မေမေတို့သိထားသင့်တဲ့ သားသား/မီးမီးတို့ရဲ့ သွားသန့်ရှင်းရေးအကြောင်း

0
124
- Advertisement -

အများအားဖြင့် ကလေးတွေဟာ အသက်၆လအရွယ်မှာ သွားစပေါက်ပါတယ်။ သွားပေါက်ပြီးမကြာခင်မှာ မေမေတို့က ကလေးရဲ့သွားသန့်ရှင်းရေးကို စတင်ပြုလုပ်ပေးသင့်ပါတယ်။ သန့်ရှင်းပြီးစိုစွတ်တဲ့ မျက်နှာသုတ်ပုဝါကိုသုံးပြီး ကလေးရဲ့သွားဖုံးတွေ၊ သွားတစ်ချောင်းစီရဲ့အရှေ့နဲ့အနောက်ကို သန့်စင်ပေးပါ။

လူကြီးသွား 32ချောင်းက အသက် ၆နှစ်နဲ့ ၂၀အကြားမှာ ကလေးသွားနေရာမှာ အစားထိုးပါတယ်။ အသက် ၈နှစ်တိုင်အောင် ကလေးရဲ့သွားသန့်ရှင်းရေးကို မေမေတို့က ကူညီပေးသင့်ပါတယ်။ မနက်တစ်ကြိမ်၊ ညအိပ်ရာမဝင်ခင် တစ်ကြိမ် ၊ တစ်နေ့ ၂ကြိမ်လောက် သွားနဲ့ သွားဖုံးကို တိုက်ပေးရပါမယ်။

၁၈လအောက် ကလေးတွေကို သွားတိုက်ဆေး အသုံးမပြုပေးရပါဘူး။ ၁၈လကနေ ၆နှစ်အထိကို ဖရိုရိုက်နိမ့်တဲ့ သွားတိုက်ဆေး ပဲစေ့တစ်စေ့ပမာဏသာ အသုံးပြုပါ။ ၆နှစ်ကနေစပြီး ဖရိုရိုက်စံနှုန်းပြည့်သွားတိုက်ဆေး ပဲစေ့တစ်စေ့စာ ပမာဏ အသုံးပြုပါ။ ပျော့ပြောင်းပြီး သေးငယ်တဲ့ ကလေးသွားတိုက်တံကိုသာ သုံးပေးပါ။

- Advertisement -

သွားတိုက်ပေးဖို့အကောင်းဆုံးအနေအထားကတော့ မှန်ရှေ့မှာ သင့်ကလေးရဲ့နောက်ကျောမှာ ထိုင်ပြီး ဒါမှမဟုတ် မတ်တပ်ရပ်ပြီး တိုက်ပေးပါ။ ဒါမှသာ သင့်ကလေးက သင်လုပ်နေတာတွေကို မြင်ရမှာပါ။ လေးဘက်ထောက်ကလေးအရွယ်ဆိုရင် သင့်ပေါင်ပေါ်မှာ ထိုင်ဖို့ လွယ်ကူနေပါပြီ။

သင့်ကလေးရဲ့မေးစေ့ကို support လုပ်ဖို့ သင့်ရဲ့အားတဲ့လက်ကို သုံးပါ။ ကလေးကို ပါးစပ်ဖွင့်ဖို့ ပြောပြီး သွားဖုံးနဲ့ အနီးဆုံးသွားတွေပေါ်မှာ အညိုရောင်လိုင်း သို့အဖြူရောင်ကဲ့သို့ ပျက်စီးယိုယွင်းတဲ့ လက္ခဏာရှိမရှိ စစ်ဆေးပါ။ သွားဖုံးလိုင်းတစ်ဝိုက် သွားပေါ်မှာ သွားချေး ရှိမရှိစစ်ဆေးပေးပါ။

သွားဖုံးတွေနဲ့ သွားတစ်ချောင်းစီရဲ့ဘေးဘက်တွေကို စက်ဝိုင်းပုံလှုပ်ရှားမှုအတိုင်း တိုက်ပေးရပါမယ်။ သွားအနောက်ဘက်တွေကို ပိုပြီး ဂရုစိုက်ပေးပါ။

သွားတိုက်ပြီးရင် သင့်ကလေးကို သွားတိုက်ဆေးအကြွင်းအကျန်တွေ ထွေးထုတ်ခိုင်းသင့်ပါတယ်။ သွားတိုက်တံကို ဆေးကြောပြီး ခြောက်အောင်သန့်ရှင်းတဲ့ တနေရာရာမှာထားပါ။

အထူးသဖြင့် အစာစားပြီးအကြားမှာ သင့်ကလေးကို သကြားပါတဲ့ သရေစာမုန့်တွေ၊ အချိုရည်တွေ ပေးခြင်း ရှောင်ကြဉ်ပါ။ အစာကျွေးပြီးချိန်နဲ့ အိပ်ရာထဲမှာ ဖျော်ရည် သို့မဟုတ် ဖော်မြူလာ၊နို့ပုလင်းပေးခြင်း ရှောင်ကြဉ်ရပါမယ်။

Chit_MayMay

LM_Nandar

Source-raisingchildren

Zawgyi Font

ေမေမတို႔သိထားသင့္တဲ့ သားသား/မီးမီးတို႔ရဲ႕ သြားသန္႔ရွင္းေရးအေၾကာင္း

အမ်ားအားျဖင့္ ကေလးေတြဟာ အသက္၆လအရြယ္မွာ သြားစေပါက္ပါတယ္။ သြားေပါက္ၿပီးမၾကာခင္မွာ ေမေမတို႔က ကေလးရဲ႕သြားသန္႔ရွင္းေရးကို စတင္ျပဳလုပ္ေပးသင့္ပါတယ္။ သန္႔ရွင္းၿပီးစိုစြတ္တဲ့ မ်က္ႏွာသုတ္ပုဝါကိုသံုးၿပီး ကေလးရဲ႕သြားဖံုးေတြ၊ သြားတစ္ေခ်ာင္းစီရဲ႕အေရွ႕နဲ႔အေနာက္ကို သန္႔စင္ေပးပါ။

လူႀကီးသြား 32ေခ်ာင္းက အသက္ ၆ႏွစ္နဲ႔ ၂၀အၾကားမွာ ကေလးသြားေနရာမွာ အစားထိုးပါတယ္။ အသက္ ၈ႏွစ္တုိင္ေအာင္ ကေလးရဲ႕သြားသန္႔ရွင္းေရးကို ေမေမတို႔က ကူညီေပးသင့္ပါတယ္။ မနက္တစ္ႀကိမ္၊ ညအိပ္ရာမဝင္ခင္ တစ္ႀကိမ္ ၊ တစ္ေန႔ ၂ႀကိမ္ေလာက္ သြားနဲ႔ သြားဖံုးကို တိုက္ေပးရပါမယ္။

၁၈လေအာက္ ကေလးေတြကို သြားတိုက္ေဆး အသံုးမျပဳေပးရပါဘူး။ ၁၈လကေန ၆ႏွစ္အထိကို ဖရိုရိုက္နိမ့္တဲ့ သြားတိုက္ေဆး ပဲေစ့တစ္ေစ့ပမာဏသာ အသံုးျပဳပါ။ ၆ႏွစ္ကေနစၿပီး ဖရိုရိုက္စံႏႈန္းျပည့္သြားတိုက္ေဆး ပဲေစ့တစ္ေစ့စာ ပမာဏ အသံုးျပဳပါ။ ေပ်ာ့ေျပာင္းၿပီး ေသးငယ္တဲ့ ကေလးသြားတိုက္တံကိုသာ သံုးေပးပါ။

သြားတိုက္ေပးဖို႔အေကာင္းဆံုးအေနအထားကေတာ့ မွန္ေရွ႕မွာ သင့္ကေလးရဲ႕ေနာက္ေက်ာမွာ ထိုင္ၿပီး ဒါမွမဟုတ္ မတ္တပ္ရပ္ၿပီး တိုက္ေပးပါ။ ဒါမွသာ သင့္ကေလးက သင္လုပ္ေနတာေတြကို ျမင္ရမွာပါ။ ေလးဘက္ေထာက္ကေလးအရြယ္ဆိုရင္ သင့္ေပါင္ေပၚမွာ ထိုင္ဖို႔ လြယ္ကူေနပါၿပီ။

သင့္ကေလးရဲ႕ေမးေစ့ကို support လုပ္ဖို႔ သင့္ရဲ႕အားတဲ့လက္ကို သံုးပါ။ ကေလးကို ပါးစပ္ဖြင့္ဖို႔ ေျပာၿပီး သြားဖံုးနဲ႔ အနီးဆံုးသြားေတြေပၚမွာ အညိဳေရာင္လိုင္း သို႔အျဖဴေရာင္ကဲ့သို႔ ပ်က္စီးယိုယြင္းတဲ့ လကၡဏာရွိမရွိ စစ္ေဆးပါ။ သြားဖံုးလိုင္းတစ္ဝိုက္ သြားေပၚမွာ သြားေခ်း ရွိမရွိစစ္ေဆးေပးပါ။

သြားဖံုးေတြနဲ႔ သြားတစ္ေခ်ာင္းစီရဲ႕ေဘးဘက္ေတြကို စက္ဝိုင္းပံုလႈပ္ရွားမႈအတိုင္း တိုက္ေပးရပါမယ္။ သြားအေနာက္ဘက္ေတြကို ပိုၿပီး ဂရုစိုက္ေပးပါ။

သြားတိုက္ၿပီးရင္ သင့္ကေလးကို သြားတုိက္ေဆးအၾကြင္းအက်န္ေတြ ေထြးထုတ္ခိုင္းသင့္ပါတယ္။ သြားတိုက္တံကို ေဆးေၾကာၿပီး ေျခာက္ေအာင္သန္႔ရွင္းတဲ့ တေနရာရာမွာထားပါ။

အထူးသျဖင့္ အစာစားၿပီးအၾကားမွာ သင့္ကေလးကို သၾကားပါတဲ့ သေရစာမုန္႔ေတြ၊ အခ်ိဳရည္ေတြ ေပးျခင္း ေရွာင္ၾကဥ္ပါ။ အစာေကၽြးၿပီးခ်ိန္နဲ႔ အိပ္ရာထဲမွာ ေဖ်ာ္ရည္ သို႔မဟုတ္ ေဖာ္ျမဴလာ၊ႏို႔ပုလင္းေပးျခငး္ ေရွာင္ၾကဥ္ရပါမယ္။

Chit_MayMay

LM_Nandar

Source-raisingchildren

LEAVE A REPLY

Please enter your comment!
Please enter your name here