
အိမ်နှင့် အလုပ်ကြားမှာ အခွင့်အရေးတွေများစွာရှိပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ အလုပ်ကိုဦးစားပေးလွန်းတဲ့အခါ အိမ်မှာ လစ်ဟာမှုရှိနေတတ်ပါတယ်။ အလုပ်တွေပိနေတဲ့အခါ ကိုယ့်ကိုယ်ကိုဂရုစိုက်မှုတွေလည်း လျော့နည်းသွားတတ်တာကြောင့် ဒီကနေ့မှာ ကိုယ့်ကိုယ်ကိုဂရုစိုက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ပြောပြပေးချင်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ အရာတွေအားလုံးအတွက် အမြဲတမ်းအဖြေတစ်ခုရှိပါတယ်။ သင့်အနေနဲ့ တစ်နေ့လုံးကွန်ပျူတာရှေ့ထိုင်နေပေမယ့်လည်း လေ့ကျင့်ခန်းတစ်ခုလောက်လုပ်ဖို့ နည်းလမ်းလေးတွေကို ရှာဖွေနိုင်ပါတယ်။

၁။ လမ်းလျှောက်ပါ
တစ်ခါတလေမှာ အလုပ်တွေဘယ်လောက်ပဲရှုပ်နေပါစေ ခဏတဖြုတ်လောက် လမ်းလျှောက်ပေးခြင်းက (ကလေးကို ခေါ်သွားလို့လည်း ရပါတယ်) သင့်နှလုံးအတွက် ကောင်းကျိုးသက်ရောက်မှုတွေများစွာ ရှိနေပါတယ်။ ဒါ့အပြင် သင့်ဟာ လန်းဆန်းမှုနှင့် စိတ်ဓာတ်တက်ကြွခြင်းကို ခံစားရလာပြီးတော့ အလုပ်ကိုလည်းပျော်ရွှင်စွာ ပြန်သွားနိုင်မှာဖြစ်ပါတယ်။ နေရာင်ခြည်အနွေးဓာတ်ကို ခံယူခြင်းက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေ မြောက်များစွာရရှိစေပါလိမ့်မယ်။

၂။ Youtubeသုံးပါ
အင်တာနက်ရဲ့လှပမှုက အကန့်အသတ်မရှိတဲအတွေးအခေါ်တွေမြောက်များစွာကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး အလုပ်နှင့် အိမ်အကြား ကူးလူးသွားလာရင်း လေ့ကျင့်လို့ရမယ့် ၅-၁၀မိနစ်စာ လေ့ကျင့်ခန်းတွေကို တွေ့ရဦးမှာ ဖြစ်ပါတယ်။

၃။ ကခြင်း
သင့်ရဲ့ နေ့စဥ်ဘ၀ဖြတ်သန်းမှုတွေထဲမှာ အလုပ်လုပ်ကိုင်နိုင်ဖို့ ၂-၃မိနစ်စာ လေ့ကျင့်ခန်းလေးတစ်ခုရှိပါသေးတယ်။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ိပုင်းဆိုင်ရာ တိုးတက်မှုအနည်းငယ်လိုအပ်နေသေးတယ်လို့ ယူဆတယ်ဆိုရင် အကြိုက်ဆုံးဂီတကို ဖွင့်ပြီးတော့ စတင်လှုပ်ရှားလိုက်ပါ။ ၎င်းက သင့်ခန္ဓာကိုယ်အတွက် ရေတို ကာလအတွက်သာ မကဘဲနဲ့ ရေရှည်မှာလည်း အံ့ဖွယ်ထူးခြားချက်တွေကို တွေ့ရှိလာရမှာပါ။

၄။ ဖန်စီစားပွဲတစ်ခုယူပါ
သင်တတ်နိုင်တယ်ဆိုရင် ရွှေ့လျားမှုအချို့ပြုလုပ်ဖို့ သင့်ကိုအခွင့်အရေးပေးတဲ့စားပွဲခုံတစ်ခုယူပါ။ ပြေးစက်စားပွဲခုံနှုင့် fitdeskအဖြစ်လူသိများတဲ့ အရာတွေရှိပါတယ်။ ဒါတွေက သင့်အလုပ်ခွင်တွေမှာ ပိုမိုတက်ကြွစေဖို့ကူညီနိုင်တယ်။

အထိုင်များတဲ့ လူနေမှုပုံစံက နှလုံးရောဂါနှင့် ကင်ဆာရောဂါဖြစ်နိုင်ချေပိုများတယ်ဆိုတာ အမြဲသတိရပါ။ ဒါ့အပြင် ဆီးချိုရောဂါဖြစ်နိုင်ချေပိုများပါသေးတယ်။ ဒါပေမယ့် ခုပြောပြပေးခဲ့တဲ့နည်းလမ်းတွေကို အချိန်နည်းနည်းချင်းစီဖဲ့ပေးပြီးလေ့ကျင့်ပေးသွားမယ်ဆိုရင် အန္တရာယ်တွေကို သိသိသာသာတိုက်ဖျက်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် လှုပ်ရှားမှုတွေ စတင်ကြလိုက်ရအောင်။
Chit_May_May
Nyein_Thu
sources-mambee