Home Parenting Child Nutrition မေမေတို့ကလေး ထမင်းမစားတဲ့အခါ ကိုယ်အလေးချိန်တက်အောင် ဘယ်လိုကူညီပေးမလဲ?

မေမေတို့ကလေး ထမင်းမစားတဲ့အခါ ကိုယ်အလေးချိန်တက်အောင် ဘယ်လိုကူညီပေးမလဲ?

0
မေမေတို့ကလေး ထမင်းမစားတဲ့အခါ ကိုယ်အလေးချိန်တက်အောင် ဘယ်လိုကူညီပေးမလဲ?

ကလေးတွေဟာ ကောင်းစွာကြီးထွားဖွံ့ဖြိုးဖို့အတွက် အသက်ကြီးလာတာနဲ့အမျှ ကိုယ်အလေးချိန်တက်လာရပါတယ်။ သို့သော် တချို့ကလေးတွေမှာ ကိုယ်အလေးချိန်အလုံအလောက် မတက်ပါဘူး။ အကြောင်းရင်းများစွာရှိနိုင်ပေမယ့် အဖြစ်အများဆုံးအကြောင်းရင်းက အစားအသောက် အလုံအလောက် မစားခြင်းကြောင့်ဖြစ်ပါတယ်။ ကလေးက ကိုယ်အလေးချိန် စနစ်တကျ မတက်လာရင် သူတို့ခန္ဓာကိုယ်တွင်း ဗီတာမင်နဲ့ သတ္တုဓါတ်တွေ နည်းပါးသဖြင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ၊ သင်ယူမှုဆိုင်ရာ ပြဿနာတွေများစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ကျွန်မတို့ကလေးတွေ ကိုယ်အလေးချိန်အလုံအလောက် မတက်ရင် ဘယ်လိုသိနိုင်မလဲ?

ကလေးတိုင်းမှာ သူတို့အတွက် သဘာဝကျတဲ့ ကြီးထွားမှုပုံစံ ရှိကြပါတယ်။၊ မေမေတို့ကလေးက ပုံမှန်သတ်မှတ်ချက်ဘောင်အတွင်းမှာ ရှိနေလား/မရှိဘူးလားဆိုတာကို သိရှိဖို့ သူတို့ဟာ အချိုးကျကျနည်းဖြင့် ကိုယ်အလေးချိန် တက်လားဆိုတာ စစ်ဆေးနိုင်ဖို့ သူ့ကိုစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ကလေးအထူးကုဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

တိုးတက်မှု ဇယားတွေက အမြင့်ဆုံး၊ အနိမ့်ဆုံးတွေနဲ့ ပျမ်းမျှတန်ဖိုးတွေ ပေးလားဆိုတာ ထည့်သွင်းစဉ်းစားရပါမယ်။ ကလေးရဲ့ကြံ့ခိုင်မှုအခြေအနေနဲ့ သူတို့ရဲ့ မျိုးရိုးဗီဇ အမွေဆက်ခံမှုက အဓိကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်တာကြောင့် မေမေတို့ကလေးဟာ ပျမ်းမျှအောက်ရောက်နေရင် စိတ်မထိခိုက်ပါနဲ့။

မေမေ့ကလေးက ဘာကြောင့် ကိုယ်အလေးချိန်မတက်တာလဲ?

အကြောင်းအမျိုးမျိုးကြောင့် သင့်ကလေးဟာ ကိုယ်အလေးချိန်အလုံအလောက်မတက်နိုင်ပါဘူး။ အကြောင်းရင်းအများစုကတော့-

  • သူတို့ဟာ တိုးတက်မှုကာလကို တွေ့ကြုံနေရပြီး သူတို့ရဲ့စွမ်းအင် လိုအပ်ချက်တွေက မြင့်မားနေလို့ပါ
  • ကလေးဟာ အစာစားချင်စိတ်မရှိတာမျိုး(သို့) အစားအစာ ငြင်းပယ်တာမျိုး ရှိလို့ပါ
  • ကလေးက ထမင်းကလွဲပြီး သရေစာတွေကိုသာ စားတတ်လို့ပါ
  • သူတို့က အစာစားတာ အရမ်းနှေးလို့ပါ
  • သူတို့က လွယ်လွယ်နဲ့ အာရုံပျံ့လွင့်တတ်လို့ပါ (သို့) အစာစားခြင်းမှာ စိတ်ဝင်စားမှု မြန်မြန်ဆုံးရှုံးတတ်လို့ပါ
  • သူတို့မှာ ရောဂါရှိလို့ပါ

မေမေတို့ကလေးကို ကိုယ်အလေးချိန်တက်အောင် ဘယ်လိုလုပ်မလဲ?

ကလေးရဲ့ တစ်နေ့တာ စားသောက်မှုအပေါ် အပြောင်းအလဲ အနည်းငယ် ပြုလုပ်ခြင်းက သူတို့ရရှိတဲ့ ကယ်လိုရီနဲ့ အာဟာရပမာဏကို တိုးစေနိုင်ပါတယ်။ ထည့်သွင်းနိုင်တဲ့ ပြောင်းလဲမှုအချို့က အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • အာဟာရဓါတ်ကြွယ်ဝမှုပေါ်အခြေခံပြီး မျှတတဲ့ အစားအစာတွေကို ပေးပါ။ အစားအသောက်ကို စားချင်စဖွယ်ကောင်းအောင် ပြင်ဆင်ပေးပါ။
  • အစားအစာကို နည်းနည်းနဲ့ မကြာခဏ ကျွေးပေးပါ။
  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကို ပမာဏ အလုံအလောက်ဖြင့် အစားအစာထဲမှာ ထည့်ပါ၊ ပြည့်ဝဆီတွေကို ရှောင်ပါ။
  • ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်မှာ မိသားစုထမင်းလက်စုံစားပါ။
  • ကလေးကို အစာစားချင်စိတ် လှုံ့ဆော်ပေးဖို့အတွက် ရုပ်ပိုင်းဆိုင်ရာနှင့် ဉာဏ်ရည်ဉာဏ်သွေး တက်ကြွနေပါစေ
  • ကလေးရဲ့ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးတဲ့ အာဟာရဖြည့်စွက်စာတွေ ပေးပါ။

ဖြည့်စွက်စာတွေက ကိုယ်အလေးချိန်တိုးဖို့နဲ့ ကြီးထွားမှုကို မြှင့်တင်ဖို့အတွက် ကယ်လိုရီနဲ့ အာဟာရတွေကို ထောက်ပံ့ပေးပါတယ်။ ကလေးရဲ့ အသက်နဲ့ အခြေအနေပေါ်မူတည်ပြီး ဖြည့်စွက်စာတွေကို ကလေးအထူးကုဆရာဝန်ဆီကနေ အကြံပြုချက်ရယူသင့်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ nutritional supplement ကနောက်ဆုံးရွေးချယ်မှု ဖြစ်သင့်ပါတယ်။

ကလေးအတွက် မျှတတဲ့ အစားအသောက်က အောက်ပါအခြေခံမှုတွေပေါ်မှာ အခြေခံသင့်ပါတယ်။

  • ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဆန် (သို့) အာလူးကဲ့သို့သော ကာဗိုဟိုက်ဒရိတ် (ကစီဓါတ်) ပါတဲ့ အစားအစာတွေကို အခြေခံပါ။
  • အသီးအနှံ၊ ဟင်းသီးဟင်းရွက်ကို တစ်နေ့လျှင် အနည်းဆုံး ငါးကြိမ်ကျွေးပါ။
  • အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုးနှင့် အခြားနို့ထွက်မဟုတ်တဲ့ အရင်းအမြစ်တွေကနေ ရရှိနိုင်တဲ့ အဆီနည်း ပရိုတင်းအချို့ကို ရွေးချယ်ပါ။
  • ပရိုတင်းနဲ့ ကယ်လ်စီယမ်ရဲ့ အရင်းအမြစ်တွေဖြစ်တဲ့ ဒိန်ခဲ၊ ဒိန်ချဉ်ကဲ့သို့သော နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ထည့်သွင်းပါ။
  • အဆီ (သို့) သကြားများသော အစားအစာကို အနည်းငယ်သာ ထည့်ပါ (သို့) မကြာခဏ လျှော့ကျွေးပါ။
  • ပြုပြင်ပြီးသား အသားတွေ၊ ကိတ်မုန့်တွေ၊ ပါစတာနဲ့ ကွက်ကီးတွေမှာ တွေ့ရတဲ့ ပြည့်ဝဆီ စားသုံးမှုကို လျှော့ချပါ။
  • သကြားပါတဲ့ ချောကလက်၊ ကိတ်မုန့်၊ ကွတ်ကီးနဲ့ ဆိုဒါတွေ အပါအဝင် သကြားပါတဲ့ အစားအစာနဲ့ အဖျော်ယမကာတွေကို လျှော့ကျွေးပါ။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here