မေမေတို့ကလေးအား အိမ်စာချောချောမွေ့မွေ့လုပ်အောင် ကူညီဖို့ အကြံပြုချက် (၉)ချက်

0
57
- Advertisement -

ကလေးတွေအတွက် အိမ်စာက အသုံးဝင်သည်/ မဝင်သည်နှင့် ပတ်သတ်ပြီး ဆွေးနွေးမှုတွေများစွာ ရှိခဲ့ပါတယ်။ သုတေသီတွေက ၎င်းက မိမိကိုယ်ကို စည်းကမ်းထိန်းသိမ်းခြင်းနှင့် လွတ်လွတ်လပ်လပ် ပြဿနာဖြေရှင်းခြင်းစွမ်းရည်တွေကို တိုးတတ်စေနိုင်တာကို သတိပြုမိပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ ရည်မှန်းချက်တွေ ပြည့်မီအောင်ကူညီဖို့ ၊ ရလဒ်ကောင်းတွေ ရရှိအောင် အိမ်မှာလေ့လာဖို့ ကလေးတစ်ယောက်အတွက် မှန်ကန်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးရပါမယ်။

၁။ သူတို့အကြိုက်ဆုံးသီချင်းကို ဖွင့်ပေးထားပါ

တေးဂီတက အာရုံပျံ့လွင်စေတဲ့ အချက်ဖြစ်တယ်လို့ ထင်ရသော်လည်း အချို့ကျွမ်းကျင်သူတွေက ဒီကိစ္စဟာ သေချာပေါက် မဟုတ်ပါဘူးတဲ့။ ရေဒီယိုနဲ့ သူတို့အကြိုက်ဆုံးသီချင်းတွေ ဖွင့်ပေးထားတဲ့အခါ ကလေးတချို့က အိမ်စာကို ကောင်းကောင်း လုပ်ဆောင်ကြတာ တွေ့ရပါတယ်။ ဂီတက ကလေးတွေ စာလေ့လာခြင်းကို လှုံ့ဆာ်ပေးနိုင်ပါတယ်။ တေးဂီတအမျိုးအစားနဲ့ အသံအတိုးအကျယ်ပေါ်မှာ မူတည်ပါတယ်။

- Advertisement -

သီချင်းစာသားပါတဲ့ ဂီတက အာရုံပျံ့လွင့်နိုင်ပါတယ်။ တစ်ချို့ကလေးတွေက အနားမှာ အသံတွေကြားရရင် အာရုံမစိုက်တတ်ကြတာကြောင့် ဒီနည်းနဲ့အဆင်မပြေလည်း နောက်တစ်နည်းပေါ့။

၂။ အိမ်စာလုပ်ခြင်းအတွက် နယ်မြေတစ်ခုဖန်တီးပါ

စာလေ့လာမှုအတွက် သီးခြားနေရာတစ်ခု ဖန်တီးပေးပါ။ ဒါက မီးဖိုချောင်၊ ထမင်းစားခန်း (သို့) အိပ်ခန်းထဲမှာ ရှိနိုင်ပါတယ်။ တစ်ချိန်တည်းမှာ အလုပ်များစွာ လုပ်ဆောင်ခြင်းက စွမ်းဆောင်ရည်ကို ထိခိုက်စေသလို ကလေးကို အာရုံလွဲသွားစေနိုင်တာကြောင့် TV ကိုပိတ်ထားသင့်ပါတယ်။ ကလေးလိုအပ်မယ့် ပစ္စည်းကိရိယာအားလုံး စားပွဲပေါ်မှာ ရှိနေသင့်ပါတယ်။ ကလေးအတွက် စားပွဲပေါ်မှာ ရေဖန််ခွက်ထားပေးနိုင်ပါတယ်။

၃။ အိမ်စာလုပ်ဖို့ အချိန်သတ်မှတ်ပါ

အိမ်စာအတွက် ပုံမှန်လုပ်ရိုးလုပ်စဉ် သတ်မှတ်သင့်ပါတယ်။ အချိန်ဇယားထားရှိခြင်းက တာဝန်တွေအားလုံးကို ပြီးစီးအောင် ကူညီနိုင်ပါတယ်။ ကလေးက ညစာစားပြီးနောက် သူတို့အခန်းမှာ အိမ်စာသွားလုပ်နိုင်ပါတယ်။ အားကစားကဲ့သို့သော အပိုလှုပ်ရှားမှုတွေကြောင့် အချို့သောရက်တွေမှာ အိမ်စာလုပ်ချိန် မတူနိုင်ပါဘူး။

အလုပ်တစ်ခုကို လုပ်နေစဉ်အတွင်း စဉ်ဆက်မပြတ်အာရုံစိုက်မှုဟာ အသက် ၂နှစ်အရွယ်ကလေးအတွက် ၅မိနစ်ဖြစ်ပြီး ကလေးကြီးတွေနဲ့ လူကြီးတွေအတွက် အများဆုံးမိနစ် ၂၀ခန့်အထိ ဖြစ်တာကို သတိပြုသင့်ပါတယ်။

၄။ စာလေ့လာချိန်အတွင်း ဆဲလ်ဖုန်းအသုံးပြုခြင်းနှင့်ပတ်သတ်ပြီး တိကျတဲ့ စည်းမျဉ်းတွေ သတ်မှတ်ပါ

သုတေသီများအဆိုအရ တစ်နေ့လျှင် ၂နာရီမှ ၄နာရီအထိ ဒစ်ဂျစ်တယ်မီဒီယာကို သုံးတဲ့ကလေးတွေဟာ အိမ်စာတွေပြီးဖို့ (သို့) ပုံမှန်အားဖြင့် ပြီးအောင်လုပ်ခြင်းမှာ ၂၃ရာခိုင်နှုန်း နိမ့်ကျပါတယ်။ ကျောင်းနေစဉ် ဖုန်းအသုံးပြုခြင်းက အတန်းဖော်တစ်ယောက်ကို ခေါ်ပြီး အိမ်စာဆွေးနွေးဖို့သာလျှင် ခွင့်ပြုသင့်ပါတယ်။

၅။ သူ့ဘာသာ မဖြေရှင်းနိုင်တဲ့ အိမ်စာနဲ့ ပြဿနာတွေကို ကူဖြေရှင်းပေးပါ

ကလေးအား အိမ်စာကူညီခြင်းက ပြစ်မှုတစ်ခုမဟုတ်ပါဘူး။ သို့သော် ကလေးက ပြဿနာကို မဖြေရှင်းနိုင်မှသာ ကူညီပေးဖို့ လိုအပ်ပါတယ်။ သင့်ကလေးက ဒါကို ကိုယ်တိုင်လုပ်နိုင်ရင် ကူညီတာကို ရှောင်ကြဉ်သင့်ပါတယ်။

မေမေတို့ရဲ့ အကူအညီက အေးဆေးတည်ငြိမ်ဖို့ အရေးကြီးပါတယ်။ ဝေဖန်အကဲဖြတ်ခြင်းနှင့် အော်ဟစ်ကြိမ်းမောင်းခြင်းက အခြေအနေကို ပိုဆိုးရွားစေပါတယ်။ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေပေးပါ။ အဖြေကို ဘယ်လိုတွက်ရသလဲဆိုတာသာ ရှင်းပြပါ။ အဖြေတွေကို တွက်မပေးပါနဲ့။

၆။ သင့်ကလေး အကျပ်ရိုက်နေရင် ခဏအနားပေးပါ

သင့်ကလေးမှာ ပြဿနာရှိပါက ခဏအနားပေးပါ။ သို့မှသာ အာရုံပြန်စိုက်နိုင်ပါလိမ့်မယ်။ ကျွမ်းကျင်သူတွေက ၁၀မိနစ်လောက် ပျော်စရာကောင်းတာကို လုပ်နိုင်တယ်လို့ အကြံပြုထားပါတယ်။ သို့မှာသာ ပြဿာနာဖြေရှင်းဖို့ ကြိုးစားနိုင်မှာပါ။

၇။ အတူတူဖတ်ပါ

မေမေတို့က အရင်ဆုံးဖတ်ပြပြီး ကလေးကို လိုက်ဖက်ခိုင်းခြင်းက ကလေးကို ကူညီဖို့ အရမ်းလက်တွေ့ကျပါတယ်။ အတူတူ စာဖတ်တာက ကောင်းပါတယ်။

၈။ သူတို့လုပ်ချင်တဲ့ တာဝန်ကိုယူဖို့ ကလေးအားတောင်းဆိုပါ

ကလေးရဲ့ အတွေးအမြင်ကို ရှင်းပြပေးဖို့ အားပေးခြင်းက အရမ်းအရေးကြီးပါတယ်။ ဒီကိစ္စမှာ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ဟန်ပုံစံကို သူတို့ထိန်းချုပ်နိုင်တယ်လို့ ခံစားရစေပါတယ်၊ ဥပမာတစ်ခုအနေနဲ့ သူတို့ပထမဆုံးလုပ်ချင်တဲ့ တာဝန် (သို့) ဘာပံ့ပိုးမှုတွေ သူတို့လိုအပ်သလဲဆိုတာကို မေမေတို့က ဆွေးနွေးပေးနိုင်ပါတယ်။

၉။ ဆုချပါ

ကျွမ်းကျင်သူတွေက သင့်မှာ ကိုယ်ပိုင်ဆုချတဲ့စနစ် ထားရှိဖို့ကို အကြံပြုထားပါတယ်။ ဆုချတဲ့စနစ်မှာ ကလေးအား သူတို့အလုပ်တာဝန်ပြီးမြောက်သွားရင် သူငယ်ချင်းတွေနဲ့ စကားပြောနိုင်တာမျိုး၊ အနားယူနိုင်တာမျိုးဖြစ်ပါတယ်။ သင့်ကလေးရဲ့ စိတ်ဝင်စားမှုနဲ့အညီ ဆုပေးစနစ်ကို ဖန်တီးနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-brightside.

LEAVE A REPLY

Please enter your comment!
Please enter your name here