မေမေတို့ကလေး တစ်ခုခုနင်နေပါက ဘာလုပ်မလဲ?

0
86
- Advertisement -

မေမေတို့ကလေး တစ်ခုခုနင်ပြီး အသက်ရှုကျပ်နေရင် ဘာစလုပ်မလဲ? သူတို့ကို ဘယ်လိုကူညီနိုင်မလဲ?
ကလေးဆိုတာမျိုးက တွေ့ရာမြင်ရာ ပါးစပ်ထဲ ကောက်ထည့်တတ်ကြပါတယ်။ လူကြီးတွေရဲ့ ကြီးကြပ်မှုအောက်မှာ ရှိနေရင်တောင် ပြင်ပကအရာဝတ္တုတွေ လည်ချောင်းထဲကို အလွယ်တကူ ဝင်နိုင်သလို အစာစားတဲ့အခါမှာလည်း နင်လေ့ရှိပါတယ်။ ရှေးဦးသူနာပြုအကူအညီက လူတိုင်းသင်ယူနိုင်တဲ့ အထူးကျွမ်းကျင်မှုတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် မေမေတို့အနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုပြုမူရမယ်ဆိုတာကို ပြောပြချင်ပါတယ်။

ကလေးတစ်ယောက် လည်ချောင်းထဲမှာ နင်နေတာလားဆိုတာကို ဘယ်လိုဆုံးဖြတ်မလဲ?
နင်တဲ့ လက္ခဏာအမျိုးမျိုးရှိပါတယ်။
ကလေးက အသက်ရှုနေသော်လည်း ချောင်းဆိုးနေရင် လေလမ်းကြောင်းရဲ့တစ်စိတ်တစ်ပိုင်းဟာ ထပ်နေတယ်လို့ ဆိုလိုပါတယ်။ ကလေးလည်ချောင်းထဲမှာ ကပ်နေတဲ့ အရာဝတ္တုကို ဖယ်ရှားဖို့ ချောင်းဆက်ဆိုးနေရန် လိုအပ်ပါတယ်။ အော့အန်ခြင်းဟာ အသံအိုးထဲမှ ပြင်ပအရာဝတ္တုကြောင့် ဖြစ်ပေါ်တဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ သဘာဝတုံ့ပြန်မှုက အထူးစနစ်စနစ် (သို့) အနှောက်အယှက်မရှိဘဲ ကလေးရဲ့လည်ချောင်းကို ရှင်းလင်းစေဖို့ ကူညီပါလိမ့်မယ်။

ကလေးဟာ ချောင်းဆိုးခြင်း၊ အော်ဟစ်ခြင်း (သို့) အခြားအသံတွေ ရုတ်တရက် ရပ်တန့်သွားပါက ဒါဟာ လေလမ်းကြောင်းကို တစ်ခုခုပိတ်ဆို့လိုက်ခြင်း ဖြစ်ပါတယ်။ မူမမှန်တဲ့ အသံတွေ (သို့) ပါးစပ်ပွင့်ပြီး အသံမထွက်တာကလည်း မွန်းကျပ်နေခြင်းကို ညွှန်ပြနိုင်ပါတယ်။

အရေပြားဟာ အပြာရောင် (သို့) အနီရောင်သို့ ရုတ်တရက်ပြောင်းလဲပြီး အသက်မရှုနိုင်ခြင်းတို့ဖြစ်နေရင် လူတစ်ယောက် အသက်ရှုကျပ်နေတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်။ အချို့ကိစ္စတွေမှာ သတိမေ့သွားနိုင်ပါတယ်။

ကလေးငယ်ကို ကူညီနိုင်ဖို့အတွက် စိတ်အေးအေးထားပြီး လူနာတင်ကားကို ချက်ချင်းခေါ်ပါ (သို့) ဆေးခန်းသို့ အမြန်ဆုံးပို့ပါ။ ဆရာဝန်မရောက်လာသေးခင်မှာ ကယ်ဆယ်ရေးလုပ်ငန်းစဉ်ကို စတင််လုပ်ဆောင်ပါ။

နင်နေတဲ့ အရာဝတ္တုကို လက်ဖြင့် နှိုက်ထုတ်ဖို့ မကြိုးစားပါနဲ့။ နင်နေတဲ့ ပြင်ပအရာက အသက်ရှုလမ်းကြောင်းထဲကို ပိုရောက်သွားစေနိုင်ပါတယ်။ အရာဝတ္တုကို မြင်နိုင်မှသာ ပါးစပ်မှ ဖယ်ရှားပေးပါ။

၁နှစ်အထိ ကလေးငယ်များ

များသောအားဖြင့် နို့စို့အရွယ် ကလေးငယ်တွေဟာ အစာစားတဲ့အခါမှာ နင်တတ်ကြပါတယ်။ ကလေးတွေကို အစာကျွေးတဲ့အခါ အနေအထားမှားယွင်းခြင်း၊ မကြာခဏ ကျွေးခြင်း(သို့) မိခင်က ကလေးကို နို့အများကြီးတိုက်တာတွေကြောင့် အသက်ရှုကျပ်ပြီး နင်တာတွေ ဖြစ်လာပါတယ်။ ကလေးငယ်တွေဟာ မြန်မြန်မမျိုခချနိုင်သေးပါဘူး။ ဒါက မကြေညက်တဲ့အစားအစာတွေ၊ ကျွေးတဲ့ပမာဏများတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကလေးရဲ့ အသက်ကို ကယ်တင်ဖို့ ကူညီနိုင်မယ့် နည်းလမ်းများစွာ ရှိပါတယ်။

အကယ်၍ ကလေးနင်နေပါက ဘာလုပ်မလဲ?

ထိုင်ခုံမှာထိုင်ပါ။ သင့်လက်ပေါ်မှာ ကလေးကို မှောက်ခုံမှောက်ထားတဲ့အနေအထားနဲ့ လက်တစ်ဖက်က ပွေ့ထားပြီး ပေါင်ပေါ်မှာတင်ပါ။ ကလေးရဲ့ဦးခေါင်းနဲ့လည်ပင်းကို လက်နဲ့ထိန်းပေးပြီး ဦးခေါင်းကို နည်းနည်းနှိမ့်ထားပါ။ သင့်ရဲ့ တခြားလက်နှင့် လက်ပြင်ရိုးအကြားကို ငါးချက်လောက် အသာအယာပုတ်ပေးပါ။

ကလေးကို သင့်ပေါင်ပေါ်မှာ ပတ်လက်အနေအထားသို့ ပြောင်းပေးပါ။ ကလေးရဲ့ ခန္ဓာကိုယ်ဟာ ဇောက်ထိုးအနေအထားလိုမျိုး ခေါင်းကို ခန္ဓာကိုယ်ထက် နိမ့်ထားရပါမယ်။ ကလေးရဲ့ နံရိုးအိမ်အောက်မှာ လက်ခလယ်၊ လက်ညိုးကိုသုံးပြီး ၅ချက်လောက် အသာအယာဖိနှိပ်ပေးပါ။

တစ်နှစ်အထက် ကလေးငယ်များ

အသက်ကြီးသော ကလေးတွေမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ထုံးလုပ်နည်း မတူဖို့ လိုအပ်ပါတယ်။
ကလေးရဲ့လက်နှစ်ဖက်ကို ရှေ့သို့ထုတ်ပြီး သင့်လက်ဖြင့် ကလေးရင်ဘက်ကို နောက်ကနေသိုင်းဖက်ပါ။ ကျန်လက်ဖနောင့်ဖြင့် ကလေးရဲ့ လက်ပြင်ရိုးအကြားကို ပုတ်ပေးပါ။ ခပ်ပြင်းပြင်းလေး ၅ကြိမ်လောက် ပုတ်ပေးရပါမယ်။

ကလေးက နည်းနည်းငယ်သေးတယ်ဆိုရင် ဒူးတစ်ဖက်ထောက်ပြီး ကလေးရဲ့အနောက်ကနေသိုင်းပြီး သူ့ရဲ့ရင်ခေါင််းနားမှာ လက်နှစ်ဖက်ဆုပ်ပါ။ လက်သီးဖီးတစ်ဖက်ကို ကျန်လက်တစ်ဖက်က အုပ်ကိုင်ထားတဲ့အနေအထားနှင့် တင်းတင်းဆုပ်ပြီး သူတို့ရဲ့ ရင်ဘက်အောက်နေရာ (နံရိုးနှင့် အမြှေးအကြား)ကို ၅ကြိမ်လောက် ဆက်ခနဲ ဖိပေးပါ။ နင်နေတဲ့ အရာဝတ္တု ပြန်ထွက်လာတဲ့အထိ လုပ်ပေးပါ။

ကလေးဟာ အသက်ရှူတာ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးပါက (သို့) သူတို့နင်နေတဲ့ အရာကို ဖယ်ရှားပြီးနောက် သတိမေ့သွားပါက အရေးပေါ်ရှေးဦးသူနာပြုကယ်ဆယ်နည်းကို သုံးပါ။ ဒီနည်းစနစ်က မွေးကင်းစကလေးနှင့် နည်းနည်းကြီးတဲ့ ကလေးတွေမှာ မတူညီကြောင်းကို သတိရပါ။

ကလေးနင်ခြင်းမှ ဘယ်လိုကာကွယ်မလဲ?

သင့်ကလေးအတွက် အသက်ရှုကျပ်ခြင်း အန္တရာယ်ကို အနည်းဆုံးဖြစ်စေဖို့အတွက် ရိုးရှင်းသော လုပ်ဆောင်မှုတွေ ပြုလုပ်နိုင်ပါတယ်။

ကလေးငယ်တွေ သူတို့ပါးစပ်ထဲသို့ သေးငယ်တဲ့အရာတွေ မထည့်မိအောင် စောင့်ကြည့်ပါ။

သေးငယ်တဲ့ အပိုင်းအစတွေပါတဲ့ ကစားစရာတွေနဲ့ ကစားခွင့်မပြုပါနဲ့။

သူတို့ကို အစေ့မပါတဲ့ အသီးတွေ၊ ဘယ်ရီသီးတွေကျွေးပါ။

အစားအစာကို သေသေချာချာ ကြိတ်ပါ။

ကလေးစားနေစဉ်မှာ စကားမပြောသင့်၊ မရယ်မောသင့်ကြောင်း ရှင်းပြပါ။

ကလေးကို တစ်ခါတည်းနဲ့ ပါးစပ်ထဲသို့ အစာတွေအများကြီး မထည့်ဖို့ သင်ပေးပါ။

အတင်းအကျပ်မကျွေးပါနဲ့။ လမ်းလျှောက်နေစဉ် (သို့) သွားနေတဲ့ ကားပေါ်မှာ ကလေးကို အစာစားခွင့် မပြုပါနဲ။

သူတို့အစာစားနေစဉ်မှာ အာရုံမလွင့်ပါစေနဲ့။

မေမေတို့ကလေးကို ပုံဆွဲနေစဉ်မှာ မာကာနှင့် ဘောပင်အဖုံးတွေကို ပါးစပ်ထဲမထည့်ဖို့ သေချာသင်ပေးပါ။

လူကြီးတွေတောင် နင်တာကို ကာကွယ်လို့ မရပါဘူး။ သို့သော် ဒီရိုးရှင်းတဲ့ နည်းလမ်းများကို လိုက်နာခြင်းဖြင့် ကလေးကို ထိထိရောက်ရောက် ကာကွယ်ပေးပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-brightside

ေမေမတို႔ကေလး တစ္ခုခုနင္ေနပါက ဘာလုပ္မလဲ?
ေမေမတို႔ကေလး တစ္ခုခုနင္ၿပီး အသက္ရႈက်ပ္ေနရင္ ဘာစလုပ္မလဲ? သူတို႔ကို ဘယ္လိုကူညီႏိုင္မလဲ?
ကေလးဆိုတာမ်ိဳးက ေတြ႕ရာျမင္ရာ ပါးစပ္ထဲ ေကာက္ထည့္တတ္ၾကပါတယ္။ လူႀကီးေတြရဲ႕ ႀကီးၾကပ္မႈေအာက္မွာ ရွိေနရင္ေတာင္ ျပင္ပကအရာဝတၱဳေတြ လည္ေခ်ာင္းထဲကို အလြယ္တကူ ဝင္ႏိုင္သလို အစာစားတဲ့အခါမွာလည္း နင္ေလ့ရွိပါတယ္။ ေရွးဦးသူနာျပဳအကူအညီက လူတိုင္းသင္ယူႏိုင္တဲ့ အထူးကြၽမ္းက်င္မႈတစ္ခု ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေမေမတို႔အေနနဲ႔ ဘယ္လိုအေျခအေနမ်ိဳးမွာ ဘယ္လိုျပဳမူရမယ္ဆိုတာကို ေျပာျပခ်င္ပါတယ္။

ကေလးတစ္ေယာက္ လည္ေခ်ာင္းထဲမွာ နင္ေနတာလားဆိုတာကို ဘယ္လိုဆုံးျဖတ္မလဲ?
နင္တဲ့ လကၡဏာအမ်ိဳးမ်ိဳးရွိပါတယ္။
ကေလးက အသက္ရႈေနေသာ္လည္း ေခ်ာင္းဆိုးေနရင္ ေလလမ္းေၾကာင္းရဲ႕တစ္စိတ္တစ္ပိုင္းဟာ ထပ္ေနတယ္လို႔ ဆိုလိုပါတယ္။ ကေလးလည္ေခ်ာင္းထဲမွာ ကပ္ေနတဲ့ အရာဝတၱဳကို ဖယ္ရွားဖို႔ ေခ်ာင္းဆက္ဆိုးေနရန္ လိုအပ္ပါတယ္။ ေအာ့အန္ျခင္းဟာ အသံအိုးထဲမွ ျပင္ပအရာဝတၱဳေၾကာင့္ ျဖစ္ေပၚတဲ့ ခႏၶာကိုယ္ရဲ႕ တုံ႔ျပန္မႈေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ခႏၶာကိုယ္ရဲ႕ သဘာဝတုံ႔ျပန္မႈက အထူးစနစ္စနစ္ (သို႔) အေႏွာက္အယွက္မရွိဘဲ ကေလးရဲ႕လည္ေခ်ာင္းကို ရွင္းလင္းေစဖို႔ ကူညီပါလိမ့္မယ္။

ကေလးဟာ ေခ်ာင္းဆိုးျခင္း၊ ေအာ္ဟစ္ျခင္း (သို႔) အျခားအသံေတြ ႐ုတ္တရက္ ရပ္တန္႔သြားပါက ဒါဟာ ေလလမ္းေၾကာင္းကို တစ္ခုခုပိတ္ဆို႔လိုက္ျခင္း ျဖစ္ပါတယ္။ မူမမွန္တဲ့ အသံေတြ (သို႔) ပါးစပ္ပြင့္ၿပီး အသံမထြက္တာကလည္း မြန္းက်ပ္ေနျခင္းကို ၫႊန္ျပႏိုင္ပါတယ္။

အေရျပားဟာ အျပာေရာင္ (သို႔) အနီေရာင္သို႔ ႐ုတ္တရက္ေျပာင္းလဲၿပီး အသက္မရႈႏိုင္ျခင္းတို႔ျဖစ္ေနရင္ လူတစ္ေယာက္ အသက္ရႈက်ပ္ေနတာကို ရွင္းရွင္းလင္းလင္း ေဖာ္ျပေနပါတယ္။ အခ်ိဳ႕ကိစၥေတြမွာ သတိေမ့သြားႏိုင္ပါတယ္။

ကေလးငယ္ကို ကူညီႏိုင္ဖို႔အတြက္ စိတ္ေအးေအးထားၿပီး လူနာတင္ကားကို ခ်က္ခ်င္းေခၚပါ (သို႔) ေဆးခန္းသို႔ အျမန္ဆုံးပို႔ပါ။ ဆရာဝန္မေရာက္လာေသးခင္မွာ ကယ္ဆယ္ေရးလုပ္ငန္းစဥ္ကို စတင္္လုပ္ေဆာင္ပါ။

နင္ေနတဲ့ အရာဝတၱဳကို လက္ျဖင့္ ႏႈိက္ထုတ္ဖို႔ မႀကိဳးစားပါနဲ႔။ နင္ေနတဲ့ ျပင္ပအရာက အသက္ရႈလမ္းေၾကာင္းထဲကို ပိုေရာက္သြားေစႏိုင္ပါတယ္။ အရာဝတၱဳကို ျမင္ႏိုင္မွသာ ပါးစပ္မွ ဖယ္ရွားေပးပါ။

၁ႏွစ္အထိ ကေလးငယ္မ်ား

မ်ားေသာအားျဖင့္ ႏို႔စို႔အ႐ြယ္ ကေလးငယ္ေတြဟာ အစာစားတဲ့အခါမွာ နင္တတ္ၾကပါတယ္။ ကေလးေတြကို အစာေကြၽးတဲ့အခါ အေနအထားမွားယြင္းျခင္း၊ မၾကာခဏ ေကြၽးျခင္း(သို႔) မိခင္က ကေလးကို ႏို႔အမ်ားႀကီးတိုက္တာေတြေၾကာင့္ အသက္ရႈက်ပ္ၿပီး နင္တာေတြ ျဖစ္လာပါတယ္။ ကေလးငယ္ေတြဟာ ျမန္ျမန္မမ်ိဳခခ်ႏိုင္ေသးပါဘူး။ ဒါက မေၾကညက္တဲ့အစားအစာေတြ၊ ေကြၽးတဲ့ပမာဏမ်ားတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ ကေလးရဲ႕ အသက္ကို ကယ္တင္ဖို႔ ကူညီႏိုင္မယ့္ နည္းလမ္းမ်ားစြာ ရွိပါတယ္။

အကယ္၍ ကေလးနင္ေနပါက ဘာလုပ္မလဲ?

ထိုင္ခုံမွာထိုင္ပါ။ သင့္လက္ေပၚမွာ ကေလးကို ေမွာက္ခုံေမွာက္ထားတဲ့အေနအထားနဲ႔ လက္တစ္ဖက္က ေပြ႕ထားၿပီး ေပါင္ေပၚမွာတင္ပါ။ ကေလးရဲ႕ဦးေခါင္းနဲ႔လည္ပင္းကို လက္နဲ႔ထိန္းေပးၿပီး ဦးေခါင္းကို နည္းနည္းႏွိမ့္ထားပါ။ သင့္ရဲ႕ တျခားလက္ႏွင့္ လက္ျပင္႐ိုးအၾကားကို ငါးခ်က္ေလာက္ အသာအယာပုတ္ေပးပါ။

ကေလးကို သင့္ေပါင္ေပၚမွာ ပတ္လက္အေနအထားသို႔ ေျပာင္းေပးပါ။ ကေလးရဲ႕ ခႏၶာကိုယ္ဟာ ေဇာက္ထိုးအေနအထားလိုမ်ိဳး ေခါင္းကို ခႏၶာကိုယ္ထက္ နိမ့္ထားရပါမယ္။ ကေလးရဲ႕ နံ႐ိုးအိမ္ေအာက္မွာ လက္ခလယ္၊ လက္ညိဳးကိုသုံးၿပီး ၅ခ်က္ေလာက္ အသာအယာဖိႏွိပ္ေပးပါ။

တစ္ႏွစ္အထက္ ကေလးငယ္မ်ား

အသက္ႀကီးေသာ ကေလးေတြမွာ အေရးေပၚကယ္ဆယ္ေရးလုပ္ထုံးလုပ္နည္း မတူဖို႔ လိုအပ္ပါတယ္။
ကေလးရဲ႕လက္ႏွစ္ဖက္ကို ေရွ႕သို႔ထုတ္ၿပီး သင့္လက္ျဖင့္ ကေလးရင္ဘက္ကို ေနာက္ကေနသိုင္းဖက္ပါ။ က်န္လက္ဖေနာင့္ျဖင့္ ကေလးရဲ႕ လက္ျပင္႐ိုးအၾကားကို ပုတ္ေပးပါ။ ခပ္ျပင္းျပင္းေလး ၅ႀကိမ္ေလာက္ ပုတ္ေပးရပါမယ္။

ကေလးက နည္းနည္းငယ္ေသးတယ္ဆိုရင္ ဒူးတစ္ဖက္ေထာက္ၿပီး ကေလးရဲ႕အေနာက္ကေနသိုင္းၿပီး သူ႔ရဲ႕ရင္ေခါင္္းနားမွာ လက္ႏွစ္ဖက္ဆုပ္ပါ။ လက္သီးဖီးတစ္ဖက္ကို က်န္လက္တစ္ဖက္က အုပ္ကိုင္ထားတဲ့အေနအထားႏွင့္ တင္းတင္းဆုပ္ၿပီး သူတို႔ရဲ႕ ရင္ဘက္ေအာက္ေနရာ (နံ႐ိုးႏွင့္ အေျမႇးအၾကား)ကို ၅ႀကိမ္ေလာက္ ဆက္ခနဲ ဖိေပးပါ။ နင္ေနတဲ့ အရာဝတၱဳ ျပန္ထြက္လာတဲ့အထိ လုပ္ေပးပါ။

ကေလးဟာ အသက္ရႉတာ ျပန္လည္ေကာင္းမြန္လာျခင္း မရွိေသးပါက (သို႔) သူတို႔နင္ေနတဲ့ အရာကို ဖယ္ရွားၿပီးေနာက္ သတိေမ့သြားပါက အေရးေပၚေရွးဦးသူနာျပဳကယ္ဆယ္နည္းကို သုံးပါ။ ဒီနည္းစနစ္က ေမြးကင္းစကေလးႏွင့္ နည္းနည္းႀကီးတဲ့ ကေလးေတြမွာ မတူညီေၾကာင္းကို သတိရပါ။

ကေလးနင္ျခင္းမွ ဘယ္လိုကာကြယ္မလဲ?

သင့္ကေလးအတြက္ အသက္ရႈက်ပ္ျခင္း အႏၲရာယ္ကို အနည္းဆုံးျဖစ္ေစဖို႔အတြက္ ႐ိုးရွင္းေသာ လုပ္ေဆာင္မႈေတြ ျပဳလုပ္ႏိုင္ပါတယ္။

ကေလးငယ္ေတြ သူတို႔ပါးစပ္ထဲသို႔ ေသးငယ္တဲ့အရာေတြ မထည့္မိေအာင္ ေစာင့္ၾကည့္ပါ။

ေသးငယ္တဲ့ အပိုင္းအစေတြပါတဲ့ ကစားစရာေတြနဲ႔ ကစားခြင့္မျပဳပါနဲ႔။

သူတို႔ကို အေစ့မပါတဲ့ အသီးေတြ၊ ဘယ္ရီသီးေတြေကြၽးပါ။

အစားအစာကို ေသေသခ်ာခ်ာ ႀကိတ္ပါ။

ကေလးစားေနစဥ္မွာ စကားမေျပာသင့္၊ မရယ္ေမာသင့္ေၾကာင္း ရွင္းျပပါ။

ကေလးကို တစ္ခါတည္းနဲ႔ ပါးစပ္ထဲသို႔ အစာေတြအမ်ားႀကီး မထည့္ဖို႔ သင္ေပးပါ။

အတင္းအက်ပ္မေကြၽးပါနဲ႔။ လမ္းေလွ်ာက္ေနစဥ္ (သို႔) သြားေနတဲ့ ကားေပၚမွာ ကေလးကို အစာစားခြင့္ မျပဳပါနဲ။

သူတို႔အစာစားေနစဥ္မွာ အာ႐ုံမလြင့္ပါေစနဲ႔။

ေမေမတို႔ကေလးကို ပုံဆြဲေနစဥ္မွာ မာကာႏွင့္ ေဘာပင္အဖုံးေတြကို ပါးစပ္ထဲမထည့္ဖို႔ ေသခ်ာသင္ေပးပါ။

လူႀကီးေတြေတာင္ နင္တာကို ကာကြယ္လို႔ မရပါဘူး။ သို႔ေသာ္ ဒီ႐ိုးရွင္းတဲ့ နည္းလမ္းမ်ားကို လိုက္နာျခင္းျဖင့္ ကေလးကို ထိထိေရာက္ေရာက္ ကာကြယ္ေပးပါလိမ့္မယ္။

Chit_MayMay

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here