မေမေတို့ကလေးရဲ့ အနံ့ဟာ အာရုံခံစားမှုဆိုင်ရာဆက်သွယ်မှုတစ်ခုဆိုတာ သိပြီးပြီလား?

0
448
- Advertisement -

မွေးကင်းစကလေးငယ်ရဲ့ အနံ့ထက် အံ့ဩစရာကောင်းလောက်တဲ့ အရာတစ်ခုခုကိုဆိုတာ မရှိတော့ပါဘူး။ ကျွန်မတို့ရဲ့ နှလုံးသားတွေကို အရည်ပျော်စေတဲ့ ကလေးငယ်တွေရဲ့ အမွှေးအကြိုင်တွေလိုမျိုးအရာတွေက စိတ်ခံစားမှုတွေကို အင်မတန်ထိမိစေပါတယ်။ ကလေးငယ်တွေရဲ့ အနံ့တွေဟာ ကျွန်မတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပိုမိုအားကောင်းလာစေနိုင်ပါတယ်။

ကလေးရဲ့ အနံ့ဟာ မူးယစ်ဆေးဝါးတွေလိုမျိုး အမျိုးသမီးတွေအတွက် စွဲလမ်းကြောင်းဖော်ပြကြတဲ့ လေ့လာမှုတွေတောင်ရှိခဲ့ပါတယ်။ ကျွန်မတို့ရဲ့ အနံ့ခံခြင်းက မိခင်နှင့် ကလေးအကြားရှိတဲ့ နှောင်ကြိုးကို ခိုင်မာစေတာကြောင့် ၎င်းမှာ ဆင့်ကဲဖြစ်စဉ်အဓိပ္ပာယ်တစ်မျိုးလို့လညး ဆိုကြပါတယ်။ ကလေးရဲ့ အနံ့ဟာ မိခင်အတွက် ချစ်ခြင်းမေတ္တာစိတ်တွေ တဖွားဖွားပေါ်ပေါက်စေပါတယ်။

၂၄ နာရီအတွင်းမှာ မိခင်တွေဟာ သူတို့ရဲ့ မွေးကင်းစကလေးတွေရဲ့ အနံ့ကို တစ်ခြားလူတွေရဲ့ အနံ့တွေနဲ့ ကောင်းကောင်းခွဲခြားနိုင်စွမ်းရှိပါတယ်။ အနံ့တွေဟာ မိခင်နှင့် ကလေးကို ဆက်သွယ်ပေးတဲ့ သဘောမှာရှိပါတယ်။ ၁၉၉၈ က လေ့လာမှုတစ်ခုအရ ငိုကြွေးနေတဲ့ ကလေးငယ်တွေဟာ သူတို့ရဲ့ မိခင်မကြာသေးမီက ဝတ်ဆင်ခဲ့သော အဝတ်အစားအနားမှာရောက်ရှိနေခဲ့ကြတယ်လို့ ဆိုပါတယ်။

- Advertisement -

မိခင်တစ်ဦးဟာ သူမရဲ့ ကလေးကို ပွေ့ဖက်ထားပြီး သူမရဲ့ သန့်စင်သော ချစ်ခြင်းမေတ္တာကို တိုက်ရိုက်ဖော်ပြလေ့ရှိပါတယ်။ အလားတူပဲ ကလေးငယ်ဟာလည်း မိခင်ကို စကားတစ်ခွန်းမှ ပြောစရာမလိုလဲ စိတ်ခံစားမှုချင်း ဆက်သွယ်ခံစားနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ကလေးရဲ့ အနံ့ဟာ ကလေးတွေ ကြီးပြင်းလာတာနဲ့အမျှ မိခင်တိုင်းသတိရနေတတ်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုက ကလေးတစ်ဦးရဲ့ အနံ့ဟာ ကျွန်မတို့အတွက် ဘဝတစ်သက်တာလုံးမှာ ရှင်သန်ဖို့ အရသာအရှိဆုံး၊ အသန့်ရှင်းဆုံးအမှတ်ရစရာတွေနဲ့ ဆက်စပ်နေပါတယ်။

Chit_May_May

Nyein_Thu

Ref- Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here