မေမေတို့အတွက် နှစ်သစ်ကူးPlan ၅ခု

မေမေတို့အတွက် နှစ်သစ်ကူးPlan ၅ခု

0
46
- Advertisement -

နှစ်စဥ်နှစ်တိုင်းလူအများစုဟာ လာမယ့်နှစ်ရဲ့ ၃၆၅ရက်အတွင်းပြည့်စုံဖို့ ဆုံးဖြတ်ချက်များကို စာရင်းပြုစုကြပါတယ်။ ဒီဆုံးဖြတ်ချက်တွေက ကျွန်တော်တို့မှာရှိတဲ့ အရာတွေ၊ ကျွန်တော်တို့ဘာလုပ်ချင်သလဲ ကျွန်တော်တို့ဘ၀ကနေ ဖယ်ထုတ်ပစ်သင့်တဲ့အရာတွေကို ပြန်ပြီးသတိရစေတယ်။ သင့်အနေနဲ့ မိခင်တစ်ယောက်ဖြစ်မယ်ဆိုရင် လာမယ့်နှစ်အတွက် ဆုံးဖြတ်ချက်စာရင်းပြုလုပ်ဖို့ အလုပ်များလွန်းတယ်လို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ သို့သော်လည်း စာရင်းပြုစုထားသူတွေကအခြားသူတွေအတွက်သာလွန်နေတာတွေ များစွာရှိနေပါတယ်။ ဒါ့ကြောင့် သင့်ဘ၀လိုအပ်ချက်များနှင့် ဘ၀အခြေအနေများအရ သင်အသုံးပြုနိုင်သော ဆုံးဖြတ်ချက်များရဲ့ အကူအညီဖြင့် သင်နဲ့ သင့်ဘ၀ကို ခဏတာစဥ်းစားပါ။

ဘယ်သူမှ ပြီးပြည့်စုံခြင်းမရှိပါဘူး

ကျွန်တော်တို့ဟာ မိမိကိုယ်ကို အခြားသူများနှင့် အမြဲတမ်းနှိုင်းယှဥ်တတ်ကြတယ်။ ဒါဟာ တော်တော်လေးဆိုးဆိုးရွားရွားတဲ့ အတွေးအခေါ်တစ်ခုဖြစ်ပါတယ်။ အခြားသူတွေရဲ့ဘ၀မှာ တစ်နည်းမဟုတ်တစ်နည်း ကျွန်တော်တို့ထက်သာတယ်လို့ ထင်မြင်ကြပါတယ်။ ဒီအကြောင်းကြောင်းကြောင့် မေမေတို့အတွက် နှစ်သစ်ကူးဆုံးဖြတ်ချက်များရဲ့ ပထမဆုံးအချက်အနေနဲ့ ကိုယ့်ကိုယ်ကို မည်သူနဲ့မှ မနှိုင်းယှဥ်ဖို့ ပြောချင်ပါတယ်။ ဘယ်လိုရှင်သန်ရမယ်ဆိုတာ သိအောင်ကြိုးစားပြီးတော့ သင့်ဘ၀မှာ နေထိုင်ပါ။

သင့်မိသားစုနှင့်ကလေးများကို အပြည့်အ၀ပျော်ရွှင်ပါစေ

ဘ၀မှာ အရေးကြီးဆုံးအရာတွေထဲကတစ်ခုက သင့်ရဲ့ မိသားစုပါပဲ။ သို့သော်လည်း ကျွန်မတို့ဟာ အကြောင်းပြချက်များစွာဖြင့် သူတို့ကို လျစ်လျူရှုထားကြတယ်။ အလုပ်များ၊ အိမ်မှုကိစ္စများ၊ အင်တာနက်နှင့်လူမှုရေးကွန်ယက်များက မိသားစုအရည်အသွေးကို လျော့နည်းစေပါတယ်။ နှစ်သစ်ကို ရောက်လာတဲ့အခါ ဤစိုးရိမ်မှုများအားလုံးကို တစ်ဖက်မှ ထားပြီးတော့ အမှန်တကယ်အရေးကြီးသော အရာများကို ခံစားပါ။ သင့်ပတ်၀န်းကျင်မှာရှိတဲ့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို အသိအမှတ်ပြုပါ။

သင့်ကလေးတွေရဲ့ စကားကိုနားထောင်ပါ၊ သူတို့နဲ့ စကားပြောပါ

ဒီလုပ်ရပ်နှစ်ခုက သင်တို့အချင်းချင်းပေးတဲ့ အကောင်းဆုံးလက်ဆောင်တွေပဲ။ သင့်အနေနဲ့အတူတကွရှိနေချိန်မှာ အရည်အသွေးရှိသောအချိန်ဖြစ်ပါစေ။ သင့်ရဲ့ ကလေးများကို သူတို့ရဲ့ကျောင်းမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေ၊ သူတို့ရဲ့ အတွေးအခေါ်တွေ၊ ကွဲပြားခြားနားသော အကြောင်းအရာများ (သို့)လှုပ်ရှားမှုများနှင့် ပတ်သက်သော အကြံညဏ်များကို မေးမြန်းပါ။ သူတို့ဘ၀ရဲ့ အသေးစိတ်အချက်အလက်တွေက သင့်အတွက်အရေးကြီးကြောင်း သူတို့သတိပြုမိစေဖို့ စိတ်၀င်စားမှုဖြင့် နားထောင်ပါ။ ဆက်သွယ်ရေးမရှိဘူးဆိုရင် ဆက်ဆံရေးဟာ တဖြည်းဖြည်းလျော့နည်းလာပြီး အချိန်တွေပုတ်သွားတတ်ပါတယ်။ သူတို့ငယ်ရွယ်စဥ်မှာကတည်းက မိခင်နှင့်ကလေးရဲ့ ဆက်ဆံရေးကို တည်ဆောက်ခြင်းက ၎င်းကို တည်မြဲဖို့ မရှိမဖြစ်လိုအပ်ပါတယ်။

ကလေးများနှင့်အတူ သင်ယူခြင်း

လူကြီးများဟာ မိသားစုရဲ့ အသေးငယ်ဆုံးအဖွဲ့၀င်များကို သင်ကြားပေးဖို့ ပညာပေးသူများဖြစ်ကြသော်လည်း ကလေးများက သူတို့ရဲ့ အကြီးအကဲတွေကို သင်ကြားပေးနိုင်သော အရာများစွာရှိနေတယ်ဆိုတာ သတိပြုပါ။ အခြေအနေအရပ်ရပ်မှာ ကလေးများရဲ့ ကြင်နာမှုနှင့် အပြစ်ကင်းမှုက ကျွန်မတို့ရဲ့ လုပ်ရပ်တွေကို ပြန်စဥ်းစားစေပါတယ်။ ဒါ့ကြောင့် သင့်ကလေးရဲ့ လုပ်ရပ်တွေကို အသေးစိတ်လေ့လာပါ။ သင့်ရဲ့ စိတ်နှလုံးကို အထူးညဏ်ပညာဖြင့် ဖြည့်ဆည်းပေးသင့်ပါတယ်။

နည်းပညာအကြောင်းသင်ကြားခြင်း

နည်းပညာသစ်တွေက ကလေးများရဲ့ ဘ၀မှာ တိုးပွားလာသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ မေမေတို့အနေနဲ့ နှစ်သစ်ကူးဆုံးဖြတ်ချက်တစ်ခုအဖြစ် အင်တာနက်နှင့် လူမူကွန်ယက်စာမျက်နှာတွေပေါ်မှာ ကလေးများအတွက် လမ်းညွှန်ချက်အချို့ တည်ထောင်ရန်ဖြစ်ပါတယ်။ ဒီလမ်းညွှန်ချက်တွေဟာ သူတို့ရဲ့ အသက်အရွယ်အပေါ်မူတည်ပြီးတော့ အင်တာနက်မည်မျှ အသုံးပြုသင့်တယ်ဆိုတာ နားလည်လာပါလိမ့်မယ်။ ကျွန်မတို့သိတဲ့အတိုင်း အင်တာနက်ဟာ လူအများစုရဲ့ ဘ၀မှာအရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ရဲ့ အချိန်နှင့် နေရာတော်တော်များများမှာ လွှမ်းမိုးနေသော အရာတစ်ခုခုကို ကလေးငယ်များအား အသုံးပြုခွင့် ငြင်းပယ်ရန်မဖြစ်နိုင်ပါဘူး။

Chit_May_May

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here