Home Parenting Child Teaching မေမေတို့ရဲ့ ကလေးတွေကို Smart Consumer တွေဖြစ်အောင် သင်ပေးထားသလား?

မေမေတို့ရဲ့ ကလေးတွေကို Smart Consumer တွေဖြစ်အောင် သင်ပေးထားသလား?

0
1

ယနေ့ခေတ်ကလေးတွေမှာ သူတို့လိုအပ်တာထက် အများကြီးပိုရှိကြပါတယ်။ ဒါက တကယ့်အမှန်တရားပါ။ ဘာလို့လဲဆိုတော့ စတိုးဆိုင် (သို့) အွန်လိုင်းက ဘာပစ္စည်းလေးပဲတွေ့တွေ့၊ သားလေးအတွက်၊ သမီးလေးအတွက်ဆိုပြီး အတောမသတ် ဝယ်ပေးနေတာကြောင့်ပါ။ ဒါက မိဘမေတ္တာဆိုပေမယ့် မိဘတွေအနေနဲ့ သားသမီးတွေကို အဘက်ဘက်မှာ အရည်အချင်းပြည့်ဝစေတဲ့ နည်းလမ်းဖြင့် ပြုစုပျိုးထောင်ဖို့ တာဝန်ရှိပါတယ်။ ဆိုလိုတာက တခြားအရာတွေကြားမှာ ကလေးတွေကို ပါးနပ်သော စျေးဝယ်သူတွေ ဖြစ်ဖို့သင်ပေးရပါမယ်။

ကလေးတွေမှာ စမတ်ကျတဲ့ စားသုံးသူ မဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းက မိဘတွေရဲ့ ဂရုစိုက်မှုလွန်ကဲလို့၊ လွတ်လပ်ခွင့်ပေးလွန်းလို့ပဲ ဖြစ်ပါတယ်။ တကယ်တော့ ကလေးတွေလည်း ဒါကိုသိကြပါတယ်။ ဥပမာ- သူတို့ အော်ဟစ်ငိုကြွေးတဲ့အခါ မေမေတို့အနေနဲ့ ချက်ချင်းလက်ငင်းမပေးသင့်ပါဘူး။ ကလေးတွေဟာ လက်ရှိအချိန်မှာ သူတို့လိုချင်တဲ့အရာကို ရရှိဖို့ ဒီအပြုအမှုကို လုပ်ဆောင်နိုင်ပါတယ်။

သင်ဟာ သင့်သားသမီးတွေ ကြည့်နေတဲ့ မှန်တစ်ချပ်လိုပါပဲ။ မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေကို သူတို့တောင်းသမျှကို မပေးဘဲ သူတို့မှာ ရှိတဲ့အရာတွေကို တန်ဖိုးထားတတ်ဖို့ မက်ဆေ့ချ်ပေးရပါမယ်။ နားလည်ဖို့ အခက်အခဲရှိနေကြောင်း သတိပြုမိပါက အချိန်ယူပြီး ရှင်းပြပါ။ Communication က သင့်ကလေးတွေကို စမတ်ကျတဲ့ စားသုံးသူတွေ ဖြစ်လာစေဖို့ ကူညီပေးရာမှာ အဓိကသော့ချက်ဖြစ်ပါတယ်။ ဒါ့အပြင် သင့်စည်းမျဉ်းတွေကို နားလည်လက်ခံဖို့လည်း ကူညီပေးပါလိမ့်မယ်။

ကလေးတွေကို စမတ်ကျတဲ့ စားသုံးသူတွေဖြစ်လာအောင် ကူညီပေးဖို့ အကြံပြုချက်များ

စမတ်ကျတဲ့ စားသုံးသူတွေကို ပြုစုပျိုးထောင်ဖို့နဲ့ ရုပ်ဝါဒီဆန်သော ကလေးတွေကို ပြုစုပျိုးထောင်မိခြင်းမှ ကာကွယ်ဖို့ အကြံပြုချက်အချို့ဖြစ်ပါတယ်။ မှတ်သားထားပြီး သင့်ကလေးတွေကို သင်ကြားပေးဖို့ အသုံးပြုကြည့်ပါ။

၁။ ကန့်သတ်ချက်တွေ သတ်မှတ်ပါ

အကြံပြုလိုတဲ့ ပထမဆုံးအချက်က မေမေတို့အနေနဲ့ ကန့်သတ်ချက်တွေ သတ်မှတ်ပြီး ကလေးတွေအား ငြင်းဖို့ ဖြစ်ပါတယ်။ ကလေးတွေကို သူတို့တောင်းသမျှ ပေးရင် ကိုယ်က ပြတ်ပြတ်သားသား ပြောတဲ့အချိန်မှာ ကိုယ့်စကားကို သူတို့ နားမထောင်တော့ပါဘူး။

၂။ သူတို့ကို လက်ဆောင်အများကြီး မပေးပါနဲ့

မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေကို လက်ဆောင်တွေ အများကြီးပေးချင်တာက ပုံမှန်ပါပဲ၊ ဒါပေမယ့် သူတို့ကို ရုပ်ဝါဒဆန်လွန်းစေတာကြောင့် အများကြီး မပေးပါနဲ့။ သားသမီးတွေကို ချစ်ကြောင်းပြသဖို့ တခြားနည်းလမ်းတွေကို ရှာဖွေဖို့ လိုအပ်ပါတယ်။

၃။ အမြဲတမ်း ပျော်ရွှင်စေဖို့ မကြိုးစားပါနဲ့

ကလေးတွေက အမြဲတမ်း မပျော်ကြပါဘူး။ သူတို့ငိုတဲ့အခါ ဒါမှမဟုတ် ဝုန်းဒိုင်းကြဲနေတဲ့အခါ မိဘတစ်ယောက်အနေနဲ့ သင်အမှားတစ်ခုခုလုပ်မိတယ်လို့ အမြဲမဆိုလိုပါဘူး။ ဒါ့ကြောင့် ကလေးတွေ စိတ်ဆိုးနေသည်ဖြစ်စေ၊ ဒေါသထွက်နေသည်ဖြစ်စေ သူတို့ရဲ့ စိတ်ခံစားချက်တွေကို သူတို့ကိုယ်တိုင် စီမံခန့်ခွဲနည်းကို သင်ပေးထားသင့်ပါတယ်။ ဒီနည်းက သူတို့အား စိတ်ခံစားမှုပိုင်းဆိုင်ရာ အားကောင်းလာစေဖို့ ကူညီပေးတဲ့အပြင် သူတို့ရဲ့ ထူးချွန်ထက်မြက်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။

၄။ ဥပမာဖြင့် ဦးဆောင်ပါ

ကလေးတွေကို စမတ်ကျတဲ့ စားသုံးသူတွေ ဖြစ်စေလိုပါက ကျန်းမာသော အလေ့အထတွေကို အားပေးပြီး စံနမူနာပြသင့်ပါတယ်။ ပစ္စည်းတွေကို တန်ဖိုးထားပါ။ အလွန်အကျွံမဝယ်ပါနဲ့။ ကိုယ့်အိမ်စည်းကမ်းနဲ့ ကိုယ်ဖြစ်တဲ့အတွက် အခြားမိဘတွေနဲ့ မနှိုင်းယှဉ်မိရန် အရေးကြီးကြောင်း သတိရပါ။

နောက်ဆုံးအနေနဲ့ ကလေးတွေကို စမတ်ကျတဲ့ စားသုံးသူတွေဖြစ်အောင် သင်ကြားပေးဖို့ မိသားစုနဲ့ စတင်သင့်တယ်ဆိုတာ သတိရပါ။ ဒါ့အကြောင့် အရေးကြီးဆုံးက သင့်ကလေးတွေရှေ့မှာ တာဝန်သိစွာ လုပ်ဆောင်ပြီး တတ်သိနားလည်သော စျေးဝယ်သူတွေဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ပြသပါ။

Chit_MayMay

Ref-youaremom

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here