သင့်ကလေးက အိမ်ပတ်၀န်းကျင်မှာ ကူညီဖို့ အဆင်ပြေကြောင်း သင်ကြားဖူးမှာပါ။ အဲဒါ့အမှန်ပါပဲ။ အိမ်ပတ်၀န်းကျင်မှာ အကူအညီပေးခြင်းက သင့်ကလေးအတွက် အခြေခံသင်ခန်းစာဖြစ်ပါတယ်။ အချို့လုပ်ငန်းတွေမှာ တာ၀န်ရှိသည်နှင့်အမျှ ပုံမှန်နှင့် အခြေခံကျသော အရာတစ်ခုခုက သင့်ကလေးအားလုံခြုံမှုရှိစေဖို့ ၊ အမှီအခိုကင်းစေဖို့နှင့် ရည်မှန်းချက်တွေ ပြည့်မှီစေဖို့ ပြုလုပ်ပေးနိုင်ပါတယ်။
အိမ်မှုကိစ္စကို ကူညီခြင်းရဲ့ အကျိုးကျေးဇူးများ
သင့်ကလေးများကို အိမ်မှုကိစ္စလေးတွေမှာ အလုပ်လုပ်ခိုင်းပြီး ကူညီစေခြင်းက အကျိုးကျေးဇူးများစွာရှိနေပါတယ်။
ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု မြှင့်တင်ပေးခြင်း-သူတို့အိမ်မှုကိစ္စများမှာ လုပ်နိုင်စွမ်းရှိကြောင်း သိထားခြင်းက သူတို့ကို ကျေနပ်မှုခံစားရစေပြီး သူတို့ရဲ့ လေးစားမှုကို တိုးပွားစေပါလိမ့်မယ်။
လွတ်လပ်မှုကို အားပေးခြင်း- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခြင်းက ကလေးများကို ပညာပေးခြင်းရဲ့ ပန်းတိုင်တစ်ခုဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်မှ အခြားသူများအပေါ် မှီခိုခြင်း မရှိဘဲ ဘ၀ရဲ့ အခက်အခဲများကို ရင်ဆိုင်နိုင်တဲ့ ကလေးများကို ပြုစုပျိုးထောင်ခြင်းက ဦးစားပေးအချက်ဖြစ်ပါတယ်။
တာ၀န်ကိုသင်ကြားပေးခြင်း-တာ၀န်ယူမှုဆိုတာ ကျွန်မတို့ရှေ့မှာ ရှိသော အရာများကို လွှဲအပ်ခြင်း၊ ထွက်ခြင်း၊ စွန့်ခွာခြင်းမပြုဘဲ ရင်ဆိုင်နိုင်သော စွမ်းရည်ဖြစ်ပါတယ်။

ပူးပေါင်းဆောင်ရွက်မှုကို အားပေးခြင်း-ကလေးတွေအနေနဲ့ အဖွဲ့တစ်ဖွဲ့မှာအလုပ်လုပ်တတ်ဖို့၊ ပူပေါင်းတတ်ဖို့ သင်ယူပါလိမ့်မယ်။ လုပ်ငန်းတွေမှာအဖွဲ့တစ်ဖွဲ့အနေဖြင့် ဘယ်လိုစီမံရမယ်ဆို သိခြင်းက သူတို့အတွက် အကျိုးရှိပါတယ်။ အတူတူသင့်အနေနဲ့ ပိုမိုကောင်းမွန်သော အရာများကို ပြုလုပ်နိုင်ပါတယ်။
အမိန့်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုကို နှစ်သက်ခြင်း-စနစ်တကျ သန့်ရှင်းတဲ့ အိမ်ရှိဖို့ လိုအပ်တယ်ဆိုတာ သိဖို့အရေးကြီးပါတယ်။ အိမ်တွင်း လိုက်နာမှုက အကြံညဏ်များကို စုစည်းဖို့ ကူညီနိုင်ပါတယ်။ အနာဂတ်မှာ သူတို့ရဲ့ ကိုယ်ပိုင်နေအိမ်တစ်ခုရရှိဖို့ အတွက် အတူတကွ နေထိုင်ခြင်းရဲ့ အခြေခံစည်းမျဥ်းများကို တည်ထောင်ရန်ဖြစ်ပါတယ်။
အခြားသူများကို ကူညီနိုင်စွမ်းမြှင့်တင်ခြင်း-ပူပေါင်းဆောင်ရွက်ခြင်းက ဤတာ၀န်များကို အမေနှင့် အဖေတို့အတွက်မဟုတ်ဘဲ လူတိုင်းရဲ့ တာ၀န်ဖြစ်ကြောင်း ကလေးများကို နားလည်စေပါ။ ကျန်တဲ့ မိသားစုတစ်စုကို ကူညီခြင်းက သင့်ကလေးကို အလွန်ကျေနပ်အားရစေပါလိမ့်မယ်။
ပူးပေါင်းမှုကို ဘယ်လို သင်ကြားမလဲ

အိမ်မှုကိစ္စများမှတစ်ဆင့် ပူးပေါင်းသင်ကြားဖို့အတွက် လိုက်နာရမယ့်အချက်များစွာ ရှိနေပါတယ်။
အကြီးအကဲဖြစ်မနေပါနဲ့- ရည်မှန်းချက်မှာ သင်ရဲ့ ကလေးများအား အိမ်မှုကိစ္စများကို လုပ်ဆောင်ဖို့နှင့် စည်းကမ်းထိန်းသိမ်းဖို့နှင့် စည်းမျဥ်းစည်းကမ်းများ ချမှတ်ဖို့ ဖြစ်ပါတယ်။ သင့်ကလေးကို တာ၀န်တွေကို စုပုံထားလျှင် ၀တ္တရားတွေများလာပြီးတော့ သူမလုပ်ချင်သော အရာတစ်ခုခုဖြစ်လာပါလိမ့်မယ်။ တာ၀န်ခွဲ၀ေမှုနှင့် ပူးပေါင်းတတ်ဖို့ အကြံပေးပါ။
အလုပ်စားပွဲပြုလုပ်ပါ-လူတိုင်းက မိမိတို့ရဲ့ အသက်အရွယ်နှင့် စွမ်းရည်အရ သတ်မှတ်ထားသော အလုပ်ကို လုပ်ဆောင်ကြပါလိမ့်မယ်။ လိုအပ်သောအခါ ကူညီပါ။
ကြွေးကြော် (သို့) ၀ေဖန်တာမျိုး မလုပ်ပါနဲ့ – ပြီးပြည့်စုံမှုကို မရှာပါနဲ့ ။ တဖြည်းဖြည်း အလေ့အကျင့်ရလာတဲ့အခါ တိုးတက်လာပါလိမ့်မယ်။ စိတ်ရှည်ရပါမယ်။ သူတို့ကို အော်ဟစ်ဖို့ မကြိုးစားပါနဲ့ ။ သူတို့က သူတို့ရဲ့ ကိုယ်ပိုင်စုံလင်အောင်မြင်လာပါလိမ့်မယ်။
ချီးမြှင့်ပါ-သူတို့လုပ်သော အလုပ်ကို သင်တန်ဖိုးထားရပါမယ်။ တစ်ခုခုမှားယွင်းခြင်းကို ဆူပူတာထက် ကောင်းမွန်စွာ အလုပ်လုပ်တဲ့အခါ ချီးမြှင့်ဖို့ မမေ့ပါနဲ့

အသက်အရွယ်အလိုက် သင့်လျော်သော အိမ်မှု၀ေယျာ၀စ္စ
သင်ရဲ့ ကလေးများ ကြီးပျင်းလာတာနဲ့အမျှ လုပ်ငန်းအချို့ကို သင်ရွေးချယ်ရပါမယ်။ လုပ်ငန်းပြီးစီးသွားပြီဆိုတာနဲ့ တစ်ပြိုင်နက် ရရှိနိုင်သော ဆုများကို စနစ်တကျ တီထွင်ပါ။ အသက်အရွယ်အလိုက် သင့်လျော်မယ့်အိမ်မှုကိစ္စလေးတွေကို မျှ၀ေပေးထားပါတယ်။
ကလေးငယ်များ(၂-၃နှစ်)
အမှိုက်များကို အမှိုက်ပုံးသို့ ပစ်စေခြင်း
သူတို့အရုပ်ကို ကိုယ်တိုင် ယူစေခြင်း
အ၀တ်လျှော်ဖို့ အ၀တ်အစားများ ယူလာစေခြင်း
အိမ်မွေးတိရစ္ဆာန်များကိုအစာကျွေးစေခြင်း
ရေချိုးခန်းသို့ တစ်ယောက်တည်း သွားစေခြင်း
ကလေးများ (၄-၆နှစ်)
သူ့ကိုယ်ပိုင်အခန်းကို သန့်ရှင်းစေခြင်း
အိပ်ရာကို ကြိုးစားခင်းစေခြင်း
အ၀တ်အစားတွေကို သပ်သပ်ရပ်ရပ်ခေါက်စေခြင်း

ကလေးများ(၇-၁၀)နှစ်
အပင်များ ရေလောင်းစေခြင်း
ပန်းကန်များဆေးကြောစေခြင်း
သန့်ရှင်းရေးကို ကူညီစေခြင်း
ဆယ်ကျော်သက်မတိုင်မီ(၁၀-၁၂)
ကိုယ်တိုင်အ၀တ်လျှော်စေခြင်း
ဟင်းချက်ပြုတ်ခြင်းနှင့် ဟင်းလျာများကို ကူညီစေခြင်း
သင့်ရဲ့ ကလေးများက အိမ်မှုကိစ္စများကို ကူညီဖို့ သင်ကြားပေးတဲ့ အရာရာတိုင်းက တကူးတက သင်ယူရမျိုးမဟုတ်ဘဲ သူတို့အတွက် မရှိမဖြစ်လိုအပ်သော အရာတွေ ဖြစ်လာပါလိမ့်မယ်။
Chit_May_May
Nyein_Thu
sources-Youaremom