မေမေတို့ကလေးရဲ့ ဖွံ့ဖြိုးမှုကို တိုးတက်စေမယ့် ကစားနည်း (၅)ခု

0
90
- Advertisement -

ဘေဘီလေးတွေဟာ စူးစမ်းတတ်တဲ့ သဘောသဘာဝရှိကြပါတယ်။ မေမေတို့ လသားကလေးငယ်တွေရဲ့ မျက်လုံးထဲမှာ ကမ္ဘာကြီးက ဘယ်လောက်အံ့သြစရာ၊ စွဲမက်စရာကောင်းနေမယ်ဆိုတာကို မြင်ယောင်ကြည့်ပါ။ အရာအားလုံးက သူတို့အတွက် အံ့သြစရာတွေချည်းပါပဲ။ ကြီးပြင်းလာတာနှင့်အမျှ ကလေးငယ်တွေဟာ သူတို့ကိုယ်သူတို့ လေ့လာကြပါတယ်၊ သူတို့ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာခြင်းဖြင့် လောကကြီးအကြောင်းကို သင်ယူကြပါတယ်။ ပြီးတော့ ကစားခြင်းဖြင့်လည်း လေ့လာသင်ယူကြပါတယ်။ တစ်ချို့မိဘတွေရှိပါတယ်။ အထူးသဖြင့် ကလေးကြီးလာတာနဲ့အမျှ ကစားတာကို အချိန်ဖြုန်းတာလို့ မြင်ကြပါတယ်။ “အားနေ ကစားနေတာပဲ၊ သွား… စာသွားကျက်” ဆိုတာမျိုးပါ။ ကစားတာက ကလေးရဲ့ ဖွံ့ဖြိုးမှုအပေါ် ကောင်းကျိုးသက်ရောက်စေပါတယ်။

ကစားခြင်းက သူတို့အား လေ့ကျင့်မှုနဲ့ ကျွမ်းကျင်မှုအသစ်တွေကို ကျွမ်းကျင်ပိုင်နိုင်စေဖို့ အခွင့်အရေးပေးပါတယ်။ ကစားခြင်းက သူတို့လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ လေ့လာဖို့ ကူညီပေးပါတယ်။ ဒါ့ကြောင့် ကလေးရဲ့ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုကို လွယ်ကူချောမွေ့စေဖို့ စာအုပ်တွေ၊ အရုပ်တွေနဲ့ ဂိမ်းတွေ အကူအညီဖြင့် ကစားခြင်း၊ စူးစမ်းလေ့လာခြင်းတို့ကို အားပေးပါ။

၁။ ဘာသာစကားနဲ့ စကားပြောကို တိုးတတ်စေဖို့

ဘေဘီလေးက မေမေတို့ ပြုလုပ်တဲ့ အသံဗလံတွေကို အတုယူဖို့ စတင်ကြိုးစားလာပါလိမ့်မယ်။ ဘေဘီလေးရဲ့ ဘာသာစကားစွမ်းရည်ကို မြှင့်တင်ဖို့ အကောင်းဆုံးနည်းက သူတို့နဲ့ စကားပြောပေးရုံသာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားခြင်းက သူတို့အတွက် ပိုဆွဲဆောင်မှုရှိပါတယ်။ အပြန်အလှန် အကျိုးသက်ရောက်စေမယ့် ကစားနည်းတွေလည်း ရှိပါတယ်။ အရာဝတ္တုတွေကို ရေတွက်နိုင်ပြီး အရောင်တွေကို ညွှန်ပြနိုင်စေမယ့် စာအုပ်တွေ ဖတ်တာ၊ သူတို့ပြောသမျှ စကားလုံးတွေကို ပြန်ရွတ်ပြတာ၊ သင်ပြောနေတဲ့အရာတွေကို သူတို့နားလည်စေဖို့ သရုပ်ဖော်ဖို့ အမူအရာတွေကို အသုံးပြုတာပါ။ သင်ဘာလုပ်နေတယ်ဆိုတာကို ပြောပြခြင်း၊ သူတို့လုပ်နေတာတွေကို ဖော်ပြခြင်းကလည်း အထောက်အကူပြုပါတယ်။ Patty-cake နဲ့ Peek-a-boo ကဲ့သို့သော ဂိမ်းတွေက ဘေဘီလေးတွေရဲ့ ဘာသာစကားစွမ်းရည်ကို လှုံ့ဆော်ပေးပါတယ်။

၂။ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေ မြှင့်တင်ပေးဖို့

အစောပိုင်းကာလတွေမှာ ဘေဘီလေးတွေဟာ သူတို့ရဲ့ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရုံသာမက သူတို့နားကလူတွေနှင့် ဆက်ဆံရေးတည်ဆောက်ဖို့လည်း ကြိုးစားနေကြပါပြီ။ ဒီလုံခြုံတဲ့ ဆက်ဆံရေးတွေမှတဆင့် သူတို့ရဲ့စိတ်ခံစားချက်တွေကို ကျန်းမာသောနည်းလမ်းတွေနဲ့ manage လုပ်ပြီး အသိအမှတ်ပြုဖို့ သင်ယူကြပါတယ်။ ပြီးတော့ ကစားတာက အဲဒီဧရိယာမှာ အများကြီး ကူညီပေးပါတယ်။ ကလေးရဲ့ခံစားချက်တွေကို အမည်ပေးခြင်းက စိတ်ခံစားချက်ကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ နားလည်သဘောပေါက်ဖို့ ကူညီပေးပါတယ်။ ဥပမာ- ကလေးက စိတ်ဆိုးနေတယ်ဆိုရင် ” မေမေ့သားလေးက စိတ်ဆိုးနေတာလား?”လို့ ဖော်ပြခြင်းက သူတို့ကို ပြစ်တင်ရှုတ်ချတာ၊ လူဆိုးလို့ ထင်မြင်စေတာထက် ပိုကောင်းပါတယ်။ အရုပ်တွေနဲ့ ကစားချိန်မှာ ပွေ့ဖက်ခြင်းနဲ့ အားပေးစကားတွေ အသုံးပြုခြင်းကဲ့သို့သော ချစ်ခြင်းမေတ္တာ ကစားနည်းက အကောင်းဆုံးရလဒ်တွေကို ရရှိစေပါတယ်။

၃။ Fine Motor Skills ကိုအားပေးဖို့

အရုပ်တွေ၊ အရာဝတ္တုတွေနဲ့ ကစားခြင်းက သူတို့လက်ထဲမှာရှိတဲ့ ကြွက်သားငယ်လေးတွေကို လေ့ကျင့်ပေးဖို့ ကူညီပေးပါလိမ့်မယ်။ သူတို့ရဲ့ fine motor skills ကိုမြှင့်တင်ပေးပါတယ်။ ကလေးတွေဟာ အသက် ၆လမှ ၁၂လဝန်းကျင်မှာ အရာဝတ္တုတွေကို ကောက်ယူနိုင်မှာဖြစ်ပါတယ်။ သူတို့မျိုချမှာကို စိုးရိမ်စရာမလိုတဲ့ ကောက်ကိုင်လိုက် ၊ ပစ်ချလိုက် လေ့ကျင့်လို့ရမယ့် အရုပ်ကြီးကြီးတွေနဲ့ ကစားခွင့်ပေးပါ။ မေမေတို့ကလေး ကြီးပြင်းလာတာနှင့်အမျှ စက္ကူပေါ်မှာ ရေးခြစ်နိုင်လာမယ်၊ crayons တွေနဲ့ အရောင်ခြယ်နိုင်မှာ ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ပုံတွေပါသော စာအုပ်တွေ ၊ ဆေးရောင်ခြယ် စာအုပ်တွေကို ပေးထားနိုင်ပါတယ်။

၄။ Gross Motor Skills တွေကို ပျိုးထောင်ပေးဖို့

ကလေးဟာ ကြီးထွားလာတာနှင့်အမျှ သူတို့ရဲ့ခြေထောက်၊ လက်တွေနဲ့ ခန္ဓာကိုယ်ရှိကြွက်သားတွေကို အသုံးပြုတတ်လာမှာ ဖြစ်ပါတယ်။ သို့သော် နို့စို့အရွယ်ကလေးတွေမှာ လှုပ်ရှားမှုက သူတို့ရဲ့ဝမ်းဗိုက်နဲ့ စတင်ပါတယ်။ တစ်ခုခုကို လက်လှမ်းမီဖို့ (သို့) တစ်နေရာကို ရောက်ရှိဖို့အတွက် ဝမ်းလျားထိုးသွားကြပါတယ်။ ဒါ့ကြောင့် သူတို့ကို အားပေးဖို့ စိတ်ဝင်စားစရာကောင်းတဲ့ အရုပ်တွေ ထားပေးရပါမယ်။ ထထိုင်ဖို့ စတင်တဲ့အခါမှာလည်း ဒီလိုပါပဲ။ ကလေးဟာ မတ်တပ်ရပ်ပြီး လမ်းလျှောက်လာတာနှင့်အမျှ baby stroller ကဲ့သို့သော အရုပ်တွေနဲ့ မိတ်ဆက်ပေးခြင်းက သူတို့ရဲ့စွမ်းရည်တွေကို ပြုစုပျိုးထောင်ပေးပြီး သူတို့ရဲ့ဖွံ့ဖြိုးမှုကို သေချာစေပါတယ်။

၅။ တွေးခေါ်မှုနဲ့ ဆင်ခြင်တုံတရားစွမ်းရည်တွေကို မြှင့်တင်ပေးဖို့

သူတို့ရဲ့ တွေးခေါ်နိုင်မှု၊ ဆင်ခြင်နိုင်စွမ်း၊ စိတ်ကူးပုံဖော်နိုင်မှု၊ ဖြေရှင်းနိုင်မှု၊ အချက်အလက် စုဆောင်းမှု၊ မှတ်သားမှု၊ ဝေဖန်ဆုံးဖြတ်နိုင်စွမ်းတို့ကို မြှင့်တင်ပေးတာကြောင့် ကလေးရဲ့ cognitive skills တွေ ဖွံ့ဖြိုးခြင်းက အရေးကြီးပါတယ်။ ကစားခြင်းဖြင့်လည်း ဒီကျွမ်းကျင်မှုတွေ ဖွံ့ဖြိုးလာအောင် ကူညီပေးနိုင်ပါတယ်။

ကခုန်ခြင်း၊ သီချင်းသီဆိုခြင်း၊ ဂီတတူရိယာတီးခြင်းတွေက အဆိုပါစွမ်းရည်တွေကို လှုံ့ဆော်ပေးတဲ့ ပျော်စရာကောင်းသော လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ မတူညီတဲ့ ပုံသဏ္ဍာန်တွေ၊ အနံ့တွေ၊ အသံတွေနဲ့ အပြန်အလှန်တုံ့ပြန်ခြင်းတွေကလည်း ကူညီပေးပါတယ်။ ကြီးပြင်းလာတာနှင့်အမျှ သူတို့ရဲ့ သိမြင်မှုစွမ်းရည်ကို လွယ်ကူချောမွေ့စေဖို့ ဟန်ဆောင်တယ်လီဖုန်းဆက်တာ (သို့) လေးခုပါ ပဟေဠိတွေနဲ့ မီးဖိုချောင် ကစားစရာတွေကဲ့သို့သော အရုပ်တွေဆီကို ဆွဲဆောင်သွားနိုင်ပါတယ်။ တူတူပုန်းတမ်းကဲ့သို့သော ဂိမ်းတွေကို ကစားခြင်းဖြင့်လည်း လုပ်ဆောင်နိုင်ပါတယ်။

ကလေးအား သူတို့ပတ်ဝန်းကျင်ရှိ ကမ္ဘာသစ်ကို စူးစမ်းလေ့လာရာမှာ ပံ့ပိုးပေးခြင်းက စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ပျော်ရွှင်စရာနဲ့ ဆွဲဆောင်မှုရှိသော နည်းလမ်းတွေဖြင့် လိုအပ်တဲ့ ဘဝစွမ်းရည်တွေ ဖွံ့ဖြိုးလာစေဖို့ ကူညီပေးခြင်းဖြင့် သူတို့မှာရှိတဲ့ စူးစမ်းလိုစိတ်တွေနဲ့ အံ့သြစရာတွေကို မျှဝေခံစားဖို့ မမေ့ပါနဲ့။

Chit_MayMay

Nandar

Source- momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here