မေမေတို့ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု (သို့) လေးစားမှုကို ထိခိုက်နာကျင်စေနိုင်သော အရာ (၄) ချက်

0
72
- Advertisement -

ကျွန်မတို့အားလုံးက မိမိကိုယ်ကိုယ်လေးစားမှုဆိုတာကို ကျွန်မတို့ရဲ့ ကလေးငယ်တွေဆီမှာ ရှိစေချင်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်လေးစားမှုမြှင့်တင်ဖို့ ဘယ်လိုတွေပျိုးထောင်ရမယ်ဆိုတဲ့ အချက်အလက်တွေလည်း တော်တော်များများဖတ်ဖူးကြပါလိမ့်မယ်။ ဒီကနေ့မှာလည်း ကလေးငယ်တွေရဲ့ မိမိကိုယ်ကိုယ်လေးစားမှုကို မြှင့်တင်ချင်တယ်ဆိုရင် ရှောင်ကြဉ်ရမယ့်အရာတွေ မျှဝေချင်ပါတယ်။

၁။ ကလေးကို အဆက်မပြတ်ချီးမွမ်းတာမျိုး မလုပ်ပါနဲ့

ချီးမွမ်းခြင်းက ကိုယ့်ကိုယ်ကိုယ်လေးစားမှုတွေကို တိုးပွားစေတယ်လို့ ယုံကြည်ပြီး ကျွန်မတို့တွေကြီးပြင်းလာကြပါတယ်။ ဘယ်လိုရလဒ်ပဲထွက်လာပါစေ ”အို သားလေးကသာ အကောင်းဆုံးပဲ၊ အံ့ဩဖို့အကောင်းဆုံး ကလေးလေး”လို့ ချီးမွမ်းတာက ကလေးအတွက် ရလဒ်ကိုပဲ အာရုံစိုက်စေတာကြောင့် အန္တရာယ်ရှိပါတယ်။ အဲ့ဒီ့အစား ”သား အကောင်းကြိုးစားခဲ့တာပဲ၊ ဒါကို သား ဂရုတစိုက်လုပ်ခဲ့တာပဲ” ဆိုတာက ကလေးဟာ မိဘတွေက သူ့ရဲ့ အားထုတ်မှုကို ဂရုစိုက်တယ်ဆိုတာ ရိပ်မိစေနိုင်ပါတယ်။ ဒါ့ကြောင့် ကြိုးစားနေဖို့က အဓိကဆိုတာကို သူကောင်းကောင်းနားလည်နိုင်ပါတယ်။

- Advertisement -

၂။ ကလေးကို ကိုယ်တိုင်နှိုးကြားခွင့်ပေးပါ

ကလေးကို ကိုယ်တိုင်ဖြစ်တည်ခွင့်လေးပေးပါ။ သင့်ကလေးအတွက် မရှိမဖြစ်လိုအပ်သော လူမှုရေးစွမ်းရည်တွေရရှိစေဖို့ ကစားပွဲတွေနှင့် လှုပ်ရှားမှုတွေက အရေးကြီးပေမယ့် ကလေးအား သူကိုယ်တိုင်ရဲ့ စိတ်ကူးတွေနဲ့ အံဝင်ခွင်ကျဖြစ်မယ့် စူးစမ်းရှာဖွေမှုတွေကိုလည်း အချိန်ပေးဖို့ အရေးကြီးပါတယ်။

၃။ အရာအားလုံးအဆင်ပြေသွားလိမ့်မယ်လို့ မပြောပါနဲ့

ဒီစကားလုံးက ကျွန်မတို့ကို သင်ကြားပေးခဲ့တဲ့ အရာအားလုံးနှင့် ဆန့်ကျင်နေပါတယ်။ တကယ့်လက်တွေ့မှာ ကျွန်မတို့ရဲ့ အခြေအနေတစ်ချို့ဟာ အဆင်ပြေသွားမယ်လို့ လုံးဝအာမခံနိုင်မှာမဟုတ်ပါဘူး။ ခံစားချက်တွေကို မှန်ကန်ကြောင်းအတည်ပြုဖို့ ပိုပြီးအရေးကြီးပါတယ်။ ”သားသူငယ်ချင်းက သားနဲ့ လာကစားမှာမဟုတ်လို့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် သား ကာတွန်းတွေဆွဲနေလို့ရတာပဲ”။ ဒီစကားလုံးတွေရဲ့ ရည်မှန်းချက်က ကလေးကို အရာရာတိုင်းမှာ သည်းခံနိုင်အောင်လုပ်ဖို့ မဟုတ်ပါဘူး။ သူမအနေနဲ့ ခက်ခဲသောအခြေအနေတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အကောင်းဆုံးဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သင်ယူဖို့ ကူညီခြင်းသက်သက်ပါပဲ။

၄။ ဒီအရာတွေကို မေ့ပစ်လိုက်ပါ လို့ မပြောပါနဲ့

ကလေးငယ်ခက်ခဲနေတဲ့အချိန်မှာ အားလုံးကို မေ့ပစ်လိုက်ပါလို့ ခြိမ်းခြောက်ခြင်းက ကလေးငယ်ရဲ့ စွမ်းရည်ကို တည်ဆောင်ဖို့ ခက်ခဲစေပါလိမ့်မယ်။ ဒီလိုပြောမယ့်အစား ”အမေ့သားလေး တကယ်ဝမ်းနည်းနေတာပဲ၊။ မေမေဘာတွေကူညီပေးရမလဲ (သို့) ဘာတွေကူညီပေးချင်သလဲ” လို့ မေးပါ။

Chit_May_May

Nyein_Thu

LEAVE A REPLY

Please enter your comment!
Please enter your name here