မေမေတို့ကလေးဟာ လေ့လာစူးစမ်းတတ်တဲ့ ၈လသားအရွယ်ကိုရောက်နေပြီလား?
0
69
မေမေတို့ ကလေးလေး ၈လသားအရွယ်ရောက်တဲ့အချိန်ဟာ မေမေတို့ရဲ့ ဘက်ထရီကို အားသွင်းရမယ့်အချိန်ပါပဲ။ မေမေတို့ ဘေဘီလေးရဲ့အသိစိတ်က စူးစမ်းရှာဖွေဖို့အတွက် နှိုးထလာပြီး သူ့ရဲ့အပြုအမူဟာ ပိုပြီးငနာမငြိမ်တော့ပါဘူး။ ဒီအရွယ်ဟာ ဟိုဟာလိုက်ဆွဲ၊ ဒါလိုက်ဆွဲမို့လို့ မေမေတို့လည်း အငြိမ်မနေရပါဘူး၊ ဒီအချိန်ကတော့ မိဘတွေအနေနဲ့ နောက်စေ့မှာ မျက်လုံးတစ်စုံ ရှိနေဖို့လိုအပ်တယ်လို့ စတင်ခံစားရတဲ့အချိန်ပါပဲ။ ဒီအရွယ်က ခုံတွေ၊ စားပွဲတွေ ကိုင်ပြီး မတ်တပ်ရပ်မယ်၊ ပြီးရင် မြင်မြင်သမျှ အကုန်ဆွဲပစ်ချတတ်တဲ့အရွယ်ပါ။ လှုပ်ရှားမှုမြန်ပြီး စူးစမ်းလိုစိတ် အရမ်းများတဲ့ အရွယ်ပါ။
၈လအတွင်း အပြောင်းအလဲများ
ဘေဘီလေးရဲ့ ပထမလတွေဟာအချိန်နဲ့အမျှ ပိုပြီး သိသိသာသာ ပြောင်းလဲမှုတွေ ရှိလာပါတယ်၊ ဘေဘီလေးတွေ အသက်(၈) လဆိုရင် ၀မ်းလျားမှောက်နေရာကနေ ထိုင်နေတတ်ပါပြီ။ ၈လအရွယ်ရှိတဲ့ မေမေတို့ဘေဘီလေးမှာ သူ့ဘာသာသူ တွားသွားဖို့ သူ့ခြေထောက်မှာ ခွန်အားတွေ အများကြီး ရှိနေပါပြီ။
၁။ တစ်အိမ်လုံးကို စူးစမ်းရှာဖွေတတ်လာပါပြီ
မေမေတိုဘေဘီလေး လေးဘက်ထောက်စသွားနေပြီဆိုရင် တစ်အိမ်လုံးအနှံ့ လျှောက်သွားချင်နေပါလိမ့်မယ်။ ဘေဘီလေးဟာ မေမေတို့သွားရာ ဘယ်နေရာမဆို လျှောက်လိုက်နေပါလိမ့်မယ်။ ပိုပြီးရွေ့လျားလာတာနဲ့အမျှ အိမ်ထဲမှာ လျှောက်သွား နေတတ်တာမို့လို့ သေချာဂရုစိုက် လိုက်ကြည့်ဖို့တော့ လိုပါတယ်။ ဖွက်ထားတဲ့အရာ၀တ္တုတွေကို လိုက်ရှာရတာလည်း သူတို့နှစ်သက်ပါတယ်။ သူနှစ်သက်တဲ့အရုပ်လေးတွေကို ဖွက်ထားပြီး သူရှာဖွေနေပါစေ။ ဒီလှုပ်ရှားမှုက သူတို့အတွက် ပျော်စရာအများကြီး ဖြစ်ပါလိမ့်မယ်။
၂။ မေမေတို့ ဘေဘီလေးဟာ တစ်နေ့ကို ၄ကြိမ်စားပါလိမ့်မယ်
ဒီ၈လအရွယ်ရောက်လာရင် ဘေဘီလေးရဲ့ ပုံမှန်အစာစားချိန်မှာ ညစာကိုစတင် ထည့်သွင်းရပါလိမ့်မယ်။
ဒီအဆင့်အတွက် စည်းမျဥ်း တိတိကျကျ မရှိပါဘူး။ မေမေတို့ကလေးဟာ မေမေတို့ရဲ့ guide ဖြစ်ပါလိမ့်မယ်။ ဘေဘီလေးက တစ်နှစ်မပြည့်သေးတဲ့အတွက် မိခင်နို့တိုက်ကျွေးခြင်းအပြင် ကျန်းမာရေးနှင့် ညီညွတ်တဲ့ ဖြည့်စွက်စာကို ကျွေးဖို့ လိုပါတယ်။ တခြားသူတွေ အသားနဲ့ ဟင်းသီးဟင်းရွက် စားသုံးခြင်းကို အလွယ်တကူ ကျင့်သားရချိန်မှာ ကလေးအတော်များများက နို့နဲ့ စီရီရယ်အစားအစာတွေကို နှစ်သက်ကြပါတယ်။
၃။ ဝုန်းဒိုင်းကြဲတတ်လာပါတယ်
မေမေတို့ ဘေဘီလေးဟာ အိပ်ရာ၀င်ဖို့ အချိန်ကျပြီဆိုတာ နားလည်သေးမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ပုံမှန်ညအိပ်ချိန်ကို အကျင့်လုပ်ပေးခြင်းဖြင့် ကလေးကို ကြိုတင် ပြင်ဆင်ပေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် သူ့ကိုအိပ်ရာထဲသိပ်ဖို့ ကြိုးစားတဲ့အခါ ငိုယို အော်ဟစ်နေပါလိမ့်မယ်။
၄။ ကိုယ်အလေးချိန်နဲ့ အရွယ်အစား
၈လကလေးရဲ့ ပျမ်းမျှ ကိုယ်အလေးချိန်နှင့် အရွယ်အစားက လိင်အရ အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ ပျမ်းမျှအားဖြင့် ယောကျ်ားလေးတွေက ပိုထွားလေ့ရှိပါတယ်။ မိန်းကလေးတွေရဲ့ ပျမ်းမျှကိုယ်အလေးချိန်က ၁၇.၅ပေါင်နှင့် ယောကျ်ားလေးတွေရဲ့ ပျမ်းမျှ ကိုယ်အလေးချိန်က ၁၉.၀ပေါင် ရှိပါတယ်။ ဒီအသက်အရွယ်မှာ ဘေဘီလေးတွေရဲ့ အရပ်အမြင့်က ပျမ်းမျှအားဖြင့် ၂၆နှင့် ၂၉လက်မ အကြား ရှိပါတယ်။
၈လသားအရွယ်ကို ဘာကျွေးသင့်သလဲ?
၈လသားမှာ ကလေးဝါးဖို့ အဆင်ပြေမယ့် ပျော့ပြောင်းတဲ့ အစားအစာများကို စတင်ကျွေးနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ့၊ ပဲအမျိုးမျိုးနှင့် အသားငါးတွေကို စကျွေးလို့ ရပါပြီ။ ဟင်းသီးဟင်းရွက် သို့ အသီးအနှံကို ကျွေးတဲ့အခါ တစ်ရက်ကို ၂ဇွန်းကနေ ၃ဇွန်းအထိ ကျွေးနိုင်ပါတယ်။ ဘေဘီလေးကို အသားငါးတွေ။ အသီးအရွက်တွေ ကျွေးတဲ့ အခါမှာ အတုံးသေးသေးလေးတွေ တုံးပြီး နှုးအိနေအောင် ကောင်းစွာ ချက်ပြုတ်ပြီး ကျွေးပါ။ ဖြည့်စွက်စာတွေကို မချက်ခင်မှာ ကြိတ်စက်ကို အသုံးပြုပြီးလည်း ကြေအောင်ပြုလုပ်နိုင်ပါတယ်။ ဒီအရွယ်ဟာ သွားစပေါက်နေပြီဆိုပေမယ့် သင့်ကလေးမှာ သွားမပေါက်သေးရင် မစိုးရိမ်ပါနဲ့။ တချို့ကလေးတွေဟာ နောက်ပိုင်းမှ သွားစပေါက်ပါတယ်။
သင့်ကလေးရဲ့ အစားအစာထဲမှာ ပေါင်မုန့်အဖြူ၊ ကြက်ဥတွေ၊ လတ်ဆတ်ပြီး နူးညံ့တဲ့ အသီးအနှံ့တွေကို ထည့်ကျွေးနိုင်ပါတယ်။ သို့သော်လည်း ညစာကျွေးချိန်မှာ အစားအစာသစ်ကို မိတ်မဆက်သင့်ပါဘူး။
၈လသားအရွယ်အတွက် အကြံပြုချက်များ
မေမေတို့ကလေး ၈လကျော်လာရင် ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုတွေ အများကြီး မြင်ရမှာပါ။ ကလေးရဲ့
ခန္ဒာကိုယ်ဘာသာစကား body language ကိုတောင် မေမေတို့ ဖတ်နိုင်ပါတယ်။
သူ့ကိုပွေ့ဖက်ပေးဖို့အတွက် သူ့လက်နှစ်ဘက်ကို ကမ်းပေးတာ၊ သူစိမ်းကိုမြင်တဲ့အခါ သင့်ပေါ်ကို တွယ်ကပ်တာ၊ သူချစ်တဲ့ ဆွေမျိုးသားချင်းတွေကို မြင်တဲ့အခါ စိတ်လှုပ်ရှားမှုနှင့်အတူ ခြေထောက်လေးတွေ၊ လက်လေးတွေ ယက်ကန်ယက်ကန် လုပ်တာ၊ လက်ခုပ်တီးတာလေးတွေကို တွေ့ရမှာပါ။
မေမေတို့ရဲ့ဘေဘီလေးကို စွမ်းရည်အပြည့်အ၀ ရောက်ရှိစေဖို့ ကူညီပေးရပါမယ်။
ဘေဘီလေးဆော့ဖို့ ရောင်စုံ block တုံးလေးတွေ၊ ဆောက်လုပ်ရေးပစ္စည်း ကစားစရာလေးတွေ ၀ယ်ပေးပါ။ ဒီကစားစရာတွေက ဘေဘီလေးရဲ့ လက်ချောင်းကြွက်သားလေးတွေ လှုပ်ရှားမှု့ သန်မာစေဖို့နဲ့ အရောင်လေးတွေ ခွဲခြားနိုင်စွမ်းကို တိုးတတ်စေပါတယ်။ အသံထွက်တဲ့ အရုပ်လေးတွေလည်း ကြိုက်ကြတာကြောင့် တီးလံုးနဲ့ အသံမြည်တဲ့ အရုပ်လေးတွေ ဝယ်ပေးနိုင်ပါတယ်။
မေမေတို့ရဲ့ဘေဘီလေးကို သူ့ရဲ့ပုံမှန်လည်ပတ်မှုကို နားလည်အောင် ကူညီပါ။ ထမင်းကျွေးတော့မယ်ဆိုရင် “သားသားရေ့ ထမင်းစားဖို့အချိန်ရောက်ပြီ။” ရေချိုးချိန်ဆိုရင် “ရေချိုးဖို့အချိန်ရောက်ပြီ။” “သားသားရေ့ အိပ်ရာ၀င်ချိန်ရောက်ပြီ” စသဖြင့် ဘာလုပ်ရမယ်ဆိုတဲ့အကြောင်းကို သူတို့သိအောင် ပြောပေးပါ။
ဒီအချိန်က မေမေတို့ဘေဘီလေးကို “no”ဆိုတဲ့ အငြင်းစကားလုံးအဓိပ္ပာယ် စတင်သင်ပေးဖို့ အချိန်ပါပဲ။ ဒီအသက်အရွယ်မှာ မေမေတို့ဘေဘီလေး မလုပ်သင့်၊ မထိသင့်တဲ့အရာတွေ၊ မသွားသင့်တဲ့ နေရာတွေ အများကြီး ရှိပါတယ်။ သူ့ကို ဒီအရာတွေ သင်ပေးဖို့ အရေးကြီးပါတယ်။
မေမေတို့ကလေးဟာ သူ့ဘာသာသူ ထိုင်နိုင်နေပြီဆိုရင်၊ မိနစ်ကြာကြာ ဒီအနေအထားကို ထိန်းနိုင်ပြီဆိုရင် သူ့ဘာသာသူ မတ်တပ်ရပ်ဖို့ အားပေးပါ။ သူ သေချာ မရပ်နိုင်သေးခင်မှာ မေမေတို့က လက်နဲ့လိုက်ထိန်းပေးဖို့ လိုပါတယ်။ မတ်တပ်စမ်းရပ်နေပြီဆိုရင် ဘေဘီလေးဟာ ခုံတွေ၊ စားပွဲတွေကို ကိုင်ပြီး လမ်းလျှောက်ပါလိမ့်မယ်။
အစားအစာအသစ်ကို နေ့ခင်းဘက်သာ မိတ်ဆက်ပေးပါ။ မည်သည့်တုံပြန်မှု့ရှိ/မရှိ စောင့်ကြည့်ပေးဖို့ မမေ့ပါနဲ့။ မေမေတို့ကလေးက အစားအစာအသစ်ကို ကြိုက်နှစ်သက်တယ်၊ လက်ခံတယ်ဆိုရင် ညစာကျွေးတဲ့အချိန်မှ စကျွေးနိုင်ပါတယ်။
မေမေတို့ဘေဘီလေး ၈လသားအရွယ်ဟာ အတွေ့အကြုံ အသစ်တွေနဲ့ ပြည့်နေမှာပါနော်။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု့အတွက် သူ့ရဲ့စွမ်းရည်ကို မေမေတို့က အားဖြည့်ကူညီပေးဖို့ အရေးကြီးပါတယ်။
#Chit_MayMay
#LM_Nandar
ZawGyi
Chit_MayMay
LM_Nandar
LEAVE A REPLY
Please enter your comment!
Please enter your name here