မေမေတို့အတွက် နောက်ကျောနာကျင်မှု ပြဿနာတွေ မဖြစ်အောင် တားဆီးပေးနိုင်တဲ့ သိကောင်းစရာအချို့

0
50
- Advertisement -

မေမေတို့ရေ…နောက်ကျော နာကျင်တယ်ဆိုတာ လူတိုင်းဖြစ်ကြတဲ့ ပြဿနာတစ်ခုပါ။ ဒါကို ကာကွယ်နိုင်ပါတယ်။ ဥပမာအားဖြင့် မေမေတို့က မိဘတစ်ယောက် ဖြစ်နေတဲ့အတွက်မေမေတို့ရဲ့နောက်ကျောကို နာကျင်မှုဖြစ်ပေါ်စေနိုင်တဲ့ သီးခြား အခြေအနေတွေ များစွာ ရှိပါတယ်။ ဒီအခြေအနေတွေကို သိထားတယ်ဆိုရင်ပဲ ကိုယ့်ရဲ့ကလေးချီပိုးပုံကအစ နည်းလမ်းတွေကို ပြောင်းလဲနိုင်၊ ရှောင်ရှားနိုင်မှာပါ။ နောက်ပိုင်းမှာ ခါးနာတာ၊ နောက်ကျောနာတာတွေ မဖြစ်အောင် အကြံပေးချက်လေးတွေ မျှဝေပေးလိုက်ပါတယ်နော်။

၁။ ကလေးချီပိုးတဲ့အသိုင်းကို မှန်ကန်စွာသုံးပါ

ကလေးကို အရှေ့carrier နဲ့ သယ်မယ်ဆိုရင် တတ်နိုင်သလောက် ခပ်မြင့်မြင့် ဆွဲမထားပါ၊ ကလေးငယ်က မိခင်နဲ့ အရမ်းနီးကပ်နေပါစေ။ ဆိုလိုတာက carrier ကို တင်းတင်းကျပ်ကျပ်လေး လုပ်ထားသင့်ပါတယ်။ ဒါက မေမေတို့ရဲ့ နောက်ကျောပေါ် ဝန်ပိခြင်းကို လျှော့ချပါလိမ့်မယ်။

- Advertisement -

ကလေးက ပေါင် ၂၀ခန့် အလေးချိန်ရှိလာတဲ့အခါ ကျောဘက်ကိုပြောင်းပြီး ချီပိုးပေးပါ။ သူတို့အရမ်းထွားလာတဲ့အချိန် ကိုယ်က front carrier ချည်းပဲသုံးမယ်ဆိုရင် ခါးနာတာ ဖြစ်လာနိုင်ပါတယ်။

၂။ နို့တိုက်တဲ့အခါ သက်သောင့်သက်သာ ထိုင်ပါ

သင့်နောက်ကျောကို ကောင်းကောင်း support လုပ်ပေးမယ့် ကုလားထိုင်မှာ ထိုင်ပါ။ ကလေးငယ်ရဲ့ ပါးစပ်ထဲသို့ရောက်အောင် ခန္ဓာကိုယ်ကို ယိမ်းမယ့်အစား သင့်ရင်ဘတ်နဲ့ နီးအောင် ပေါင်ပေါ်မှာ ခေါင်းအုံး (သို့) စောင်ခုပြီး နို့တိုက်နိုင်ပါတယ်။

၃။ ကလေးကို အိပ်ရာထဲကနေ ဆွဲမတဲ့အခါ သတိထားပါ

မချီခင်မှာ ကလေးကို ကိုယ့်ရင်ဘက်နဲ့ ပိုပြီးနီးကပ်အောင်လုပ်ပါ။ ဒီနည်းနဲ့ လက်မောင်းကို ဆန့်ထုတ်ပြီး ချီဖို့ မလိုအပ်တော့ပါဘူး။ ပြီးတော့ ကလေးကို ကောက်ချီတဲ့အခါ ခါးကို မကိုင်းပါနဲ့။ ဆောင့်ကြောင့်ထိုင်အနေအထားနဲ့ ပွေ့ချီပါ။

၄။ ကလေးကို ကြမ်းပြင်ကနေ ကောက်မဖို့ ခန္ဓာကိုယ်ကို အလွန်အကျွံမကိုင်းပါနဲ့

သင့်ဝမ်းဗိုက်ကြွက်သားတွေကို အားယူပြီး ကီထိုင်အနေအထားသို့ သွားပါ။ လက်မောင်းတွေ ဆန့်ထုတ်ရခြင်းကို ရှောင်ရှားဖို့ ကလေးအား သင့်ရင်ဘတ်နဲ့ တတ်နိုင်သမျှ နီးကပ်စွာနေပါ။ သူတို့ကို ‘မ’ချီဖို့ သင့်ခြေထောက် ခွန်အားကိုသုံးပါ။

၅။ တွန်းလှည်းကို သုံးတဲ့အခါ ပျော့တိပျော့ခွေမနေပါနဲ့

ကလေးရဲ့တွန်းလှည်းကို တွန်းပေးတဲ့အခါ ခါးကိုမတ်မတ်ထားပါ။ ပျော့တိပျော့ခွေနေရင် သင့်ကျောကြွက်သားတွေကို ဝန်ပိစေပြီး ကျောရိုးအလိုင်းမန့်လွဲတာ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကလေးကို တွန်းလှည်းတဲ့ ထည့်တဲ့အခါ၊ ထုတ်တဲ့အခါ ဆောင့်ကြောင့်ထိုင်အနေအထား ဖြစ်ရပါမယ်။

၆။ ကစားတဲ့အခါ သင့်ကိုယ်ဟန်အနေအထားကို သတိထားပါ

ကလေးနဲ့ ကစားနေစဉ်မှာ ခါးနာတာ မဖြစ်အောင် ခါးကို မတ်မတ်ထားပြီး တင်ပလင်ခွေထိုင်ဖို့ လိုအပ်ပါတယ်။

၇။ ကလေးကို ခါးထစ်ခွင်မချီပါနဲ့

ကလေးကို ခါးထစ်ခွင်ချီခြင်းက ပိုလွယ်ပြီး သက်တောင့်သက်သာ ဖြစ်ပုံရပါတယ်။ ဒါပေမယ့် သင့်ခန္ဓာကိုယ်တစ်ဖက်တည်းမှာသာ ကလေးရဲ့ ဝိတ်ကို တင်ထားပါက မညီမျှမှုကို ဖြစ်စေပြီး နောက်ကျောပြဿနာတွေကို ဦးတည်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးကို ရင်ဘတ်နဲ့ကပ်ပြီး လက်နှစ်ဖက်နှင့် ပွေ့ပိုက်တာက ပိုကောင်းပါတယ်။

၈။ ကလေးကို ကားထိုင်ခုံမှာ နေရာချတဲ့အခါ ကားထဲမှာ ထိုင်ပါ

ကားထိုင်ခုံတွေက အရမ်းလေးတာကြောင့် ကလေးကို ထိုင်ခုံထဲထည့်ပြီးမှ ကားထဲမှာ နေရာချဖို့ မကြိုးစားပါနဲ့။ ထိုင်ခုံကို အရင်ဆုံး safe ဖြစ်အောင်ထားပါ။ ပြီးမှ ကလေးကို ထိုင်ခုံထဲထည့်ပါ။

ကလေးကို ကားထိုင်ခုံထဲထည့်တဲ့အခါ ကိုယ်က အပြင်ဘက်မှာ ရပ်မနေပါနဲ့။ ဘာ့ကြောင့်လဲဆိုတော့ သူတို့အတွက် အလုံခြုံဆုံးထိုင်ခုံက အလယ်မှာရှိနေရမှာ ဖြစ်တာကြောင့် ကလေးထိုင်ခုံဘေးမှာ ဝင်ထိုင်ပြီးမှ နေရာချနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here