မေမေတို့ကလေးလေးကို ဘယ်တော့မှ စနောက်ပြီးတောင် မပြောသင့်သော စကားလုံးများ

0
2524
- Advertisement -

လိမ်ပြောတာဟာ ဘယ်တော့မှ မကောင်းဘူးဆိုတာ ကျွန်မတို့အားလုံးသိပါတယ်။ မုသားနဲ့ ပတ်သက်ပြီး ပြဿနာကြီးကြီးမားမားမရှိဘူးလို့ ထင်ရပေမယ့် ကလေးတွေကို နာကျင်ရစေနိုင်ပါတယ်။ မိဘတစ်ယောက်အနေနဲ့ ကျွန်မတို့ကလေးတွေကို တစ်ကြိမ်မှ လိမ်မပြောခဲ့ဖူးဆိုတာကတော့ မရှိနိုင်ပါ။ မိဘတိုင်းက သူတို့ကလေးတွေကို မုသားပြောခဲ့ဖူးပါတယ်။ တစ်ချို့က အဖြူရောင်မုသားလို့ သုံးတတ်ကြပါတယ်။ သို့ပေမယ့် မမှန်ကန်ခြင်း၊ ကတိမတည်ခြင်းဟာ နောက်ဆက်တွဲဆိုးကျိုးတွေမြောက်များရှိနေပါတယ်။ ဒီနေ့မှာတော့ ကျွန်မတို့ရဲ့ ကလေးတွေကို စနောက်ပြီးတောင် မပြောသင့်တဲ့ မုသားစကားလုံးတွေကို မျှဝေပေးချင်ပါတယ်။

၁။ ‘မေမေတော့ မင်းကို ဒီ့ထက်ပိုပြီး သည်းမခံနိုင်တော့ဘူး’

ဒီစကားလုံးကို မေမေတို့ကလေးကို မေမေတို့ အကြိမ်ကြိမ်ပြောခဲ့မယ်ဆိုရင် ဒီစကားလုံးဟာ အမှန်တကယ်ဆိုလိုတာမဟုတ်ကြောင်း ကိုယ်တိုင်တော့ သိပါလိမ့်မယ်။ မေမေတို့ရဲ့ ဒေါသနှင့် စိတ်ပျက်မှုက မေမေတို့ပုံသဏ္ဍာန်က အေးဆေးနေပါလိမ့်မယ်။ ပြဿနာက မေမေတို့အနေနဲ့ အပေါ်ယံလေးပဲ ပြောလိုက်တယ်ဆိုတာ ကလေးဟာ သိမှာမဟုတ်ပါဘူး။ စကားလုံးတိုင်းက အမှန်အတိုင်းလို့ပဲ ထင်တတ်ကြပါတယ်။ ဒါ့ကြောင့် မတော်တဆပြောဆိုမိတဲ့အခါ ကလေးနှင့် စကားပြောဆိုဖို့ လိုအပ်ပါတယ်။ သင်စိတ်ငြိမ်သွားတာနဲ့ တစ်ပြိုင်နက် ကလေးနဲ့ အတူတူအရာအားလုံးကို မှန်ကန်အောင် ပြောဆိုပါ။ အမှားလုပ်မိပြီး မေမေတို့စကားလုံးရဲ့ ဆိုလိုရင်းကို ဖြေရှင်းပါ။

၂။ ‘မေမေပြောတာကို မလုပ်ဘူးဆိုရင် မေမေရဲခေါ်ရလိမ့်မယ်’

မိဘတိုင်းဟာ သူတို့ရဲ့ ကလေးတွေကို သူတို့ပြောသမျှတိုင်း မဆိုင်းမတွလုပ်ပေးဖို့ အိပ်မက်မက်ကြပါတယ်။ တစ်ခါတရံ ကျွန်မတို့ကလေးတွေကို နာခံစေဖို့ စိတ်ကူးယဉ်နှင့် ကြောက်စရာခြိမ်းခြောက်မှုတွေ ပြုလုပ်ဖို့ လိမ်ပြောပြီးကြိုးစားကြပါတယ်။ ကျွန်မတို့ ဒီလိုလုပ်တဲ့အခါ သူတို့ရဲ့ ခံစားချက်တွေကို ထိခိုက်ရုံတင်မကဘဲ ကလေးတွေလိုချင်တဲ့ အပြုအမူတွေမလုပ်ပေးခဲ့ဘူးဆိုရင် ကျွန်မတို့ပတ်ဝန်းကျင်မှာ သူတို့မလိုတော့ဘူးလို့ တွေးမိနိုင်ပါတယ်။ ဒီလိုစကားလုံးတွေဟာ ကလေးတွေကို နည်းအမျိုးမျိုးနဲ့ ခံစားရစေကြောင်း နားလည်ပါ။

၃။ ‘သားအဆင်ပြေနေပါတယ်, ဘာမှ မဖြစ်ပါဘူး’

ကျွန်မတို့ကလေးတွေကို နောက်ထပ်လိမ်လည်မိတဲ့ အမှားတစ်ခုက သူတို့နာကျင်နေတဲ့အခါ ဒီလိုစကားလုံးတွေနဲ့ လျှော့ချပေးဖို့ ကြိုးစားခြင်းပါပဲ။ ကျွန်မတို့ ကူညီလိုက်တဲ့အရာက ပိုဆိုးရွားတဲ့အခြေအနေတွေဖြစ်သွားနိုင်ပါတယ်။ ပြဿနာကို ခြေခြေမြစ်မြစ်သိအောင်လုပ်ပြီး ပြဿနာအကြောင်းအရာအလိုက်ဖြေရှင်းတာက ပိုကောင်းပါလိမ့်မယ်။

၄။ ‘အရာအားလုံးက သားနဲ့ ထိုက်တန်တယ်’

မိဘဆိုတာ သူတို့ရဲ့ မျက်လုံးထဲမှာ ကလေးတွေဟာ ပန်းသီးလေးတွေ၊ ဘဝရဲ့ အလင်းတွေဖြစ်ပြီး ကလေးတွေဆိုတာ မိဘတိုင်းရဲ့ အရာအားလုံးဖြစ်ပါတယ်။ တစ်ခြားဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရနိုင်တဲ့အရာပါ။ သို့ပေမယ့် ကလေးတွေကို သူတို့ဟာ ကမ္ဘာကြီးရဲ့ အလယ်ဗဟိုမဟုတ်ဘူးဆိုတာ သင်ပေးဖို့ အရေးကြီးပါတယ်။ လူ့အဖွဲ့အစည်းမှာရှင်သန်နေထိုင်ဖို့အတွက် မျှတမှုအရေးကြီးကြောင်း သင်ပေးပါ။ နှိမ့်ချမှုရဲ့ တန်ဖိုးတွေကို မျှဝေပေးပါ။ သို့မှသာ လူ့အဖွဲ့အစည်းမှာ ပေါင်းစည်းနိုင်မှာဖြစ်ပါတယ်။ သူတို့ဟာ အကောင်းဆုံးကို ရထိုက်ပေမယ့်လည်း ကြိုးစားအားထုတ်မှုနဲ့သာ ရယူတာအကြောင်းဆုံးပါ။

၅။ ဘဝမှာ ဘယ်တော့မှ ဆင်းရဲဒုက္ခခံစားရမှာမဟုတ်ဘူးလို့ ကလေးကို မသင်ပါနဲ့

တစ်ခါတရံမှာ ကျွန်မတို့ဟာ ကလေးတွေကို အလွန်တရာချစ်မြတ်နိုးကြတာကြောင့် သူတို့ကို မဆင်းရဲစေချင်ကြပါ။ ဒါ့ကြောင့် ကျွန်မတို့ဟာ ပြီးပြည့်စုံသော ကမ္ဘာကြီးရဲ့ ပုံတစ်ပုံကို ဖြစ်လာအောင် ဆေးခြယ်ကြပါတယ်။ သူတို့ဘယ်တော့မှ စိတ်မပျက်အောင်ကြိုးစားကြပြန်ပါတယ်။ ဒီလိုပြီးပြည့်စုံစေခြင်းက ကလေးတွေအနေနဲ့ ကျွန်မတို့အပေါ် ယုံကြည်မှုပျောက်ဆုံးစေပါတယ်။ သူတို့နားလည်သဘောပေါက်လာတဲ့အချိန်တစ်ခုဆိုတာ ရောက်လာပါလိမ့််မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ကတိပေးထားတဲ့အတိုင်း ၎င်းတို့အတွက် အရာအားလုံးကို အကာအကွယ်မပေးနိုင်ပါဘူး။

Chit_May_May

Nyein_Thu

Ref- youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here