအစာတွေကို ပစ်ချလိုက်တဲ့အခါ ဆွဲငင်အားကို စမ်းသပ်နေတာဖြစ်ပါတယ်။ ဥပမာ- သူတို့လွင့်ပစ်လိုက်တဲ့ ပစ္စည်းက ဘယ်လောက်ဝေးဝေးရောက်နိုင်သလဲ၊ ဘယ်နေရာမှာ ကျသွားသလဲဆိုတာကို စူးစမ်းနေတာပါ။

တစ်ခါတစ်ရံ ကလေးက ကစားနေတာကြောင့် အစားအစာတွေ ပစ်ပေါက်တတ်ပါတယ်

အစားအစာနဲ့ ကစားခြင်းက အခြေခံအားဖြင့် ကလေးတွေအတွက် အရမ်းပြည့်စုံတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ သူတို့ဟာ ဗိုက်မဆာတာကြောင့် ကစားပစ်တာမျိုး လုပ်နိုင်ပါတယ်။ အစာမကျွေးခင် နို့ဘူးတိုက်ထားလို့၊ နို့တိုက်ထားလို့လည်း ဖြစ်နိုင်သလို သူတို့ဟာ အစာစားချင်စိတ်သိပ်မရှိတဲ့ အဆင့်ကို ဖြတ်သန်းနေရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒီအပြုအမှုက ပြဿနာတစ်ခုရဲ့ လက္ခဏာ မဟုတ်ကြောင်း နားလည်ဖို့အရေးကြီးပါတယ်။ မွေးကင်းစကလေးဖွံ့ဖြိုးမှုကို ထည့်စဉ်းစားခြင်းက လုံးဝပုံမှန်ဖြစ်ပါတယ်။ ဒီအပြုအမှုတွေကို မိဘတွေအနေနဲ့ ညံ့ဖျင်းစွာ တုံပြန်မှသာ တစ်ခုတည်းသော ပြဿနာပါ။ အဲဒါကို သတိမထားမိဘဲနဲ့ တစ်ခုခုတုံ့ပြန်မယ်ဆိုရင် ဒီအဆင့်က ပိုကြာသွားနိုင်ပါတယ် ။ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ အစားအသောက်အချိန်တွေက မနှစ်မြို့ဖွယ် အချိန်အဖြစ် ပြောင်းလဲသွားပါတယ်။

မေမေတို့ကလေးက အစားအစာတွေကို ပစ်ချတတ်ရင် အသုံးဝင်မယ့် အကြံပြုချက်

၁။ ကလေးရဲ့ထိုင်ခုံအောက်မှာ ပလပ်စတစ်အိတ်ကြီးကြီး စွပ်ထားပါ

ကလေးရဲ့ကုလားထိုင်အောက်မှာ ပလပ်စတစ်ခင်းထားတာမျိုးက သင့်အတွက် သန့်ရှင်းရေးလုပ်ဖို့ ပိုလွယ်ကူစေမှာပါ၊ ကြမ်းပင်ပေါ် ပြုတ်ကျတဲ့အခါ အစားအသောက်တွေ ညစ်ပတ်သွားတာမျိုး မဖြစ်စေချင်ဘူးဆိုရင် ဒီနည်းလမ်းက အစားအသောက်နဲ့ ကြမ်းပြင်ကို မထိနိုင်လို့ အများကြီး အကူအညီရမှာပါ။

၂။ အစားအသောက် အနည်းငယ်သာ ပေးထားပါ

ကလေးရဲ့အစားအစာကို နည်းနည်းချင်းစီ ပန်းကန်ထဲ ထည့်ပေးတာမျိုး လုပ်နိုင်ပါတယ်။ တစ်ကြိမ်လျှင် တစ်ပုံ (သို့) တစ်ပိုင်းသာ ပေးခြင်းဖြင့် စတင်ပါ။ လုံးဝမစားဘဲ ပစ်ချနေတယ်ဆိုရင်တော့ သူတို့လောလောဆယ် ဗိုက်ပြည့်နေတယ်လို့ မှတ်ယူနိုင်ပါတယ်။

၃။ ပန်းကန်ပြားကို သုံးမယ့်အစား သူတို့ကုလားထိုင်ရဲ့ ဗန်းပေါ်မှာ အစားအစာကို တင်ကျွေးပါ

ထိုသို့ပြုလုပ်ခြင်းဖြင့် အစားအစာတွေ အပြည့်ထည့်ထားတဲ့ ပန်းကန်ပြားတစ်ချပ်အား မှောက်ချပစ်နိုင်မယ့် အန္တရာယ်ကို ရှောင်ရှားနိုင်ပါတယ်။

၄။ အတင်းအကြပ် အပြုအမှုမျိုးကို ရှောင်ကြဉ်ပါ

သင့်ကလေးက ဘယ်အခြေအနေမျိုးမှာမဆို သူတို့ရဲ့ပါးစပ်ကို ဖွင့်ဖို့ ငြင်းဆန်နေပါက အတင်းအကြပ်ကျွေးမိမှာပါ။ အာရုံပြောင်းစေခြင်း (သို့) အတင်းအကြပ်အစာကျွေးခြင်းက နောက်ပိုင်းမှာ အစားအသောက်နဲ့ ပတ်သတ်တဲ့ ပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်တဲ့အပြင် စိတ်ဒဏ်ရာရစေတဲ့ အတွေ့အကြုံတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

ကန့်သတ်ချက်တွေ ချမှတ်ပါ

အစားအစာတွေကို ဖွပစ်တာမျိုး၊ အလဟသဖြစ်စေတာမျိုးက မကောင်းတဲ့ကိစ္စတစ်ခုဖြစ်ပေမယ့် ဒါက ကလေးအတွက် သင်ယူမှုတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ ယုံကြည်မှုအပြည့်နဲ့ အကန့်အသတ်ထားတာက အကောင်းဆုံးပါပဲ။ ဒါက ကလေးရဲ့ သင်ယူမှုနဲ့ စူးစမ်းလေ့လာမှုတို့ကို ရပ်တန့်ပစ်ရမယ်လို့ မဆိုလိုပါဘူး။ သူတို့ဟာ အခြားအရာတွေ (သို့) အခြားနည်းလမ်းတွေနဲ့ ရိုးရှင်းစွာ သင်ယူရမှာ ဖြစ်ပါတယ်။

အစားအစာနဲ့ ကစားခြင်းက အဖိုးတန်သော သင်ယူမှုတစ်ခု ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ သင်အနေနဲ့ အဲဒါကို အနည်းဆုံး ထိန်းချုပ်တဲ့နည်းနဲ့ ခွင့်ပြုသင့်ပါတယ်။ ကန့်သတ်ချက်တွေကို သတ်မှတ်နိုင်ပြီး ဒေါသမထွက်ဘဲ၊ ကလေးရဲ့ စိတ်ခံစားချက်နဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို ပျက်ပြယ်စေခြင်းမရှိဘဲ လေးစားမှုရှိတဲ့ နည်းလမ်းဖြင့် လုပ်ဆောင်နိုင်ကြောင်း သတိရပါ။ ။

Chit_MayMay

Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here