မေမေတို့ရဲ့ ကလေးတွေကို ရေကူးသင်ပေးဖို့ အရေးကြီးသော အချက်အလက် (၇) ချက်

0
1287
- Advertisement -

ရေကူးခြင်းဆိုတာ ကလေးတွေအတွက် ကြီးမားသောရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေကို ထောက်ပံ့ပေးနိုင်ဖို့ အရေးကြီးသောကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။ ၎င်းဟာ သိဖို့လိုအပ်တဲ့ ကျွမ်းကျင်မှုတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရေကူးခြင်းက ပျော်ဖို့ကောင်းရုံတင်မကဘ ရေထဲကအရေးပေါ်အခြေအနေတွေအတွက်လည်း ပြင်ဆင်ပေးပါတယ်။ ဒီနေရာမှာ ကလေးဘဝအစပိုင်းမှာကတည်းက ရေကူးတတ်ဖို့အတွက် ရိုးရှင်းသော လမ်းညွှန်ချက်လေးတွေကို ပြုပေးနိုင်ပါတယ်။

၁။ သူတို့က ကြောက်ရွံ့ခြင်းမရှိမှသာ သက်တောင့်သက်သာဖြစ်နေမှာပါ

ကလေးတွေကို အဆင်ပြေစေဖို့ တစ်ချို့အထောက်အပံ့လေး ထည့်ပေးနိုင်ပါတယ်။ floaties (သို့) inflatables ကို အသုံးပြုခြင်းက သူတို့ကို ရေကို ညှိတတ်ဖို့ ကူညီပါလိမ့်မယ်။ ၎င်းက မြေနှင့် လုံးဝကွဲပြားခြားနားသော ပတ်ဝန်းကျင်အသစ်နဲ့ အကျွမ်းတဝင်ရှိစေဖို့ ကူညီပါလိမ့်မယ်။

၂။ သူတို့ရဲ့ ခေါင်းမကျော်တဲ့ ရေတိမ်လေးကနေ စတင်ပါ

သင့်ကလေးက ဘယ်လိုနေရာမှာ ရပ်နေတယ်ဆိုတာ စစ်ဆေးပါ။ ဒီအရာက သူ့အတွက် လုံခြုံမှုကို ခံစားရစေပါလိမ့်မယ်။ ကလေးတွေကို ရေကူးတတ်စေဖို့ သင်ယူခြင်းရဲ့ အဓိကပြဿာက ရေနစ်သေဆုံးခြင်းကို ကြောက်ရွံ့ခြင်းဖြစ်ပါတယ်။ ကလေးက အရမ်းငိုနေတယ်ဆိုရင် သင်ကိုယ်တိုင်ရေကန်ထဲဝင်ပြီးမှာ သူ့ကို ခေါ်ပါ။ ကလေးက အဆင်သင့်မဖြစ်သေးဘူးဆိုရင် ဇွတ်အတင်းမကြိုးစားဘဲ နည်းအမျိုးမျိုးဆွဲဆောင်ပါ။ အချိန်တစ်ခုစောင့်ပါ။

၃။ Bathtub ထဲမှာ Bubbles လုပ်နည်း

ရေချိုးကန်ထဲမှာပဲ အသက်ရှူခြင်းကို လေ့ကျင့်နိုင်ပါတယ်။ ရေထဲမှာ သူတို့ပါးစပ်ကနေတစ်ဆင့် အသက်ရှူတတ်ဖို့ သင်ပေးပါ။ ဒီအရာက ပူဖောင်းတွေ ဘယ်လိုလုပ်ရမယ်ဆိုတာကို သင်ပေးပါလိမ့်မယ်။ ပျော်စရာဂိမ်းဖြစ်ပေမယ့် ရေကူးတတ်ဖို့ လေ့ကျင့်ပေးပါလိမ့်မယ်။

၄။ ရေငုပ်စေပါ

ပထမဆုံးအကြိမ်မှာတော့ အံ့အားသင့်တာတွေ (သို့) ကြောက်ရွံ့တာမျိုးတွေဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် ပူဖောင်းတွေကို မြင်ပြီး သူတို့ရဲ့ ကြောက်ရွံ့မှုတွေ ရပ်တန့်သွားပါလိမ့်မယ်။

၅။ ခြေထောက်လှုပ်ရှားမှုကို သင်ပေးပါ

ညင်ညင်သာသာသူတို့ရဲ့ ဗိုက်ကို ကိုင်ထားပါ။ သူတို့ခြေထောက်တွေရွေ့လျားနေတဲ့အခါ သူတို့ကိုလည်း အလျားလိုက်ဖြစ်နေဖို့ ကူညီပါ။ အစပိုင်းမှာ ကလေးတွေဟာ သူတို့ခန္ဓာကိုယ်နှင့် ခြေထောက်တွေကို နှစ်မြှပ်ထားလေ့ရှိပါတယ်။ အချိန်တိုအတွင်းမှာပဲ သူတို့ သတိမထားမိဘဲ သူတို့ရဲ့ လက်ဟာ သူတို့အစာအိမ်ကနေ အလိုလျောက်ဖယ်ရှားသွားပါလိမ့်မယ်။

၆။ အသက်ရှူခြင်းနှင့် ခြေထောက်လှုပ်ရှားမှုကို တစ်ဆက်တည်းသင်ပေးပါ

အခုချိန်မှာတော့ လေ့ကျင့််ခန်းနှစ်ခု ညှိနှိုင်းဖို့ အချိန်ပါပဲ။ သူတို့ဟာ သူတို့ခြေထောက်တွေကို လှုပ်ရှားပြီး ပူဖောင်းတွေလုပ်နိုင်ပါတယ်။ သူတို့ရဲ့ လက်မောင်းအောက်ဘက်ကို ကိုင်ထားပြီး ဒီလေ့ကျင့်ခန်းနှစ်ခုကို တစ်ချိန်တည်းလုပ်စေပါ။

၇။ သူတို့ဘာသာ ကြိုးစားကြည့်စေပါ

သူတို့က လေ့ကျင့်ခန်းနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ကျွမ်းကျင်ပြီးနောက်မှာ စက္ကန့်အနည်းငယ်လောက် လွှတ်ပေးလိုက်ပါ။ ဒီလိုနည်းနဲ့ ကလေးတွေဟာ ၎င်းကို လုပ်ဖို့ လွယ်ကူကြောင်း တွေ့မြင်နိုင်ပါတယ်။ သို့ပေမယ့် သူတို့လေ့လာနေစဉ်အတွင်းမှာ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ သူတို့ဟာ နေ့ချင်း ညချင်းတော့လည်း ရေကူးတတ်မှာမဟုတ်ပါဘူး။

Chit_May_May

Nyein_Thu

Ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here