Home Lotaya မေမေတို့ရဲ့ ကလေးကို တန်ဖိုးတွေကို ခံစားတတ်အောင် ဘယ်လိုသင်ပေးမလဲ

မေမေတို့ရဲ့ ကလေးကို တန်ဖိုးတွေကို ခံစားတတ်အောင် ဘယ်လိုသင်ပေးမလဲ

0
မေမေတို့ရဲ့ ကလေးကို တန်ဖိုးတွေကို ခံစားတတ်အောင် ဘယ်လိုသင်ပေးမလဲ

ကလေးတစ်ဦးဟာ တန်ဖိုးတွေကိုခံစားလို့ ရစေနိုင်ဖို့ နည်းလမ်းစနစ်တကျတော့ မရှိပါဘူး။ ပစ္စည်းတွေမှာ တန်ဖိုးဆိုတာရှိသလို လူတွေမှာ လူတစ်ဦးချင်းစီရဲ့တန်ဖိုးတွေရှိနေပါတယ်။ ကလေးတစ်ယောက်အနေနဲ့ အဲဒီ့တန်ဖိုးတွေကို ခံစားတတ်စေဖို့ တစ်နည်းအားဖြင့် လူလူချင်း လေးစားတတ်စေဖို့ ပျိုးထောင်ရမှာ ဖြစ်ပါတယ်။ မေမေတို့ကလေးတွေသာ လေးလေးစားစားဆက်ဆံခံရမယ်ဆိုရင်(သို့မဟုတ်) အရွယ်ရောက်ပြီးသူတစ်ဦးက သူတို့ရဲ့ အတွေးတွေ၊ ခံစားချက်တွေနဲ့ အတွေ့အကြုံတွေကို ကလေးတွေကို မျှဝေခံရမယ်ဆိုရင် ကလေးတွေဟာလည်း တန်ဖိုးထားတတ်သူတွေဖြစ်လာပါလိမ့်မယ်။ ကျန်းမာသော boundaries တည်ထောင်ထားခြင်နှင့် သူတို့ကို တန်းတူဆက်ဆံခြင်းတို့ကလည်း သူတို့အတွက် တန်ဖိုးကိုနားလည်စေနိုင်မယ့်အရာတွေဖြစ်ပါတယ်။

၁။ သူတို့နဲ့အတူ အချိန်ဖြုန်းပါ

အခြေခံအဆင့်တွေအနေနဲ့ မေမေတို့ တစ်ဦးချင်းအနေနဲ့ ကလေးကို တန်ဖိုးထားကြောင်း ပြသပါ။ မေမေတို့ရဲ့ ကလေးနှင့်အတူ အချိန်ဖြုန်းပေးနိုင်မယ့် နည်းလမ်းတွေကို ရှာပါ။ ၎င်းက လေးစားမှုနှင့် ချစ်ခင်ရင်းနှီးမှုတွေကို ရှာတွေ့ပါလိမ့်မယ်။ မေမေတို့ကလေးလိုချင်တာတွေနဲ့ လိုအပ်တဲ့အရာတွေအကြောင်း မေမေတို့အနေနဲ့ ပိုသင်ယူဖို့ ကြိုးစားကြည့်ပါ။ ဒါဟာလည်း ဂရုစိုက်ခြင်းတစ်မျိုးပါပဲ။ မေမေတို့ကလေးနဲ့ အချိန်ဖြုန်းဖို့ တကူးတကလုပ်ဆောင်နေဖို့ မလိုပါဘူး။ အတူတူနေတဲ့အချိန်မှာ လမ်းလျှောက်တာ၊ ကလေးနားလည်နိုင်မယ့် အလုပ်ကအကြောင်းရာတွေကို မျှဝေပေးတာ နှင့် ဒါမှမဟုတ် အကြိုက်ဆုံးနေရာတစ်ခုကို အတူတကွသွားရတာလေးတွေက ရိုးရှင်းနေသလို ကလေးဟာ တန်ဖိုးထားခံရသူတစ်ယောက်အဖြစ် ခံစားရစေပြီး သူကိုယ်တိုင်လည်း တန်ဖိုးထားတတ်သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

၂။ မေမေတို့ဟာ သူတို့ကို ချစ်တယ်ဆိုတာ ကလေးတွေသိပါစေ

သူတို့ရဲ့ ဘဝမှာ သူတို့ရှင်သန် ကြီးပြင်းလာသည်အထိ သူတို့ကို ချစ်ကြောင်းသိစေသင့်ပါတယ်။ ဒီလိုအချစ်ဟာ အခြေအနေအချိန်အခါတွေအပေါ် လိုက်ပြီးရှိသင့််တာမျိုးမဟုတ်ပါဘူး။ ဆိုလိုတာက ကလေးဟာ ချစ်စရာဝဝကစ်ကစ်လေးဖြစ်လို့၊ တော်တာကြောင့်၊ မိဘအလုပ်တွေကူလုပ်ပေးတာကြောင့်စတဲ့ အခြေအနေတွေကြောင့် မဖြစ်သင့်ပါဘူး။ ချစ်ခြင်းမေတ္တာဆိုတာ ဝေဖန်ကဲ့ရဲ့ခြင်းနှင့် လိုချင်တာတွေမဖြစ်လာတဲ့ အခြေအနေတွေမှာလည်း မမူတည်ပါဘူး။ တစ်ခါတရံမှာ ကွာရှင်းပြီးမိဘတွေဟာ သူတို့မိဘတွေကို ချစ်နေဆဲဖြစ်ကြောင်း ဖွင့်ပြောဖို့ မိဘတစ်ဦးရဲ့ ထပ်မံအတည်ပြုမှုတွေ လိုအပ်ပါတယ်။ ဒါဟာ တကယ်သနားဖို့ ကောင်းပါတယ်။ ဘယ်လိုအခြေအနေမှာမဆို သူတို့ကို ချစ်ကြောင်း သိစေပါ။

၃။ ကလေးတွေကို ပုံမှန်စကားပြောပါ

ကလေးတစ်ဦးကို နေ့စဉ်လုပ်ဆောင်မှုတွေအကြောင်းပြောဆိုခြင်းက သူတို့ရဲ့ ဘဝကို သင်ဂရုစိုက်ကြောင်း သူတို့ကိုသိစေပါလိမ့်မယ်။ အရွယ်ရောက်သူတစ်ဦးနှင့် စကားစမြည်ပြောခြင်းက ကလေးကို ရင့်ကျက်မှုရှိစေပြီး အပြုသဘောဆောင်စေပါတယ်။ သင့်ရဲ့ စကားပြောဆိုမှုကို ကူညီပံ့ပိုးဖို့ မေးခွန်းအများများပါဝင်နိုင်ပါတယ်။ သင့်ကလေးအတွက် ဘယ်လိုအဓိပ္ပာယ်ကောက်ရမှန်းမသိတဲ့ မေးခွန်းတွေကို ရှောင်ပါ။ အဲဒီ့အစား ပွင့်လင်းတဲ့မေးခွန်းတွေကို ဖြစ်နိုင်သမျှ များများမကြာခဏသုံးပါ။ အဲဒါက ကလေးပြောတာကို သင်စိတ်ဝင်စားတယ်ဆိုတာ ကလေးသိစေပါလိမ့်မယ်။ ပွင့်လင်းတဲ့မေးခွန်းဆိုတာက ဘယ်သူလဲ၊ ဘာလဲ၊ ဘယ်နေရာမှာလဲ၊ ဘယ်အချိန်ကလဲ၊ ဘာကြောင့်လဲနှင့် ဘယ်လိုကြောင့်လဲဆိုတဲ့ စကားလုံးတွေပါဝင်တဲ့ မေးခွန်းတွေဖြစ်ပါတယ်။

၄။ သင့်ကလေးကို လေးစားကြောင်းပြသပါ

သင့်ကလေးက သူတို့ရဲ့ တစ်နေ့တာကြုံတွေ့ရတာတွေ၊ အဖြစ်အပျက်တွေနဲ့ အကြောင်းအရာတွေကို မျှဝေပေးနေချိန်မှာ ကောင်းကောင်းဂရုစိုက်နားထောင်ပြီး သင့်ကလေးကို လေးစားကြောင်းပြသပါ။ သင်ဟာ သူတို့ကြောင့် အရမ်းအလုပ်များနေတယ်ဆိုတာမျိုး၊ အရမ်းအာရုံစိုက်ရတယ်ဆိုတာမျိုး မခံစားပါနဲ့။ ကလေးနဲ့ စကားပြောတဲ့အခါ ဖြတ်ပြောတာမျိုး ရှောင်ပါ။ မေးခွန်းမေးချင်တဲ့အခါ အချိန်တစ်ခုစောင့်ပါ။ စကားပြောနေချိန်မှာ ကလေးရဲ့စကားဟာ မှားယွင်းကြောင်းအဖြေပေးတာမျိုး မလုပ်ပါနဲ့။ နောက်ပြီး ညစ်ညမ်းရိုင်းစိုင်းသော စကားလုံးများနှင့် မလေးစားသော စကားမျိုးပြောတာတွေ ရှောင်ပါ။

၅။ ကလေးရဲ့ လုပ်ဆောင်မှုကို လေးစားပါ

မေမေတို့ရဲ့ ကလေးတွေဟာ သူတို့လုပ်နိုင်တဲ့အရာတွေနဲ့ ပတ်သက်ပြီး သံသယဝင်တတ်ကြပါတယ်။ ဒီအချိန်မှာ သင့်အနေနဲ့ သူတို့လုပ်တဲ့အရာတွေကို ဘာမှအရေးမပါဘူး၊ တန်ဖိုးမရှိဘူးဆိုတဲ့ အမူအရာတွေပြမယ်ဆိုရင် သူတို့တစ်ဘဝစာ နောက်ဆက်တွဲတွေဆိုးကျိုးတွေကြုံတွေ့ရပါလိမ့်မယ်။

Chit_May_May

Nyein_Thu

Ref-wikihow

LEAVE A REPLY

Please enter your comment!
Please enter your name here