အိမ်မှာ stay home နေရင်းနဲ့ မေမေတို့ သားသားမီးမီးတွေကို စာတွေ သင်ပေးနေမယ်လို့ ထင်ပါတယ်နော်။ ဒါ့ကြောင့် သင်္ချာသင်ပေးတဲ့အခါ မေမေတို့ ကလေးတွေ စိတ်ဝင်စားအောင် ဘယ်လိုနည်းလမ်းလေးတွေနဲ့ သင်ပေးလို့ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။ ဒီနည်းလမ်းလေးတွေက ကလေးတွေအတွက် စိတ််ဝင်စားစရာကောင်းပြီး ပျော်လိမ့်မယ်ဆိုတာ သေချာပါတယ်။
၁။ သကြားလုံးလေးတွေ ရေတွက်မယ်
ဒီသင်္ချာလေ့ကျင့်ခန်းမျိုးက ဘယ်ကလေးမဆို ပျော်ရွှင်စေမှာပါ။ စက်ဝိုင်းအရေအတွက် အမျိုးမျိုးဆွဲထားတဲ့ စာရွက်အချို့ကို ပြင်ဆင်ပါ။ သကြားလုံးလေးတွေရဲ့အကူအညီနဲ့ ရေတွက်ခိုင်းပါ။၊ သကြားလုံးနေရာမှာ ကလေးကြိုက်တဲ့ မုန့်(သို့) အသီးလေးတွေနဲ့လည်း အစားထိုးနိုင်ပါတယ်။

၂။ အဝတ်ညှပ်
သစ်သားအဝတ်ညှပ်လေးတွေကို အရောင်ချယ်ပါ။ ရေခဲချောင်းတုတ်လေးတွေပေါ်မှာ ပန်းသီးပမာဏအမျိုးမျိုးကို ဆွဲပေးပါ။ သက်ဆိုင်ရာ နံပါတ်လေးတွေကို အဝတ်ညှပ်ပေါ်မှာရေးပါ။ မေမေတို့ကလေးက ရေခဲချောင်းတုတ်လေးတွေနဲ့ အဝတ်ညှပ်လေးတွေကို လိုက်ဖက်အောင် တွဲပါလိမ့်မယ်။

၃။ ဥယျာဉ် စိုက်မယ်
သင့်မှာ သိုးမွေးပန်းဖွားလေးတွေရှိပါက ကိုယ်ပိုင်ဥယျာဉ်လေးဖြစ်စေဖို့ အသုံးပြုပါ။ သိုးမွေးပန်းဖွားလေးတွေမရှိရင် ရေမြှုပ်အပိုင်းအစ ရောင်စုံလေးတွေ သုံးနိုင်ပါတယ်။

၄။ အနည်း (သို့)အများ?
သင်္ချာသင်ရင် ‘greater than’ , ‘less than’ နဲ့တိုင်ပတ်တဲ့ ကလေးတွေရှိပါသလား? ဒီချစ်စရာကောင်းတဲ့ မိကျောင်းက ဘယ်အရာက ‘greater than’ လဲ ?ဘယ်အရာက ‘less than’လဲဆိုတာကို လေ့လာဖို့ ကူညီပါလိမ့်မယ်။

၅။ snowman ဝတ်စုံ
ဦးထုပ်လေးကို ပြောင်းပေးပါ။ ကလေးက အဝတ်အစားအမျိုးမျိုးနဲ့ snowmanကို အဝတ်အစား ဝတ်ပေးပါလိမ့်မယ်။ ကြိုတင်ပြင်ဆင်ရတာ နည်းနည်းတော့ခက်ပါတယ်။ ဒါပေမယ့် ဒီဂိမ်းက အချိန်ကြာကြာကစားလို့ရမယ့် ဂိမ်းဖြစ်ပါတယ်။

၆။ အပိုင်းကိန်းနှင့် နာရီ
ဒီတစ်ခုက အပိုင်းကိန်းတွေနဲ့ နာရီတွေကို သင်ခဲ့ပြီးသော်လည်း ပြဿနာတတ်နေတဲ့ ကလေးတွေအတွက် ဖြစ်ပါတယ်။ အပိုင်းကိန်းတွေကို နာရီရဲ့အကူအညီနဲ့ ရှင်းပြဖို့ လွယယ်ကူပြီး လေးပုံတစ်ပုံနှင့် ထက်ဝက်တွေကို ဒီနည်းလမ်းနဲ့ ရှင်းပြတာက ပိုလွယ်ပါတယ်။

၇။ clock wisdom
ဘယ်နှစ်နာရီ ၊ ဘယ်နှစ််မိနစ်ဆိုတာ ကလေးတွေ နားလည်စေဖို့ ဒီနည်းလမ်းလေးနဲ့ သင်ပေးနိုင်ပါတယ်။ နာရီလုပ်တဲ့အခါ နာရီလက်တံအရောင်နှင့် နာရီမျက်နှာပြင်အရောင်က တူနေရမှာဖြစ်ပြီး မိနစ်လက်တံနဲ့ မိနစ်မျက်နှာပြင်က အရောင်တူနေရပါမယ်။

၈။ စက္ကူခွက်တွေ
စက္ကူခွက် ၅လုံးယူပါ။ ခွက်သုံးခွက်ရဲ့အနားကွပ်နားမှာ သုညကနေ ၉အထိ နံပါတ်များရေးပါ။ ကျန်နှစ်ခွက်မှာ ပေါင်းခြင်း၊ နုတ်ခြင်း၊ မြှောက်ခြင်း၊ စားခြင်းနှင့် ညီမျှခြင်းသင်္ကတများကို ဆွဲပါ။ ပြီးရင် ခွက်တစ်ခုချင်းစီကိုစွပ်ပါ။ ဒီနည်းနဲ့ သင်္ချာဟာ စိတ်ဝင်စားစရာကောင်းပြီး ပျော်စရာကောင်းပါလိမ့်မယ်။

LM_Nandar
Chit_MayMay
Source-brightside
Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။