မေမေတို့ရဲ့ ကလေးဟာ ဆတ်ဆတ်ထိမခံလေး ဖြစ်နေပြီဆိုရင် ကူညီပေးနိုင်တဲ့အရာများ

0
138
- Advertisement -

မေမေတို့ရဲ့ကလေးငယ်ဟာ သာမန်အခြေအနေ အဖြစ်အပျက်လေးတစ်ခုကို အလွန်အမင်းချဲ့ကားပြောဆိုလာပြီဆိုရင် မေမေတို့ စိတ်ညစ်ရပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒါဟာ sensitiveဖြစ်တဲ့ ကလေးတွေအတွက် ပုံမှန်အခြေအနေတစ်ခုဖြစ်ပါတယ်။ သူတို့လေးတွေကို နားလည်ဖို့နှင့် သူတို့ရဲ့ခံစားချက်တွေကိုထိန်းချုပ်ပေးနိုင်ဖို့ မေမေတို့အနေနဲ့ သင်ယူဖို့ လိုအပ်ပါတယ်။

လူသားအားလုံးမှာ စိတ်ခံစားမှုများစွာရှိတတ်ကြပြီး အချို့လူတွေမှာတော့ ပိုပြီးဖွံ့ဖြိုးတတ်ကြပါတယ်။ သို့ပေမယ့် သူတို့ရဲ့ ခံစားချက်တွေကို လိုအပ်တာထက်ပိုပြီးတော့ ပြတတ်ကြတယ်။ ဒါကြောင့်မို့လို့ မိဘတွေ အနေနဲ့” ငါတို့ရဲ့ကလေးက sensitiveဖြစ်တယ်”လို့ ပြောကြတာပါ။ ဒါဟာ အလွန့်အလွန်ဆိုး၀ါးနေတာလည်းမဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဒီဖြစ်ရပ်မှာ အပြုသဘောဆောင်တဲ့ ကောင်းမွန်တဲ့ လက္ခဏာတွေလည်း ရှိနေပါသေးတယ်။ အဲ့ဒီ့အတွက် မေမေတို့ရဲ့ကလေးတွေကို အကျိုးရှိစေနိုင်မယ့် sensitive ဖြစ်တတ်တဲ့ကလေးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်ရဲ့ကလေးဟာ အရမ်း sensitive ဖြစ်တဲ့သူဆိုတာ ဘယ်လိုသိနိုင်မလဲ

သင့်အိမ်မှာ အလွန်အမင်း ထိခိုက်လွယ်တဲ့ ကလေးရှိတယ်ဆိုတာကို ညွှန်ပြနေတဲ့ အချက်များစွာရှိနေပါတယ်။ သင့်အနေနဲ့ သူ့အပေါ် ချစ်ခြင်းမေတ္တာများစွာနဲ့ စောင့်ရှောက်သင့်ပါတယ်။ အဲ့ဒီ့အချက်တွေထဲက အရေးကြီးဆုံးအချက်တွေကတော့ sensitive ဖြစ်တဲ့ကလေးတွေဟာ အလွန် ချစ်ခင်တတ်ကြသလို သူတို့ကိုယ်တိုင်လည်း အချစ်ခံချင်ကြပါတယ်။ ဒါကြောင့်မို့ သူတို့ကိုချစ်ခင်ကြောင်းပြသဖို့ လိုပါတယ်။

သူတို့ရဲ့ ခံစားနိုင်စွမ်းဟာဆိုရင်သာမန်ထက် များစွာပိုမိုအားကောင်းကြပါတယ်။ သူတို့ရဲ့ ခံစားချက်တွေနဲ့ စိတ်လှုပ်ရှားမှုတွေက အလွန်ပြင်းထန်လွန်းတာကြောင့်မို့လို့ သူတို့ရဲ့လွှမ်းမိုးနိုင်စွမ်းကလည်း အလွန့်ကို ကြီးမားနေတာဖြစ်ပါတယ်။ sensitive ဖြစ်လွန်းတဲ့ကလေးတွေဟာ များသောအားဖြင့် တစ်ခြားသူတွေထက် ပိုပြီးတော့ ရင့်ကျက်မှုရှိတယ် လို့ထင်ရပါတယ်။ အဲ့သလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ သူတို့ဟာ တစ်ခြားသူတွေအပေါ်မှာ နက်ရှိုင်းတဲ့ နားလည်မှုတွေနဲ့ စာနာမှုတွေကို ပြသနေကြလို့ပါပဲ။
Highly Sensitiveဖြစ်တဲ့ကလေးတွေဟာ ယေဘုယျအားဖြင့် အခြေအနေတင်းမာသော၊ ပဋိပက္ခဖြစ်ပွားတတ်သော ပတ်၀န်းကျင်ကို ရှောင်လေ့ရှိကြတယ်။ သူတို့မှာဖွံ့ဖြိုးမှု အားကောင်းတဲ့ အာရုံခံနိုင်စွမ်းတွေ ရှိကောင်းရှိနိုင်ပါတယ်။ သူတို့မှာ တစ်ခြားသူတွေရဲ့အကြိုက်တွေ မကြိုက်တာတွေကို ကြိုသိနိုင်တဲ့ မွေးရာပါ ဗီဇလည်း ရှိနေကြပါသေးတယ်။

၂။ sensitiveဖြစ်လွန်းသောကလေးများရဲ့ အပြုသဘောဆောင်တဲ့ရှုထောင့်

ကလေးအနည်းစုဟာ sensitive ဖြစ်တဲ့ စိတ်နေသဘောထားတွေ ရှိတတ်ကြပါတယ်။ သို့သော်လည်းပဲ သူတို့ကို ထူးဆန်းတဲ့သူတွေ၊ နောက်ပြီးရောဂါရှိတဲ့သူတွေလို့ ခွဲခြားဆက်ဆံရမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ သင့်အနေနဲ့ ”ကျွန်မတို့ကလေးက အရမ်း sensitive ဖြစ်တာပဲ”လို့ ပြောမယ့်အစား ”ကျွန်မတို့ကလေးမှာ လှပထူးခြားတဲ့ ပင်ကိုယ်အရည်အသွေးရှိတယ်”လို့ ပြောနိုင်ပါတယ်။ sensitive ဖြစ်တဲ့ ကလေးတွေဟာ လောကကြီးကို ရှုထောင့်တစ်မျိုးနဲ့ ကြည့်တတ်ကြပါတယ်။ သူတို့ဟာတစ်ခြားသူတွေအပေါ် ဒေါသစိတ်တွေဖြစ်လာတဲ့အခါ တစ်ခြားသူတွေဘက်ကနေပြီးတော့ အမျိုးမျိုးဖြည့်တွေးစဥ်းစားပေးရင်း ဒေါသစိတ်ကို ဖြေလျော့တတ်ကြပါတယ်။

နာကျင်မှုတွေအကြာင်းနားလည်ထားသူတွေဖြစ်တဲ့အတွက် နာကျင်မှုတွေကို အတတ်နိုင်ဆုံးရှောင်ကြပါတယ်။အဲ့သလိုပဲ တစ်ခြားသူတွေရဲ့ ဆင်းရဲဒုက္ခတွေကိုလည်း နားလည်ပေးနိုင်ကြပြီး နှစ်သိမ့်ပေးနေရတယ်ဆိုရင် ကျေနပ်နေတတ်ကြပါတယ်။ သူတို့မှာ များသောအားဖြင့် ဖန်တီးနိုင်မှုနှင့် ဉာဏ်ထက်မြက်မှုမှာ အလွန်အားကောင်းတဲ့သူတွေပါပဲ။ သူတို့ရဲ့ရေးသားချက်တွေဟာဆိုရင် သူတို့ဆိုလိုချင်တဲ့ အဓိပ္ပာယ်ရောက်အောင်ရေးသားဖော်ပြနိုင်ကြတယ်။ဒီလိုစွမ်းရည်မျိုးကို ဂီတပညာရှင်၊ ပန်းချီပညာရှင်စတဲ့အနုပညာရှင်တွေမှာ မရှိမဖြစ်လိုအပ်ပါတယ်။

၃။ sensitiveဖြစ်တဲ့ကလေးတွေကို ဘယ်လိုငြိမ်သက်အောင်လုပ်မလဲ

အလွန်ပြင်းထန်တဲ့ခံစားချက်ရှိတဲ့ကလေးတိုင်း အလွန်အကျွံခံစားရနိုင်ပါတယ်။သင့်အနေနဲ့ သူတို့ကို စိတ်အေးအေးထားနိုင်ဖို့နှင့် ကောင်းကောင်းအနားယူနိုင်ဖို့ သဘာ၀နဲ့ အဆက်အသွယ်လုပ်ဖို့ သူတို့ကို အပြင်ကို ခေါ်သွားပေးပါ။ ကမ်းခြေ၊ ကျေးလက်၊ ဒါမှမဟုတ် ပန်းခြံ စတဲ့တစ်နေရာရာကို သွားပေးနိုင်ပါတယ်။

အရမ်း sensitive ဖြစ်လွန်းတဲ့ ကလေးတွေကို ပြုစုပျိုးထောင်ပေးတဲ့နေရာမှာ သတိရရမည့် အချက်များကို ဒီနေရာမှာ ဖော်ပြပေးထားပါတယ်။ ဖော်ပြပေးထားတဲ့ မေးခွန်းများ မေးပေးပါ ။ သမီး/သားဘာတွေစဥ်းစားနေတာလဲ? ဘယ်လိုခံစားရလဲ?ဘာတွေလိုအပ်သလဲ?သင့်အနေနဲ့ သူတို့ကိုနားမလည်တဲ့အခါတိုင်း ဂရုတစိုက်နားထောင်ဖို့အတွက် အရေးကြီးပါတယ် ။ သူတို့ကို ဖိအားတွေမပေးပါနဲ့။ အခြေအနေအသစ်တွေနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ သူတို့ကို အချိန်ပေးပါ။ sensitiveဖြစ်တဲ့ကလေးတွေဟာ အပြောင်းအလဲကို လက်ခံဖို့ ခက်ခဲကြပါတယ်။ ဒါ့အပြင် အခြားကလေးတွေနဲ့ အုပ်စုဖွဲ့ ဖို့ ကြိုးစားကြတဲ့အခါမှာလည်း အပြန်အလှန်ဆက်သွယ်နိုင်ဖို့ ၊ ရင်းနှီးကျွမ်း၀င်နိုင်စေဖို့ အချိန်ခဏစောင့်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။

အခက်အခဲတွေကို သူတို့ကိုယ်တိုင် ရင်ဆိုင်နိုင်အောင်ကူညီပေးရပါမယ်။ သူတို့ကိုသူတို့ လုံခြုံမှုရှိစေဖို့ ၊ တစ်စုံတစ်ခုကို မလုပ်လိုတဲ့အခါ Noလို့ ပြောတတ်ဖို့တွန်းအားပေးပါ။ ရှက်ကြောက်စရာမလိုဘဲ သူတို့ရဲ့အတွေးအမြင်တွေနဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ ဖိတ်ခေါ်ပါ။ ဒါတွေအပြင် အခြားသူတွေက လှောင်ပြောင်လာတဲ့အခါ သူတို့ကို သူတို့ခုခံကာကွယ်တတ်ဖို့ တွန်းအားပေးပါ။ သူတို့ကို ဒီထက်ပိုပြီး သန်မာလာအောင်သင်ပေးပါ။ ဒီလိုနဲ့ အခက်အခဲတွေကို အခွင့်အရေးတွေအဖြစ် ပြောင်းလဲလက်ခံလာနိုင်မှာ ဖြစ်ပါတယ်။

အတိုချုပ်ပြောရရင် sensitive ဖြစ်လွန်းတဲ့ ကလေးတွေရှိနေခြင်းက ကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့နဲ့ အထူးဆက်သွယ်မှုတွေမှာ ပိုပြီး နားလည်လာစေဖို့နှင့် ဖွံ့ဖြိုးလာစေဖို့ အခွင့်အလမ်းတွေဖြစ်ပါတယ်။ သင့်အနေနဲ့ သူတို့ရဲ့ ဘ၀နေထိုင်မှုကို နားလည်ဖို့ ခက်ခဲပါလိမ့်မည်။ ဒါပေမဲ့ နားလည်ပေးဖို့ အများဆုံးလိုအပ်ပါတယ်။ သူတို့ကို သင်ကိုယ်တိုင်မှ နားလည်မပေးလျှင် ဘယ်သူကမှ နားလည်ကြမှာ မဟုတ်ပါဘူး ။ ကလေးများအားလုံးမိဘတွေကို လက်ခံဖို့ သင့်အနေနဲ့ သူတို့နဲ့ နေဖို့ လိုအပ်ပါတယ်။ ဒီအချက်ဟာဆိုရင် sensitiveဖြစ်တဲ့ ကလေးတွေအတွက် အရေးကြီးဆုံးအချက်တစ်ချက်ဖြစ်ပါတယ်။

Chit_MayMay

Nyein_Thu

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here