မေမေတို့ဆိုတာ မိသားစုတစုမှာ အလုပ်အများဆုံးနဲ့ စိတ်ပင်ပန်းမှုအရှိဆုံးလူသားတွေပါဘဲ။ အိမ်ထောင်တခုကို ဦးစီးဦးဆောင်ပြုရတာဟာ ယောက်ျားသားတွေလို့ဆိုပေမယ့် တကယ့်တကယ်အပင်ပန်းဆုံးကတော့ မိခင်တွေပါဘဲ။ ဝင်ငွေထွက်ငွေညီမျှဖို့၊ သားသမီးတွေကို အဆင့်အတန်းမှီမှီထားရှိနိုင်ဖို့၊ ကောင်းမွန်တဲ့ ထောက်ပံ့မှုတွေပေးစွမ်းနိုင်ဖို့ အစရှိတာတွေအပြင် တဘက်တလမ်းကလည်း မိသားစုဝင်ငွေကို ကူညီရှာဖွေပေးရတဲ့ မေမေတွေအများကြီးရှိနေပါသေးတယ်။ ဒီတော့ စိတ်ပင်ပန်းမှုအရှိဆုံး၊ ဖိအားအများဆုံးမေမေတို့ကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖိအားတွေလျော့နည်းဖို့၊ ကျန်းမာစေဖို့အတွက် နည်းလမ်းအနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
ဆန့်ထုတ်ခြင်း

ခန္ဓာကိုယ်ကို နည်းလမ်းမှန်ကန်စွာဆန့်ထုတ်တဲ့ လေ့ကျင့်ခန်းတွေပြုလုပ်တာက ကြွက်သားတွေကို ပြောင်းလွယ်ပြင်လွယ်သန်မာမှုရှိစေပြီး စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်တဲ့ အကြောအချဉ်တင်းမာမှု၊ ကြွက်သားပျက်စီးခြင်းနဲ့ အဆစ်ရောင်ရမ်းနာကျင်ခြင်းတွေကို သက်သာစေပါတယ်။ ၎င်းလေ့ကျင့်ခန်းသည် အချိန်အနည်းငယ်မျှလေ့ကျင့်ပေးရုံနဲ့ အာရုံကြောစနစ်ကို လှုံ့ဆော်ပေးပြီး စိတ်ပိုင်းဆိုင်ရာအနေအထားတွေကို ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းထုတ်လုပ်မှုတွေကို လျော့ချပေးပါတယ်။
ထိုက်ချိကစားခြင်း

ထိုက်ချိကစားနည်းသည် စိတ်နဲ့ခန္ဓာကိုယ်ကို အေးဆေးတည်ငြိမ်မှုဖြစ်ပေါ်စေပြီး အသက်ရှုနည်းစနစ်များကို အာရုံစူးစိုက်
ဖို့အတွက် အကောင်းဆုံးနည်းလမ်းတခုဘဲဖြစ်ပါတယ်။ ၎င်းတွင် ကြွက်သားလှုပ်ရှားမှုကို လွယ်ကူစေတဲ့ နှေးကွေးသောလှုပ်
ရှားမှုများလည်း ပါဝင်တာကြောင့် ကြွက်သားတွေကို တဖြည်းဖြည်းကြံ့ခိုင်လာစေပြီး ကြွက်သားတွေရဲ့ ပြောင်းလွယ်ပြင်လွယ်နိုင်မှုနဲ့ မျှတမှုကို တိုးတက်စေပါတယ်။ ထိုက်ချိကစားနည်းတွင် တွေးတောဆင်ခြင်မှုဆိုင်ရာများလည်းပါရှိတာကြောင့် ကျန်းမာရေးအတွက်များစွာအကျိုးရှိစေသလို စိတ်ဖိစီးမှုများကိုလည်း လျော့ကျစေပါတယ်။
ယောဂ

ယောဂကစားခြင်းသည် ကျွန်ုပ်တို့ရဲ့စိတ်ကို လွှမ်းမိုးနေသော စိတ်ဖိစီးမှုအားလုံးကို ကိုင်တွယ်နိုင်ဖို့အတွက် အားအင်တွေပေးစွမ်းပါတယ်။ ၎င်းသည်အသက်ရှူရှိုက်ခြင်းနဲ့ သတိရှိခြင်းကို ပေါင်းစပ်ထားတာကြောင့်မို့ ခန္ဓာကိုယ်တွင်းငြိမ်သက်ခြင်းကို ရှာဖွေပေးပြီး ထိန်းညှိမှုများလုပ်ဆောင်ပေးပါတယ်။ ထိုနည်းစနစ်များထဲတွင် စိတ်ဖိစီးမှု သို့မဟုတ် ထိတ်လန့်မှုများသည် ခန္ဓာကိုယ်အတွင်း မည်သည့်နေရာတွင် တည်ရှိနေကြောင်း ရှာဖွေခြင်းနဲ့ လေ့ကျင့်ခန်းအဆင့်တိုင်းသည် ကွဲပြားသောလေ့ကျင့်မှုပုံစံများ၊ ခက်ခဲမှုများနဲ့ ပြင်းထန်မှုများစွာပါရှိတာကြောင့် လေ့ကျင့်ခန်းပြုလုပ်ရတာကို ပျင်းရိခြင်းမဖြစ်စေတော့ပါဘူး။ ယောဂကစားနည်းသည် စိတ်ဖိစီးမှု၊ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကို သိသိသာသာလျှော့ချပေးနိုင်စွမ်းရှိတဲ့အတွက် စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးအတွက်အလွန်ကောင်းမွန်သော ကစားနည်းတမျိုးဘဲဖြစ်ပါတယ်။
လမ်းလျှောက်ခြင်း

လမ်းလျှောက်ခြင်းသည် စိတ်ဖိစီးကိုလျော့ချဖို့အတွက်လေ့ကျင့်ခန်းများထဲမှ အလွယ်ကူဆုံးနဲ့ အကျိုးအရှိဆုံးသော လေ့ကျင့်ခန်းတခုဘဲဖြစ်ပါတယ်။ ၎င်းသည် endorphins ကိုပိုမိုကောင်းမွန်စေပြီး တရားအားထုတ်သလို သန့်ရှင်းတဲ့စိတ်ပိုင်းဆိုင်ရာအနေအထားတွေကို ရရှိစေပါတယ်။ လမ်းလျှောက်ခြင်းသည် ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ကို စွမ်းအင်များပိုမိုထုတ်လုပ်ပေးသလို ပင်ပန်းနွမ်းနယ်မှုကိုလည်း လျော့နည်းစေပါတယ်။ အာရုံစူးစိုက်နိုင်မှုနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေဟာ လွတ်လပ်ပေါ့ပါးမှုနဲ့ လွတ်လပ်စွာတွေးခေါ်နိုင်မှုကိုများစွာဗဟိုပြုတာမို့ စိမ်းလန်းစိုပြေတဲ့ နေရာမျိုးတွေမှာ လမ်းလျှောက်ပြီး သန့်စင်တဲ့လေကို ကောင်းမွန်စွာရှုရှိုက်ရတာဟာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပြီး ခန္ဓာကိုယ်ကိုလည်းကျန်းမာကြံ့ခိုင်စေပါတယ်။
#Chit_May_May
#Dmo_aung
#Ref-themindsjourna
Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။